ပြောင်းဖူးခိုးတဲ့ ဖိုးသူတော်

ဟိုး.. ရှေးရှေးတုန်းက ရွာတစ်ရွာမှာ တောရဆောက်တည်နေတဲ့ ဆရာတော်ကြီးကိုလုပ်ကျွေးပြုစုနေတဲ့ဖိုးသူတော်တစ်ပါးရှိခဲ့ဖူးတယ်။ဖိုး သူတော်ဆိုတာ ရဟန်း သာမဏေ ဘဝနဲ့ ရှင်ရဟန်းကျင့်ဝတ်တွေကို မကျင့်ကြံနိုင်တာကြောင့် (၈)ပါးသီလစောင့်ပြီးဝတ်ဖြူစင်ကြယ်နဲ့ နေတဲ့သူကို ခေါ်တာပါ။ ရှေးတုန်းကတော့ဘုန်းကြီးကျောင်းတိုင်းမှာဖိုးသူတော်ဆိုတာရှိတတ်တယ်။ အခုအချိန်မှာတော့ကျောင်းသားကပ္ပိယပဲ ရှိတော့တယ်။တစ်ချိန်မှာတော့ ဖိုးသူတော်ဟာ တောရကျောင်းသို့အပြန်လမ်းတစ်ခုမှာပြောင်းဖူးခင်းတစ်ခုကိုဝင်ကာ ပိုင်ရှင်မရှိဘူးအထင်နဲ့ပြောင်းဖူးခိုးပြီးချိုးယူပါတယ်။ ပြောင်းဖူးမချိုးခင်အတွင်းကအစေ့အဆန်အောင်မအောင်သိရအောင် အပေါ်ယံအကာအရွက်ကို နွှာလှန်ကြည့်တဲ့အခါ အဆန်မပါအစေ့မအောင်တဲ့ ပြောင်းဖူးတွေကိုသာတွေ့ရတာမို့ စိတ်ညစ်ညစ်နဲ့ဖိုးသူတော်က ဒီပြောင်းဖူးအခင်းပိုင်ရှင်ဟာ ညံ့လှချည်လား။ အလကားလူဖျင်းပဲ။တောသူတောင်သားပီပီ ကိုယ့်လုပ်ငန်းကိုမှမကျွမ်းကျင် ပြောင်းဖူးတစ်ခင်းကိုတောင်ပီပီပြင်ပြင်မလုပ်တတ်။ အစေ့အဆံမအောင်တဲ့ ပြောင်းဖူးခင်းနဲ့ဘာလုပ်စားလို့ရမှာလဲ။ သူတော်တို့ လုပ်ပြစမ်းချင်တယ်လို့ ကဲ့ရဲ့ပြောဆိုပါတယ်။အဲဒီအခါပြောင်းဖူးခင်းထဲကို ဝင်နေတဲ့ပြောင်းဖူးခင်းပိုင်ရှင်ကကြားတော့မခံချင်တာနဲ့အလို ဦးသူတော်ရယ် သူတစ်ပါးကိုအရမ်း အပြစ်တင်မစောလိုက်ပါနဲ့။ တပည့်တော် အလုပ်အကိုင်ညံ့ဖျင်းလို့ ပြောင်ဖူးမကောင်းတာမဟုတ်ရပါဘူး။ အခင်းထဲကမြေကိုလည်း နည်းနည်းလောက်ငုံ့ ကြည့်စမ်းပါဦး။ ဒီလောက် ပက်ကြားအပ်တွေကွဲထနေတဲ့မြေပေါ်မှာဘယ်လိုပြောင်းဖူးကကောင်းနိုင်ဦးမှာလဲလို့ပြန်လည်လျှောက်ထားပါတယ်။အဲဒီအခါဖိုးသူတော်က