ပင်လယ်ကြီးလို နေပါ

ကလေးငယ်တစ်ယောက် ပင်လယ်အရောက်မှာ လိူင်းခတ်သွားတာကြောင့် ဖိနပ်ပျောက်၍သွားသောအခါ “ပင်လယ်ဟာသူခိုး”လို့ သဲပြင်မှာရေးပြီး သူစွပ်စွဲတယ်..တံငါသည်လင်မယား ငါးများစွာရတဲ့တစ်နေ့မှာပေါ့”ပင်လယ်ဟာကျေးဇူးရှင်”ပါလို့သဲပြင်မှာရေးပြီး ကျေးဇူးတင်တယ်..လူငယ်တစ်ယောက်ပင်လယ်ရောက်ပြီး လိူင်းရေတွေကြား နစ်မြုတ်သေသွားသောအခါ သူ့အမေက”ပင်လယ်ဟာ လူသတ်သမား”ပါလို့ သဲပြင်ထက်မှာ သူရေးခဲ့တယ်..မရှိဆင်းရဲသားတစ်ယောက် ပင်လယ်အောက်မှအဖိုးတန်တဲ့ ပုလဲကိုကောက်ရတဲ့အခိုက်မှာ”ပင်လယ်ဟာတန်ခိုးရှင်”ပါလို့သဲပြင်ထက်မှာ တင်စားရေးခဲ့တယ်..သူတို့ရေးထားသမျှ စာအားလုံးက သိပ်မကြာခင်မှာပဲ လှိုင်းရေတွေရဲ့ ပုတ်ခတ်မူ့ကြာင့် သူ့အလိုလို ပျောက်ပျက်ခဲ့ရတယ်..။

ပင်လယ်က သူ့ကိုဘယ်သူတွေ ဘယ်လိုထင်ထင် ဘယ်လိုမြင်မြင် ဘယ်လိုပဲတွေးတွေး ဘယ်လိုပဲရေးရေး ပင်လယ်က ပင်လယ်ပါပဲ..သူ့တာဝန် သူ့သဘာဝအရ ပြောင်းလဲလည်ပတ်နေတာကလွဲလို့သူ့အတွက် ဘာမှဖြစ်လာနိုင်စရာ အကြောင်းမရှိပါဘူး..လူ့လောကမှာလည်း ဒီလိုပါပဲ..အကောင်းနေမလား အဆိုးနေမလား ဝမ်းနည်းနေမလား ဝမ်းသာနေမလား အဆိုးလုပ်မလား၊ အကောင်းလုပ်မလား၊ ဘယ်လိုပဲနေနေ ဘာတွေပဲလုပ်လုပ်လူတွေရဲ့ နှုတ်ဖျားက စကားတစ်ခွန်းနဲ့ လွတ်ကင်းသွားတယ်လို့ မရှိပါဘူး..။ အမြဲတမ်းဝေဖန်ပုပ်ချ ခံနေရမှာပဲလေ။ကြိုက်သူက အကောင်းပြောမယ်၊ မကြိုက်သူက မကောင်းပြောမယ်၊ လူအားလုံးရဲ့စကားကို လိုက်ပြီးခံစားမနေပါနဲ့ ။ဘယ်လောက်ထိ နားကျည်းစရာတွေနဲ့ ကြုံနေပါစေ အချိန်တန်တော့လည်း အရာတိုင်းဟာသူ့အလိုလို တဖြည်းဖြည်းနဲ့ ပျောက်ကွယ်သွားကြတာမို့ ပင်လယ်လိုပဲနေလိုက်ပါ..။

Credit: မူရင်း

[zawgyi]

ကေလးငယ္တစ္ေယာက္ ပင္လယ္အေရာက္မွာ လိူင္းခတ္သြားတာေၾကာင့္ ဖိနပ္ေပ်ာက္၍သြားေသာအခါ “ပင္လယ္ဟာသူခိုး”လို႔ သဲျပင္မွာေရးၿပီး သူစြပ္စြဲတယ္..တံငါသည္လင္မယား ငါးမ်ားစြာရတဲ့တစ္ေန႔မွာေပါ့”ပင္လယ္ဟာေက်းဇူးရွင္”ပါလို႔သဲျပင္မွာေရးၿပီး ေက်းဇူးတင္တယ္..လူငယ္တစ္ေယာက္ပင္လယ္ေရာက္ၿပီး လိူင္းေရေတြၾကား နစ္ျမဳတ္ေသသြားေသာအခါ သူ႔အေမက”ပင္လယ္ဟာ လူသတ္သမား”ပါလို႔ သဲျပင္ထက္မွာ သူေရးခဲ့တယ္..မရွိဆင္းရဲသားတစ္ေယာက္ ပင္လယ္ေအာက္မွအဖိုးတန္တဲ့ ပုလဲကိုေကာက္ရတဲ့အခိုက္မွာ”ပင္လယ္ဟာတန္ခိုးရွင္”ပါလို႔သဲျပင္ထက္မွာ တင္စားေရးခဲ့တယ္..သူတို႔ေရးထားသမွ် စာအားလုံးက သိပ္မၾကာခင္မွာပဲ လႈိင္းေရေတြရဲ႕ ပုတ္ခတ္မူ႔ၾကာင့္ သူ႔အလိုလို ေပ်ာက္ပ်က္ခဲ့ရတယ္..။ပင္လယ္က သူ႔ကိုဘယ္သူေတြ ဘယ္လိုထင္ထင္ ဘယ္လိုျမင္ျမင္ ဘယ္လိုပဲေတြးေတြး ဘယ္လိုပဲေရးေရး ပင္လယ္က ပင္လယ္ပါပဲ..သူ႔တာဝန္ သူ႔သဘာဝအရ ေျပာင္းလဲလည္ပတ္ေနတာကလြဲလို႔သူ႔အတြက္ ဘာမွျဖစ္လာႏိုင္စရာ အေၾကာင္းမရွိပါဘူး..လူ႔ေလာကမွာလည္း ဒီလိုပါပဲ..အေကာင္းေနမလား အဆိုးေနမလား ဝမ္းနည္းေနမလား ဝမ္းသာေနမလား အဆိုးလုပ္မလား၊ အေကာင္းလုပ္မလား၊ ဘယ္လိုပဲေနေန ဘာေတြပဲလုပ္လုပ္လူေတြရဲ႕ ႏႈတ္ဖ်ားက စကားတစ္ခြန္းနဲ႔ လြတ္ကင္းသြားတယ္လို႔ မရွိပါဘူး..။ အၿမဲတမ္းေဝဖန္ပုပ္ခ် ခံေနရမွာပဲေလ။ႀကိဳက္သူက အေကာင္းေျပာမယ္၊ မႀကိဳက္သူက မေကာင္းေျပာမယ္၊ လူအားလုံးရဲ႕စကားကို လိုက္ၿပီးခံစားမေနပါနဲ႔ ။ဘယ္ေလာက္ထိ နားက်ည္းစရာေတြနဲ႔ ႀကဳံေနပါေစ အခ်ိန္တန္ေတာ့လည္း အရာတိုင္းဟာသူ႔အလိုလို တျဖည္းျဖည္းနဲ႔ ေပ်ာက္ကြယ္သြားၾကတာမို႔ ပင္လယ္လိုပဲေနလိုက္ပါ..။