သမိုင်းထဲထင်ကျန်ရစ်ခဲ့တဲ့ နူးညံ့တဲ့နှလုံးသားပိုင်ရှင် သူရဲကောင်းလဂွန်းအိမ်

ကျနော်တို့ စာတွေ ဖတ်ကြတယ်။ စာတွေသင်ကြတယ်။ ဘာလုပ်ဘို့သင်နေ ဖတ်နေရတာလဲ။ ကလေးတွေကို ဘာဖြစ်လို့စာတတ်ချင်လဲမေးရင်ဆရာဝန်ကြီးဖြစ်ဘို့အင်ဂျင်နီယာကြီးဖြစ်ဘို့၊ အစသဖြင့်ပြောဆိုတတ်ကြတယ်။ တကယ်တော့ ပညာသင်ရတဲ့ရည်ရွယ်ချက်က အမှားမှန်ကိုဝေဖန်ပိုင်းခြားပြီး တွေးတော ဆင်ခြင်တတ်ဘို့ပါ။ အလားတူဘဲသမိုင်းဘာသာရပ်ကို ချစ်ခင်မြတ်နိုးတယ်ဆိုတာ သမိုင်းမှာ တွင်ကျန်ရစ်ခဲ့တဲ့လှပတဲ့ စိတ်ကြည်နုးစရာကောင်းတဲ့ ဖြစ်ရပ်တွေကို အတုယူဘို့ပါ။ကိုယ့်ရဲ့ဘဝပြဌာန်းချက်လို အသုံးပြုတန်ပြုရမယ်။ သမိုင်းက နာကျည်းစရာ အတိတ်ဆိုးတွေကို သိယူမှတ်သားလေ့လာပြီး သယ်မလာဘို့လဲလိုသလို အဲလို အမှားမျိုးတွေ ကိုယ်ကိုယ်တိုင်မကျုးလွန်ဘို့လဲလိုတယ်။မွန် မြန်မာ သမိုင်းကို လေ့လာလိုက်ရင် ဆယ့်လေးရာစု အကုန်မှာ ဖြစ်တဲ့စစ်၊ မွန်ဧကရာဇ် ရာဇဓိရာဇ်နဲ့ အင်း၀ ရွေနန်းကျော့ရှင် မင်းခေါင်တို့ခေတ်လောက် သူရဲကောင်းပေါများတာ မရှိဘူး။ သူရဲကောင်းတိုင်းလည်း သူ့နဲ့သူလူစွမ်းကောင်းချည်းပါဘဲ။ အဲဒီအထဲမှာ မှ သူရဲကောင်းတို့ရဲ့ သူရဲကောင်းလဂွန်းအိမ် အကြောင်းလေးဖတ်မိတိုင်း တွေးမိတိုင်း အတိုင်းမသိ ကြည်နုးမိတယ်။ လူတစ်ဦးထားအပ်တဲ့စိတ်ဓါတ်ကို သဘောကျတယ်။ဖတ်လေဖတ်လေ…တွေးလေတွေးလေ…ပီတိသောမနသ ဖြစ်ရတယ်။တစိမ့်စိမ့်တွေး တရေးရေးပေါ် တသသပီတိ အရသာရှိလှပါဘိ။လေးစားဂုဏ်ယူစရာကောင်းလိုက်တဲ့ သူရဲကောင်းပါဘဲ။ သူရဲကောင်းဆိုတာ နှလုံးသားလဲလှတဲ့သူပါလားလို့ ဆင်ခြင်မိလေ လေးစားဂုဏ်ယူမိလေပါ ။ရင်ထဲကခံစားချက်ကို ဖေါ်ပြစာဖွဲ့လို့မပြတတ်တဲ့အရသာမျိုးပါဘဲ။ သူရဲကောင်းဆိုတာ ဘာလဲ။ သူတို့ကို သူရဲကောင်းလို့ခေါ်လောက်အောင်ဘာတော်တာလဲ။ လဂွမ်းအိန်ကတော့ နောင်လာနောက်သားတွေ တသသ လွမ်းကျန်ရစ်ခဲ့အောင်များတမင် ရည်ရွယ်လုပ်ခဲ့လေသလားလို့တောင်ထင်ရတဲ့သမိုင်းလေးတစ်ခုကို ရေးပြချင်တယ်။ တကယ်တော့သူရဲကောင်းဆို တာ လက်ရုံးရည်နှလုံးရည်နဲ့ပြည့်စုံရုံတင်မဟုတ်ဘူးအသက်ထွက်ခါနီးတောင် သူရဲကောင်းဆိုတာ သူရဲကောင်းစိတ်ဓါတ်ဆိုတာသူရဲကောင်းရဲ့အသိ သတိတရားတွေကို ပြသွားလေရဲ့။။ တကယ့်လူစွမ်းကောင်းပါဘဲ။ သူ့ရဲ့နောက်ဆုံးဘ၀ ဇာတ်သိမ်းကာနီးသုူရဲကောင်းဆိုတဲ့အဓိပ္ပါလ်ကို ဖေါ်ကျုးလှစ်ပြထားတဲ့ သမိုင်းထဲက အဖြစ်လေးတစ်ခုမှာသူ့ရဲ့နှလုံးသားလေးကို လှစ်ပြသွားတာ ဖတ်မိတိုင်းကြက်သီးထမိပါတယ်။သူ့ရှင်ရာဇာဓိရာဇ်ဟာ ကံဇာတာ ညံ့တဲ့အခိုက်နဲ့ဆုံနေပေမဲ့သားတော်ကို အင်းဝအိမ်ရှေ့ မင်းရဲကျော်စွာ ဝိုင်းထားတာကို ကူညီဘို့မူးမတ်တွေတားတဲ့ကြားက ရေတပ်ကြီးနဲ့ချီလာခဲ့တယ်။ အလွဲမြစ်၀ ရောက်တော့အင်းဝတပ် စခန်းကို မြင်တာနဲ့ တလဆီးအရပ်မှာ စခန်းတစ်ထောက်နားတော်မူတယ်။ အဲဒီအချိန်မှာ မြောင်းမြစား သမိန်ဗြဇ္ဇကို လှမ်းခေါ်တယ် ။သမိန်ဗြဇ္ဇနဲ့ လဂွန်းအိမ်က သူ့ရဲ့လက်ရုံးနှစ်ဘက်လဲဖြစ်တယ်။လမ်းခရီးမှာ ဖျားလို့ သမိန်ဗြဇ္ဇ သေတော့ သူ့ရှင်ယူကျုံးမရဖြစ်တော်မူတယ်။ သူရဲကောင်းဆိုတာ ဘုရင်ဧကရာဇ်တို့ရဲ့အဆောင်ယောင်ရတနာ တွေပါ။ ဒါကို မင်းရဲကျော်စွာ မင်းသားကြားးတော့အားရတော်မူတယ်။ ရာဇာဓိရာဇ်အားထားရတဲ့လက်မောင်းနှစ်ဘက်ထဲက တစ်ဘက်ပြုတ်ခဲ့ပြီ။ နောင်လက်မောင်းတစ်ဘက် ဖြစ်တဲ့လဂွန်းအိန်ကိုသာ ရခဲ့ရင် မွန်ပြည့်ရှင်အနိုင်ယူတော့မှာကိုး။ ဒါနဲ့ လဂွန်းအိမ်ကို ရနိုင်မဲ့နည်းကို ကြံစည်ပြီး ရာဇာဓိရာဇ် ဆီကို သံတမန်လွတ်ပြီး စကားပါးသတဲ့။ပါးလိုက်တဲ့စကားကတော့……..” ဘကြီးတော်ရာဇာဓိရာဇ်မှာခရီးပန်းလာ၍ နားတော်မူပါ။ နောင်နေ့တိုက်မည်။ နားနေစဉ် ဟံသာဝတီမှသူရဲကောင်း တစ်ဦးနှင့်အင်းဝမှ သူရဲကောင်းတစ်ဦးချင်း လှေ တစ်စင်းချင်းတိုက်စေကာ ဧကရာဇ်တို့ရှုစားစေမည်ဟု စကားစေစေတယ်။ ဒီစကားကိုကြားလို့ ရာဇာဓိရာဇ်က ဝေ့ဝိုက်ကြည့်လိုက်တော့ …..