မီးပုံးပျံ ဦးကျော်ရင်နှင့် မြန်မာတို့ တီထွင်အောင်မြင်မှုနောက်ကွယ်က လူသိပ်မသိတဲ့ သမိုင်းကြောင်း

အင်္ဂလိပ်က မြန်မာကို ကျွန်ပြုအုပ်ချုပ်ခဲ့ချိန် မြန်မာတို့သည် ဇာတိသွေး ဇာတိမာန်ကို ရသည့် နည်းဖြင့် အောက်ကျမခံ ပြသတုန့်ပြန်ခဲ့ကြသည်။ထိုအထဲတွင် ဦးကျော်ရင်လည်းပါသည်။ ခုခေတ်လူငယ်တို့ သိသူအတော်နည်းလိမ့်မည် မြန်မာ့ကျောင်းတွင်လည်း သူ့အကြောင်းကို သင်သေးသလားမသိပေ။ဘိုးယင်းလေယာဉ်ကုမ္ပဏီဒီဇိုင်းဆရာ ၁၉၀၅ ခုနှစ်လောက်တွင် ဗြိတိသျှလေယာဉ်များ ခဏဏ ပျက်ကျ၍ လူတွေသေသည့် သတင်းကို ခဏဏ ဖတ်ရှု့ရ၍ ဦးကျော်ရင်က ပုံများဆွဲ၍ ခရီးသည်ရော လေယာဉ်မှုးပါ အသက်မသေသည့် နည်းလမ်းများကို ထုတ်ဆွဲခဲ့ရာမှတစတစ လူသိများ လာခဲ့ရာ သူရိယ သတင်းစာမှာ သူ့အကြောင်းပါလာခဲ့ပြီး မြန်မာပြည် ဘုရင်ခံမှတဆင့် ဘိုးယင်းလေယာဉ် ကုမ္ပဏီက လေယာဉ်ဒီဇိုင်းများ ဆွဲပေးပါရန် ဆက်သွယ်လာခဲ့တယ်။မနာလိုစိတ်ပေါတာလူမျိုးတိုင်းမှာရှိ ဒုတိယကမ္ဘာစစ်ကြီးဖြစ်တော့ ဦးကျော်ရင်နဲ့ ဘိုးယင်းလေယာဉ်ကုမ္ပဏီ အဆက်အသွယ်ပြတ် တောက်သွားခဲ့ရာ မြန်မာ့အလင်း သတင်းစာတွင် စောင်းပါးရှင်တစ်ဦးက“ထားဝယ်မှ မောင်ကျော်ရင် ဆိုသူတစ်ဦးသည် လေယာဉ်လုပ်တတ် သည်ဟု ကြွားဝါခဲ့ပြီးမှ ယခု အခါ သေသလား ရှင်သလားမသိ တိမ်မြုတ်သွား လေပြီ” ဟု ထေ့ငေါ့ငေ့ါ့နှင့် ရေးလိုက်ရာ ဦးကျော်ရင်က မခံချင်စိတ်ဖြင့် “လေယာဉ်လုပ်တတ်တယ်လည်းမကြွား ဖူးဘူး။စက်တပ်လေယာဉ်တွေ ပျက်ကျတဲ့အခါ တခါထဲ ထိုးကျမသွားအောင် နည်းလမ်းကိုသာရေးခဲ့တယ်။ သူ့ကျွန်ဘဝမှာ မြန်မာချင်းအထင်သေးတာဝမ်းနည်း စရာ။ငါမသေသေးဘူး။ ဒို့မြန်မာတွေအစွမ်းကို မင်း စောင့်ကြည့်လိုက်ပါညီလေး” ဟု သူရိယသတင်းစာမှ ပြန်လည်ချေပခဲ့ပြီးဦးကျော်ရင်ဘာကြောင့်မီးပုံးပျံစီး အဖက်ဖက်က စနစ်တကျ သေခြာစဉ်းစားတွက် ချက်ပြီး သူရဲ့တည်ထွင်မှု့ကို ချပြရန် အကြိမ်ကြိမ် ကြိုးပမ်းခဲ့သော်လည်းတဖက်တွင် ကျောင်းဆရာ အ လုပ်နှင့်မို့ အချိန်ကမရ ဖြစ်ရာ အသက် (၅၅)နှစ် တွင် ကျောင်းဆရာ အလုပ်မှ နှုတ်ထွက်ခဲ့သည်။ထို့နောက် ပျဉ်းမနားမှ ထားဝယ်ခရိုင် ဇာတိရွာ ဖြစ်သော ပန်းတလဲရွာသို့သွား၍ အတောင်(၈၀) ပိတ်အုတ် (၂၄) အုပ်ဖြင့် မီးပုံးပျံကိုစတင် ပြုလုပ် ခဲ့သည်။သူလုပ်သောမီးပုံးပျံမှာ အမြင့် အ တောင်(၃၀) လုံးပတ် အတောင် (၁၀၀).