လယ်ကွင်းထဲက ဖားလေးနှစ်ကောင်

တစ်ခါက လယ်သမားတစ်ဦးဟာ ညစဉ်ညတိုင်း ဖားအော်သံတွေကြောင့် အိပ်ရေးပျက်လို့နေပါတယ်။ တစ်နေ့တခြားပိုပြီးဆိုးရွားလာတာကြောင့် လယ်သမားကြီးဟာ အခုလိုပဲအကြံဉာဏ်ထုတ်လိုက်ပါတယ်။ ” ဒီဖားတွေကြောင့် ငါအိပ်ရေးပျက်ရပေါင်းများပီ။ ဒီဖားတွေကိုဖမ်းပြီး လမ်းထိပ်က စားသောက်ဆိုင်ကိုသွားရောင်းမယ်ဆိုရင်တော့ အိပ်ရေးဝဝလည်းအိပ်လို့ရမယ်။ အပိုဝင်ငွေလည်း ရနိင်တယ်ဆိုပြီး ဆုံးဖြတ်ချက်ချကာ လမ်းထိပ်မှာရှိတဲ့ စားသောက်ဆိုင်ကိုထွက်သွားခဲ့ပါတယ်။စားသောက်ဆိုင်ကိုရောက်ပြီး ဆိုင်ပိုင်ရှင်ကိုတွေ့တဲ့အခါမှာတော့ “မိတ်ဆွေတို့ဆိုင်မှာ အမြည်းဟင်းလျာကောင်းကောင်းရောင်းချနိင်ဖို့အတွက် ကျွန်တော်ဖားတွေကို ဖမ်းပေးနိင်ပါတယ်။ အလိုရှိရင် ကျွန်တော့်ကိုပြောပါ “လို့ပြောလိုက်တဲ့အခါ ဆိုင်ရှင်ဖြစ်သူက ” ဖားဘယ်လောက်များများရှိလို့လဲ။ နေ့စဉ်ပုံမှန်ဖမ်းပေးနိင်ပါ့မလား ” လို့ပြန်မေးလိုက်တဲ့အခါ ” သိပ်ရှိတာပေါ့ဗျာ။ ကျွန်တော့်အိမ်ခေါင်းရင်းက လယ်ကွင်းထဲမှာ ဖားတွေအများကြီးရှိနေတယ်။ သူတို့အော်သံတွေကြောင့် ကျွန်တော် အိပ်မပျော်တာ ရက်ပေါင်းအတော်ကြာနေပြီ “လို့ပြန်ပြောလိုက်ပါတယ်။ “ကဲ ဒါဆိုရင်တော့ မနက်ဖြန်ကစပီးတော့ တစ်နေ့ကို ဖား (၁၀) ကောင်လောက် ဖမ်းလာခဲ့ပေးပါ” လို့ ပြောလိုက်ပါတယ်။ညရောက်တဲ့အခါမှာတော့ လယ်သမားကြီးဟာ ခေါင်းရင်းမှာရှိတဲ့ လယ်ကွင်းထဲကိုဆင်းပီး အော်နေတဲ့ ဖားတွေကို ရှာဖွေပါတော့တယ်။ ဒီလိုနဲ့ နာရီအတော်ကြာရှာဖွေပီးနောက်မှာတော့ ဖားနှစ်ကောင်သာ ဖမ်းနိင်ခဲ့ပါတယ်။ ထပ်မံရှာဖွေပေမဲ့လည်း ရှာမတွေ့တော့တာကြောင့် မနက်မိုးလင်းတဲ့အခါ ဖမ်းမိတဲ့ဖားနှစ်ကောင်ကိုပဲ လမ်းထိပ်ရှိစားသောက်ဆိုင်ကို သွားပို့လိုက်ပါတယ်။

အဲ့ဒီအခါ ဆိုင်ရှင်ဖြစ်သူက “ဘယ်လိုဖြစ်ရတာတုန်း လယ်သမားကြီးရဲ့…မနေ့ကပြောတော့ အိပ်လို့မရအောင် အော်ဟစ်နေတဲ့ဖားတွေအများကြီးရှိတယ်ဆို။ အခုဖမ်းမိတော့ နှစ်ကောင်တည်းပဲလား ” လို့မေးလိုက်ပါတယ်။ အဲ့ဒီအခါ လယ်သမားကြီးက “ဟုတ်တယ်ဗျာ။ ကျွန်တော်ကြိုးစား ရှာဖွေပေမဲ့လည်း ဒီဖားနှစ်ကောင်ကလွဲပြီး ဘာမှထပ်မတွေ့တော့ဘူး။ ဒီဖားနှစ်ကောင်ကပဲ ကျွန်တော့်ကို အိပ်ရေးပျက်အောင် အော်နေကြတာပဲ။ အဲ့ဒါကို ကျွန်တော်က ဖားတွေအများကြီး အော်နေတယ်လို့ယူဆမိလိုက်တာ”ဟုဆိုကာ လက်ထဲမှာကိုင်ထားတဲ့ဖားနှစ်ကောင်ကိုပေးကာ ရှက်ရှက်နဲ့လာရာလမ်းအတိုင်းပြန်လှည့်လာခဲ့ပါတယ်။ဒီအကြောင်းအရာလေးကနေပေးချင်တဲ့ အသိလေးတစ်ခုကတော့ ဘယ်ကိစ္စမဆို ထင်မြင်ချက်တစ်ခုတည်းနဲ့ အလွယ်တကူမဆုံးဖြတ်သင့်ဘဲ အကြောင်းအရာရဲ့ဖြစ်စဉ်ဇစ်မြစ်ကို ရှင်းရှင်းလင်းလင်းသိအောင် လေ့လာပြီးမှသာ ဆုံးဖြတ်သင့်ပါတယ်။ အဲ့ဒီလိုမှမဟုတ်ရင်တော့ မှန်းချက်နဲ့နှမ်းထွက်မကိုက်ဆိုသလို ထင်မှတ်ထားတာနဲ့လွဲပြီး အရှက်ရစရာတွေဖြစ်စေနိင်ပါတယ်။ ဖားနှစ်ကောင်ရဲ့အော်ဟစ်သံက လယ် သမားကြီးကိုအိပ်ရေးပျက်စေသလို ကျွန်တော်တို့အပြင်လောကမှာလည်း ပတ်ဝန်းကျင်ရဲ့ ပုတ်ခတ်မှုတွေ ဘေးစကားတွေက စိတ်ထိခိုက်စေနိင်တဲ့အခါများလည်းရှိပါတယ်။ အဲဒီလိုမျိုးကြုံတွေ့လာပြီဆိုရင် တတ်နိင်သလောက်လျစ်လျုရှုပြီးတော့ ကိုယ်လုပ်စရာရှိတာကိုပဲ အကောင်းဆုံးဆက်လက်လုပ်ဆောင်သင့်ပါတယ်။

Credit – (ရိုးရာလေး)

[zawgyi]

