ဂျင်းထည့်ခံလိုက်ရတဲ့ သူဌေးကြီး

တခါတုန်းက အင်မတန်ချမ်းသာတဲ့ သူဌေးတယောက်မှာ ချောမောလှပတဲ့ သမီးလေးတယောက်ရှိသတဲ့။ တနေ့မှာတော့ သူဌေးကြီးဟာ အခြားမြို့က မိတ်ဆွေ သူဌေးတယောက်ဆီ အလည်သွားရင်း အပြန်မှာ ဓားပြတွေနဲ့ တိုးပါလေရော။ဓားပြတွေဟာ သူဌေးဆီမှာ ပါတဲ့ ပစ္စည်းတွေကို လုယူဖို့ ကြံစည်တဲ့ အပြင်၊ အသက်ကိုပါ ရန်ရှာဖို့ ကြိုးစားသတဲ့။ အဲဒီအချိန်မှာ တက္ကသိုလ်ပြည်ကြီးကနေ ပညာတော်သင် ပြန်လာတဲ့ လုလင်တယောက်ဟာ တောလမ်းထဲကို ရောက်လာပြီး သူဌေးကြီးတို့ အဖြစ်အပျက်ကို တွေ့မြင်သွားပါသတဲ့။ဒါကြောင့် လုလင်ဟာ သူ့မှာ ပါလာတဲ့ လေးနဲ့ မြှားကို အသုံးပြုပြီး လူဆိုးတွေကို ပစ်ခတ်ခြောက်လှန့်လိုက်တယ်။ ဒါကြောင့် သူဌေးကြီးဟာ သူ့ အသက်ကို ကယ်တင်လိုက်တဲ့ လုလင်ကို အရမ်းကျေးဇူးတင်သွားတာပေါ့။ပြီးတော့ သူဌေးကြီးက သူဟာ ဗာရာဏသီမြို့က အချမ်းသာဆုံး သူဌေးကြီး ဖြစ်ကြောင်း၊ အကူအညီလိုလျှင် သူ့ဆီကို အချိန်မရွေးလာနိုင်ကြောင်း မှာကြားပြီး အိမ်ကို ပြန်လာခဲ့ပါတယ်။အဲဒီလိုနဲ့ တနှစ်လောက်ကြာတဲ့အခါ သူဌေးကြီးဟာ သူရဲ့ တဦးတည်းသော သမီးချောလေး အရွယ်ရောက်လာ တာကြောင့် သင့်တော်မယ့် လူနဲ့ ပေးစားဖို့ ဆုံးဖြတ်လိုက် သတဲ့။ဒါကြောင့် ဗဟုသုတ ကြွယ်ဝသူပီပီ မိမိ မကြားဘူးတဲ့စကားကို ပြောနိုင်သူအား ပညာရှိလို့သတ်မှတ်ပြီး အယုတ်အလတ်အမြတ်မရွေး သမီးဖြစ်သူနဲ့ ပေးစားမယ်လို့ ကြေညာလိုက်သတဲ့။သူဌေးကြီးရဲ့ ကြေညာစကားကို ကြားတဲ့အခါ မှာတော့ လုလင်အမြောက် အမြားဟာ သူဌေးကြီးဆီကို လာရောက်ပြီး မကြားဖူးတဲ့ စကားတွေကို ဆိုကြသတဲ့။ ဒါပေမယ့် ဘယ်သူတွေ ဘယ်လိုပဲပြောပြော သူတို့ပြောတဲ့ စကားတွေ အားလုံးကို ဗဟုသုတကြွယ်တဲ့ သူဌေးကြီးက ကြားဖူးနေတယ်။ဒါကြောင့် လူငယ်တွေဟာ လက်လျော့ ပြန်ကြရတယ်။ အဲဒီအချိန်မှာ သူဌေးကြီးရဲ့ ကြေညာချက်ကို တမြို့တရွာမှာ နေတဲ့ တက္ကသိုလ် ပညာတော်သင်ပြန် လုလင်ပျိုဟာ ကြားသွားပါရော။သူဟာ ဗာရာဏသီ သူဌေးကြီးလို့ ဆိုလိုက်တာနဲ့ တခါက တောလမ်းလေး ထဲမှာ သူကယ်တင်လိုက်တဲ့ သူဌေးကြီးမှန်း သိသွားသတဲ့။