လဂွန်းအိမ်ကကျွန်ပ်သည် ယော်ကျားဖြစ်သည်မှဆင်စီးချင်း မြင်းစိးချင်း လှေစီးချင်းစစ်ထိုးရန် ဤဇဗ္ဗူထိပ်မြေပြင်ဝယ် မည်သူ့ကို မျှ မကြောက်။တစ်ဥိးချင်းဖြစ်လျှင်ကျနုပ်ထွက်တိုက်မည်ဖြစ်ကြောင်း ရွေနန်းကျော့ရှင်မင်းသားမင်းရဲကျော်စွာကို အမိန့်တော်ပြန်ကြားတော်မူပါ …ဟုလျှောက်တင်တယ်။မင်းရဲကျော်စွာရဲ့တစ်မန်တော်မင်းနတ်တော်လည်းလဂွန်းအိန်ရဲ့ပြန်ကြားချက်ကို မင်းရဲကျော်စွာကို ပြန် လျှေုာက်တင်တယ်။ မွန်ဘက်အမှာစကားကြားတော့ မင်းရဲကျော်စွာက အလွန်အားရတော်မူတယ်။” သမိန်ဗြဇ္ဇနှင့် လဂွန်းအိမ်ဟာသူ့ရှင်ရာဇာဓိရာဇ်လက်ဝဲနဲ့ လက်ယာရံဖြစ်တော်မူတယ်။ လဂွန်းအိမ်ကို ရလျှင် ငါတို့လက်ချက် မွန်တို့ခံနိုင်အံ့နည်း။ လှေတစ်စင်း ချင်းသာသူရမည် ။ လှေသုံးစင်းကိုခံနိုင်မည်လော ဟုကြုံးဝါးတော်မူသတဲ့။ စစ်တို့မည်သည်နဲသည်များသည်မဆိုလို စီရင်ခြင်းသာပဓာန ဖြစ်တယ်လို့ မိန့်သတဲ့။သူစီမံထားတဲ့အတိုင်း လှေသုံးစင်းကို လည်း သူဖေါက်ထားတဲ့မြောင်းကျဉ်းထဲ ဝှက်ပြီး အသင့်အနေထားအတိုင်းပြင်ဆင်ထားတယ်။တစ်အောင့်နေတော့ စစ်ထိုးတဲ့အခန်းနားစပါတော့တယ်။လဂွန်းအိန်ကလည်း စစ်သေနာပတိ အဆောင်ယောင်တွေ ကိုဝတ်ဆင်ပြီး သူ့ရှင်ချီးမြင့်တဲ့ မိချောင်းလှေကို စီးပြီး သူရဲသုံးရာ နဲ့ထွက်တယ်။ အင်းဝသား စုက္ကတေးက အံ့စရာလှေကိုစီး ပြီးထီးဖြူနဲ့ထွက်တယ်။လှေနစ်စီးဆုံကြတော့ ထိုးကြခုတ်ကြ နဲ့ အံ့စရာလှေကနှစ်ဆ မြင့်လို့လဂွန်းအိမ်ကလှေချင်းဆက်ကူးပြီး တိုက်ဘို့ ကြိုးစားတယ်။ ဒါကိုမြင်တော့အင်းဝဘက်မှလှေတစ်စင်းထွက်လာပါရော..