တစ္ခါက လယ္သမားတစ္ဦးဟာ ညစဥ္ညတိုင္း ဖားေအာ္သံေတြေၾကာင့္ အိပ္ေရးပ်က္လို႔ေနပါတယ္။ တစ္ေန႔တျခားပိုၿပီးဆိုး႐ြားလာတာေၾကာင့္ လယ္သမားႀကီးဟာ အခုလိုပဲအႀကံဉာဏ္ထုတ္လိုက္ပါတယ္။ ” ဒီဖားေတြေၾကာင့္ ငါအိပ္ေရးပ်က္ရေပါင္းမ်ားပီ။ ဒီဖားေတြကိုဖမ္းၿပီး လမ္းထိပ္က စားေသာက္ဆိုင္ကိုသြားေရာင္းမယ္ဆိုရင္ေတာ့ အိပ္ေရးဝဝလည္းအိပ္လို႔ရမယ္။ အပိုဝင္ေငြလည္း ရနိင္တယ္ဆိုၿပီး ဆုံးျဖတ္ခ်က္ခ်ကာ လမ္းထိပ္မွာရွိတဲ့ စားေသာက္ဆိုင္ကိုထြက္သြားခဲ့ပါတယ္။စားေသာက္ဆိုင္ကိုေရာက္ၿပီး ဆိုင္ပိုင္ရွင္ကိုေတြ႕တဲ့အခါမွာေတာ့ “မိတ္ေဆြတို႔ဆိုင္မွာ အျမည္းဟင္းလ်ာေကာင္းေကာင္းေရာင္းခ်နိင္ဖို႔အတြက္ ကြၽန္ေတာ္ဖားေတြကို ဖမ္းေပးနိင္ပါတယ္။ အလိုရွိရင္ ကြၽန္ေတာ့္ကိုေျပာပါ “လို႔ေျပာလိုက္တဲ့အခါ ဆိုင္ရွင္ျဖစ္သူက ” ဖားဘယ္ေလာက္မ်ားမ်ားရွိလို႔လဲ။ ေန႔စဥ္ပုံမွန္ဖမ္းေပးနိင္ပါ့မလား ” လို႔ျပန္ေမးလိုက္တဲ့အခါ ” သိပ္ရွိတာေပါ့ဗ်ာ။ ကြၽန္ေတာ့္အိမ္ေခါင္းရင္းက လယ္ကြင္းထဲမွာ ဖားေတြအမ်ားႀကီးရွိေနတယ္။ သူတို႔ေအာ္သံေတြေၾကာင့္ ကြၽန္ေတာ္ အိပ္မေပ်ာ္တာ ရက္ေပါင္းအေတာ္ၾကာေနၿပီ “လို႔ျပန္ေျပာလိုက္ပါတယ္။ “ကဲ ဒါဆိုရင္ေတာ့ မနက္ျဖန္ကစပီးေတာ့ တစ္ေန႔ကို ဖား (၁၀) ေကာင္ေလာက္ ဖမ္းလာခဲ့ေပးပါ” လို႔ ေျပာလိုက္ပါတယ္။ညေရာက္တဲ့အခါမွာေတာ့ လယ္သမားႀကီးဟာ ေခါင္းရင္းမွာရွိတဲ့ လယ္ကြင္းထဲကိုဆင္းပီး ေအာ္ေနတဲ့ ဖားေတြကို ရွာေဖြပါေတာ့တယ္။ ဒီလိုနဲ႔ နာရီအေတာ္ၾကာရွာေဖြပီးေနာက္မွာေတာ့ ဖားႏွစ္ေကာင္သာ ဖမ္းနိင္ခဲ့ပါတယ္။ ထပ္မံရွာေဖြေပမဲ့လည္း ရွာမေတြ႕ေတာ့တာေၾကာင့္ မနက္မိုးလင္းတဲ့အခါ ဖမ္းမိတဲ့ဖားႏွစ္ေကာင္ကိုပဲ လမ္းထိပ္ရွိစားေသာက္ဆိုင္ကို သြားပို႔လိုက္ပါတယ္။အဲ့ဒီအခါ ဆိုင္ရွင္ျဖစ္သူက “ဘယ္လိုျဖစ္ရတာတုန္း လယ္သမားႀကီးရဲ႕…မေန႔ကေျပာေတာ့ အိပ္လို႔မရေအာင္ ေအာ္ဟစ္ေနတဲ့ဖားေတြအမ်ားႀကီးရွိတယ္ဆို။ အခုဖမ္းမိေတာ့ ႏွစ္ေကာင္တည္းပဲလား ” လို႔ေမးလိုက္ပါတယ္။ အဲ့ဒီအခါ လယ္သမားႀကီးက “ဟုတ္တယ္ဗ်ာ။ ကြၽန္ေတာ္ႀကိဳးစား ရွာေဖြေပမဲ့လည္း ဒီဖားႏွစ္ေကာင္ကလြဲၿပီး ဘာမွထပ္မေတြ႕ေတာ့ဘူး။ ဒီဖားႏွစ္ေကာင္ကပဲ ကြၽန္ေတာ့္ကို အိပ္ေရးပ်က္ေအာင္ ေအာ္ေနၾကတာပဲ။ အဲ့ဒါကို ကြၽန္ေတာ္က ဖားေတြအမ်ားႀကီး ေအာ္ေနတယ္လို႔ယူဆမိလိုက္တာ”ဟုဆိုကာ လက္ထဲမွာကိုင္ထားတဲ့ဖားႏွစ္ေကာင္ကိုေပးကာ ရွက္ရွက္နဲ႔လာရာလမ္းအတိုင္းျပန္လွည့္လာခဲ့ပါတယ္။ဒီအေၾကာင္းအရာေလးကေနေပးခ်င္တဲ့ အသိေလးတစ္ခုကေတာ့ ဘယ္ကိစၥမဆို ထင္ျမင္ခ်က္တစ္ခုတည္းနဲ႔ အလြယ္တကူမဆုံးျဖတ္သင့္ဘဲ အေၾကာင္းအရာရဲ႕ျဖစ္စဥ္ဇစ္ျမစ္ကို ရွင္းရွင္းလင္းလင္းသိေအာင္ ေလ့လာၿပီးမွသာ ဆုံးျဖတ္သင့္ပါတယ္။ အဲ့ဒီလိုမွမဟုတ္ရင္ေတာ့ မွန္းခ်က္နဲ႔ႏွမ္းထြက္မကိုက္ဆိုသလို ထင္မွတ္ထားတာနဲ႔လြဲၿပီး အရွက္ရစရာေတြျဖစ္ေစနိင္ပါတယ္။ ဖားႏွစ္ေကာင္ရဲ႕ေအာ္ဟစ္သံက လယ္သမားႀကီးကိုအိပ္ေရးပ်က္ေစသလို ကြၽန္ေတာ္တို႔အျပင္ေလာကမွာလည္း ပတ္ဝန္းက်င္ရဲ႕ ပုတ္ခတ္မႈေတြ ေဘးစကားေတြက စိတ္ထိခိုက္ေစနိင္တဲ့အခါမ်ားလည္းရွိပါတယ္။ အဲဒီလိုမ်ိဳးႀကဳံေတြ႕လာၿပီဆိုရင္ တတ္နိင္သေလာက္လ်စ္လ်ဳရႈၿပီးေတာ့ ကိုယ္လုပ္စရာရွိတာကိုပဲ အေကာင္းဆုံးဆက္လက္လုပ္ေဆာင္သင့္ပါတယ္။