ဆင်းရဲတဲ့ အိမ်ပဲဖြစ်ဖြစ် ချမ်းသာတဲ့ အိမ်ပဲဖြစ်ဖြစ် အိမ်တွေမှာ မလုပ်သင့်တဲ့ ရှောင်ရမယ့်အချက် (၂၃) ချက်

လူတိုင်း လူတိုင်း အိမ်မှာ ဒါမျိုးတွေ လုံးဝ မလုပ်မိကြ ပါစေနဲ့။ (တန်ဖိုးရှိတဲ့ သိမှတ်စရာတွေပါ) အိမ်၌မပြု သင့် မထားသင့်သော ရှောင်သင့်တဲ့ အချက်တွေကို ဗဟုသုတအဖြစ်ဖော်ပြပေးလိုက်ပါတယ်။ ၁။ အိမ်ရှေ့၌ငှက်ပျောပင်မစိုက်အပ်။၂။ရေစိုအဝတ်များကို ညအချိန် သစ်ပင်ပေါ် အဝတ်တန်းပေါ် မထားရ။၃။ကိုယ်ဝန်ဆောင်များ အပြောဆို မကြမ်းရ။၄။လက်ဖက်သုတ် စားပြီးကလေး၏ ပါးကိုမနမ်းရ။၅။ကတ်ကြေး၊ ကွမ်းညှပ်၊ ဓားစသည်တို့ကို ညှပ်စရာ မပါပဲ မညှပ် ရ၊မဖြတ်ရ။၆။ အိမ်ပေါ်၌ ဇယ် မခုတ်ရ။၇။အိမ်သား တစ်ဦးနေမကောင်းဖြစ်စဉ်ခေါင်းမလျှော်ရ။ ၈။ယောက်မနှင့် ထမင်းအိုးနှုတ်ခမ်းမရိုက်ရ။၉။စလောင်းဖုံးကို ဖိုခနောက်ပေါ် မအုပ်ရ။

၁၀။မီးဖိုမှာ လူနှစ်ယောက်ပြိုင်တူမီးမမှုတ်ရ။၁၁။ညောင်သားကို မီးမစိုက်ရ။၁၂။ကျောက်နီ လက်စွပ်ကို နှစ်ကွင်းထပ်မဝတ်ရ။၁၃။ ဖိနပ်ချွတ်သောနေရာတွင် ထီးမထားရ။၁၄။အရေးကြီးသော ကိစ္စများပြောစဉ် ဖိနပ်ထိပ်ဦးအားထီး ထိပ်ချွန်နှင့်ထောက်၍စကားမပြောရ အစီစဉ်ပျက်တတ်သည်။၁၅။ ဖျာကိုခေါင်းရင်းမှစပြီး လိပ်၍ သိမ်းပါ။ ၁၆။ဖျာလိပ်ကို အမြင့်ပေါ်မတင်ရ။ ၁၇။တိုင်ကပ်နာရီကို အိမ်ခြေရင်းတွင် မချိတ်ရ။၁၈။မိဘတို့၏ ဖိနပ်ကို မနင်းရ။၁၉။ဓာတ်ခဲ အဟောင်းများအိမ်တွင် မထားရ။၂၀။ အိမ်၏မျက်နှာစာတွင် ထမင်း ချက်ပြုတ်မစားရ။၂၁။အိမ်ရှိကြည့်မှန်များ မကောင်းသောပုံ ရိပ်များထင် ဟပ်သောနေရာတွင် မချိတ်ရ။၂၂။အိမ်ရှေ့တွင်ငြုပ်သီးပင်မစိုက်ရ။၂၃။ထမင်းပန်းကန်များအတွင်းသို့စားပြီးဝါးပြီး အကြွင်းအကျန်များထည့် မသိမ်းရ။

မူရင်း Credit

[zawgyi]

လူတိုင္း လူတိုင္း အိမ္မွာ ဒါမ်ိဳးေတြ လုံးဝ မလုပ္မိၾက ပါေစနဲ႔။ (တန္ဖိုးရွိတဲ့ သိမွတ္စရာေတြပါ) အိမ္၌မျပဳ သင့္ မထားသင့္ေသာ ေရွာင္သင့္တဲ့ အခ်က္ေတြကို ဗဟုသုတအျဖစ္ေဖာ္ျပေပးလိုက္ပါတယ္။ ၁။ အိမ္ေရွ႕၌ငွက္ေပ်ာပင္မစိုက္အပ္။၂။ေရစိုအဝတ္မ်ားကို ညအခ်ိန္ သစ္ပင္ေပၚ အဝတ္တန္းေပၚ မထားရ။၃။ကိုယ္ဝန္ေဆာင္မ်ား အေျပာဆို မၾကမ္းရ။၄။လက္ဖက္သုတ္ စားၿပီးကေလး၏ ပါးကိုမနမ္းရ။၅။ကတ္ေၾကး၊ ကြမ္းညႇပ္၊ ဓားစသည္တို႔ကို ညႇပ္စရာ မပါပဲ မညႇပ္ ရ၊မျဖတ္ရ။၆။ အိမ္ေပၚ၌ ဇယ္ မခုတ္ရ။၇။အိမ္သား တစ္ဦးေနမေကာင္းျဖစ္စဥ္ေခါင္းမေလွ်ာ္ရ။ ၈။ေယာက္မႏွင့္ ထမင္းအိုးႏႈတ္ခမ္းမ႐ိုက္ရ။၉။စေလာင္းဖုံးကို ဖိုခေနာက္ေပၚ မအုပ္ရ။၁၀။မီးဖိုမွာ လူႏွစ္ေယာက္ၿပိဳင္တူမီးမမႈတ္ရ။၁၁။ေညာင္သားကို မီးမစိုက္ရ။၁၂။ေက်ာက္နီ လက္စြပ္ကို ႏွစ္ကြင္းထပ္မဝတ္ရ။၁၃။ ဖိနပ္ခြၽတ္ေသာေနရာတြင္ ထီးမထားရ။၁၄။အေရးႀကီးေသာ ကိစၥမ်ားေျပာစဥ္ ဖိနပ္ထိပ္ဦးအားထီး ထိပ္ခြၽန္ႏွင့္ေထာက္၍စကားမေျပာရ အစီစဥ္ပ်က္တတ္သည္။၁၅။ ဖ်ာကိုေခါင္းရင္းမွစၿပီး လိပ္၍ သိမ္းပါ။ ၁၆။ဖ်ာလိပ္ကို အျမင့္ေပၚမတင္ရ။ ၁၇။တိုင္ကပ္နာရီကို အိမ္ေျခရင္းတြင္ မခ်ိတ္ရ။၁၈။မိဘတို႔၏ ဖိနပ္ကို မနင္းရ။၁၉။ဓာတ္ခဲ အေဟာင္းမ်ားအိမ္တြင္ မထားရ။၂၀။ အိမ္၏မ်က္ႏွာစာတြင္ ထမင္း ခ်က္ျပဳတ္မစားရ။၂၁။အိမ္ရွိၾကည့္မွန္မ်ား မေကာင္းေသာပုံ ရိပ္မ်ားထင္ ဟပ္ေသာေနရာတြင္ မခ်ိတ္ရ။၂၂။အိမ္ေရွ႕တြင္ျငဳပ္သီးပင္မစိုက္ရ။၂၃။ထမင္းပန္းကန္မ်ားအတြင္းသို႔စားၿပီးဝါးၿပီး အႂကြင္းအက်န္မ်ားထည့္ မသိမ္းရ။