သူဌေးကြီးက အကူအညီလိုရင် အချိန်မရွေး လာခဲ့လို ပြောပေမယ့် သူက လုံးဝမသွားခဲ့ဘူးလေ။ဒီတခါတော့ သမီးချောလေးကို လိုချင်လို့ သူဌေးကြီးဆီကို သွားရတော့မယ်။ လုလင်ဟာ သူဌေးကြီး မကြားဘူးတဲ့ စကားကို ဘယ်လိုပြောရင် ကောင်းမလဲဆိုတာ စဉ်းစားရင်း အကြံတခုရသွားပါတယ်။ဒါကြောင့် သူဌေးကြီးဆီကို ထွက်လာခဲ့သတဲ့။ လုလင်ကို မြင်တော့ သူဌေးကြီးက သူ့ရဲ့ အသက်သခင် ကျေးဇူးရှင်မှန်း မှတ်မိပြီး ဝမ်းသာအားရနဲ့ ကြိုဆိုလိုက်တယ်။ ဘာအခက်အခဲ ရှိသလဲ၊ ဘာကူညီပေးရမလဲ ဆိုပြီးတော့လည်း အထပ်ထပ် မေးတယ်။အဲဒီအခါ လုလင်က သူလာရတဲ့ အကြောင်းရင်းက အကူအညီ တောင်းဖို့မဟုတ်ကြောင်း၊ သူဌေးကြီးရဲ့ သမီးချောလေးကို မြတ်မြတ်နိုးနိုးနဲ့ လက်ထပ်ချင်လို့၊ သူဌေးကြီး မကြားဘူးတဲ့ စကားကို ပြောရအောင် လာကြောင်း ရှင်းပြသတဲ့။အဲဒီအခါ သူဌေးကြီးက အခြားလူငယ်တွေ လိုပဲ လုလင်ပျိုကို ကြိုးစားခွင့် ပေးလိုက်သတဲ့။ လုလင်လည်း သူဌေးကြီးဆီက ခွင့်ပြုချက် ရတာနဲ့ တပြိုင်ထဲ “သူဌေးကြီး ခင်ဗျာ၊ မင်းမှာကတိ လူမှာသစ္စာ ဆိုတဲ့ စကားအတိုင်း၊တခါက ကျွန်တော့်မိဘတွေဟာ သူဌေးကြီးကို ကတိတခု ပေးခဲ့ပါတယ်။ အဲဒီကတိကတော့ ကျွန် တော် အရွယ်ရောက်လာရင် သူဌေးကြီးရဲ့ သမီးနဲ့ ပေးစားပါမယ် ဆိုတဲ့ ကတိပါပဲ။ အဲဒီ ကတိစကားကို ကြားဘူးပါလား ခင်ဗျာ” ဆိုပြီး ပြော လိုက်ပါတယ်။သူဌေးကြီးလည်း လုလင်စကားကို ကြားတဲ့အခါ မှာတော့ ကြားဖူးပါတယ် လို့လည်း ပြောရခက်၊ မကြားဘူးပါ လို့လည်း ပြောရခက် သွားပါတယ်။ တကယ်လို့ ကြားဖူးပါတယ် လို့ ပြောရင် သမီးနဲ့ ပေးစားရမယ်၊ မကြားဘူးပါလို့ ပြောရင်လည်း သမီးနဲ့ပေးစားရမယ်။နောက်ဆုံးတော့ သူဌေးကြီးဟာ အင်း မလုပ်၊ အဲ မလုပ်နဲ့ လုလင်ပျိုကို အရှုံးပေးလိုက် ရသတဲ့ကွယ်။ ဒါပေမယ့် သူဌေးကြီး စိတ်ထဲမှာ အလွန် ကျေနပ်နေပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ လုလင်ပျိုဟာ သူ့ အသက်ကို ကယ် တင်ပေးတဲ့ ကျေးဇူးရှင်တယောက် ဖြစ်နေလို့ ပါပဲ။