။ ထိုးခုတ်ကြ တာအင်းဝတို့အထိနာပြန်တော့ နောက်လှေနှစ်စင်းထွက်လာတော့အင်းဝဘက်က လေးစီး မွန်ဘက်က တစ်စီးနဲ့ ဆိုတော့ကြာရှည်မခံနိုင်ဘူး။ မွန် သူရဲ တစ်ရာကျော် ရေထဲကျသေတယ်။လဂွန်းအိမ်ဟာ နောက်ဆုံးအချိန်ထိ အရှုံးမပေးဘဲရွံ့ရွံ့ချွန်ချွန်တိုက်တယ်။နောက်ဆုံးတော့ ပေါင်မှာ လှံချက်စူးပြီး အင်းဝသားတို့လက်ထဲပါသွားတော့တယ်။ သူ့ရှင်က အင်းဝဘက်လှေတွေ ထွက်လာတာကို မြင်ပေမဲ့အလှေကူ ထွက်ဘို့ အမိန့်မပေးခဲ့ဘူး။ စစ်လန့်မှာ စိုးရိမ်ခဲ့တယ်။အင်းဝသားတို့ကို မင်းရဲကျော်စွာကလဂွန်းအိမ်မသေစေနဲ့ အရှင်ဖမ်းလို့ဟစ်အော်သတဲ့။

ဖခမည်းတော် မင်းခေါင်ဆီကို လဲ အမှာ ပါးစေတယ်။မင်းရဲကျော်စွာလဲ ဆင်းကြည့်ုပြီး လဂွန်းအိန်ကို မြင်တော့ မရှင်တော့ဘူးဆိုတာသိတယ်။ လဂွန်းအိန် အခြေနေတွေ လဂွန်းအိမ်သေမှာကို အင်းဝမင်းခေါင်ကြားးတော့ မင်းရဲကျော်စွာကို အပြစ်ဆိုတယ်။ မင်းရဲကျော်စွာဟာလဂွန်းအိမ်အနာသည်းတော့လဂွန်းအိမ်ရှိတဲ့လှေကို ရွှေလှော်ကားစီးပြီးသွားပြီး တင်းထိမ်ကိုဖွင့်၍ကြည့်တယ်။ မင်းကို ငါမစားမည်။သူကောင်းပြူမည်။ဘာမျှမစိုးရိမ်နဲ့လို့အားပေးတယ်။လဂွန်းအိန်ကကျွန်ပ် လူဖြစ်နိုင်တော့မည်မဟုတ်ပါလို့ လျောက်တယ်။”ထမင်းစားမည်လောဟု မေးတော့ အရှင်တစ်ယောက်၏ထမင်းကိုသာဝမ်းတွင်းသို့သွင်းမည် အရှင်နှစ်ယောက်ထမင်း ကိုမသွင်းလို့ဆိုတယ်။ ရေသောက်မည်လားမေးရာ ရေနှင့်ကွမ်းသာပေးပါဟုဆိုရာ မင်း ရဲကျော်စွာက သူ၏ရေတကောင်းတော်ဖြင့်ရေတိုက်ပြီးမိမိစားတော်ကွမ်းကို ယူ ၍ကျွေးလေသည် ဟုဖေါ်ပြထားတယ်။ “ရေသောက်ကွမ်းစားပြီးတော့ လဂွန်းအိမ် ကအခုလို လျှောက်တင်သတဲ့။အရှင့်သားတော်၏ ရေနှင့်ကွမ်းကျေးဇူးကို တစ်ပွဲတစ်လမ်းမျှကျွန်ပ် ဆပ်ခွင့်မကြုံတော့ပါ. သို့သော်အရှင့်သားတော်ရဲ့အရေးကို