ရေအိုင်ထဲက “ခွေး”

တစ်ခါတုန်းကပေါ့..တွေးခေါ်ပညာရှင်ကြီးတစ်ယောက်ကို လူတွေကမေးကြတယ် ။” ဆရာကြီး..ဆရာကြီးကို လမ်းမှန်ပေါ်ရောက်အောင် ဘယ်သူလမ်းညွှန်လိုက်သလဲ.?ဒီလိုမေးတော့ တွေးခေါ်ပညာရှင်ကြီးက ..” ခွေးပေါ့ “”တစ်နေ့ ရေအိုင်ဘေးမှာ ရပ်နေတဲ့ခွေးတစ်ကောင်ကို ကျွန်တော်တွေ့တယ်၊ သူတော်တော် ရေဆာနေပုံပါပဲ၊ ရေသောက်ဖို့ သူအကြိမ်ကြိမ်ကြိုးစားတယ်၊ “”ဒါပေမယ့် အကြိမ်တိုင်းမှာရေသောက်ဖို့ ခေါင်းကိုငုံ့လိုက်၊ ကြောက်ကြောက်နဲ့နောက်ပြန်ဆုတ်လိုက် ဖြစ်နေတယ်၊ “” ဘာဖြစ်လို့လဲဆိုတော့..ရေအိုင်ထဲမှာ နောက်ထပ်ခွေးတစ်ကောင်ကို သူ တွေ့နေလို့လေ ။

နောက်ဆုံး..ရေသောက်ချင်တဲ့စိတ်ကို လုံးဝတားမရတော့တဲ့အခါအကြောက်တရားကို ဖယ်ရှားပစ်လိုက်ပြီး ရေအိုင်ထဲကို ခုန်ချပစ်လိုက်တယ်၊ စောစောကသူမြင်နေရတဲ့ ရေထဲကခွေးလည်း ပျောက်သွားတယ်၊ ဒီတော့မှ သူ့ကို ဟန့်တားနေတာဟာ သူကိုယ်တိုင်ဖြစ်နေပါလားဆိုတာ ခွေးသဘောပေါက်သွားတယ် ။ “”ဒါကိုကြည့်ပြီး ကျွန်တော့်အတွက် အခက်အခဲ, အတားအဆီး, အဟန့်အတားကို ဖြစ်စေတာ ကျွန် တော်ကိုယ်တိုင်ပဲဖြစ်တယ်ဆိုတဲ့ အသိတရားကို ရလိုက်လို့ပါပဲဗျာ “လို့ ဖြေပါတယ် ။

Credit: မောင်ကောင်းထိုက်

[zawgyi]

တစ္ခါတုန္းကေပါ့..ေတြးေခၚပညာရွင္ႀကီးတစ္ေယာက္ကို လူေတြကေမးၾကတယ္ ။” ဆရာႀကီး..ဆရာႀကီးကို လမ္းမွန္ေပၚေရာက္ေအာင္ ဘယ္သူလမ္းၫႊန္လိုက္သလဲ.?ဒီလိုေမးေတာ့ ေတြးေခၚပညာရွင္ႀကီးက ..” ေခြးေပါ့ “”တစ္ေန႔ ေရအိုင္ေဘးမွာ ရပ္ေနတဲ့ေခြးတစ္ေကာင္ကို ကြၽန္ေတာ္ေတြ႕တယ္၊ သူေတာ္ေတာ္ ေရဆာေနပုံပါပဲ၊ ေရေသာက္ဖို႔ သူအႀကိမ္ႀကိမ္ႀကိဳးစားတယ္၊ “”ဒါေပမယ့္ အႀကိမ္တိုင္းမွာေရေသာက္ဖို႔ ေခါင္းကိုငုံ႔လိုက္၊ ေၾကာက္ေၾကာက္နဲ႔ေနာက္ျပန္ဆုတ္လိုက္ ျဖစ္ေနတယ္၊ “” ဘာျဖစ္လို႔လဲဆိုေတာ့..ေရအိုင္ထဲမွာ ေနာက္ထပ္ေခြးတစ္ေကာင္ကို သူ ေတြ႕ေနလို႔ေလ ။ေနာက္ဆုံး..ေရေသာက္ခ်င္တဲ့စိတ္ကို လုံးဝတားမရေတာ့တဲ့အခါအေၾကာက္တရားကို ဖယ္ရွားပစ္လိုက္ၿပီး ေရအိုင္ထဲကို ခုန္ခ်ပစ္လိုက္တယ္၊ ေစာေစာကသူျမင္ေနရတဲ့ ေရထဲကေခြးလည္း ေပ်ာက္သြားတယ္၊ ဒီေတာ့မွ သူ႔ကို ဟန႔္တားေနတာဟာ သူကိုယ္တိုင္ျဖစ္ေနပါလားဆိုတာ ေခြးသေဘာေပါက္သြားတယ္ ။ “”ဒါကိုၾကည့္ၿပီး ကြၽန္ေတာ့္အတြက္ အခက္အခဲ, အတားအဆီး, အဟန႔္အတားကို ျဖစ္ေစတာ ကြၽန္ ေတာ္ကိုယ္တိုင္ပဲျဖစ္တယ္ဆိုတဲ့ အသိတရားကို ရလိုက္လို႔ပါပဲဗ်ာ “လို႔ ေျဖပါတယ္ ။