မမြင်ရသော အရာ

တစ်ခါတုန်းက တိုင်းပြည်တစ်ခုမှာပညာရှိအမတ်ကြီးတစ်ပါးရှိတယ်။တစ်နေ့နန်းတွင်း ညီလာခံ အပြီးမှာမင်းကြီးက အမတ်ကြီးကိုမေးတော် မူတယ်။ အမတ်ကြီး လူတွေမှာ ဘာအရေးကြီးဆုံးလဲတဲ့..အမတ်ကြီးကမှန်လှပါဘုရား လူတစ်ယောက်မှာဘာအရေးကြီးဆုံးလဲဆိုရင် မမြင်ရတာတွေပိုပြီးအရေးကြီးကြောင်းပါဘုရား..။ဘယ်လိုများလဲ အမတ်ကြီးမှန်လှပါ အရှင်မင်းကြီးလက်တွေ့သိချင်ရင်ပြိုင်ပွဲတစ်ခုကျင်း ပပေးပါ။အဲ့လိုနဲ့ မင်းကြီးလည်းသိချင်တာနဲ့ပြိုင်ပွဲတစ်ခုကျင်းပခွင့်ပေးလိုက်တယ်။ပြိုင်ပွဲရဲ့စည်းကမ်းကကိုယ်ချစ်တဲ့သူကိုထမ်းပြီးလာရမယ်။ သက်မှတ်တဲ့နေရာရောက်ရင် ရောဂါပေါင်းစုံပျောက်ကင်းပြီးခွန်းအားပြည့်ဆေးတစ်တစ်ခွက်သောက်သုံးရမှာဖြစ်ပြီးမိမိ အလိုရှိရာတစ်ခုကို ရယူရမှာဖြစ်တယ်။အဲ့လိုနဲ့ ပြိုင်ပွဲစတော့ ပထမဆုံး လူကြီးတစ်ယောက်ကမကျန်းမာတဲ့ ကလေးတစ်ယောက်ကိုထမ်းပြီး ဆေးခွက် ရှိရာကိုရောက်တော့ ကလေးငယ်ကိုတိုက်လိုက်တယ်။ကလေးက အဲ့ဆေးလည်းသောက်ပြီးရောလန်းဆန်းလာတယ်။ကြိုက်တာယူဖို့ ချ ထားတဲ့ဆုတွေထဲကပစ္စည်းတစ်ခုယူသွားတယ်။ ကတ္တီပါ စောင်ထူတစ်ထည်။ နောက်တစ်ယောက်ထမ်းပြီးဝင်လာတယ်။အမျိုးသားတစ်ဦးက အမျိုးသမီးတစ်ဦးကိုထမ်းပြီးဝင်လာတယ် ဆေးခွက်ရှေ့ရောက်တော့တစ်ယောက်တစ်ဝက်သောက်တယ်။ဆုကိုတော့ နားကပ်တစ်ရံယူပြီး အမျိုးသမီးကို ဆင်ပေးလိုက်တယ်။တတိယ အတွဲပြိုင်ပွဲထဲဝင်လာတယ်။ရွယ်တူတန်းတူ နှစ်ယောက်ဆေးခွက်ရှေ့ရောက်တော့ မင်းသောက်ငါသောက်နဲ့တစ်ယောက်တစ်လှည့်သောက်သွားတယ်။ယူသွားတဲ့ ပစ္စည်းက ရွှေခွက်တစ်စုံနောက်တစ်တွဲထမ်းပြီးဝင်လာပြန်တယ်။လူငယ်တစ်ဦးက အိုမင်းမစွမ်းတဲ့လူတစ်ယောက်ကိုထမ်းလာပြီးဆေးကိုသောက်စေတယ်။ပြီးတော့ ရတနာပစ္စည်းတစ်ခုကိုယူသွားတယ်။

