သင့်တစ်နေ့တာမှာ ဖုန်းလုံးဝမသုံးသင့်တဲ့ အချိန် (၅) ခု

ယနေ့ခေတ်ချိန်ခါမှာ လူကြီးလူငယ် ကျားမ အကုန်လုံးမှာ ဖုန်းအသုံးမပြုတဲ့ သူမရှိသလောက်ပါပဲအကြောင်းတစ်ခု ခုကြောင့်တော့ဖုန်းကို မလွှဲ မရှောင်သာ အသုံးပြုနေကြရ တာပဲဖြစ်ပါတယ်။မရှောင်လွှဲနိုင် တဲ့အခြေအနေကြီး မှာ ဖုန်းအသုံးပြုခြင်းကတစ်နေ့တာရဲ့ အရေးကြီးတဲ့အချိန်တွေကိုသိမ်းပိုက်ထားတာ မျိုးမဖြစ်ရ အောင်ဖုန်းအသုံးမပြုသင့်တဲ့ အချိန်တွေကိုအခုလို ဖော်ပြပေးလိုက်ပါတယ်။၎င်းအချိန်တွေမှာ ဖုန်း အသုံးမပြုဖြစ်အောင် ဆင်ခြင်ရာကရလာမယ့် အကျိုး ကျေးဇူးလေး တွေကို ပြောပြပေးသွားမှာပါနော်။နံပါတ်(၁)နံနက်အိပ်ရာနိုးနိုးချင်း လူအတော်များများကတော့ ပုံမှန်လုပ်မြဲအလုပ် တစ်ခုလို ဖုန်းကို အရင်ဆုံးသုံးလေ့ရှိကြပါတယ်။တစ်နေ့တာရဲ့အစ မနက်ခင်းမှာ စိတ်ကြည်လင်လန်းဆန်း ဖို့ဆိုတာ သိပ် ကိုအရေးကြီးပါတယ်။နိုးနိုးချင်း အိပ်ယာထဲမှာဆက်လှဲနေပြီး ဖုန်းနဲ့အချိန်ကုန် လိုက်ခြင်းကလူကို လေးလံသွားစေ သလို facebook ကြည့်တတ်ကြတဲ့သူ တွေအတွက်၎င်းကနေ စိတ်ညစ်စရာတွေ တွေ့လာခဲ့ တဲ့အခါ စိတ်ကြည်လင်မှုကို အနှောင့်အယှက်ပေးမှာပဲ ဖြစ်ပါတယ်။အဲ့ဒီအစား မနက်နိုးနိုးခြင်း ဖုန်းအသုံးမပြုဘဲ ဝရန်တာ ထွက်ပြီးလေအဝရှုလိုက်တာ၊ပတ်ဝန်းကျင်ကိုကြည့် လိုက်တာမျိုး က စိတ်လန်းဆန်း မှုနဲ့တက်ကြွမှုကို ရစေမှာပဲဖြစ်ပါတယ်။နံပါတ်(၂)အစားအသောက် စားချိန်မှာဖုန်းအသုံး မပြုဘဲ အစားအသောက် ကို အာရုံစိုက်စားတာ မျိုးလုပ်သင့်ပါတယ်။ စားအသောက် ကပေးတဲ့ အစာစွမ်း အင်မျိုး၊အစာစားချင်စိတ် ကို ပုံမှန်ဖြစ်စေတာမျိုးနဲ့အစာ ခြေစနစ် ကောင်း မွန်ဖို့အ တွက် အစားအသောက် အပေါ်ပဲ အာရုံစိုက်စားဖို့လိုအပ်နေ ပါတယ်။အစား အသောက်ကပေးတဲ့ အရသာကို သေသေချာ ချာခံစားနိုင်မှု ကလည်း အစားအသောက် ကို အာရုံစိုက်စားခြင်း မျိုးကနေ ရနိုင်တာပဲဖြစ်ပါတယ်။