ခန့်ရှိသည်။သူစမ်းသပ်ပြုလုက်ချိန် သတင်းပေါက်ကြား သွားလို့ ထားဝယ်အရေးပိုင်မင်းက ဦးကျော်ရင် အား အကြိမ်ကြိမ် သတိပေးတာမြစ်ခဲ့၍ လွတ် လွတ်လပ်လပ် စမ်းသပ်ပြုလုပ်ခွင့်မရခဲ့ပေ။တိုင်းမင်းကြီးထံ ခွင့်တောင်းသော်လည်း ခွင့်မပြု၍ မြန်မာပြည် ဘုရင်ခံချုပ်အထိ ခွင့်တောင်းမှ ခွင့်ပြုချက်ရရှိခဲ့ပါတယ်။ သို့ဖြင့် ၁၉၂၉ ခုနှစ်တွင် စတင်လေ့ကျင့် ပျံသန်းခွင့်ရရှိခဲ့သည်။ဦးကျော်ရင်ရဲ့ သတင်းဟာ မြန်မာပြည်ပါမက အင်္ဂလန်ထိပေါက်ကြားခဲ့ပြီး ၁၉၃၀ ပြည့်နှစ် မှာ National Sporting Club အသင်းကြီး၏ Sponsor ဖြင့် ကန်တော်ကြီးမှာ စတင်ပျံသန်း ပြခဲ့ပါတယ်။

စွန့်ဦးတည်ထွင်သူနှင့်အန္တရာယ်- ကနဦးစတင် စီးပြရာမှာ သစ်ပင်သစ်ကိုင်းတွေ နဲ့တိုက်လို့ ဒဏ် ရာရခဲ့ပါတယ်။အနာပျောက် တဲ့ အခါထပ်မံစီးပြခဲ့ပါတယ်။ ကန်တော်ကြီးအလယ်ကျွန်းမှာ သုံးကြိမ်တိတိ စီးပြခဲ့ပါသေးတယ်။ဦးကျော်ရင်ဟာ မီးပုံးပျံစီးပြရုံဆို ယခုလောက် အန္တရာယ်မများသော်လည်း မီးပုံးပျံစီးရင်း လူက အငြိမ်မနေ ဂျွမ်းဘာများ စီးပြခဲ့ခြင်းကြောင့် အန္တရာယ်များနဲ့ ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။၁၉၃၀ ခုနှစ်ထဲမှာ မီးပုံးပျံကို (၅၅) ကြိမ်စီးပြ ခဲ့ပြီး ရရှိသော အ မြတ်ငွေဟူသမျှကို မြို့မကျောင်း ရံပုံငွေအတွက်လှူဒါန်းခဲ့တာဖြစ်ပါတယ်။၁၉၃၁ ခုနှစ်တွင် အင်္ဂ လန်သို့ မီးပုံပျံစီးပြီး ဖျော်ဖြေရန်ဖိတ်ခေါ်ခံခဲ့ရသော်လည်း ဒဏ်ရာကြောင့် ခရီးစဉ်ဖျက်သိမ်းခဲ့ရပါတယ်။လေးစားအားကျစရာမြန်မာ မြန်မာဟူသည် ကျွန်မဟုတ် ကျွန်စိတ်မရှိ သခင်စိတ် ဆရာစိတ်ရှိသည် တိုင်းပြည်နှင့်လူမျိုးကိုချစ်သည် ကမ္ဘာ့ထိပ်တန်းလေယာဉ်ကုမ္ပဏီကတောင် ဆရာတင်ရသည်။ ဒါက လွန်ခဲ့တဲ့နှစ်ပေါင်း (၁၀၀) ကျော်ကဖြစ်သည်။ယနေ့မြန်မာကျွန်စိတ်တွေနဲ့ ယ နေ့ခေတ်ပညာတိုးတက်သလောက် မြန်မာတွေ တည်ထွင်ကြံဆမှု့နည်းသည်။ နိုင်ငံခြားကို အတု ခိုး၍ အထင်ကြီးပြီး ကျွန်စိတ် ပေါက်သူများသည်။တည်ထွင်မှုကိုအားပေးသော်လည်း ထူးထူး ချွန်ချွန် မရပ်တည်နိုင်ကြသလို အချို့က တည်ထွင်မှု့ အပိုင်းက ယနေ့ခေတ်ကို မယှဉ်နိုင်ဖြစ်နေသေးသည်။အချို့ကတည်ထွင်သည် ဈေးကောင်းရက ရောင်း စားဖို့ကြံသည်။ နိုင်ငံနှင့်လူမျိုးအ တွက်မဟုတ်။တခါတလေ မိမိတီထွင်သော နည်းပညာဖြင့် မိမိနိုင်ငံနှင့်လူမျိုးကို အန္တရာယ်မပြုဖို့တော့ အထူးသတိပေးချင်သည်။ဤစာစုဖြင့် ယနေ့မြန်မာလူငယ်တွေ တိုင်းပြည်နှင့် လူမျိုးအ ကျိုး အတွက် တည်ထွင်ကြံဆ၍ ဖြစ်ဖြစ် မြောက်မြောက် မြန်မာမှု့ပြုစေရန်တိုက်တွန်း လိုက်ရပါသည်။သူ့အကြောင်းအကျဉ်းချုပ် – အမည် = ဦးကျော်ရင်။ မွေးသက္ကရာဇ်= 15th – Jan 1873။ဇာတိ= ပန်းတလဲရွာ။ လောင်းလုံမြို့နယ်။ ထားဝယ်ခရိုင်။အလုပ်အကိုင်= အထက ကျောင်း ဆရာ (Retd)။ဇနီးအမည်= ဒေါ်မမ။သားသမီးအမည်= ဦးကျော်လင်း ။ ဦးကျော်ဆန်း။သေဆုံးသည့်ရက်စွဲ = 3rd April 1939။အသက် = ၆၆။

မူရင်း Credit

[zawgyi]

အဂၤလိပ္က ျမန္မာကို ကြၽန္ျပဳအုပ္ခ်ဳပ္ခဲ့ခ်ိန္ ျမန္မာတို႔သည္ ဇာတိေသြး ဇာတိမာန္ကို ရသည့္ နည္းျဖင့္ ေအာက္က်မခံ ျပသတုန႔္ျပန္ခဲ့ၾကသည္။ထိုအထဲတြင္ ဦးေက်ာ္ရင္လည္းပါသည္။ ခုေခတ္လူငယ္တို႔ သိသူအေတာ္နည္းလိမ့္မည္ ျမန္မာ့ေက်ာင္းတြင္လည္း သူ႔အေၾကာင္းကို သင္ေသးသလားမသိေပ။ဘိုးယင္းေလယာဥ္ကုမၸဏီဒီဇိုင္းဆရာ ၁၉၀၅ ခုႏွစ္ေလာက္တြင္ ၿဗိတိသွ်ေလယာဥ္မ်ား ခဏဏ ပ်က္က်၍ လူေတြေသသည့္ သတင္းကို ခဏဏ ဖတ္ရႈ႕ရ၍ ဦးေက်ာ္ရင္က ပုံမ်ားဆြဲ၍ ခရီးသည္ေရာ ေလယာဥ္မႈးပါ အသက္မေသသည့္ နည္းလမ္းမ်ားကို ထုတ္ဆြဲခဲ့ရာမွတစတစ လူသိမ်ား လာခဲ့ရာ သူရိယ သတင္းစာမွာ သူ႔အေၾကာင္းပါလာခဲ့ၿပီး ျမန္မာျပည္ ဘုရင္ခံမွတဆင့္ ဘိုးယင္းေလယာဥ္ ကုမၸဏီက ေလယာဥ္ဒီဇိုင္းမ်ား ဆြဲေပးပါရန္ ဆက္သြယ္လာခဲ့တယ္။မနာလိုစိတ္ေပါတာလူမ်ိဳးတိုင္းမွာရွိ ဒုတိယကမာၻစစ္ႀကီးျဖစ္ေတာ့ ဦးေက်ာ္ရင္နဲ႔ ဘိုးယင္းေလယာဥ္ကုမၸဏီ အဆက္အသြယ္ျပတ္ ေတာက္သြားခဲ့ရာ ျမန္မာ့အလင္း သတင္းစာတြင္ ေစာင္းပါးရွင္တစ္ဦးက“ထားဝယ္မွ ေမာင္ေက်ာ္ရင္ ဆိုသူတစ္ဦးသည္ ေလယာဥ္လုပ္တတ္သည္ဟု ႂကြားဝါခဲ့ၿပီးမွ ယခု အခါ ေသသလား ရွင္သလားမသိ တိမ္ျမဳတ္သြား ေလၿပီ” ဟု ေထ့ေငါ့ေင့ါ့ႏွင့္ ေရးလိုက္ရာ ဦးေက်ာ္ရင္က မခံခ်င္စိတ္ျဖင့္ “ေလယာဥ္လုပ္တတ္တယ္လည္းမႂကြားဖူးဘူး။စက္တပ္ေလယာဥ္ေတြ ပ်က္က်တဲ့အခါ တခါထဲ ထိုးက်မသြားေအာင္ နည္းလမ္းကိုသာေရးခဲ့တယ္။ သူ႔ကြၽန္ဘဝမွာ ျမန္မာခ်င္းအထင္ေသးတာဝမ္းနည္း စရာ။ငါမေသေသးဘူး။ ဒို႔ျမန္မာေတြအစြမ္းကို မင္း ေစာင့္ၾကည့္လိုက္ပါညီေလး” ဟု သူရိယသတင္းစာမွ ျပန္လည္ေခ်ပခဲ့ၿပီးဦးေက်ာ္ရင္ဘာေၾကာင့္မီးပုံးပ်ံစီး အဖက္ဖက္က စနစ္တက် ေသျခာစဥ္းစားတြက္ ခ်က္ၿပီး သူရဲ႕တည္ထြင္မႈ႕ကို ခ်ျပရန္ အႀကိမ္ႀကိမ္ ႀကိဳးပမ္းခဲ့ေသာ္လည္းတဖက္တြင္ ေက်ာင္းဆရာ အလုပ္ႏွင့္မို႔ အခ်ိန္ကမရ ျဖစ္ရာ အသက္ (၅၅)ႏွစ္ တြင္ ေက်ာင္းဆရာ အလုပ္မွ ႏႈတ္ထြက္ခဲ့သည္။ထို႔ေနာက္ ပ်ဥ္းမနားမွ ထားဝယ္ခ႐ိုင္ ဇာတိ႐ြာ ျဖစ္ေသာ ပန္းတလဲ႐ြာသို႔သြား၍ အေတာင္(၈၀) ပိတ္အုတ္ (၂၄) အုပ္ျဖင့္ မီးပုံးပ်ံကိုစတင္ ျပဳလုပ္ ခဲ့သည္။သူလုပ္ေသာမီးပုံးပ်ံမွာ အျမင့္ အေတာင္(၃၀) လုံးပတ္ အေတာင္ (၁၀၀).ခန႔္ရွိသည္။သူစမ္းသပ္ျပဳလုက္ခ်ိန္ သတင္းေပါက္ၾကား သြားလို႔ ထားဝယ္အေရးပိုင္မင္းက ဦးေက်ာ္ရင္ အား အႀကိမ္ႀကိမ္ သတိေပးတာျမစ္ခဲ့၍ လြတ္ လြတ္လပ္လပ္ စမ္းသပ္ျပဳလုပ္ခြင့္မရခဲ့ေပ။တိုင္းမင္းႀကီးထံ ခြင့္ေတာင္းေသာ္လည္း ခြင့္မျပဳ၍ ျမန္မာျပည္ ဘုရင္ခံခ်ဳပ္အထိ ခြင့္ေတာင္းမွ ခြင့္ျပဳခ်က္ရရွိခဲ့ပါတယ္။ သို႔ျဖင့္ ၁၉၂၉ ခုႏွစ္တြင္ စတင္ေလ့က်င့္ ပ်ံသန္းခြင့္ရရွိခဲ့သည္။ဦးေက်ာ္ရင္ရဲ႕ သတင္းဟာ ျမန္မာျပည္ပါမက အဂၤလန္ထိေပါက္ၾကားခဲ့ၿပီး ၁၉၃၀ ျပည့္ႏွစ္ မွာ National Sporting Club အသင္းႀကီး၏ Sponsor ျဖင့္ ကန္ေတာ္ႀကီးမွာ စတင္ပ်ံသန္း ျပခဲ့ပါတယ္။စြန႔္ဦးတည္ထြင္သူႏွင့္အႏၲရာယ္ ကနဦးစတင္ စီးျပရာမွာ သစ္ပင္သစ္ကိုင္းေတြ နဲ႔တိုက္လို႔ ဒဏ္ရာရခဲ့ပါတယ္။အနာေပ်ာက္ တဲ့ အခါထပ္မံစီးျပခဲ့ပါတယ္။ ကန္ေတာ္ႀကီးအလယ္ကြၽန္းမွာ သုံးႀကိမ္တိတိ စီးျပခဲ့ပါေသးတယ္။ဦးေက်ာ္ရင္ဟာ မီးပုံးပ်ံစီးျပ႐ုံဆို ယခုေလာက္ အႏၲရာယ္မမ်ားေသာ္လည္း မီးပုံးပ်ံစီးရင္း လူက အၿငိမ္မေန ဂြၽမ္းဘာမ်ား စီးျပခဲ့ျခင္းေၾကာင့္ အႏၲရာယ္မ်ားနဲ႔ ႀကဳံေတြ႕ခဲ့ရတာျဖစ္ပါတယ္။၁၉၃၀ ခုႏွစ္ထဲမွာ မီးပုံးပ်ံကို (၅၅) ႀကိမ္စီးျပ ခဲ့ၿပီး ရရွိေသာ အျမတ္ေငြဟူသမွ်ကို ၿမိဳ႕မေက်ာင္း ရံပုံေငြအတြက္လႉဒါန္းခဲ့တာျဖစ္ပါတယ္။၁၉၃၁ ခုႏွစ္တြင္ အဂၤလန္သို႔ မီးပုံပ်ံစီးၿပီး ေဖ်ာ္ေျဖရန္ဖိတ္ေခၚခံခဲ့ရေသာ္လည္း ဒဏ္ရာေၾကာင့္ ခရီးစဥ္ဖ်က္သိမ္းခဲ့ရပါတယ္။ေလးစားအားက်စရာျမန္မာ ျမန္မာဟူသည္ ကြၽန္မဟုတ္ ကြၽန္စိတ္မရွိ သခင္စိတ္ ဆရာစိတ္ရွိသည္ တိုင္းျပည္ႏွင့္လူမ်ိဳးကိုခ်စ္သည္ ကမာၻ႔ထိပ္တန္းေလယာဥ္ကုမၸဏီကေတာင္ ဆရာတင္ရသည္။ ဒါက လြန္ခဲ့တဲ့ႏွစ္ေပါင္း (၁၀၀) ေက်ာ္ကျဖစ္သည္။ယေန႔ျမန္မာကြၽန္စိတ္ေတြနဲ႔ ယေန႔ေခတ္ပညာတိုးတက္သေလာက္ ျမန္မာေတြ တည္ထြင္ႀကံဆမႈ႕နည္းသည္။ ႏိုင္ငံျခားကို အတုခိုး၍ အထင္ႀကီးၿပီး ကြၽန္စိတ္ ေပါက္သူမ်ားသည္။တည္ထြင္မႈကိုအားေပးေသာ္လည္း ထူးထူးခြၽန္ခြၽန္ မရပ္တည္ႏိုင္ၾကသလို အခ်ိဳ႕က တည္ထြင္မႈ႕ အပိုင္းက ယေန႔ေခတ္ကို မယွဥ္ႏိုင္ျဖစ္ေနေသးသည္။အခ်ိဳ႕ကတည္ထြင္သည္ ေဈးေကာင္းရက ေရာင္း စားဖို႔ႀကံသည္။ ႏိုင္ငံႏွင့္လူမ်ိဳးအတြက္မဟုတ္။တခါတေလ မိမိတီထြင္ေသာ နည္းပညာျဖင့္ မိမိႏိုင္ငံႏွင့္လူမ်ိဳးကို အႏၲရာယ္မျပဳဖို႔ေတာ့ အထူးသတိေပးခ်င္သည္။ဤစာစုျဖင့္ ယေန႔ျမန္မာလူငယ္ေတြ တိုင္းျပည္ႏွင့္ လူမ်ိဳးအက်ိဳးအတြက္ တည္ထြင္ႀကံဆ၍ ျဖစ္ျဖစ္ ေျမာက္ေျမာက္ ျမန္မာမႈ႕ျပဳေစရန္တိုက္တြန္း လိုက္ရပါသည္။သူ႔အေၾကာင္းအက်ဥ္းခ်ဳပ္ – အမည္ = ဦးေက်ာ္ရင္။ ေမြးသကၠရာဇ္= 15th – Jan 1873။ဇာတိ= ပန္းတလဲ႐ြာ။ ေလာင္းလုံၿမိဳ႕နယ္။ ထားဝယ္ခ႐ိုင္။အလုပ္အကိုင္= အထက ေက်ာင္းဆရာ (Retd)။ဇနီးအမည္= ေဒၚမမ။သားသမီးအမည္= ဦးေက်ာ္လင္း ။ ဦးေက်ာ္ဆန္း။ေသဆုံးသည့္ရက္စြဲ = 3rd April 1939။အသက္ = ၆၆။