Credit – Phoo Myat Chal

[zawgyi]

တခါတုန္းက အင္မတန္ခ်မ္းသာတဲ့ သူေဌးတေယာက္မွာ ေခ်ာေမာလွပတဲ့ သမီးေလးတေယာက္ရွိသတဲ့။ တေန႔မွာေတာ့ သူေဌးႀကီးဟာ အျခားၿမိဳ႕က မိတ္ေဆြ သူေဌးတေယာက္ဆီ အလည္သြားရင္း အျပန္မွာ ဓားျပေတြနဲ႔ တိုးပါေလေရာ။ဓားျပေတြဟာ သူေဌးဆီမွာ ပါတဲ့ ပစၥည္းေတြကို လုယူဖို႔ ႀကံစည္တဲ့ အျပင္၊ အသက္ကိုပါ ရန္ရွာဖို႔ ႀကိဳးစားသတဲ့။ အဲဒီအခ်ိန္မွာ တကၠသိုလ္ျပည္ႀကီးကေန ပညာေတာ္သင္ ျပန္လာတဲ့ လုလင္တေယာက္ဟာ ေတာလမ္းထဲကို ေရာက္လာၿပီး သူေဌးႀကီးတို႔ အျဖစ္အပ်က္ကို ေတြ႕ျမင္သြားပါသတဲ့။ဒါေၾကာင့္ လုလင္ဟာ သူ႔မွာ ပါလာတဲ့ ေလးနဲ႔ ျမႇားကို အသုံးျပဳၿပီး လူဆိုးေတြကို ပစ္ခတ္ေျခာက္လွန႔္လိုက္တယ္။ ဒါေၾကာင့္ သူေဌးႀကီးဟာ သူ႔ အသက္ကို ကယ္တင္လိုက္တဲ့ လုလင္ကို အရမ္းေက်းဇူးတင္သြားတာေပါ့။ၿပီးေတာ့ သူေဌးႀကီးက သူဟာ ဗာရာဏသီၿမိဳ႕က အခ်မ္းသာဆုံး သူေဌးႀကီး ျဖစ္ေၾကာင္း၊ အကူအညီလိုလွ်င္ သူ႔ဆီကို အခ်ိန္မေ႐ြးလာႏိုင္ေၾကာင္း မွာၾကားၿပီး အိမ္ကို ျပန္လာခဲ့ပါတယ္။အဲဒီလိုနဲ႔ တႏွစ္ေလာက္ၾကာတဲ့အခါ သူေဌးႀကီးဟာ သူရဲ႕ တဦးတည္းေသာ သမီးေခ်ာေလး အ႐ြယ္ေရာက္လာ တာေၾကာင့္ သင့္ေတာ္မယ့္ လူနဲ႔ ေပးစားဖို႔ ဆုံးျဖတ္လိုက္ သတဲ့။ဒါေၾကာင့္ ဗဟုသုတ ႂကြယ္ဝသူပီပီ မိမိ မၾကားဘူးတဲ့စကားကို ေျပာႏိုင္သူအား ပညာရွိလို႔သတ္မွတ္ၿပီး အယုတ္အလတ္အျမတ္မေ႐ြး သမီးျဖစ္သူနဲ႔ ေပးစားမယ္လို႔ ေၾကညာလိုက္သတဲ့။သူေဌးႀကီးရဲ႕ ေၾကညာစကားကို ၾကားတဲ့အခါ မွာေတာ့ လုလင္အေျမာက္ အျမားဟာ သူေဌးႀကီးဆီကို လာေရာက္ၿပီး မၾကားဖူးတဲ့ စကားေတြကို ဆိုၾကသတဲ့။ ဒါေပမယ့္ ဘယ္သူေတြ ဘယ္လိုပဲေျပာေျပာ သူတို႔ေျပာတဲ့ စကားေတြ အားလုံးကို ဗဟုသုတႂကြယ္တဲ့ သူေဌးႀကီးက ၾကားဖူးေနတယ္။ဒါေၾကာင့္ လူငယ္ေတြဟာ လက္ေလ်ာ့ ျပန္ၾကရတယ္။ အဲဒီအခ်ိန္မွာ သူေဌးႀကီးရဲ႕ ေၾကညာခ်က္ကို တၿမိဳ႕တ႐ြာမွာ ေနတဲ့ တကၠသိုလ္ ပညာေတာ္သင္ျပန္ လုလင္ပ်ိဳဟာ ၾကားသြားပါေရာ။သူဟာ ဗာရာဏသီ သူေဌးႀကီးလို႔ ဆိုလိုက္တာနဲ႔ တခါက