ခေတ်လူငယ်တွေ အယူအဆလွဲနေတဲ့ တန်ဆောင်မုန်းလပြည့်ည၌ ပစ္စည်းခိုးရခြင်းအကြောင်းရင်းမှန်

တန်ဆောင်မုန်းလပြည့်ညသည် သူခိုးည လုံးဝမဟုတ်ပါ။ တန်ဆောင်မုန်းလပြည့်ညသည်ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ဖြစ်ပါသည်။ မြတ်စွာဘုရားသည် အဇာတသတ်ရှင်ဘုရင်အား သာမညဖလ သုတ်တော်ကိုဟောတော်မူ၍ ဘုရင်နှင့်တကွ နောက်ပါပြည်သူ ( ၁ ) သိန်းခန့် ဗုဒ္ဓဘာသာဖြစ်တဲ့ညကြီးပါ။ဒီလိုကြီးကျယ်ခမ်းနားတဲ့ ဗုဒ္ဓဘာသာနေ့ကြီးကို မသမာသူများက စုပ်ပြတ်အောင်သူခိုးညဆိုပြီး နာမည်တပ်လိုက်တော့ အမှန်တရား ပျောက်ကွယ်သလိုဖြစ်သွားပါတယ်။လွန်လေပြီးသော ရှေးအခါက ယောက်ကျားသားများရှင်လိင်ပြန်ကြရဝယ် ဆေးမင်ကြောင်ထိုးသည့်ဓလေ့သည် အထင်အရှားရှိခဲ့၏။ ရှင်ဘုရင်မှအစချီကာ မင်းညီမင်းသား၊မှူးမတ်သူကြွယ်၊ ကုန်သည်၊လယ်လုပ်အစချီကာ သူရင်းငှားများစသော လူယောက်ကျားတို့သည်မင်ထိုးကြလေသည်။ယခုခေတ်ကဲ့သို့ ကြုံသလိုထိုးခြင်း မဟုတ်ချေ။ဆေးမှင်ထိုးသည့်အခါ နက္ခတ်ကောင်း၊အခါကောင်း စောင့်ဆိုင်းကာ မှောင်ခန်းခေါ်မှင်ထိုးသည့် အခန်းတွင် ကန်တော့ပွဲပေး၍ ထိုးရသည်။ထိုသို့ ထိုးခဲ့ပြီးသော ယောက်ကျားတို့သည်တန်ဆောင်မုန်းညနက္ခတ်စုံချိန်တွင် ထိုးထားသည့်ကြောင်တက်ကြောင်ဆင်းဆေးအစောင့်တို့သည်တန်ခိုးပြသည်ဟု အယူရှိသောကြောင့်အရှင်မသိသောပစ္စည်းကိုခိုးယူကာ ခိုးကွင်း၌ ထားမြဲဖြစ်၏။

ထိုးကွင်းဆိုသည်မှာ ခိုးရာပါပစ္စည်းအားဘယ်သူဘယ်ဝါ၏အိမ်မှ ပစ္စည်းဖြစ်ကြောင်းခိုးကွင်းတွင် စာကပ်၍ ထားကြသည်။ထိုသို့ခိုးရာတွင် အသက်ရှိသောအရာကိုခိုးယူနိုင်စွမ်းသောသူသည် လူစွမ်းကောင်းဖြစ်လေသည်။ရှေးအခါက နွားများနှင့် လူအိပ်နေသောကုတင်ကို လူမနှိုးအောင် ထမ်း၍ခိုးကွင်း၌လာထားကြသည်။ မနက်မိုးလင်းသောအခါပစ္စည်းရှင်များကသင်္ကန်းအစုံဖြင့် မိမိတို့ပစ္စည်းကို လာရွေးယူကြပြီး ကထိန်ပွဲကို ဆင်နွဲရသည်။ပစ္စည်းခိုး၍ လူမိသောအခါတွင် ထိုသူကိုဖမ်း၍ခိုးကွင်းတွင် ကတုံးတုံးကာ ပြာလူး၍ ထားကြသည်။ကထိန်ပွဲတွင် ထိုခိုးသားကို ရွာသူကြီးကတရားသူကြီးလုပ်ကာ တရားဆိုင်ခန်းဖြင့်ဟာသလုပ်ကြပြီး ရဟန်းဝတ်စေမြဲဖြစ်သည်။ဒီဘက်ခေတ်ရောက်လာတော့တန်ဘိုးရှိပစ္စည်းတွေကို တကယ် ခိုးလာကြတယ်။လမ်းတွေပေါ်မှာ ကျက်သရေမင်္ဂလာမရှိအောင် ရုပ်ပျက် ဆင်းပျက် ဆိုင်းဘုတ်တွေ ဖြုတ်ချ ၊ အရက် ဘီယာ အစားအသောက်တွေပလူပျံအောင် ပြန့်ကျဲနေတယ်။အပျေ ာ်ကနေ အပျက်ဘက်ကို ဦးတည်လာကြတယ်။အမှန်တရားကို ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေ သိစေချင်၍ရည်ရွယ်ရင်း..။

မူရင်းရေးသားသူအား_လေးစားစွာဖြင့် Credit

[zawgyi]

