သင့်ကား ဆီစားသက်သာစေမယ့် နည်းလမ်းများ

မော်တော်ကားမောင်းနှင်တဲ့အခါ လိုရာခရီးကို အဆင်ပြေချောမွေ့စွာရောက်ဖို့ လိုအပ်သလို ကုန်ကျစရိတ်သက်သာဖို့ကလည်း အဓိကကျပါတယ်။ကားနဲ့ခရီးသွားတဲ့အခါ အဓိကကုန်ကျ စရိတ်ဖြစ်တဲ့ ကားဆီဖိုးသက်သာဖို့ကလည်း အရေးကြီးပါတယ်။ မော်ဒယ်မြင့်ကားတွေမှာ ဆီစားသက်သာအောင် စနစ်တွေမျိုးစုံထည့်ထားပေးမယ့် အဓိကကတော့ ကားမောင်းသူအပေါ်မှာဘဲ မူတည်တာဖြစ်ပါတယ်။ ဒါကြောင့် ကားဆီစားသက်သာအောင် ဘယ်လိုပြုမူသင့်သလဲဆိုတာကိုဗဟုသုတအဖြစ် မျှဝေပေးပါ့မယ်။(၁) စိတ်လိုက်မာန်ပါ ခပ်ကြမ်းကြမ်း ကားမောင်းခြင်းသည် လောင်စာဆီ ပို၍ ကုန်စေသည်။ အမြန်နှုန်း မြင့်မားခြင်း၊ ရုတ်တရက် ကားအရှိန်ကို မြှင့်တင်ခြင်း၊ ကားဘရိတ် အနင်းကြမ်းခြင်း စသော မောင်းနှင်မှုစတိုင်များသည် အန္တရာယ်ဖြစ်စေရုံသာမက ဆီစားနှုန်းလည်း မြင့်တက်စေသည်။ ထိုကဲ့သို့ မောင်းနှင်မျိုးကို သတိထား ရှောင်ရှားနိုင်လျှင် ဆီစားသက်သာမည်။(၂) မလိုအပ်သော (Idling Speed) အင်ဂျင် Slow တွင် စက်နှိုးထားခြင်းကို ရှောင်ရှားသင့်သည်။ ယနေ့ခေတ်ပေါ် အမြင့်ကားများတွင် Start/Stop System အသုံး ချထား၍ ယာဉ်ကြောပိတ်၊ မီးပွိုင့်စောင့်ဆိုင်းနေရသော အခြေအနေများ၌ အလိုအ လျောက် စက်ရပ်ထားနိုင်သည်။(၃) ကားတာယာများကို သတ်မှတ်လေပေါင် ဖိအားအတိုင်း အမြဲရှိစေရန် စစ်ဆေးထိန်းသိမ်းပါ။ တာယာလေပေါင် ဖိ အားနည်းနေလျှင် ဆီစားပိုများသည်။(၄) သင့်ကား တာယာဘီးများကို အလိုင်းမန့် မှန်အောင် ချိန်ညှိပါ။ Balance မှန်အောင်လည်း ပုံမှန်ချိန်ပါ။ တာယာအလိုင်းမန့်နှင့် Balance ပုံမှန်ရှိနေခြင်းသည် သင့်ကားတာယာဘီးများ ပန်းသားပွန်းစားမှုကို သက်သာစေရုံသာမက ဆီစားလည်း လျော့နည်းစေသည်။(၅) ပိတ်ဆို့ဟောင်းနွမ်းနေသော Air Cleaner လေစစ်များကို အစားထိုးလဲလှယ်ပေးခြင်းသည် ကာပရိုက်တာ သုံးသောရှေး ဟောင်းကားများအတွက် ဆီစားသက်သာ စေသည်။(၆) တူညီသော ခရီးစဉ်လမ်းကြောင်းများကို ပေါင်းစပ်၍ ကားစီစဉ်ပေးနိုင်လျှင် လောင် စာဆီ အပိုကုန်ကျစရိတ်များ လျော့နည်းစေမည်။(၇) ကားခေါင်မိုးတွင် တပ်ဆင်ထားသော Roof – top Cargo Box များသည် ကားမောင်းနေစဉ် လေခုခံမှု ဖြစ်ပေါ်၍ ဆီစား များလာမည်။ ကားခေါင်မိုးပေါ်မှ စင်နှင့် ဝက်ခြံများ၊ Cargo Box များကို ဖယ်ရှားလိုက်လျှင် လောင်စာဆီလေလွင့်မှုကို ကာကွယ်နိုင်သည်။ သုတေသန လေ့လာချက်များအရ ကားခေါင်မိုးပေါ်မှ ဝက်ခြံ (သို့မဟုတ်) Cargo Box မပါဘဲ မောင်းနှင်ပါက မြိုတွင်းဆီစားနှုန်းသည် (၈)ရာခိုင်နှုန်းမှ (၁၇)ရာခိုင်နှုန်းအထိ သက်သာပြီး မြို့ပြင် Highway တွင်မူ (၁၀) ရာခိုင်နှုန်းမှ (၂၅)ရာခိုင်နှုန်းအထိ သက်သာကြောင်း တွေ့ရှိရသည်။ စမ်းသပ် စစ်ဆေးထားသော Speed မှာ 65 mph မှ 75 mph အတွင်းဖြစ်သည်။(၈) ကားပေါ်မှ မလိုအပ်သော ပစ္စည်းများကို ဖယ်ရှားပြီး အလေးချိန် လျော့ချထားလျှင်လည်း ဆီစားသက်သာသည်။ ထို့ကြောင့် မော်တော်ကား ထုတ် လုပ်သူများသည် ကားအလေးချိန်ကို အတက်နိုင်ဆုံးလျော့ချပြီး ဒီဇိုင်းရေးဆွဲ တည် ဆောက်လာကြသည်။(၉) ကားတစ်စီး ဆီစားသက်သာရန် အင်ဂျင်သည် အကောင်းဆုံးအနေ အထားတွင် အလုပ်လုပ်နေရမည်။ အင်ဂျင်ကျူးနင်း ပြန်လုပ်ပါ။ ယနေ့ခေတ်ပေါ် ကားများတွင် လောင်စာဆီပို့စနစ်၊ မီးပေးစနစ်များကို ကွန်ပျူတာက ထိန်း ချုပ်သည်။ ကွန်ပျူတာ၏ အမိန့်နှင့် ညွှန်ကြားချက်သည် ဆင်ဆာများမှ ပေးပို့သော သတင်း အချက်အလက်များအပေါ်တွင် မူတည်သည်။ ဆင်ဆာများ၏ အာရုံခံနိုင်စွမ်းရည် တိကျမှသာ ကွန်ပျူတာ၏ အင်ဂျင်ထိန်းချုပ်မှုသည် မှန်ကန်မည်။ ဆင်ဆာ အာရုံခံ ကိရိယာများသည်လည်း အသုံးပြုကာလ ကြာလာလျှင် အာရုံခံနိုင်စွမ်းရည်များ ကျဆင်းလာတတ်သည်။ ဆင်ဆာအာရုံခံ ကိရိယာများ ကောင်းမှသာလျှင် အင်ဂျင်၏ အကောင်းဆုံး Performance ကို ရရှိမည်။ ဆီစားလည်းသက်သာမည်။(၁၀) ထုတ်လုပ်သူ သတ်မှတ်ထားသော အင်ဂျင်ဝိုင်အမျိုးအစားကိုသာ သုံးပါ။ အင်ဂျင်ဝိုင်ပျစ်လွန်းလျှင်၊ အင်ဂျင်ခုခံမှုများမည်။ ဥပမာ 15W – 40 အင်ဂျင်ဝိုင်နေရာ တွင် 5 W – 30 အင်ဂျင်ဝိုင်ကို သုံးပါက ဆီစားနှုန်းပို၍ သက်သာမည်။

