ခြင်္သေ့နှင့် တောဝက်

တခါတုန်းက တောအုပ်တခုရဲ့ အလယ်က စမ်းရေအိုင်တအိုင်မှာ ခြင်္သေ့တကောင်နဲ့ တောဝက်တကောင် ရေသောက်ဆင်းလာရင်း ဆုံတွေ့ကြပါတယ်။ခြင်္သေ့က သူဟာ တောဘုရင်မို့ အရင် ရေဆင်း သောက်သင့်တယ်လို့ ပြောပါတယ်။ ‌တောဝက်ကလည်း သူ့ကို ဦးစားပေး သင့်ကြောင်း ပြန်ပြောပါတယ်။အဲဒီ့ နေရာမှာတင် သူအရင် ဆင်းသောက် သင့်တယ်၊ ငါအရင် ဆင်းသောက် သင့်တယ် နဲ့ ငြင်းခုံရင်း မကြာခင် သတ်ပုတ် ကြတော့မယ့်အခြေအနေ တခု ဖြစ်လာပါတယ်။ခြင်္သေ့နဲ့ တောဝက်ဟာ အချင်းချင်း ရန်စောင် နေတာနဲ့တင် ဘေးပတ်ဝန်းကျင်ကို သတိမထားမိ ကြပါဘူး။

အဲဒီ့ အချိန်မှာပဲ လင်းတ တကောင်ဟာ ခြင်္သေ့နဲ့ တောဝက်တို့ ရန်ဖြစ် ကိုက်ဖြတ်တဲ့ အခါ ရှုံးနိမ့် သေဆုံးသွားမယ့် အကောင်ကို စားဖို့ရာ အနီးဝန်းကျင်က သစ်ပင်ပေါ် မှာ အဆင်သင့် စောင့်ဆိုင်းနေ ပါတယ်။နောက်တော့မှ ခြင်္သေ့နဲ့ တောဝက်တို့ဟာ သူတို့အချင်းချင်း သတ်ပုတ်မယ့် အချိန်ကို စောင့်နေတဲ့ လင်းတကို သတိထားမိပြီး သံဝေဂ ရကြပါတော့တယ်။ကျွန်တော်တို့တွေလည်း တခါတရံမှာ ဘာမှ မဟုတ်တဲ့ ကိစ္စလေးအတွက်နဲ့ ရန်ဖြစ်ခြင်းဟာ တခြားသော မလိုသူတွေအတွက် အခွင့်ကောင်း ဖြစ်စေပါတယ်။ဒါကြောင့် ဘာမှမဟုတ်တဲ့ ကိစ္စလေးတွေအတွက်နဲ့ အချိန်ကုန်ခံ ရန်ဖြစ်မနေသင့်ပဲ အချင်းချင်း နားလည်မှု ယူလိုက်တာ အကောင်းဆုံးဖြစ်တယ်ဆိုတဲ့အကြောင်းကို ဒီအ ကြောင်း အရားလေးက သင်ခန်းစာပေးထားတာဖြစ်ပါတယ်။

Credit – မူရင်း

[zawgyi]

တခါတုန္းက ေတာအုပ္တခုရဲ႕ အလယ္က စမ္းေရအိုင္တအိုင္မွာ ျခေသၤ့တေကာင္နဲ႔ ေတာဝက္တေကာင္ ေရေသာက္ဆင္းလာရင္း ဆုံေတြ႕ၾကပါတယ္။ျခေသၤ့က သူဟာ ေတာဘုရင္မို႔ အရင္ ေရဆင္း ေသာက္သင့္တယ္လို႔ ေျပာပါတယ္။ ‌ေတာဝက္ကလည္း သူ႔ကို ဦးစားေပး သင့္ေၾကာင္း ျပန္ေျပာပါတယ္။အဲဒီ့ ေနရာမွာတင္ သူအရင္ ဆင္းေသာက္ သင့္တယ္၊ ငါအရင္ ဆင္းေသာက္ သင့္တယ္ နဲ႔ ျငင္းခုံရင္း မၾကာခင္ သတ္ပုတ္ ၾကေတာ့မယ့္အေျခအေန တခု ျဖစ္လာပါတယ္။ျခေသၤ့နဲ႔ ေတာဝက္ဟာ အခ်င္းခ်င္း ရန္ေစာင္ ေနတာနဲ႔တင္ ေဘးပတ္ဝန္းက်င္ကို သတိမထားမိ ၾကပါဘူး။အဲဒီ့ အခ်ိန္မွာပဲ လင္းတ တေကာင္ဟာ ျခေသၤ့နဲ႔ ေတာဝက္တို႔ ရန္ျဖစ္ ကိုက္ျဖတ္တဲ့ အခါ ရႈံးနိမ့္ ေသဆုံးသြားမယ့္ အေကာင္ကို စားဖို႔ရာ အနီးဝန္းက်င္က သစ္ပင္ေပၚ မွာ အဆင္သင့္ ေစာင့္ဆိုင္းေန ပါတယ္။ေနာက္ေတာ့မွ ျခေသၤ့နဲ႔ ေတာဝက္တို႔ဟာ သူတို႔အခ်င္းခ်င္း သတ္ပုတ္မယ့္ အခ်ိန္ကို ေစာင့္ေနတဲ့ လင္းတကို သတိထားမိၿပီး သံေဝဂ ရၾကပါေတာ့တယ္။ကြၽန္ေတာ္တို႔ေတြလည္း တခါတရံမွာ ဘာမွ မဟုတ္တဲ့ ကိစၥေလးအတြက္နဲ႔ ရန္ျဖစ္ျခင္းဟာ တျခားေသာ မလိုသူေတြအတြက္ အခြင့္ေကာင္း ျဖစ္ေစပါတယ္။ဒါေၾကာင့္ ဘာမွမဟုတ္တဲ့ ကိစၥေလးေတြအတြက္နဲ႔ အခ်ိန္ကုန္ခံ ရန္ျဖစ္မေနသင့္ပဲ အခ်င္းခ်င္း နားလည္မႈ ယူလိုက္တာ အေကာင္းဆုံးျဖစ္တယ္ဆိုတဲ့အေၾကာင္းကို ဒီအ ေၾကာင္း အရားေလးက သင္ခန္းစာေပးထားတာျဖစ္ပါတယ္။