အောက်ကို ငုံ့ကြည့်လိုက်ပြီး ဟုတ်ပါ့ကွာ၊ ဒကာပြောမယ်ဆိုလဲပြောစရာပဲ။ ပက်ကြားတွေအက်ကွဲနေတာကလည်းဧရာဝတီမြစ်ရဲ့ဟိုးဘက်ကမ်းနဲ့ဒီဘက်ကမ်းလောက် ကျယ်တယ်။ မြေကလည်းဒီလောက် ညံ့ရသလားလို့ မြေကြီးကိုအပြစ်ဆိုတဲ့အခါ မဟာပထဝီမြေကြီးကထပြီးအားကျမခံ ဒီမှာ ဖိုးသူတော် မတရားမပြောပါနဲ့မြေကွဲတာကို ပဲအပြစ်တင်နေတယ်။ မိုးမရွာတာကိုတော့ မပြောဘူး။ ဒီနှစ်မိုးက သင်္ကြန်မိုးလောက်တောင်မှသဲသဲမဲမဲရွာတာမဟုတ်ဘူးလို့ ပြန်ပြောပါတယ်။

အဲ့ဒါနဲ့ ဖိုးသူတော်လည်း မိုးကိုမော့ကြည့်ကာ အင်း..မြေကြီးပြောမယ်ဆိုလည်းပြောစရာပဲမိုးကလည်းဟန်မကျ အလုပ်ဖြစ်အောင် ရွာဖို့နေနေသာသာ ကောင်းကင်မှာ မိုးတိမ်ဆိုတာတောင် တစ်တောင်တစ်ထွာလောက်မှမမြင်ရဘူး ဒီလောက်မိုးခေါင်နေမှတော့မြေကြီးလည်း ပက်ကြားကွဲအက်မှာပဲ။ မိုးကိုက မဟုတ်တာပါလို့ အပြစ်တင်လိုက်တဲ့အခါ.. ကိုရွှေမိုးက အလို ဦးသူတော်ကမိုးမရွာတာကိုသာ အပြစ်မြင်နေတယ်။ တိုင်းပြည်အုပ်ချုပ် မင်းလုပ်နေတဲ့သူ တရားမစောင့်တာကိုတော့ ဘာကြောင့်ထည့်မပြောတာလဲ..မိုးလေဝသဆိုတာ ပြည့်ရှင်မင်းနှင့်တကွ လူအများတရားစောင့်မှမှန်နိုင်တော့မှာပေါ့လို့ စိတ်ဆိုးမာန်ဆိုးပြန်ပြောသတဲ့။ဖိုးသူတော်လည်း အင်း ဟုတ်ရှာမှာ ဟုတ်ရှာမှာလို့ဆိုပြီး နန်းတော်သို့ဝင်ကာ ဘုရင်မင်းမြတ်ကို အိုအရှင်မင်းကြီး တိုင်းပြည်ရဲ့ ဦးစီးနာယက ဘူမိပါလရေမြေ့ရှင်ဆိုတာ လောကပါလတရား(၂)ပါး၊ သတ္တိ(၃)ပါး၊ သင်္ဂဟတရား(၄)ပါး၊ ဗလ(၅)တန်၊ နာယကဂုဏ်(၆)ခု၊ အပရိဟာနိယတရား(၇)ပါး၊ ရာဇဂုဏ်(၈)စုံ၊ နဝရတ်(၉)သွယ်၊ ရာဇဓမ္မ (၁၀)ပါးဆိုတဲ့ မင်းကျင့်တရားတွေနဲ့ ပြည့်စုံရပါတယ်။ ယခုအခါ ဒကာတော်မင်းကြီးက တရားမစောင့်တာမို့ နေပြည်တော်မှာ မိုးမရွာတာကြာမြင့်လှပါပြီ။ဒါ့ကြောင့် ဒကာတော်မင်းကြီးအနေနဲ့ ဥပုသ်ဆောင့်ဝင်ပြီး တရားကျင့်သုံးသင့်လှပါတယ်လို့ သံတော်ဦးတင်လျှောက်ထားပါတယ်။ အဲဒီအခါဘုရင်မင်းကြီးက ဦးသူတော် နေပြည်တော်မှာ မိုးမရွာတာ ကျွန်ုပါကိုပဲ အပြစ်မပြောပါနဲ့။ အခု ဦးသူတော်ရဲ့ ကံလုပ်ရပ်ကိုပဲပြန်ကြည့်ပါဦး။ သူတော်ဆိုတာ သူတော်အလုပ်လုပ်ရမှာပေါ့။ မိုးမရွာတာကိုပဲအပြစ်ပြောတယ်။ ကိုယ်မသမာတာကိုတော့ ထည့်မပြော ပါလားလို့ပြန်လည်လျှောက်ထားတဲ့အခါ ဖိုးသူတော်လည်းရှက်သွားပြီး သြော် ဒကာတော်ရေမြေ့ရှင် ပြောတာလည်းမှန်တာပဲ။ ငါ့ကိုယ်က ပြောင်ဖူးခိုးပြီး မသမာတော့ ဘယ်မှာလာပြီးမိုးရွာတော့မှာလဲ။နောက်ဆုံးတော့ ငါ့ကံလုပ်ရပ်မကောင်းလို့ ပြောင်းဖူးဆိုးနဲ့တွေ့ရတာပဲ။ ဒီနေ့ကစပြီး သူတော်ပီပီနေတော့မယ်။ ဘယ်တော့မှ သူများဥစ္စာမခိုးတော့ဘူးလို့ ပြန်ပြောသတဲ့။

Credit မူရင်း

[zawgyi]

ဟိုး.. ေရွးေရွးတုန္းက ႐ြာတစ္႐ြာမွာ ေတာရေဆာက္တည္ေနတဲ့ ဆရာေတာ္ႀကီးကိုလုပ္ေကြၽးျပဳစုေနတဲ့ဖိုးသူေတာ္တစ္ပါးရွိခဲ့ဖူးတယ္။ဖိုး သူေတာ္ဆိုတာ ရဟန္း သာမေဏ ဘဝနဲ႔ ရွင္ရဟန္းက်င့္ဝတ္ေတြကို မက်င့္ႀကံႏိုင္တာေၾကာင့္ (၈)ပါးသီလေစာင့္ၿပီးဝတ္ျဖဴစင္ၾကယ္နဲ႔ ေနတဲ့သူကို ေခၚတာပါ။ ေရွးတုန္းကေတာ့ဘုန္းႀကီးေက်ာင္းတိုင္းမွာဖိုးသူေတာ္ဆိုတာရွိတတ္တယ္။ အခုအခ်ိန္မွာေတာ့ေက်ာင္းသားကပၸိယပဲ ရွိေတာ့တယ္။တစ္ခ်ိန္မွာေတာ့ ဖိုးသူေတာ္ဟာ ေတာရေက်ာင္းသို႔အျပန္လမ္းတစ္ခုမွာေျပာင္းဖူးခင္းတစ္ခုကိုဝင္ကာ ပိုင္ရွင္မရွိဘူးအထင္နဲ႔ေျပာင္းဖူးခိုးၿပီးခ်ိဳးယူပါတယ္။ ေျပာင္းဖူးမခ်ိဳးခင္အတြင္းကအေစ့အဆန္ေအာင္မေအာင္သိရေအာင္ အေပၚယံအကာအ႐ြက္ကို ႏႊာလွန္ၾကည့္တဲ့အခါ အဆန္မပါအေစ့မေအာင္တဲ့ ေျပာင္းဖူးေတြကိုသာေတြ႕ရတာမို႔ စိတ္ညစ္ညစ္နဲ႔ဖိုးသူေတာ္က ဒီေျပာင္းဖူးအခင္းပိုင္ရွင္ဟာ ညံ့လွခ်ည္လား။ အလကားလူဖ်င္းပဲ။ေတာသူေတာင္သားပီပီ ကိုယ့္လုပ္ငန္းကိုမွမကြၽမ္းက်င္ ေျပာင္းဖူးတစ္ခင္းကိုေတာင္ပီပီျပင္ျပင္မလုပ္တတ္။ အေစ့အဆံမေအာင္တဲ့ ေျပာင္းဖူးခင္းနဲ႔ဘာလုပ္စားလို႔ရမွာလဲ။ သူေတာ္တို႔ လုပ္ျပစမ္းခ်င္တယ္လို႔ ကဲ့ရဲ႕ေျပာဆိုပါတယ္။အဲဒီအခါေျပာင္းဖူးခင္းထဲကို ဝင္ေနတဲ့ေျပာင္းဖူးခင္းပိုင္ရွင္ကၾကားေတာ့မခံခ်င္တာနဲ႔အလို ဦးသူေတာ္ရယ္ သူတစ္ပါးကိုအရမ္း အျပစ္တင္မေစာလိုက္ပါနဲ႔။ တပည့္ေတာ္ အလုပ္အကိုင္ညံ့ဖ်င္းလို႔ ေျပာင္ဖူးမေကာင္းတာမဟုတ္ရပါဘူး။ အခင္းထဲကေျမကိုလည္း နည္းနည္းေလာက္ငုံ႔ ၾကည့္စမ္းပါဦး။ ဒီေလာက္ ပက္ၾကားအပ္ေတြကြဲထေနတဲ့ေျမေပၚမွာဘယ္လိုေျပာင္းဖူးကေကာင္းႏိုင္ဦးမွာလဲလို႔ျပန္လည္ေလွ်ာက္ထားပါတယ္။အဲဒီအခါဖိုးသူေတာ္က ေအာက္ကို ငုံ႔ၾကည့္လိုက္ၿပီး ဟုတ္ပါ့ကြာ၊ ဒကာေျပာမယ္ဆိုလဲေျပာစရာပဲ။ ပက္ၾကားေတြအက္ကြဲေနတာကလည္းဧရာဝတီျမစ္ရဲ႕ဟိုးဘက္ကမ္းနဲ႔ဒီဘက္ကမ္းေလာက္ က်ယ္တယ္။ ေျမကလည္းဒီေလာက္ ညံ့ရသလားလို႔ ေျမႀကီးကိုအျပစ္ဆိုတဲ့အခါ မဟာပထဝီေျမႀကီးကထၿပီးအားက်မခံ ဒီမွာ ဖိုးသူေတာ္ မတရားမေျပာပါနဲ႔ေျမကြဲတာကို ပဲအျပစ္တင္ေနတယ္။ မိုးမ႐ြာတာကိုေတာ့ မေျပာဘူး။ ဒီႏွစ္မိုးက သၾကၤန္မိုးေလာက္ေတာင္မွသဲသဲမဲမဲ႐ြာတာမဟုတ္ဘူးလို႔ ျပန္ေျပာပါတယ္။အဲ့ဒါနဲ႔ ဖိုးသူေတာ္လည္း မိုးကိုေမာ့ၾကည့္ကာ အင္း..ေျမႀကီးေျပာမယ္ဆိုလည္းေျပာစရာပဲမိုးကလည္းဟန္မက် အလုပ္ျဖစ္ေအာင္ ႐ြာဖို႔ေနေနသာသာ ေကာင္းကင္မွာ မိုးတိမ္ဆိုတာေတာင္ တစ္ေတာင္တစ္ထြာေလာက္မွမျမင္ရဘူး ဒီေလာက္မိုးေခါင္ေနမွေတာ့ေျမႀကီးလည္း ပက္ၾကားကြဲအက္မွာပဲ။ မိုးကိုက မဟုတ္တာပါလို႔ အျပစ္တင္လိုက္တဲ့အခါ.. ကိုေ႐ႊမိုးက အလို ဦးသူေတာ္ကမိုးမ႐ြာတာကိုသာ အျပစ္ျမင္ေနတယ္။ တိုင္းျပည္အုပ္ခ်ဳပ္ မင္းလုပ္ေနတဲ့သူ တရားမေစာင့္တာကိုေတာ့ ဘာေၾကာင့္ထည့္မေျပာတာလဲ..