(၁၁) Rolling Resistance နည်းသော တာယာအမျိုးအစားကို ရွေးချယ်သုံးစွဲပါ။ တာယာခုခံမှုများလျှင် အင်ဂျင်ဆီစား ပိုများမည်။ တာယာတစ်လုံး၏ Rolling Resistance သည် တာယာ ပြုလုပ်ရာတွင် ရောစပ်သော ရာဘာကွန်ပေါင်းနှင့် ထပ်ပေါင်းဓာတုပစ္စည်းအမျိုးအစားများပေါ်တွင် မူတည်သည်။ တာယာရာဘာ ကွန်ပေါင်းသားသည် ကျစ်လျစ်သိပ်သည်း၍ မာကြောမှုရှိလျှင် ခုခံမှုနည်းပြီး တာယာပန်းသား အစားခံသည်။ ဆီစားသက်သာရန် Rolling Resistance နည်းသော တာယာကို ရွေးချယ်သုံးစွဲသင့်သည်။(၁၂) အဝေးပြေး Highway လမ်းမကြီးများပေါ်တွင် သတ်မှတ် အမြန်နှုန်း (Speed) အတိုင်းမောင်းရသည်။ ပုံသေ Speed ကို အမြဲတမ်း မောင်း စေလိုလျှင် Cruise Control Assist ကို သုံးစွဲသင့်သည်။ လမ်းကြော ရှင်းလင်းသော Highway လမ်းတွင် ပုံသေအမြန်နှုန်းအတိုင်း မောင်းနှင်ပါက ဆီစားသက်သာသည်။ မော်ဒယ်မြင့်ကားများတွင် Highway လမ်းသုံး Cruise Control စနစ် တပ်ဆင်ပါရှိသည်။ ပုံသေ Speed ဖြင့် မောင်းနှင်ရန် လိုအပ်သော အခြေအနေမျိုးတွင် Cruise Control Mode ၌ ထား၍ မောင်းသင့်သည်။(၁၃) အဝေးပြေး လမ်းမပေါ်တွင် မှန်တံခါးများဖွင့်၍ မောင်းပါက လေကြောင်းခုခံမှုကို အများဆုံးခံရသည်။ အကယ်၍ မှန်များ အလုံပိတ်၍ မောင်းပါက Aero-resistance အနည်းဆုံး ဖြစ်သွားပြီး ဆီစားသက်သာသည်။ မြို့တွင်းလမ်းများတွင် မောင်းနေပါက မှန်တံခါးများဖွင့်၍ မောင်းသင့်သည်။ မှန်အလုံပိတ်၍ Aircon ဖွင့်မောင်းခြင်းသည် မြို့တွင်းဂီယာအမြင့်ဖြင့် မောင်းနေခြင်းဖြစ်ရာ ဆီပိုကုန်သည်။ဆီစားသက်သာစေသောနည်းပညာများသုံးစွဲခြင်း – Variable Displacement – အင်ဂျင်ထုထည် စီစီများပြီး ဆလင်ဒါလုံးရေ (၆)လုံး၊ (၈)လုံး၊ (၁၂)လုံးပါသော အင်ဂျင်များတွင် လောင်စာဆီ ချွေတာနိုင်ရေးအတွက် ပစ္စတင်အားလုံးကို လိုအပ်ချိန်၌သာ ခိုင်းပြီး မလိုအပ်သော အချိန်တွင် ထက်ဝက်လျှော့ချ၍ အလုပ်လုပ်စေနိုင်သော နည်းပညာဖြစ်သည်။ ခေတ်ပေါ်ကားများတွင် ဆီစနစ်၊ မီးစနစ်များကို ကွန်ပျူတာ ထိန်း ချုပ်သည်။ ဥပမာ – ကားတစ်စီး စတင်ထွက်ခွာချိန်တွင် အင်ဂျင်ပါ၀ ါများများလိုပြီး ပုံမှန် Speed ဖြင့် ဆက်လက် မောင်းမည်ဆိုပါက အင်ဂျင်ပါဝါ များများမလိုအပ်တော့ပေ။ V-6 အင် ဂျင်တစ်လုံးသည် စတင်ထွက်ခွာချိန်တွင် ပစ္စတင် (၆)လုံးစလုံးကို ခိုင်းပြီး အရှိန်ရလာပါက ပစ္စတင်(၃)လုံးသာ လိုတော့သည်။ ထိုအခြေအနေမျိုးကို ကွန်ပျူတာက လိုအပ်သလို ထိန်းချုပ်ပေးသည်။Direct injection Engine – EFI စနစ်ထက်ပို၍ ကောင်းပြီး ဆီစားသက်သာသော နည်းပညာဖြစ်သည်။ အင်ဂျင်အတွက် အနည်းဆုံး လိုအပ်သော လောင်စာဆီ ပမာဏကို ကွန် ပျူတာက တိကျစွာ တွက်ချက်၍ Injector များကို တိုက်ရိုက်ဆီဖြန်းခိုင်းခြင်း ဖြစ်သည်။Smart Alternator – ကားဘက်ထရီတစ်လုံးသည် အချိန်ပြည့် အားသွင်းပေးနေစရာ မလိုပါ။ လိုအပ်မှသာ အားသွင်းပြီး မလိုအပ်ပါက အားမသွင်းဘဲ ထားသင့်သည်။ Smart Alternator ၏ ထူးခြားချက်မှာ ကားအရှိန်ယူစ အခြေအနေတွင် ဘက်ထရီအားသွင်းမှုကို ရပ်ထားပေး သည်။ အကျိုးကျေးဇူးမှာ အင်ဂျင်ရုန်းအားများကို အရှိန်ယူစ တွင် အပြည့်အ၀ အသုံးချစေလို၍ ဖြစ်သည်။ ကားအရှိန်လျှော့သော အခြေအနေမျိုးတွင်သာ ဘက်ထရီအားပြန်သွင်းစေသည်။ ဤနည်းဖြင့် ဆီစားသက်သာ စေသည်။တာဘိုချာဂျာ – အင်ဂျင်စွမ်းအားပိုမိုထွက်လာစေရန် တာဘိုချာဂျာကိုသုံးသည်။ တာဘိုကြောင့် အင်ဂျင်အတွင်းသို့ လေများများဝင်ပြီး အင်ဂျင်စွမ်းအား မြင့်တက်လာသည်။Variable Valve Timing (VVT-i) – အင်ဂျင်ဗားတိုင်မင်ကို Speed အမျိုးမျိုး၌ ပြောင်းလဲပေးပါက Valve Overlap ကိုပါ လိုက်ပါ ပြောင်းစေသော နည်းပညာဖြစ် သည်။ VVT-I နည်းပညာသည် Toyata ကားများ၏ အင်ဂျင်စွမ်းရည်ကို မြင့်မားစေပြီး ဆီစားသက်သာစေသည်။အစားထိုးစွမ်းအင်သုံးခြင်း – လျှပ်စစ်ကားများနှင့် ဟိုက်ဒြိုဂျင် Fuel-cell ကားများသည် စွမ်းအင်အစားထိုး သုံးစွဲသော ကားများဖြစ်သည်။ Hybrid ကားများသည် သာမန်ကားထက် ဆီစားနှုန်း သိသာစွာသက်သာသည်။Plug-in Hybrid ကားများသည် ဆီစားနှုန်း ပိုပြီး သက်သာသည်။

