မီးပွို့င်တွေ နီ၊ ဝါ၊ စိမ်း ဖြစ်နေရတဲ့ အကြောင်းအရင်း

အရေးကြီး တဲ့ အချက်ပြ မီးတွေ ဖြစ်တဲ့အတွက်ကြောင့် ထားရတာပါ။မီးပွိုင့် မီး အရောင် တွေကို ဘာဖြစ်လို့ အမည်းရောင်က ရပ်ဖို့နဲ့ အဖြူရောင်က သွားဖို့ မထားဘဲ စိမ်းမှ သွားပြီး နီရင် ရပ်ရတာလဲ။ ဒီလို နီ၊ ဝါ၊ စိမ်း ပဲ သုံးထားရတာ အကြောင်းရှိပါတယ်။ ကားလမ်းဆုံတွေမှာ တွေ့ရလေ့ရှိတဲ့ မီးပွိုင့်မီးဆိုတာ ကား တွေကို သူ့လမ်းကြော နဲ့သူ အချိန် အတိုင်းအတာ လေးနဲ့ မပိတ်မကျပ် အောင် အချက်ပြ ဖို့ သေချာစီစဉ်ထားတာပါ။ အရေးကြီးတဲ့ အချက်ပြမီး တွေ ဖြစ်တဲ့အတွက်ကြောင့် အနီနဲ့ အစိမ်းရောင်ကို ထား ထားရတာပါ။ ငယ်ငယ် ကတည်းက အန္တရာယ် ရှိတဲ့ နေရာ တွေ၊ အချက်ပြမီးတွေကို အနီရောင်ပဲ သုံးလေ့ရှိတာကို တွေ့မြင်ရင်းနှီးခဲ့ကြတာပါ။ အနီရောင်နဲ့ ရေးထားတဲ့ အာမေဋိတ် သင်္ကေတ ထင်းထင်းကြီး ဆိုရင် သတိပေး နေတာဆိုတာကို အော်တိုသိနေပြီးသားဖြစ်တာပါ။ အစိမ်းရောင် ကို မြင်တာနဲ့ သွားလာခွင့်ပြုပြီးသား၊ ပါမစ်ရပြီးသား၊ အေးချမ်းစွာ ဖြတ်သန်းခွင့် ရှိတယ်လို့ အဓိပ္ပါယ် ကောက်နေကြဖြစ်ပါတယ်။ ဒီထက်ပိုလှတဲ့ အရောင်တွေ အများကြီးရှိတဲ့ဟာကို။ နေ့တိုင်း မြင်နေရမယ့် ဟာကို ဘာဖြစ်လို့များ ချစ်စရာကောင်း တဲ့ ပန်းရောင်လေးတွေ၊ စိမ်းပြာရောင်လေးတွေ မသုံး ဘဲ အနီ၊ အဝါ၊ အစိမ်း ကို သုံးထား မှန်း လည်း မသိဘူးပေါ့။

အခုခေတ်မှာ ကားမီးပွိုင့်အပြင် ရထားမီးပွိုင့်တွေပါ အနီ၊ အဝါ၊ အစိမ်း သုံးတယ်ဆိုပေမယ့် အစက ရထားမီးပွိုင့်တွေမှာ ဒီအရောင်တွေပဲ သုံးတာ မဟုတ်ပါဘူး။ အရင်တုန်းက ရထားမီးပွိုင့်တွေကို အနီဆို ရပ်၊ အဖြူဆို သွား၊ အစိမ်းဆို သတိ ဆိုပြီး နီ၊ ဖြူ၊ စိမ်းနဲ့ သုံးခဲ့တာပါ။ မီးရထား စက်ခေါင်းမောင်း တဲ့သူတွေက အဖြူရောင်ဆိုရင် သွားလို့ ရတယ်ဆိုတာကို မှတ်ရတာ ကန့်လန့်ဖြစ်နေတာကြောင့် နောက်ပိုင်းကြတော့ သွား ဖို့ သင်္ကေတ အတွက် အစိမ်းရောင် ကို ပြောင်းသုံးလိုက်တာ ဖြစ်ပါတယ်။ ဒါဆို အဝါရောင် ကျတော့ရော။ အဝါရောင်ကလည်း သူ့သမိုင်းနဲ့သူပါ။ ညအမှောင်ထဲမှာဆိုရင် အဝါရောင်က အနီရောင်ထက် ပိုပြီး မြင်သာ ထင်သာ ရှိတဲ့အရောင်ဖြစ်တာ မို့လို့ (၁၉၉၀) ခုနှစ်လောက်ထိ အဝါရောင်ကို ရပ် ဖို့ အရောင် အဖြစ်သုံးခဲ့ကြပါတယ်။ နောက်ပိုင်း ကျတော့ အမှောင် ထဲမှာပါ ထင်းနေအောင် ပေါ်တဲ့ အနီရောင် သံပြားကြီးတွေ ပေါ်လာခဲ့တာကြောင့် အနီကိုပဲ ပြောင်းသုံးခဲ့ကြပါတယ်။ဒီတော့ နောက်တစ်ခါ မီးပွိုင့်မှာ ကားပိတ် ပြီဆိုရင် မီးပွိုင့် အနီရဲရဲကြီး ကို ကြည့်ပြီး စိတ်တိုမနေပါနဲ့တော့။ ကားပိတ်နေရင် လုပ်စရာရှိတာတွေလုပ် လို့ ရပါသေးတယ်။

Credit: DUWUN

[zawgyi]

အေရးႀကီး တဲ့ အခ်က္ျပ မီးေတြ ျဖစ္တဲ့အတြက္ေၾကာင့္ ထားရတာပါ။မီးပြိဳင့္ မီး အေရာင္ ေတြကို ဘာျဖစ္လို႔ အမည္းေရာင္က ရပ္ဖို႔နဲ႔ အျဖဴေရာင္က သြားဖို႔ မထားဘဲ စိမ္းမွ သြားၿပီး နီရင္ ရပ္ရတာလဲ။ ဒီလို နီ၊ ဝါ၊ စိမ္း ပဲ သုံးထားရတာ အေၾကာင္းရွိပါတယ္။ ကားလမ္းဆုံေတြမွာ ေတြ႕ရေလ့ရွိတဲ့ မီးပြိဳင့္မီးဆိုတာ ကား ေတြကို သူ႔လမ္းေၾကာ နဲ႔သူ အခ်ိန္ အတိုင္းအတာ ေလးနဲ႔ မပိတ္မက်ပ္ ေအာင္ အခ်က္ျပ ဖို႔ ေသခ်ာစီစဥ္ထားတာပါ။ အေရးႀကီးတဲ့ အခ်က္ျပမီး ေတြ ျဖစ္တဲ့အတြက္ေၾကာင့္ အနီနဲ႔ အစိမ္းေရာင္ကို ထား ထားရတာပါ။ ငယ္ငယ္ ကတည္းက အႏၲရာယ္ ရွိတဲ့ ေနရာ ေတြ၊ အခ်က္ျပမီးေတြကို အနီေရာင္ပဲ သုံးေလ့ရွိတာကို ေတြ႕ျမင္ရင္းႏွီးခဲ့ၾကတာပါ။ အနီေရာင္နဲ႔ ေရးထားတဲ့ အာေမဋိတ္ သေကၤတ ထင္းထင္းႀကီး ဆိုရင္ သတိေပး ေနတာဆိုတာကို ေအာ္တိုသိေနၿပီးသားျဖစ္တာပါ။ အစိမ္းေရာင္ ကို ျမင္တာနဲ႔ သြားလာခြင့္ျပဳၿပီးသား၊ ပါမစ္ရၿပီးသား၊ ေအးခ်မ္းစြာ ျဖတ္သန္းခြင့္ ရွိတယ္လို႔ အဓိပၸါယ္ ေကာက္ေနၾကျဖစ္ပါတယ္။ ဒီထက္ပိုလွတဲ့ အေရာင္ေတြ အမ်ားႀကီးရွိတဲ့ဟာကို။ ေန႔တိုင္း ျမင္ေနရမယ့္ ဟာကို ဘာျဖစ္လို႔မ်ား ခ်စ္စရာေကာင္း တဲ့ ပန္းေရာင္ေလးေတြ၊ စိမ္းျပာေရာင္ေလးေတြ မသုံး ဘဲ အနီ၊ အဝါ၊ အစိမ္း ကို သုံးထား မွန္း လည္း မသိဘူးေပါ့။အခုေခတ္မွာ ကားမီးပြိဳင့္အျပင္ ရထားမီးပြိဳင့္ေတြပါ အနီ၊ အဝါ၊ အစိမ္း သုံးတယ္ဆိုေပမယ့္ အစက ရထားမီးပြိဳင့္ေတြမွာ ဒီအေရာင္ေတြပဲ သုံးတာ မဟုတ္ပါဘူး။ အရင္တုန္းက ရထားမီးပြိဳင့္ေတြကို အနီဆို ရပ္၊ အျဖဴဆို သြား၊ အစိမ္းဆို သတိ ဆိုၿပီး နီ၊ ျဖဴ၊ စိမ္းနဲ႔ သုံးခဲ့တာပါ။ မီးရထား စက္ေခါင္းေမာင္း တဲ့သူေတြက အျဖဴေရာင္ဆိုရင္ သြားလို႔ ရတယ္ဆိုတာကို မွတ္ရတာ ကန႔္လန္႔ျဖစ္ေနတာေၾကာင့္ ေနာက္ပိုင္းၾကေတာ့ သြား ဖို႔ သေကၤတ အတြက္ အစိမ္းေရာင္ ကို ေျပာင္းသုံးလိုက္တာ ျဖစ္ပါတယ္။ ဒါဆို အဝါေရာင္ က်ေတာ့ေရာ။ အဝါေရာင္ကလည္း သူ႔သမိုင္းနဲ႔သူပါ။ ညအေမွာင္ထဲမွာဆိုရင္ အဝါေရာင္က အနီေရာင္ထက္ ပိုၿပီး ျမင္သာ ထင္သာ ရွိတဲ့အေရာင္ျဖစ္တာ မို႔လို႔ (၁၉၉၀) ခုႏွစ္ေလာက္ထိ အဝါေရာင္ကို ရပ္ ဖို႔ အေရာင္ အျဖစ္သုံးခဲ့ၾကပါတယ္။ ေနာက္ပိုင္း က်ေတာ့ အေမွာင္ ထဲမွာပါ ထင္းေနေအာင္ ေပၚတဲ့ အနီေရာင္ သံျပားႀကီးေတြ ေပၚလာခဲ့တာေၾကာင့္ အနီကိုပဲ ေျပာင္းသုံးခဲ့ၾကပါတယ္။ဒီေတာ့ ေနာက္တစ္ခါ မီးပြိဳင့္မွာ ကားပိတ္ ၿပီဆိုရင္ မီးပြိဳင့္ အနီရဲရဲႀကီး ကို ၾကည့္ၿပီး စိတ္တိုမေနပါနဲ႔ေတာ့။ ကားပိတ္ေနရင္ လုပ္စရာရွိတာေတြလုပ္ လို႔ ရပါေသးတယ္။