အဲ့လိုနဲ့ပြိုင်ပွဲကပြီးသွားတယ်။မင်းကြီးက အမတ်ကြီးကို မေးတယ်။အဖြေဘယ်မှာလဲတဲ့ အမတ်ကြီးက ရိုသေစွာလျှောက်တယ်။အရှင် မင်း ကြီး နှလုံးသားနဲ့ခံစားပြီးဦးနှောက်နဲ့ဆုံးဖြတ်တော်မူပါ။ပထမဆုံးဝင်လာတဲ့ လူကြီးနဲ့ကလေးဟာဆိုရင်တုနှိုင်းမမှီတဲ့ မေတ္တာ တရားကိုဖော်ပြပါတယ်ဘုရား..။ဒုတိယဝင်လာတဲ့အတွဲဟာ ချစ်သူနှစ်ဦးရဲ့ချစ်ခြင်းကိုပြသပြီး သံယောဇဉ် ကိုဖော်ပြနေပါတယ်ဘုရား..။တတိယ ဝင်လာတဲ့ လူရွယ်နှစ်ဦးကတော့တစ်ဦးနဲ့တစ်ဦး သစ္စာရှိမှု ယုံကြည်မှုကိုဖော်ပြတဲ့ မိတ်ဆွေကောင်းတို့ရဲ့ ခံယူချက်ကိုဖော်ပြနေပါတယ်ဘုရား..။နောက် ဆုံးဝင်လာတဲ့ လူရွယ်နဲ့လူအိုကတော့ကျေးဇူးတရား သိတတ်ပြီး ကျေးဇူးဆပ်တတ်တဲ့လူတော်လူကောင်းတို့ရဲ့အကျင့်လဏ္ခကိုဖော်ပြပါတယ် ဘုရား..။ဒါဆိုဘယ်အတွဲကအရေးကြီးဆုံးလဲအမတ်ကြီး အရှင်မင်းကြီး သတ်ရင်လည်းသေထားရင်လည်းနေပါ့မယ့်ဘုရား..။အရှင် မင်းကြီးရဲ့ ခြေဖဝါးတော်နဲ့လက်တော်ဘယ်ကို စွန့်လွှတ် မည်နည်း ဘယ်အရာမှ မစွန့်လွှတ်လို့ပါအမတ်ကြီး။အရှင်မင်းကြီးရဲ့ အမြင်အာရုံနဲ့အကြားအာရုံ ဘယ်အရာကိုစွန့်လွှတ် မည်နည်း..ဘယ်အရာမှ မစွန်လွှတ်လို့ပါအမတ်ကြီးအမတ်ကြီးပြောသောအရာတွေစုံမှသာ သွားလာ ယူနိုင် ကြားနိုင် မြင်နိုင်မည်အမတ်ကြီးမှန်လှပါ ဘုရား ထို့အတူပဲလူထဲက လူဖြစ်ဖို့လည်း ပထမအတွဲလို မေတ္တာတရားလည်းရှိရမည်၊ ဒုတိ ယအတွဲလို သစ္စာရှိသော အချစ်လည်းရှိရမည်၊တတိယအတွဲလို မိတ်ဆွေကောင်းစိတ်လည်းရရှိမည်၊ နောက်ဆုံးအတွဲလို သူ့ကျေးဇူးကိုသိ တတ်တဲ့စိတ်လည်း ရှိရပါမည် ဘုရား..။ဒါကြောင့် လူတစ်ယောက်အတွက်အရေးကြီးအရာတွေဟာ မျက်စိနဲ့မမြင်ရသော အရာတွေဖြစ်ပါတယ်ဘုရား..။

