မြေနေရာမလိုပဲ အိမ်မှာအာလူးစိုက်ရင်း ဝင်ငွေရှာနည်း

အိမ်မှာနေရင်း ဝင်ငွေရှာလို့ရမယ့် နည်းလေးကို ပြောပြပါမယ်။အာလူးကို ပုံးထဲ သို့မဟုတ် အိတ်ထဲထည့်စိုက်မည်ဆိုလျှင်၁။ အဓိကအနေနဲ့ မြေဆွေးမြေမွဖို့ အရေးကြီးပါတယ်။၂။ အာလူးကို အပင်ပေါက်အညှောက်လေးများ ထွက်လာသည်အထိ ထားထားပေးပါ။ထွက်ရှိလာတဲ့ အပင်အညှောက်လေးတွေကို ဓားဖြင့်လှီးယူ၍စိုက်ပျိုးလို့ရသလိုအလုံးလိုက်ထည့်စိုက်လို့လည်း ရပါတယ်။အိတ်ဖြင့်စိုက်မည်ဆိုပါက အိတ်အတွင်းထဲသို့မြေဆွေးမြေမွ သဲဆန်သောမြေကိုတစ်ပေခန့်ထည့်၍ အာလူးကို အနည်းဆုံး (၂)ပင်(၄)အထိ့ ထည့်စိုက်ပါ။၃။ ထည့်စိုက်ပြီးပါက အာလူးအပေါ်မှ နောက်ထပ်မြေဆွေး (၄)လက်မခန့် ဖုံးပေးထားပါ။၄။အာလူးအပင်ထွက်ရှိလာပါကအပင်၏အမြင့်ကိုကြည့်၍အိတ်ပြည့်သည်အထိ့မြေဆွေးကိုတစ်နေ့နည်းနည်းစီဖြည့်ပေးရပါမည်။ရေကိုအနည်းငယ်စိုရုံလောက်သာလောင်းပေးပါ။

မြေသိပ်သွားမှာစိုးသည့်အတွက်အများကြီးလောင်းပေးစရာမလိုပါဘူး။တစ်ခုသတိပြုရမှာကတော့ တစ်အိတ်ထဲမှာအပင်ရေအများကြီးကိုထည့်မစိုက်ဖို့ပါ။အပင်ရေအများကြီးထည့်စိုက်မိလျှင် အပင်ကြပ်ပြီး ဥမဥနိုင်ဖြစ်တတ်ပါတယ်။ဥ ဥပါကလည်းမကြီးထွားပါ။အပင်ရေနည်းနိုင်သမျှနည်းလေကောင်းလေဖြစ်ပါတယ်။စတင်စိုက်ပျိုးသည်မှ ဥများဥသည့်အထိ အနည်းဆုံး အချိန် ၂လခန့်ကြာမြင့်တတ်ပါတယ်။ဒီလိုပုံးထဲသို့မဟုတ် အိတ်ထဲအာလူးကိုထည့်စိုက်ခြင်းဟာအဟာရဓာတ်မြေသြဇာ အလေအလွင့်မရှိသလိုပေါင်းမြက်လည်း ကင်းစင်၍ ဥလည်းပိုမိုကြီးထွားစေပါတယ်။ဓာတ်မြေသြဇာထည့်ပေးချင်ပါက တီစူပါပုလဲဓာတ်မြေသြဇာကို အနည်းငယ်ထည့်ပေးလို့ရပါတယ်။

Credit. မူရင်း

[zawgyi]

အိမ္မွာေနရင္း ဝင္ေငြရွာလို႔ရမယ့္ နည္းေလးကို ေျပာျပပါမယ္။အာလူးကို ပုံးထဲ သို႔မဟုတ္ အိတ္ထဲထည့္စိုက္မည္ဆိုလွ်င္၁။ အဓိကအေနနဲ႔ ေျမေဆြးေျမမြဖို႔ အေရးႀကီးပါတယ္။၂။ အာလူးကို အပင္ေပါက္အေညႇာက္ေလးမ်ား ထြက္လာသည္အထိ ထားထားေပးပါ။ထြက္ရွိလာတဲ့ အပင္အေညႇာက္ေလးေတြကို ဓားျဖင့္လွီးယူ၍စိုက္ပ်ိဳးလို႔ရသလိုအလုံးလိုက္ထည့္စိုက္လို႔လည္း ရပါတယ္။အိတ္ျဖင့္စိုက္မည္ဆိုပါက အိတ္အတြင္းထဲသို႔ေျမေဆြးေျမမြ သဲဆန္ေသာေျမကိုတစ္ေပခန႔္ထည့္၍ အာလူးကို အနည္းဆုံး (၂)ပင္(၄)အထိ့ ထည့္စိုက္ပါ။၃။ ထည့္စိုက္ၿပီးပါက အာလူးအေပၚမွ ေနာက္ထပ္ေျမေဆြး (၄)လက္မခန႔္ ဖုံးေပးထားပါ။၄။အာလူးအပင္ထြက္ရွိလာပါကအပင္၏အျမင့္ကိုၾကည့္၍အိတ္ျပည့္သည္အထိ့ေျမေဆြးကိုတစ္ေန႔နည္းနည္းစီျဖည့္ေပးရပါမည္။ေရကိုအနည္းငယ္စို႐ုံေလာက္သာေလာင္းေပးပါ။ေျမသိပ္သြားမွာစိုးသည့္အတြက္အမ်ားႀကီးေလာင္းေပးစရာမလိုပါဘူး။တစ္ခုသတိျပဳရမွာကေတာ့ တစ္အိတ္ထဲမွာအပင္ေရအမ်ားႀကီးကိုထည့္မစိုက္ဖို႔ပါ။အပင္ေရအမ်ားႀကီးထည့္စိုက္မိလွ်င္ အပင္ၾကပ္ၿပီး ဥမဥႏိုင္ျဖစ္တတ္ပါတယ္။ဥ ဥပါကလည္းမႀကီးထြားပါ။အပင္ေရနည္းႏိုင္သမွ်နည္းေလေကာင္းေလျဖစ္ပါတယ္။စတင္စိုက္ပ်ိဳးသည္မွ ဥမ်ားဥသည့္အထိ အနည္းဆုံး အခ်ိန္ ၂လခန႔္ၾကာျမင့္တတ္ပါတယ္။ဒီလိုပုံးထဲသို႔မဟုတ္ အိတ္ထဲအာလူးကိုထည့္စိုက္ျခင္းဟာအဟာရဓာတ္ေျမၾသဇာ အေလအလြင့္မရွိသလိုေပါင္းျမက္လည္း ကင္းစင္၍ ဥလည္းပိုမိုႀကီးထြားေစပါတယ္။ဓာတ္ေျမၾသဇာထည့္ေပးခ်င္ပါက တီစူပါပုလဲဓာတ္ေျမၾသဇာကို အနည္းငယ္ထည့္ေပးလို႔ရပါတယ္။