နံပါတ်(၃)ကတော့ ညအိပ်ယာဝင်ချိန်ပါ။မနက်အိပ်ယာနိုး ချိန်မှာ ကြည်ကြည် လင်လင်နိုးဖို့အတွက် ညအိပ်ယာ ဝင်ချိန်မှာခေါင်းရှင်းရှင်း လင်းလင်းနဲ့ အိပ်ပျော်ဖို့အရေး ကြီးပါတယ်။ဖုန်းအသုံးပြု နေရင်း အိပ်ပျော်သွားတာ မျိုး၊ facebook အသုံးပြုနေရင်းအိပ်ခါနီး ဝမ်းနည်းစရာ သတင်းတွေ တက်လာတာမျိုး၊စိတ်ညစ်စရာတွေ တွေ့လိုက်ရ တာမျိုးက အိပ်စက်ခြင်း ကို အနှောင့်အယှက် ဖြစ်ပါတယ်။စိတ်ဖိစီးမှုတွေနဲ့ ဦးနှောက်ပင်ပန်းမှုတွေလည်း ဖြစ်သွားစေနိုင်ပါတယ်။အဲ့ဒီအစား ဖုန်းကို အသုံးမပြုပဲ အိပ်စက်တာမျိုး က အိပ်စက်ခြင်း ကနေပေးတဲ့ စွမ်းအင်ကို အပြည့်အဝရစေမှ ာပဲ ဖြစ်ပါတယ်။နံပါတ်(၄)အလုပ် လုပ်ချိန် အလုပ်လုပ် တဲ့ အချိန်တွေကဖုန်းတွေ အသုံးမပြုလေကောင်းလေပါပဲ။အလုပ်နဲ့ပတ်သတ်တာ တွေ ဖုန်းနဲ့ ဆက်သွယ်တာ ကမျိုးကလွဲရင် အလုပ်ချိန် မှာ ဖုန်းသုံးတာက သင့်ကို စိတ်အပြောင်းအလဲ ဖြစ်စေတာမျိုးထက်တစ်ခါ တစ်လေ ထိုင်းမှိုင်းသွားစေ တတ်ပါတယ်။အလုပ်လုပ်နိုင်စွမ်း ကိုလည်း နှေးကွေးသွားစေလို့ အလုပ်မှာ အာရုံစိုက်တာ က အကောင်းဆုံးပါပဲ။နံပါတ်(၅)လမ်းသွားတဲ့အချိန် လမ်းလျှောက်နေရင်းဖုန်းသုံးတာ က တကယ့်ကို အန္တရာယ်ကြီး တဲ့ ကိစ္စပါပဲ။ဖုန်းကို အာရုံစိုက် ပြီးငုံ့သုံးနေတဲ့အတွက် ယာဉ်အန္တရာယ်တွေအပြင် အခြားအန္တရာယ်တွေ ကို ကြုံရနိုင်ပါတယ်။ဒါ့အပြင် မသမာ သူတွေရဲ့ ဖုန်းလုတာမျိုး တွေကိုပါ ရင်ဆိုင်ရတတ် တာကြောင့်လမ်းသွား နေတဲ့အချိန်မှာ ဖုန်းလုံးဝမသုံးသင့်ပါဘူးနော်..။

Credit ; Kham

[zawgyi]