Credit မူရင်း

[zawgyi]

တစ္ခါတုန္းက တိုင္းျပည္တစ္ခုမွာပညာရွိအမတ္ႀကီးတစ္ပါးရွိတယ္။တစ္ေန႔နန္းတြင္း ညီလာခံ အၿပီးမွာမင္းႀကီးက အမတ္ႀကီးကိုေမးေတာ္ မူတယ္။ အမတ္ႀကီး လူေတြမွာ ဘာအေရးႀကီးဆုံးလဲတဲ့..အမတ္ႀကီးကမွန္လွပါဘုရား လူတစ္ေယာက္မွာဘာအေရးႀကီးဆုံးလဲဆိုရင္ မျမင္ရတာေတြပိုၿပီးအေရးႀကီးေၾကာင္းပါဘုရား..။ဘယ္လိုမ်ားလဲ အမတ္ႀကီးမွန္လွပါ အရွင္မင္းႀကီးလက္ေတြ႕သိခ်င္ရင္ၿပိဳင္ပြဲတစ္ခုက်င္း ပေပးပါ။အဲ့လိုနဲ႔ မင္းႀကီးလည္းသိခ်င္တာနဲ႔ၿပိဳင္ပြဲတစ္ခုက်င္းပခြင့္ေပးလိုက္တယ္။ၿပိဳင္ပြဲရဲ႕စည္းကမ္းကကိုယ္ခ်စ္တဲ့သူကိုထမ္းၿပီးလာရမယ္။ သက္မွတ္တဲ့ေနရာေရာက္ရင္ ေရာဂါေပါင္းစုံေပ်ာက္ကင္းၿပီးခြန္းအားျပည့္ေဆးတစ္တစ္ခြက္ေသာက္သုံးရမွာျဖစ္ၿပီးမိမိ အလိုရွိရာတစ္ခုကို ရယူရမွာျဖစ္တယ္။အဲ့လိုနဲ႔ ၿပိဳင္ပြဲစေတာ့ ပထမဆုံး လူႀကီးတစ္ေယာက္ကမက်န္းမာတဲ့ ကေလးတစ္ေယာက္ကိုထမ္းၿပီး ေဆးခြက္ ရွိရာကိုေရာက္ေတာ့ ကေလးငယ္ကိုတိုက္လိုက္တယ္။ကေလးက အဲ့ေဆးလည္းေသာက္ၿပီးေရာလန္းဆန္းလာတယ္။ႀကိဳက္တာယူဖို႔ ခ် ထားတဲ့ဆုေတြထဲကပစၥည္းတစ္ခုယူသြားတယ္။ ကတၱီပါ ေစာင္ထူတစ္ထည္။ ေနာက္တစ္ေယာက္ထမ္းၿပီးဝင္လာတယ္။အမ်ိဳးသားတစ္ဦးက အမ်ိဳးသမီးတစ္ဦးကိုထမ္းၿပီးဝင္လာတယ္ ေဆးခြက္ေရွ႕ေရာက္ေတာ့တစ္ေယာက္တစ္ဝက္ေသာက္တယ္။ဆုကိုေတာ့ နားကပ္တစ္ရံယူၿပီး အမ်ိဳးသမီးကို ဆင္ေပးလိုက္တယ္။တတိယ အတြဲၿပိဳင္ပြဲထဲဝင္လာတယ္။႐ြယ္တူတန္းတူ ႏွစ္ေယာက္ေဆးခြက္ေရွ႕ေရာက္ေတာ့ မင္းေသာက္ငါေသာက္နဲ႔တစ္ေယာက္တစ္လွည့္ေသာက္သြားတယ္။ယူသြားတဲ့ ပစၥည္းက ေ႐ႊခြက္တစ္စုံေနာက္တစ္တြဲထမ္းၿပီးဝင္လာျပန္တယ္။လူငယ္တစ္ဦးက အိုမင္းမစြမ္းတဲ့လူတစ္ေယာက္ကိုထမ္းလာၿပီးေဆးကိုေသာက္ေစတယ္။ၿပီးေတာ့ ရတနာပစၥည္းတစ္ခုကိုယူသြားတယ္။အဲ့လိုနဲ႔ၿပိဳင္ပြဲကၿပီးသြားတယ္။မင္းႀကီးက အမတ္ႀကီးကို ေမးတယ္။အေျဖဘယ္မွာလဲတဲ့ အမတ္ႀကီးက ႐ိုေသစြာေလွ်ာက္တယ္။အရွင္ မင္း ႀကီး ႏွလုံးသားနဲ႔ခံစားၿပီးဦးေႏွာက္နဲ႔ဆုံးျဖတ္ေတာ္မူပါ။ပထမဆုံးဝင္လာတဲ့ လူႀကီးနဲ႔ကေလးဟာဆိုရင္တုႏႈိင္းမမွီတဲ့ ေမတၱာ တရားကိုေဖာ္ျပပါတယ္ဘုရား..။ဒုတိယဝင္လာတဲ့အတြဲဟာ ခ်စ္သူႏွစ္ဦးရဲ႕ခ်စ္ျခင္းကိုျပသၿပီး သံေယာဇဥ္ ကိုေဖာ္ျပေနပါတယ္ဘုရား..။တတိယ ဝင္လာတဲ့ လူ႐ြယ္ႏွစ္ဦးကေတာ့တစ္ဦးနဲ႔တစ္ဦး သစၥာရွိမႈ ယုံၾကည္မႈကိုေဖာ္ျပတဲ့ မိတ္ေဆြေကာင္းတို႔ရဲ႕ ခံယူခ်က္ကိုေဖာ္ျပေနပါတယ္ဘုရား..။ေနာက္ ဆုံးဝင္လာတဲ့ လူ႐ြယ္နဲ႔လူအိုကေတာ့ေက်းဇူးတရား သိတတ္ၿပီး ေက်းဇူးဆပ္တတ္တဲ့လူေတာ္လူေကာင္းတို႔ရဲ႕အက်င့္လဏၡကိုေဖာ္ျပပါတယ္ ဘုရား..။ဒါဆိုဘယ္အတြဲကအေရးႀကီးဆုံးလဲအမတ္ႀကီး အရွင္မင္းႀကီး သတ္ရင္လည္းေသထားရင္လည္းေနပါ့မယ့္ဘုရား..။အရွင္ မင္းႀကီးရဲ႕ ေျခဖဝါးေတာ္နဲ႔လက္ေတာ္ဘယ္ကို စြန႔္လႊတ္ မည္နည္း ဘယ္အရာမွ မစြန႔္လႊတ္လို႔ပါအမတ္ႀကီး။အရွင္မင္းႀကီးရဲ႕ အျမင္အာ႐ုံနဲ႔အၾကားအာ႐ုံ ဘယ္အရာကိုစြန႔္လႊတ္ မည္နည္း..ဘယ္အရာမွ မစြန္လႊတ္လို႔ပါအမတ္ႀကီးအမတ္ႀကီးေျပာေသာအရာေတြစုံမွသာ သြားလာ ယူႏိုင္ ၾကားႏိုင္ ျမင္ႏိုင္မည္အမတ္ႀကီးမွန္လွပါ ဘုရား ထို႔အတူပဲလူထဲက လူျဖစ္ဖို႔လည္း ပထမအတြဲလို ေမတၱာတရားလည္းရွိရမည္၊ ဒုတိ ယအတြဲလို သစၥာရွိေသာ အခ်စ္လည္းရွိရမည္၊တတိယအတြဲလို မိတ္ေဆြေကာင္းစိတ္လည္းရရွိမည္၊ ေနာက္ဆုံးအတြဲလို သူ႔ေက်းဇူးကိုသိ တတ္တဲ့စိတ္လည္း ရွိရပါမည္ ဘုရား..။ဒါေၾကာင့္ လူတစ္ေယာက္အတြက္အေရးႀကီးအရာေတြဟာ မ်က္စိနဲ႔မျမင္ရေသာ အရာေတြျဖစ္ပါတယ္ဘုရား..။