ေတာလမ္းေလး ထဲမွာ သူကယ္တင္လိုက္တဲ့ သူေဌးႀကီးမွန္း သိသြားသတဲ့။သူေဌးႀကီးက အကူအညီလိုရင္ အခ်ိန္မေ႐ြး လာခဲ့လို ေျပာေပမယ့္ သူက လုံးဝမသြားခဲ့ဘူးေလ။ဒီတခါေတာ့ သမီးေခ်ာေလးကို လိုခ်င္လို႔ သူေဌးႀကီးဆီကို သြားရေတာ့မယ္။ လုလင္ဟာ သူေဌးႀကီး မၾကားဘူးတဲ့ စကားကို ဘယ္လိုေျပာရင္ ေကာင္းမလဲဆိုတာ စဥ္းစားရင္း အႀကံတခုရသြားပါတယ္။ဒါေၾကာင့္ သူေဌးႀကီးဆီကို ထြက္လာခဲ့သတဲ့။ လုလင္ကို ျမင္ေတာ့ သူေဌးႀကီးက သူ႔ရဲ႕ အသက္သခင္ ေက်းဇူးရွင္မွန္း မွတ္မိၿပီး ဝမ္းသာအားရနဲ႔ ႀကိဳဆိုလိုက္တယ္။ ဘာအခက္အခဲ ရွိသလဲ၊ ဘာကူညီေပးရမလဲ ဆိုၿပီးေတာ့လည္း အထပ္ထပ္ ေမးတယ္။အဲဒီအခါ လုလင္က သူလာရတဲ့ အေၾကာင္းရင္းက အကူအညီ ေတာင္းဖို႔မဟုတ္ေၾကာင္း၊ သူေဌးႀကီးရဲ႕ သမီးေခ်ာေလးကို ျမတ္ျမတ္ႏိုးႏိုးနဲ႔ လက္ထပ္ခ်င္လို႔၊ သူေဌးႀကီး မၾကားဘူးတဲ့ စကားကို ေျပာရေအာင္ လာေၾကာင္း ရွင္းျပသတဲ့။အဲဒီအခါ သူေဌးႀကီးက အျခားလူငယ္ေတြ လိုပဲ လုလင္ပ်ိဳကို ႀကိဳးစားခြင့္ ေပးလိုက္သတဲ့။ လုလင္လည္း သူေဌးႀကီးဆီက ခြင့္ျပဳခ်က္ ရတာနဲ႔ တၿပိဳင္ထဲ “သူေဌးႀကီး ခင္ဗ်ာ၊ မင္းမွာကတိ လူမွာသစၥာ ဆိုတဲ့ စကားအတိုင္း၊တခါက ကြၽန္ေတာ့္မိဘေတြဟာ သူေဌးႀကီးကို ကတိတခု ေပးခဲ့ပါတယ္။ အဲဒီကတိကေတာ့ ကြၽန္ ေတာ္ အ႐ြယ္ေရာက္လာရင္ သူေဌးႀကီးရဲ႕ သမီးနဲ႔ ေပးစားပါမယ္ ဆိုတဲ့ ကတိပါပဲ။ အဲဒီ ကတိစကားကို ၾကားဘူးပါလား ခင္ဗ်ာ” ဆိုၿပီး ေျပာ လိုက္ပါတယ္။သူေဌးႀကီးလည္း လုလင္စကားကို ၾကားတဲ့အခါ မွာေတာ့ ၾကားဖူးပါတယ္ လို႔လည္း ေျပာရခက္၊ မၾကားဘူးပါ လို႔လည္း ေျပာရခက္ သြားပါတယ္။ တကယ္လို႔ ၾကားဖူးပါတယ္ လို႔ ေျပာရင္ သမီးနဲ႔ ေပးစားရမယ္၊ မၾကားဘူးပါလို႔ ေျပာရင္လည္း သမီးနဲ႔ေပးစားရမယ္။ေနာက္ဆုံးေတာ့ သူေဌးႀကီးဟာ အင္း မလုပ္၊ အဲ မလုပ္နဲ႔ လုလင္ပ်ိဳကို အရႈံးေပးလိုက္ ရသတဲ့ကြယ္။ ဒါေပမယ့္ သူေဌးႀကီး စိတ္ထဲမွာ အလြန္ ေက်နပ္ေနပါတယ္။ ဘာျဖစ္လို႔လဲ ဆိုေတာ့ လုလင္ပ်ိဳဟာ သူ႔ အသက္ကို ကယ္ တင္ေပးတဲ့ ေက်းဇူးရွင္တေယာက္ ျဖစ္ေနလို႔ ပါပဲ။