ယေန႔ေခတ္ခ်ိန္ခါမွာ လူႀကီးလူငယ္ က်ားမ အကုန္လုံးမွာ ဖုန္းအသုံးမျပဳတဲ့ သူမရွိသေလာက္ပါပဲအေၾကာင္းတစ္ခု ခုေၾကာင့္ေတာ့ဖုန္းကို မလႊဲ မေရွာင္သာ အသုံးျပဳေနၾကရ တာပဲျဖစ္ပါတယ္။မေရွာင္လႊဲႏိုင္ တဲ့အေျခအေနႀကီး မွာ ဖုန္းအသုံးျပဳျခင္းကတစ္ေန႔တာရဲ႕ အေရးႀကီးတဲ့အခ်ိန္ေတြကိုသိမ္းပိုက္ထားတာ မ်ိဳးမျဖစ္ရ ေအာင္ဖုန္းအသုံးမျပဳသင့္တဲ့ အခ်ိန္ေတြကိုအခုလို ေဖာ္ျပေပးလိုက္ပါတယ္။၎အခ်ိန္ေတြမွာ ဖုန္း အသုံးမျပဳျဖစ္ေအာင္ ဆင္ျခင္ရာကရလာမယ့္ အက်ိဳးေက်းဇူးေလး ေတြကို ေျပာျပေပးသြားမွာပါေနာ္။နံပါတ္(၁)နံနက္အိပ္ရာႏိုးႏိုးခ်င္း လူအေတာ္မ်ားမ်ားကေတာ့ ပုံမွန္လုပ္ၿမဲအလုပ္ တစ္ခုလို ဖုန္းကို အရင္ဆုံးသုံးေလ့ရွိၾကပါတယ္။တစ္ေန႔တာရဲ႕အစ မနက္ခင္းမွာ စိတ္ၾကည္လင္လန္းဆန္း ဖို႔ဆိုတာ သိပ္ ကိုအေရးႀကီးပါတယ္။ႏိုးႏိုးခ်င္း အိပ္ယာထဲမွာဆက္လွဲေနၿပီး ဖုန္းနဲ႔အခ်ိန္ကုန္ လိုက္ျခင္းကလူကို ေလးလံသြားေစ သလို facebook ၾကည့္တတ္ၾကတဲ့သူ ေတြအတြက္၎ကေန စိတ္ညစ္စရာေတြ ေတြ႕လာခဲ့ တဲ့အခါ စိတ္ၾကည္လင္မႈကို အေႏွာင့္အယွက္ေပးမွာပဲ ျဖစ္ပါတယ္။အဲ့ဒီအစား မနက္ႏိုးႏိုးျခင္း ဖုန္းအသုံးမျပဳဘဲ ဝရန္တာ ထြက္ၿပီးေလအဝရႈလိုက္တာ၊ပတ္ဝန္းက်င္ကိုၾကည့္ လိုက္တာမ်ိဳး က စိတ္လန္းဆန္း မႈနဲ႔တက္ႂကြမႈကို ရေစမွာပဲျဖစ္ပါတယ္။နံပါတ္(၂)အစားအေသာက္ စားခ်ိန္မွာဖုန္းအသုံး မျပဳဘဲ အစားအေသာက္ ကို အာ႐ုံစိုက္စားတာ မ်ိဳးလုပ္သင့္ပါတယ္။အစားအေသာက္ ကေပးတဲ့ အစာစြမ္း အင္မ်ိဳး၊အစာစားခ်င္စိတ္ ကို ပုံမွန္ျဖစ္ေစတာမ်ိဳးနဲ႔အစာ ေျခစနစ္ ေကာင္းမြန္ဖို႔အ တြက္ အစားအေသာက္ အေပၚပဲ အာ႐ုံစိုက္စားဖို႔လိုအပ္ေန ပါတယ္။အစား အေသာက္ကေပးတဲ့ အရသာကို ေသေသခ်ာ ခ်ာခံစားႏိုင္မႈ ကလည္း အစားအေသာက္ ကို အာ႐ုံစိုက္စားျခင္း မ်ိဳးကေန ရႏိုင္တာပဲျဖစ္ပါတယ္။နံပါတ္(၃)ကေတာ့ ညအိပ္ယာဝင္ခ်ိန္ပါ။မနက္အိပ္ယာႏိုး ခ်ိန္မွာ ၾကည္ၾကည္ လင္လင္ႏိုးဖို႔အတြက္ ညအိပ္ယာ ဝင္ခ်ိန္မွာေခါင္းရွင္းရွင္း လင္းလင္းနဲ႔ အိပ္ေပ်ာ္ဖို႔အေရး ႀကီးပါတယ္။ဖုန္းအသုံးျပဳ ေနရင္း အိပ္ေပ်ာ္သြားတာ မ်ိဳး၊ facebook အသုံးျပဳေနရင္းအိပ္ခါနီး ဝမ္းနည္းစရာ သတင္းေတြ တက္လာတာမ်ိဳး၊စိတ္ညစ္စရာေတြ ေတြ႕လိုက္ရ တာမ်ိဳးက အိပ္စက္ျခင္း ကို အေႏွာင့္အယွက္ ျဖစ္ပါတယ္။စိတ္ဖိစီးမႈေတြနဲ႔ ဦးေႏွာက္ပင္ပန္းမႈေတြလည္း ျဖစ္သြားေစႏိုင္ပါတယ္။အဲ့ဒီအစား ဖုန္းကို အသုံးမျပဳပဲ အိပ္စက္တာမ်ိဳး က အိပ္စက္ျခင္း ကေနေပးတဲ့ စြမ္းအင္ကို အျပည့္အဝရေစမွ ာပဲ ျဖစ္ပါတယ္။နံပါတ္(၄)အလုပ္ လုပ္ခ်ိန္ အလုပ္လုပ္ တဲ့ အခ်ိန္ေတြကဖုန္းေတြ အသုံးမျပဳေလေကာင္းေလပါပဲ။အလုပ္နဲ႔ပတ္သတ္တာ ေတြ ဖုန္းနဲ႔ ဆက္သြယ္တာ ကမ်ိဳးကလြဲရင္ အလုပ္ခ်ိန္ မွာ ဖုန္းသုံးတာက သင့္ကို စိတ္အေျပာင္းအလဲ ျဖစ္ေစတာမ်ိဳးထက္တစ္ခါ တစ္ေလ ထိုင္းမႈိင္းသြားေစ တတ္ပါတယ္။အလုပ္လုပ္ႏိုင္စြမ္း ကိုလည္း ေႏွးေကြးသြားေစလို႔ အလုပ္မွာ အာ႐ုံစိုက္တာ က အေကာင္းဆုံးပါပဲ။နံပါတ္(၅)လမ္းသြားတဲ့အခ်ိန္ လမ္းေလွ်ာက္ေနရင္းဖုန္းသုံးတာ က တကယ့္ကို အႏၲရာယ္ႀကီး တဲ့ ကိစၥပါပဲ။ဖုန္းကို အာ႐ုံစိုက္ ၿပီးငုံ႔သုံးေနတဲ့အတြက္ ယာဥ္အႏၲရာယ္ေတြအျပင္ အျခားအႏၲရာယ္ေတြ ကို ႀကဳံရႏိုင္ပါတယ္။ဒါ့အျပင္ မသမာ သူေတြရဲ႕ ဖုန္းလုတာမ်ိဳး ေတြကိုပါ ရင္ဆိုင္ရတတ္ တာေၾကာင့္လမ္းသြား ေနတဲ့အခ်ိန္မွာ ဖုန္းလုံးဝမသုံးသင့္ပါဘူးေနာ္..။