ဝမ်းမသာကောင်းတဲ့ အရာ (၃)မျိုး

(၁)။ သူတစ်ပါးရဲ့ အသက်ခန္ဓာ ဆုံးရှုံးတာကို ဝမ်းမသာကောင်းပါဘူး။ကိုယ်က ဘယ်လောက်မုန်းတီးတဲ့ ရန်သူဖြစ်ပါစေ..တနည်းနည်းနဲ့ သေ ဆုံးခဲ့ရင် (သို့မဟုတ်) သေဆုံးတော့မယ့် အခြေအနေကို ရင်ဆိုင်နေရရင် ဝမ်းနည်းစာနာမှု မပေးနိုင်ရင်တောင် ဝမ်းမသာကောင်းပါဘူး။ ဝမ်း သာလိုက်ခြင်းအားဖြင့် ကိုယ်က အဲဒီလူကို သေကြေပျက်စီးစေလိုတဲ့စိတ် ရှိနေပြီးဖြစ်တာကြောင့် ကိုယ်တိုင် လူမသတ်သော်လည်း သေစေလိုစိတ်ကြောင့် ပါဏာတိပါတကံ ထိုက်ပါသတဲ့။ (၂)။ သူတစ်ပါးရဲ့ စည်းစိမ်ဥစ္စာ ပျက်စီးဆုံးရှုံးခြင်းကို ဝမ်းမသာကောင်းပါဘူး။ သူ့ဘာသာ တရားသောနည်းဖြင့်ဖြစ်စေ..မတရားသောနည်းဖြင့်ဖြစ်စေ ပိုင်ဆိုင်ထားတာဟာ အဲဒီသူရဲ့ကုသိုလ်ကံနဲ့ အကုသိုလ်ကံသာ ဖြစ်တာကြောင့် ကိုယ်က ဥပေက္ခာပြုနိုင်ရမှာ ဖြစ်ပါတယ်။ ဒီလိုမဟုတ်ဘဲ မနောကံအားဖြင့် ပျက်စီးဆုံးရှုံးစေလိုခြင်းဆိုတဲ့ ဗျာပါဒ ဒုစရိုက်စိတ်ကြောင့် အပါယ်လားတတ်ပါတယ်။

ကိုယ်တိုင် မခိုးယူ မဖျက်ဆီးသော်လည်း အဒိန္ဒာဒါနာကံ ထိုက်တဲ့သဘောပါပဲ။ (၃)။ သူတစ်ပါးရဲ့ ချစ်ခင်ညီညွတ်မှု ပျက်စီးခြင်းကို ဝမ်းမသာကောင်းပါဘူး။ မိမိရဲ့ မုန်းတီးစိတ်ကြောင့် လူနှစ်ဦးရဲ့ ချစ်ခင်ညီညွတ်မှု ပျက်စီးတာကို ဝမ်းသာခြင်း၊ ချစ်ခင်ညီညွတ်မှုကို မနှစ်မြို့ခြင်းဆိုတဲ့ ပင်ကိုယ်ဆန္ဒတွေ ပါသွားတဲ့အတွက် ဗျာပါဒ ဒုစရိုက်ကံမြောက်သွားပါတယ်။ ချစ်ခင်သူနှစ်ဦးကြားမှာ စိတ်ဝမ်းကွဲသွားအောင် (သို့) မိမိကိုချစ်ခင်လာအောင် ရန်တိုက်ပေးခြင်း၊ သင့်တင့်ညီညွတ်နေသော မိတ်ဆွေတွေကို မသင့်မတင့်ဖြစ်အောင် စိတ်ဝမ်းကွဲအောင် ပြောဆိုခြင်းစတဲ့ ကုန်းတိုက်ပြောဆိုခြင်းဖြင့် ယုတ်ညံ့ သော ပိသုဏဝါစာကံ ကျူးလွန် မိတတ်ပါတယ်။ ကံဥပါဒ်ကို မသိလို့ မကြောက်ခြင်း၊ သိလျက်နဲ့ မကြောက်ခြင်း ဘေးတို့ မှကင်းဝေးနိုင်ကြပါစေ..။ ပါမောက္ခချုပ် ဆရာတော် – ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ

Credit – original

[zawgyi]