မိုးေလဝသဆိုတာ ျပည့္ရွင္မင္းႏွင့္တကြ လူအမ်ားတရားေစာင့္မွမွန္ႏိုင္ေတာ့မွာေပါ့လို႔ စိတ္ဆိုးမာန္ဆိုးျပန္ေျပာသတဲ့။ဖိုးသူေတာ္လည္း အင္း ဟုတ္ရွာမွာ ဟုတ္ရွာမွာလို႔ဆိုၿပီး နန္းေတာ္သို႔ဝင္ကာ ဘုရင္မင္းျမတ္ကို အိုအရွင္မင္းႀကီး တိုင္းျပည္ရဲ႕ ဦးစီးနာယက ဘူမိပါလေရေျမ့ရွင္ဆိုတာ ေလာကပါလတရား(၂)ပါး၊ သတၱိ(၃)ပါး၊ သဂၤဟတရား(၄)ပါး၊ ဗလ(၅)တန္၊ နာယကဂုဏ္(၆)ခု၊ အပရိဟာနိယတရား(၇)ပါး၊ ရာဇဂုဏ္(၈)စုံ၊ နဝရတ္(၉)သြယ္၊ ရာဇဓမၼ (၁၀)ပါးဆိုတဲ့ မင္းက်င့္တရားေတြနဲ႔ ျပည့္စုံရပါတယ္။ ယခုအခါ ဒကာေတာ္မင္းႀကီးက တရားမေစာင့္တာမို႔ ေနျပည္ေတာ္မွာ မိုးမ႐ြာတာၾကာျမင့္လွပါၿပီ။ဒါ့ေၾကာင့္ ဒကာေတာ္မင္းႀကီးအေနနဲ႔ ဥပုသ္ေဆာင့္ဝင္ၿပီး တရားက်င့္သုံးသင့္လွပါတယ္လို႔ သံေတာ္ဦးတင္ေလွ်ာက္ထားပါတယ္။ အဲဒီအခါဘုရင္မင္းႀကီးက ဦးသူေတာ္ ေနျပည္ေတာ္မွာ မိုးမ႐ြာတာ ကြၽႏ္ုပါကိုပဲ အျပစ္မေျပာပါနဲ႔။ အခု ဦးသူေတာ္ရဲ႕ ကံလုပ္ရပ္ကိုပဲျပန္ၾကည့္ပါဦး။ သူေတာ္ဆိုတာ သူေတာ္အလုပ္လုပ္ရမွာေပါ့။ မိုးမ႐ြာတာကိုပဲအျပစ္ေျပာတယ္။ ကိုယ္မသမာတာကိုေတာ့ ထည့္မေျပာ ပါလားလို႔ျပန္လည္ေလွ်ာက္ထားတဲ့အခါ ဖိုးသူေတာ္လည္းရွက္သြားၿပီး ေၾသာ္ ဒကာေတာ္ေရေျမ့ရွင္ ေျပာတာလည္းမွန္တာပဲ။ ငါ့ကိုယ္က ေျပာင္ဖူးခိုးၿပီး မသမာေတာ့ ဘယ္မွာလာၿပီးမိုး႐ြာေတာ့မွာလဲ။ေနာက္ဆုံးေတာ့ ငါ့ကံလုပ္ရပ္မေကာင္းလို႔ ေျပာင္းဖူးဆိုးနဲ႔ေတြ႕ရတာပဲ။ ဒီေန႔ကစၿပီး သူေတာ္ပီပီေနေတာ့မယ္။ ဘယ္ေတာ့မွ သူမ်ားဥစၥာမခိုးေတာ့ဘူးလို႔ ျပန္ေျပာသတဲ့။