မူရင်းရေးသားသူ_ဆရာမာစတာ (စက်မှု)

[zawgyi]

ေမာ္ေတာ္ကားေမာင္းႏွင္တဲ့အခါ လိုရာခရီးကို အဆင္ေျပေခ်ာေမြ႕စြာေရာက္ဖို႔ လိုအပ္သလို ကုန္က်စရိတ္သက္သာဖို႔ကလည္း အဓိကက်ပါတယ္။ကားနဲ႔ခရီးသြားတဲ့အခါ အဓိကကုန္က်စရိတ္ျဖစ္တဲ့ ကားဆီဖိုးသက္သာဖို႔ကလည္း အေရးႀကီးပါတယ္။ ေမာ္ဒယ္ျမင့္ကားေတြမွာ ဆီစားသက္သာေအာင္ စနစ္ေတြမ်ိဳးစုံထည့္ထားေပးမယ့္ အဓိကကေတာ့ ကားေမာင္းသူအေပၚမွာဘဲ မူတည္တာျဖစ္ပါတယ္။ ဒါေၾကာင့္ ကားဆီစားသက္သာေအာင္ ဘယ္လိုျပဳမူသင့္သလဲဆိုတာကိုဗဟုသုတအျဖစ္ မွ်ေဝေပးပါ့မယ္။(၁) စိတ္လိုက္မာန္ပါ ခပ္ၾကမ္းၾကမ္း ကားေမာင္းျခင္းသည္ ေလာင္စာဆီ ပို၍ ကုန္ေစသည္။ အျမန္ႏႈန္း ျမင့္မားျခင္း၊ ႐ုတ္တရက္ ကားအရွိန္ကို ျမႇင့္တင္ျခင္း၊ ကားဘရိတ္ အနင္းၾကမ္းျခင္း စေသာ ေမာင္းႏွင္မႈစတိုင္မ်ားသည္ အႏၲရာယ္ျဖစ္ေစ႐ုံသာမက ဆီစားႏႈန္းလည္း ျမင့္တက္ေစသည္။ ထိုကဲ့သို႔ ေမာင္းႏွင္မ်ိဳးကို သတိထား ေရွာင္ရွားႏိုင္လွ်င္ ဆီစားသက္သာမည္။(၂) မလိုအပ္ေသာ (Idling Speed) အင္ဂ်င္ Slow တြင္ စက္ႏႈိးထားျခင္းကို ေရွာင္ရွားသင့္သည္။ ယေန႔ေခတ္ေပၚ အျမင့္ကားမ်ားတြင္ Start/Stop System အသုံးခ်ထား၍ ယာဥ္ေၾကာပိတ္၊ မီးပြိဳင့္ေစာင့္ဆိုင္းေနရေသာ အေျခအေနမ်ား၌ အလိုအေလ်ာက္ စက္ရပ္ထားႏိုင္သည္။(၃) ကားတာယာမ်ားကို သတ္မွတ္ေလေပါင္ ဖိအားအတိုင္း အၿမဲရွိေစရန္ စစ္ေဆးထိန္းသိမ္းပါ။ တာယာေလေပါင္ ဖိအားနည္းေနလွ်င္ ဆီစားပိုမ်ားသည္။(၄) သင့္ကား တာယာဘီးမ်ားကို အလိုင္းမန႔္ မွန္ေအာင္ ခ်ိန္ညႇိပါ။ Balance မွန္ေအာင္လည္း ပုံမွန္ခ်ိန္ပါ။ တာယာအလိုင္းမန႔္ႏွင့္ Balance ပုံမွန္ရွိေနျခင္းသည္ သင့္ကားတာယာဘီးမ်ား ပန္းသားပြန္းစားမႈကို သက္သာေစ႐ုံသာမက ဆီစားလည္း ေလ်ာ့နည္းေစသည္။(၅) ပိတ္ဆို႔ေဟာင္းႏြမ္းေနေသာ Air Cleaner ေလစစ္မ်ားကို အစားထိုးလဲလွယ္ေပးျခင္းသည္ ကာပ႐ိုက္တာ သုံးေသာေရွးေဟာင္းကားမ်ားအတြက္ ဆီစားသက္သာ ေစသည္။(၆) တူညီေသာ ခရီးစဥ္လမ္းေၾကာင္းမ်ားကို ေပါင္းစပ္၍ ကားစီစဥ္ေပးႏိုင္လွ်င္ ေလာင္စာဆီ အပိုကုန္က်စရိတ္မ်ား ေလ်ာ့နည္းေစမည္။(၇) ကားေခါင္မိုးတြင္ တပ္ဆင္ထားေသာ Roof – top Cargo Box မ်ားသည္ ကားေမာင္းေနစဥ္ ေလခုခံမႈ ျဖစ္ေပၚ၍ ဆီစား မ်ားလာမည္။ ကားေခါင္မိုးေပၚမွ စင္ႏွင့္ ဝက္ၿခံမ်ား၊ Cargo Box မ်ားကို ဖယ္ရွားလိုက္လွ်င္ ေလာင္စာဆီေလလြင့္မႈကို ကာကြယ္ႏိုင္သည္။ သုေတသန ေလ့လာခ်က္မ်ားအရ ကားေခါင္မိုးေပၚမွ ဝက္ၿခံ (သို႔မဟုတ္) Cargo Box မပါဘဲ ေမာင္းႏွင္ပါက ၿမိဳတြင္းဆီစားႏႈန္းသည္ (၈)ရာခိုင္ႏႈန္းမွ (၁၇)ရာခိုင္ႏႈန္းအထိ သက္သာၿပီး ၿမိဳ႕ျပင္ Highway တြင္မူ (၁၀) ရာခိုင္ႏႈန္းမွ (၂၅)ရာခိုင္ႏႈန္းအထိ သက္သာေၾကာင္း ေတြ႕ရွိရသည္။ စမ္းသပ္ စစ္ေဆးထားေသာ Speed မွာ 65 mph မွ 75 mph အတြင္းျဖစ္သည္။(၈) ကားေပၚမွ မလိုအပ္ေသာ ပစၥည္းမ်ားကို ဖယ္ရွားၿပီး အေလးခ်ိန္ ေလ်ာ့ခ်ထားလွ်င္လည္း ဆီစားသက္သာသည္။ ထို႔ေၾကာင့္ ေမာ္ေတာ္ကား ထုတ္ လုပ္သူမ်ားသည္ ကားအေလးခ်ိန္ကို အတက္ႏိုင္ဆုံးေလ်ာ့ခ်ၿပီး ဒီဇိုင္းေရးဆြဲ တည္ေဆာက္လာၾကသည္။(၉) ကားတစ္စီး ဆီစားသက္သာရန္ အင္ဂ်င္သည္ အေကာင္းဆုံးအေနအထားတြင္ အလုပ္လုပ္ေနရမည္။ အင္ဂ်င္က်ဴးနင္း ျပန္လုပ္ပါ။ ယေန႔ေခတ္ေပၚ ကားမ်ားတြင္ ေလာင္စာဆီပို႔စနစ္၊ မီးေပးစနစ္မ်ားကို ကြန္ပ်ဴတာက ထိန္းခ်ဳပ္သည္။ ကြန္ပ်ဴတာ၏ အမိန႔္ႏွင့္ ၫႊန္ၾကားခ်က္သည္ ဆင္ဆာမ်ားမွ ေပးပို႔ေသာ သတင္း အခ်က္အလက္မ်ားအေပၚတြင္ မူတည္သည္။ ဆင္ဆာမ်ား၏ အာ႐ုံခံႏိုင္စြမ္းရည္ တိက်မွသာ ကြန္ပ်ဴတာ၏ အင္ဂ်င္ထိန္းခ်ဳပ္မႈသည္ မွန္ကန္မည္။ ဆင္ဆာ အာ႐ုံခံ ကိရိယာမ်ားသည္လည္း အသုံးျပဳကာလ ၾကာလာလွ်င္ အာ႐ုံခံႏိုင္စြမ္းရည္မ်ား က်ဆင္းလာတတ္သည္။ ဆင္ဆာအာ႐ုံခံ ကိရိယာမ်ား ေကာင္းမွသာလွ်င္ အင္ဂ်င္၏ အေကာင္းဆုံး Performance ကို ရရွိမည္။ ဆီစားလည္းသက္သာမည္။(၁၀) ထုတ္လုပ္သူ သတ္မွတ္ထားေသာ အင္ဂ်င္ဝိုင္အမ်ိဳးအစားကိုသာ သုံးပါ။ အင္ဂ်င္ဝိုင္ပ်စ္လြန္းလွ်င္၊ အင္ဂ်င္ခုခံမႈမ်ားမည္။ ဥပမာ 15W – 40 အင္ဂ်င္ဝိုင္ေနရာ တြင္ 5 W – 30 အင္ဂ်င္ဝိုင္ကို သုံးပါက