တန္ေဆာင္မုန္းလျပည့္ညသည္ သူခိုးည လုံးဝမဟုတ္ပါ။ တန္ေဆာင္မုန္းလျပည့္ညသည္ဗုဒၶဘာသာဝင္တို႔၏ ေန႔ထူးေန႔ျမတ္ျဖစ္ပါသည္။ ျမတ္စြာဘုရားသည္ အဇာတသတ္ရွင္ဘုရင္အား သာမညဖလ သုတ္ေတာ္ကိုေဟာေတာ္မူ၍ ဘုရင္ႏွင့္တကြ ေနာက္ပါျပည္သူ ( ၁ ) သိန္းခန႔္ ဗုဒၶဘာသာျဖစ္တဲ့ညႀကီးပါ။ဒီလိုႀကီးက်ယ္ခမ္းနားတဲ့ ဗုဒၶဘာသာေန႔ႀကီးကို မသမာသူမ်ားက စုပ္ျပတ္ေအာင္သူခိုးညဆိုၿပီး နာမည္တပ္လိုက္ေတာ့ အမွန္တရား ေပ်ာက္ကြယ္သလိုျဖစ္သြားပါတယ္။လြန္ေလၿပီးေသာ ေရွးအခါက ေယာက္က်ားသားမ်ားရွင္လိင္ျပန္ၾကရဝယ္ ေဆးမင္ေၾကာင္ထိုးသည့္ဓေလ့သည္ အထင္အရွားရွိခဲ့၏။ ရွင္ဘုရင္မွအစခ်ီကာ မင္းညီမင္းသား၊မႉးမတ္သူႂကြယ္၊ ကုန္သည္၊လယ္လုပ္အစခ်ီကာ သူရင္းငွားမ်ားစေသာ လူေယာက္က်ားတို႔သည္မင္ထိုးၾကေလသည္။ယခုေခတ္ကဲ့သို႔ ႀကဳံသလိုထိုးျခင္း မဟုတ္ေခ်။ေဆးမွင္ထိုးသည့္အခါ နကၡတ္ေကာင္း၊အခါေကာင္း ေစာင့္ဆိုင္းကာ ေမွာင္ခန္းေခၚမွင္ထိုးသည့္ အခန္းတြင္ ကန္ေတာ့ပြဲေပး၍ ထိုးရသည္။ထိုသို႔ ထိုးခဲ့ၿပီးေသာ ေယာက္က်ားတို႔သည္တန္ေဆာင္မုန္းညနကၡတ္စုံခ်ိန္တြင္ ထိုးထားသည့္ေၾကာင္တက္ေၾကာင္ဆင္းေဆးအေစာင့္တို႔သည္တန္ခိုးျပသည္ဟု အယူရွိေသာေၾကာင့္အရွင္မသိေသာပစၥည္းကိုခိုးယူကာ ခိုးကြင္း၌ ထားၿမဲျဖစ္၏။ထိုးကြင္းဆိုသည္မွာ ခိုးရာပါပစၥည္းအားဘယ္သူဘယ္ဝါ၏အိမ္မွ ပစၥည္းျဖစ္ေၾကာင္းခိုးကြင္းတြင္ စာကပ္၍ ထားၾကသည္။ထိုသို႔ခိုးရာတြင္ အသက္ရွိေသာအရာကိုခိုးယူႏိုင္စြမ္းေသာသူသည္ လူစြမ္းေကာင္းျဖစ္ေလသည္။ေရွးအခါက ႏြားမ်ားႏွင့္ လူအိပ္ေနေသာကုတင္ကို လူမႏႈိးေအာင္ ထမ္း၍ခိုးကြင္း၌လာထားၾကသည္။ မနက္မိုးလင္းေသာအခါပစၥည္းရွင္မ်ားကသကၤန္းအစုံျဖင့္ မိမိတို႔ပစၥည္းကို လာေ႐ြးယူၾကၿပီး ကထိန္ပြဲကို ဆင္ႏြဲရသည္။ပစၥည္းခိုး၍ လူမိေသာအခါတြင္ ထိုသူကိုဖမ္း၍ခိုးကြင္းတြင္ ကတုံးတုံးကာ ျပာလူး၍ ထားၾကသည္။ကထိန္ပြဲတြင္ ထိုခိုးသားကို ႐ြာသူႀကီးကတရားသူႀကီးလုပ္ကာ တရားဆိုင္ခန္းျဖင့္ဟာသလုပ္ၾကၿပီး ရဟန္းဝတ္ေစၿမဲျဖစ္သည္။ဒီဘက္ေခတ္ေရာက္လာေတာ့တန္ဘိုးရွိပစၥည္းေတြကို တကယ္ ခိုးလာၾကတယ္။လမ္းေတြေပၚမွာ က်က္သေရမဂၤလာမရွိေအာင္ ႐ုပ္ပ်က္ ဆင္းပ်က္ ဆိုင္းဘုတ္ေတြ ျဖဳတ္ခ် ၊ အရက္ ဘီယာ အစားအေသာက္ေတြပလူပ်ံေအာင္ ျပန႔္က်ဲေနတယ္။အေပ် ာ္ကေန အပ်က္ဘက္ကို ဦးတည္လာၾကတယ္။အမွန္တရားကို ဗုဒၶဘာသာ ျမန္မာလူမ်ိဳးေတြ သိေစခ်င္၍ရည္႐ြယ္ရင္း..။