(၁)။ သူတစ္ပါးရဲ႕ အသက္ခႏၶာ ဆုံးရႈံးတာကို ဝမ္းမသာေကာင္းပါဘူး။ကိုယ္က ဘယ္ေလာက္မုန္းတီးတဲ့ ရန္သူျဖစ္ပါေစ..တနည္းနည္းနဲ႔ ေသ ဆုံးခဲ့ရင္ (သို႔မဟုတ္) ေသဆုံးေတာ့မယ့္ အေျခအေနကို ရင္ဆိုင္ေနရရင္ ဝမ္းနည္းစာနာမႈ မေပးႏိုင္ရင္ေတာင္ ဝမ္းမသာေကာင္းပါဘူး။ ဝမ္း သာလိုက္ျခင္းအားျဖင့္ ကိုယ္က အဲဒီလူကို ေသေၾကပ်က္စီးေစလိုတဲ့စိတ္ ရွိေနၿပီးျဖစ္တာေၾကာင့္ ကိုယ္တိုင္ လူမသတ္ေသာ္လည္း ေသေစလိုစိတ္ေၾကာင့္ ပါဏာတိပါတကံ ထိုက္ပါသတဲ့။ (၂)။ သူတစ္ပါးရဲ႕ စည္းစိမ္ဥစၥာ ပ်က္စီးဆုံးရႈံးျခင္းကို ဝမ္းမသာေကာင္းပါဘူး။ သူ႔ဘာသာ တရားေသာနည္းျဖင့္ျဖစ္ေစ..မတရားေသာနည္းျဖင့္ျဖစ္ေစ ပိုင္ဆိုင္ထားတာဟာ အဲဒီသူရဲ႕ကုသိုလ္ကံနဲ႔ အကုသိုလ္ကံသာ ျဖစ္တာေၾကာင့္ ကိုယ္က ဥေပကၡာျပဳႏိုင္ရမွာ ျဖစ္ပါတယ္။ ဒီလိုမဟုတ္ဘဲ မေနာကံအားျဖင့္ ပ်က္စီးဆုံးရႈံးေစလိုျခင္းဆိုတဲ့ ဗ်ာပါဒ ဒုစ႐ိုက္စိတ္ေၾကာင့္ အပါယ္လားတတ္ပါတယ္။ကိုယ္တိုင္ မခိုးယူ မဖ်က္ဆီးေသာ္လည္း အဒိႏၵာဒါနာကံ ထိုက္တဲ့သေဘာပါပဲ။ (၃)။ သူတစ္ပါးရဲ႕ ခ်စ္ခင္ညီၫြတ္မႈ ပ်က္စီးျခင္းကို ဝမ္းမသာေကာင္းပါဘူး။ မိမိရဲ႕ မုန္းတီးစိတ္ေၾကာင့္ လူႏွစ္ဦးရဲ႕ ခ်စ္ခင္ညီၫြတ္မႈ ပ်က္စီးတာကို ဝမ္းသာျခင္း၊ ခ်စ္ခင္ညီၫြတ္မႈကို မႏွစ္ၿမိဳ႕ျခင္းဆိုတဲ့ ပင္ကိုယ္ဆႏၵေတြ ပါသြားတဲ့အတြက္ ဗ်ာပါဒ ဒုစ႐ိုက္ကံေျမာက္သြားပါတယ္။ ခ်စ္ခင္သူႏွစ္ဦးၾကားမွာ စိတ္ဝမ္းကြဲသြားေအာင္ (သို႔) မိမိကိုခ်စ္ခင္လာေအာင္ ရန္တိုက္ေပးျခင္း၊ သင့္တင့္ညီၫြတ္ေနေသာ မိတ္ေဆြေတြကို မသင့္မတင့္ျဖစ္ေအာင္ စိတ္ဝမ္းကြဲေအာင္ ေျပာဆိုျခင္းစတဲ့ ကုန္းတိုက္ေျပာဆိုျခင္းျဖင့္ ယုတ္ညံ့ ေသာ ပိသုဏဝါစာကံ က်ဴးလြန္ မိတတ္ပါတယ္။ ကံဥပါဒ္ကို မသိလို႔ မေၾကာက္ျခင္း၊ သိလ်က္နဲ႔ မေၾကာက္ျခင္း ေဘးတို႔ မွကင္းေဝးႏိုင္ၾကပါေစ..။ ပါေမာကၡခ်ဳပ္ ဆရာေတာ္ – ေဒါက္တာ အရွင္နႏၵမာလာဘိဝံသ