ဆီစားႏႈန္းပို၍ သက္သာမည္။(၁၁) Rolling Resistance နည္းေသာ တာယာအမ်ိဳးအစားကို ေ႐ြးခ်ယ္သုံးစြဲပါ။ တာယာခုခံမႈမ်ားလွ်င္ အင္ဂ်င္ဆီစား ပိုမ်ားမည္။ တာယာတစ္လုံး၏ Rolling Resistance သည္ တာယာ ျပဳလုပ္ရာတြင္ ေရာစပ္ေသာ ရာဘာကြန္ေပါင္းႏွင့္ ထပ္ေပါင္းဓာတုပစၥည္းအမ်ိဳးအစားမ်ားေပၚတြင္ မူတည္သည္။ တာယာရာဘာ ကြန္ေပါင္းသားသည္ က်စ္လ်စ္သိပ္သည္း၍ မာေၾကာမႈရွိလွ်င္ ခုခံမႈနည္းၿပီး တာယာပန္းသား အစားခံသည္။ ဆီစားသက္သာရန္ Rolling Resistance နည္းေသာ တာယာကို ေ႐ြးခ်ယ္သုံးစြဲသင့္သည္။(၁၂) အေဝးေျပး Highway လမ္းမႀကီးမ်ားေပၚတြင္ သတ္မွတ္ အျမန္ႏႈန္း (Speed) အတိုင္းေမာင္းရသည္။ ပုံေသ Speed ကို အၿမဲတမ္း ေမာင္းေစလိုလွ်င္ Cruise Control Assist ကို သုံးစြဲသင့္သည္။ လမ္းေၾကာ ရွင္းလင္းေသာ Highway လမ္းတြင္ ပုံေသအျမန္ႏႈန္းအတိုင္း ေမာင္းႏွင္ပါက ဆီစားသက္သာသည္။ ေမာ္ဒယ္ျမင့္ကားမ်ားတြင္ Highway လမ္းသုံး Cruise Control စနစ္ တပ္ဆင္ပါရွိသည္။ ပုံေသ Speed ျဖင့္ ေမာင္းႏွင္ရန္ လိုအပ္ေသာ အေျခအေနမ်ိဳးတြင္ Cruise Control Mode ၌ ထား၍ ေမာင္းသင့္သည္။(၁၃) အေဝးေျပး လမ္းမေပၚတြင္ မွန္တံခါးမ်ားဖြင့္၍ ေမာင္းပါက ေလေၾကာင္းခုခံမႈကို အမ်ားဆုံးခံရသည္။ အကယ္၍ မွန္မ်ား အလုံပိတ္၍ ေမာင္းပါက Aero-resistance အနည္းဆုံး ျဖစ္သြားၿပီး ဆီစားသက္သာသည္။ ၿမိဳ႕တြင္းလမ္းမ်ားတြင္ ေမာင္းေနပါက မွန္တံခါးမ်ားဖြင့္၍ ေမာင္းသင့္သည္။ မွန္အလုံပိတ္၍ Aircon ဖြင့္ေမာင္းျခင္းသည္ ၿမိဳ႕တြင္းဂီယာအျမင့္ျဖင့္ ေမာင္းေနျခင္းျဖစ္ရာ ဆီပိုကုန္သည္။ဆီစားသက္သာေစေသာနည္းပညာမ်ားသုံးစြဲျခင္း – Variable Displacement – အင္ဂ်င္ထုထည္ စီစီမ်ားၿပီး ဆလင္ဒါလုံးေရ (၆)လုံး၊ (၈)လုံး၊ (၁၂)လုံးပါေသာ အင္ဂ်င္မ်ားတြင္ ေလာင္စာဆီ ေခြၽတာႏိုင္ေရးအတြက္ ပစၥတင္အားလုံးကို လိုအပ္ခ်ိန္၌သာ ခိုင္းၿပီး မလိုအပ္ေသာ အခ်ိန္တြင္ ထက္ဝက္ေလွ်ာ့ခ်၍ အလုပ္လုပ္ေစႏိုင္ေသာ နည္းပညာျဖစ္သည္။ ေခတ္ေပၚကားမ်ားတြင္ ဆီစနစ္၊ မီးစနစ္မ်ားကို ကြန္ပ်ဴတာ ထိန္းခ်ဳပ္သည္။ ဥပမာ – ကားတစ္စီး စတင္ထြက္ခြာခ်ိန္တြင္ အင္ဂ်င္ပါ၀ ါမ်ားမ်ားလိုၿပီး ပုံမွန္ Speed ျဖင့္ ဆက္လက္ ေမာင္းမည္ဆိုပါက အင္ဂ်င္ပါဝါ မ်ားမ်ားမလိုအပ္ေတာ့ေပ။ V-6 အင္ဂ်င္တစ္လုံးသည္ စတင္ထြက္ခြာခ်ိန္တြင္ ပစၥတင္ (၆)လုံးစလုံးကို ခိုင္းၿပီး အရွိန္ရလာပါက ပစၥတင္(၃)လုံးသာ လိုေတာ့သည္။ ထိုအေျခအေနမ်ိဳးကို ကြန္ပ်ဴတာက လိုအပ္သလို ထိန္းခ်ဳပ္ေပးသည္။Direct injection Engine – EFI စနစ္ထက္ပို၍ ေကာင္းၿပီး ဆီစားသက္သာေသာ နည္းပညာျဖစ္သည္။ အင္ဂ်င္အတြက္ အနည္းဆုံး လိုအပ္ေသာ ေလာင္စာဆီ ပမာဏကို ကြန္ပ်ဴတာက တိက်စြာ တြက္ခ်က္၍ Injector မ်ားကို တိုက္႐ိုက္ဆီျဖန္းခိုင္းျခင္း ျဖစ္သည္။Smart Alternator – ကားဘက္ထရီတစ္လုံးသည္ အခ်ိန္ျပည့္ အားသြင္းေပးေနစရာ မလိုပါ။ လိုအပ္မွသာ အားသြင္းၿပီး မလိုအပ္ပါက အားမသြင္းဘဲ ထားသင့္သည္။ Smart Alternator ၏ ထူးျခားခ်က္မွာ ကားအရွိန္ယူစ အေျခအေနတြင္ ဘက္ထရီအားသြင္းမႈကို ရပ္ထားေပးသည္။ အက်ိဳးေက်းဇူးမွာ အင္ဂ်င္႐ုန္းအားမ်ားကို အရွိန္ယူစ တြင္ အျပည့္အ၀ အသုံးခ်ေစလို၍ ျဖစ္သည္။ ကားအရွိန္ေလွ်ာ့ေသာ အေျခအေနမ်ိဳးတြင္သာ ဘက္ထရီအားျပန္သြင္းေစသည္။ ဤနည္းျဖင့္ ဆီစားသက္သာ ေစသည္။တာဘိုခ်ာဂ်ာ – အင္ဂ်င္စြမ္းအားပိုမိုထြက္လာေစရန္ တာဘိုခ်ာဂ်ာကိုသုံးသည္။ တာဘိုေၾကာင့္ အင္ဂ်င္အတြင္းသို႔ ေလမ်ားမ်ားဝင္ၿပီး အင္ဂ်င္စြမ္းအား ျမင့္တက္လာသည္။Variable Valve Timing (VVT-i) – အင္ဂ်င္ဗားတိုင္မင္ကို Speed အမ်ိဳးမ်ိဳး၌ ေျပာင္းလဲေပးပါက Valve Overlap ကိုပါ လိုက္ပါ ေျပာင္းေစေသာ နည္းပညာျဖစ္သည္။ VVT-I နည္းပညာသည္ Toyata ကားမ်ား၏ အင္ဂ်င္စြမ္းရည္ကို ျမင့္မားေစၿပီး ဆီစားသက္သာေစသည္။အစားထိုးစြမ္းအင္သုံးျခင္း – လွ်ပ္စစ္ကားမ်ားႏွင့္ ဟိုက္ၿဒိဳဂ်င္ Fuel-cell ကားမ်ားသည္ စြမ္းအင္အစားထိုး သုံးစြဲေသာ ကားမ်ားျဖစ္သည္။ Hybrid ကားမ်ားသည္ သာမန္ကားထက္ ဆီစားႏႈန္း သိသာစြာသက္သာသည္။Plug-in Hybrid ကားမ်ားသည္ ဆီစားႏႈန္း ပိုၿပီး သက္သာသည္။