နောင်ရေးအကျိုုး ဖြစ်စေချင်းဌာလျှောက်တင်ပါသည်။မှတ်ယူတော်မူပါ။ လို့ဆိုသတဲ့။ မင်းရဲကျော်စွာ အရေးမထားတာကို သိတော့ လဂွန်းအိမ်က ” ရွေနန်းရှင်သားတော် မမှတ်သားပါကအမတ်များမှတ်ကြကုန်။ နောင်ကိုသူ့ရှှုင်ရာဇာဓိရာဇ်နှင့်ဆင်စီးချင်းလှေစီးချင်း မြင်းစီချင်း ခြေလျှင်ချင်းမတွေ့ ပါလေနှင့်။သူ့ရှင်ရာဇာဓိရာဇ်သည် ဆင်စီးချင်း လှေစီးချင်း မြင်းစီချင်း ခြေလျှင်ချင်းတွင်နဲနဲကောင်းသည်မဟုတ်။ ထို့အပြင် လက်ဝဲလက်ယာဆင်စီးသားသုံးဆယ်တို့ သည်တစ်စိမ်းတရံရှိသည်မဟုတ်ဆွေမျိုးသားချင်းတို့သာဖြစ်ကုန်သည်.။ အကြောက်အလန့်မရှိသောဘီလူးသရဲနှင့်တူကာရန်သူကိုပမာမခန့်ချေမှုန်းနိုင်သည်ချည်းဖြစ် ချေတယ်။ကျနုပ်လျှောက်တာမယုံသော် နောင်တွေ့သောသိချေမည်။ လို့လျှာက်ထားပြီးကွမ်းနဲ့ရေသောက်ခဲ့ရခြင်းအတွက် ကျေးဇူးစကားဆိုတယ်။ ညဘက်အနာသည်း၍ လွန်လေသော် ဖေါင်ဖြင့်မျှောလေသည်။လို့မှတ်သားရတယ်။ ဒီစာလေးကို ဖတ်လိုက်ရတဲ့အချိန်မှာ ထပ်ခါတလဲလဲစဉ်းစားမိတာက လဂွန်းအိမ်ဟာ သူ့ကို ဥပါလ်တမျင်နဲ့ လှည့်စားအနိုင်ယူသူကို အပြစ်တင်တဲ့စကားတစ်လုံးမှ ပြောမသွားခဲ့ဘူး။ ရန်သူကျွေးတဲ့ထမင်းကို မစားဘဲ အရှင်တစ်ဦးထဲမှာသာ သေတဲ့အထိသစ္စာတည်တဲ့သူရဲကောင်းစိတ်ဓါတ်ကို ပြခဲ့တယ်။ ရေနဲ့ကွမ်းအတွက် နောက်ဆုံးအကြွေးမကျန်စေချင်ဘဲ…သူတစ်ဦးပျက်စီးမဲ့အရေးကို သတိရှိပြီးမေတ္တာကြီးလှတဲ့နှလုံးသားကို လည်းလှစ်ပြခဲ့တယ်။ တကယ်တော့ ဒါဟာ အာဇာနည်ယော်ကျာၤးတွေ ရဲ့ နှလုံးသားပါကို လှစ်ပြလိုက်တာပါ။မင်းရဲကျော်စွာ အရေးမစိုက်တာသိလို့ အနားက မူးမတ်တွေကို မှတ်သားစေတာ သူဘယ်လောက်တာဝန်ကျေခဲ့လဲ။သူ့အသိ သူ့သတိ ဘယ်လောက်များရှိခဲ့လေသလဲ။ သေအံ့ဆဲအချိန်မှာတောင် သတိဆိုတာ ရှိတယ်။ သွေးရူးသွေးတန်းမဖြစ်ဘဲ သူရဲကောင်းဆိုတာ ဘာလဲ။ သူရဲကောင်းတို့ နှလုံးသားဟာဘာလဲ။ သူရဲကောင်း တစ်ဦးရဲ့ နောက်ဆုံးအချိန်ထိ အသိတရားဘယ်လောက်ရှိတယ်ဘယ်လောက်နှလုံးသားဖြူစင်တာကို သမိုင်းမှာ ပြောခဲ့တာ ဖတ်မိတိုင်းကြက်သီးထလောက်အောင် လေးစားမိတယ်။ တစိမ့်စိမ့်တွေး တငွေ့ငွေ့ပေးတဲ့ သူရဲကောင်း အရသာလို့သာ ဆိုချင်ပါတယ်။ ဒီဥပမာကို ဖတ်မိသူတိုင်း သမိုင်းက အဖြစ်ပျက်တွေကို ချစ်တတ် နားလည်တတ်လာရင်လောကကြီးအတွက် အကျိုးများတဲ့အမြတ်ပါဘဲ။ ဒီစာကို ဖတ်ပြီး အားလုံးတစိမ့်စိမ့်တွေးပြီး ခံစားနိုင်ပါစေ။

မူရင်းရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါတယ်

[zawgyi]

က်ေနာ္တို႔ စာေတြ ဖတ္ၾကတယ္။ စာေတြသင္ၾကတယ္။ ဘာလုပ္ဘို႔သင္ေန ဖတ္ေနရတာလဲ။ ကေလးေတြကို ဘာျဖစ္လို႔စာတတ္ခ်င္လဲေမးရင္ဆရာဝန္ႀကီးျဖစ္ဘို႔အင္ဂ်င္နီယာႀကီးျဖစ္ဘို႔၊ အစသျဖင့္ေျပာဆိုတတ္ၾကတယ္။ တကယ္ေတာ့ ပညာသင္ရတဲ့ရည္႐ြယ္ခ်က္က အမွားမွန္ကိုေဝဖန္ပိုင္းျခားၿပီး ေတြးေတာ ဆင္ျခင္တတ္ဘို႔ပါ။ အလားတူဘဲသမိုင္းဘာသာရပ္ကို ခ်စ္ခင္ျမတ္ႏိုးတယ္ဆိုတာ သမိုင္းမွာ တြင္က်န္ရစ္ခဲ့တဲ့လွပတဲ့ စိတ္ၾကည္ႏုးစရာေကာင္းတဲ့ ျဖစ္ရပ္ေတြကို အတုယူဘို႔ပါ။ကိုယ့္ရဲ႕ဘဝျပဌာန္းခ်က္လို အသုံးျပဳတန္ျပဳရမယ္။ သမိုင္းက နာက်ည္းစရာ အတိတ္ဆိုးေတြကို သိယူမွတ္သားေလ့လာၿပီး သယ္မလာဘို႔လဲလိုသလို အဲလို အမွားမ်ိဳးေတြ ကိုယ္ကိုယ္တိုင္မက်ဳးလြန္ဘို႔လဲလိုတယ္။မြန္ ျမန္မာ သမိုင္းကို ေလ့လာလိုက္ရင္ ဆယ့္ေလးရာစု အကုန္မွာ ျဖစ္တဲ့စစ္၊ မြန္ဧကရာဇ္ ရာဇဓိရာဇ္နဲ႔ အင္း၀ ေ႐ြနန္းေက်ာ့ရွင္ မင္းေခါင္တို႔ေခတ္ေလာက္ သူရဲေကာင္းေပါမ်ားတာ မရွိဘူး။ သူရဲေကာင္းတိုင္းလည္း သူ႔နဲ႔သူလူစြမ္းေကာင္းခ်ည္းပါဘဲ။ အဲဒီအထဲမွာ မွ သူရဲေကာင္းတို႔ရဲ႕ သူရဲေကာင္းလဂြန္းအိမ္ အေၾကာင္းေလးဖတ္မိတိုင္း ေတြးမိတိုင္း အတိုင္းမသိ ၾကည္ႏုးမိတယ္။ လူတစ္ဦးထားအပ္တဲ့စိတ္ဓါတ္ကို သေဘာက်တယ္။ဖတ္ေလဖတ္ေလ…ေတြးေလေတြးေလ…ပီတိေသာမနသ ျဖစ္ရတယ္။တစိမ့္စိမ့္ေတြး တေရးေရးေပၚ တသသပီတိ အရသာရွိလွပါဘိ။ေလးစားဂုဏ္ယူစရာေကာင္းလိုက္တဲ့ သူရဲေကာင္းပါဘဲ။ သူရဲေကာင္းဆိုတာ ႏွလုံးသားလဲလွတဲ့သူပါလားလို႔ ဆင္ျခင္မိေလ ေလးစားဂုဏ္ယူမိေလပါ ။ရင္ထဲကခံစားခ်က္ကို ေဖၚျပစာဖြဲ႕လို႔မျပတတ္တဲ့အရသာမ်ိဳးပါဘဲ။ သူရဲေကာင္းဆိုတာ ဘာလဲ။ သူတို႔ကို သူရဲေကာင္းလို႔ေခၚေလာက္ေအာင္ဘာေတာ္တာလဲ။ လဂြမ္းအိန္ကေတာ့ ေနာင္လာေနာက္သားေတြ တသသ လြမ္းက်န္ရစ္ခဲ့ေအာင္မ်ားတမင္ ရည္႐ြယ္လုပ္ခဲ့ေလသလားလို႔ေတာင္ထင္ရတဲ့သမိုင္းေလးတစ္ခုကို ေရးျပခ်င္တယ္။ တကယ္ေတာ့သူရဲေကာင္းဆို တာ လက္႐ုံးရည္ႏွလုံးရည္နဲ႔ျပည့္စုံ႐ုံတင္မဟုတ္ဘူးအသက္ထြက္ခါနီးေတာင္ သူရဲေကာင္းဆိုတာ သူရဲေကာင္းစိတ္ဓါတ္ဆိုတာသူရဲေကာင္းရဲ႕အသိ သတိတရားေတြကို ျပသြားေလရဲ႕။။ တကယ့္လူစြမ္းေကာင္းပါဘဲ။ သူ႔ရဲ႕ေနာက္ဆုံးဘ၀ ဇာတ္သိမ္းကာနီးသုူရဲေကာင္းဆိုတဲ့အဓိပၸါလ္ကို ေဖၚက်ဳးလွစ္ျပထားတဲ့ သမိုင္းထဲက အျဖစ္ေလးတစ္ခုမွာသူ႔ရဲ႕ႏွလုံးသားေလးကို လွစ္ျပသြားတာ ဖတ္မိတိုင္းၾကက္သီးထမိပါတယ္။သူ႔ရွင္ရာဇာဓိရာဇ္ဟာ ကံဇာတာ ညံ့တဲ့အခိုက္နဲ႔ဆုံေနေပမဲ့သားေတာ္ကို အင္းဝအိမ္ေရွ႕ မင္းရဲေက်ာ္စြာ ဝိုင္းထားတာကို ကူညီဘို႔မူးမတ္ေတြတားတဲ့ၾကားက ေရတပ္ႀကီးနဲ႔ခ်ီလာခဲ့တယ္။ အလြဲျမစ္၀ ေရာက္ေတာ့အင္းဝတပ္ စခန္းကို ျမင္တာနဲ႔ တလဆီးအရပ္မွာ စခန္းတစ္ေထာက္နားေတာ္မူတယ္။ အဲဒီအခ်ိန္မွာ ေျမာင္းျမစား သမိန္ျဗဇၨကို လွမ္းေခၚတယ္ ။သမိန္ျဗဇၨနဲ႔ လဂြန္းအိမ္က သူ႔ရဲ႕လက္႐ုံးႏွစ္ဘက္လဲျဖစ္တယ္။လမ္းခရီးမွာ ဖ်ားလို႔ သမိန္ျဗဇၨ ေသေတာ့ သူ႔ရွင္ယူက်ဳံးမရျဖစ္ေတာ္မူတယ္။ သူရဲေကာင္းဆိုတာ ဘုရင္ဧကရာဇ္တို႔ရဲ႕အေဆာင္ေယာင္ရတနာ ေတြပါ။ ဒါကို မင္းရဲေက်ာ္စြာ မင္းသားၾကားးေတာ့အားရေတာ္မူတယ္။ ရာဇာဓိရာဇ္အားထားရတဲ့လက္ေမာင္းႏွစ္ဘက္ထဲက တစ္ဘက္ျပဳတ္ခဲ့ၿပီ။ ေနာင္လက္ေမာင္းတစ္ဘက္ ျဖစ္တဲ့လဂြန္းအိန္ကိုသာ ရခဲ့ရင္ မြန္ျပည့္ရွင္အႏိုင္ယူေတာ့မွာကိုး။ ဒါနဲ႔ လဂြန္းအိမ္ကို ရႏိုင္မဲ့နည္းကို ႀကံစည္ၿပီး ရာဇာဓိရာဇ္ ဆီကို သံတမန္လြတ္ၿပီး စကားပါးသတဲ့။ပါးလိုက္တဲ့စကားကေတာ့……..” ဘႀကီးေတာ္ရာဇာဓိရာဇ္မွာခရီးပန္းလာ၍ နားေတာ္မူပါ။ ေနာင္ေန႔တိုက္မည္။ နားေနစဥ္ ဟံသာဝတီမွသူရဲေကာင္း တစ္ဦးႏွင့္အင္းဝမွ သူရဲေကာင္းတစ္ဦးခ်င္း ေလွ တစ္စင္းခ်င္းတိုက္ေစကာ ဧကရာဇ္တို႔ရႈစားေစမည္ဟု စကားေစေစတယ္။ ဒီစကားကိုၾကားလို႔ ရာဇာဓိရာဇ္က ေဝ့ဝိုက္ၾကည့္လိုက္ေတာ့ …..လဂြန္းအိမ္ကကြၽန္ပ္သည္ ေယာ္က်ားျဖစ္သည္မွဆင္စီးခ်င္း ျမင္းစိးခ်င္း ေလွစီးခ်င္းစစ္ထိုးရန္ ဤဇဗၺဴထိပ္ေျမျပင္ဝယ္ မည္သူ႔ကို မွ် မေၾကာက္။တစ္ဥိးခ်င္းျဖစ္လွ်င္က်ႏုပ္ထြက္တိုက္မည္ျဖစ္ေၾကာင္း ေ႐ြနန္းေက်ာ့ရွင္မင္းသားမင္းရဲေက်ာ္စြာကို အမိန႔္ေတာ္ျပန္ၾကားေတာ္မူပါ …ဟုေလွ်ာက္တင္တယ္။မင္းရဲေက်ာ္စြာရဲ႕တစ္မန္ေတာ္မင္းနတ္ေတာ္လည္းလဂြန္းအိန္ရဲ႕ျပန္ၾကားခ်က္ကို မင္းရဲေက်ာ္စြာကို ျပန္ ေလွ်ဳာက္တင္တယ္။ မြန္ဘက္အမွာစကားၾကားေတာ့ မင္းရဲေက်ာ္စြာက အလြန္အားရေတာ္မူတယ္။” သမိန္ျဗဇၨႏွင့္ လဂြန္းအိမ္ဟာသူ႔ရွင္ရာဇာဓိရာဇ္လက္ဝဲနဲ႔ လက္ယာရံျဖစ္ေတာ္မူတယ္။ လဂြန္းအိမ္ကို ရလွ်င္ ငါတို႔လက္ခ်က္ မြန္တို႔ခံႏိုင္အံ့နည္း။ ေလွတစ္စင္း ခ်င္းသာသူရမည္ ။ ေလွသုံးစင္းကိုခံႏိုင္မည္ေလာ ဟုႀကဳံးဝါးေတာ္မူသတဲ့။ စစ္တို႔မည္သည္နဲသည္မ်ားသည္မဆိုလို စီရင္ျခင္းသာပဓာန ျဖစ္တယ္လို႔ မိန႔္သတဲ့။သူစီမံထားတဲ့အတိုင္း ေလွသုံးစင္းကို လည္း သူေဖါက္ထားတဲ့ေျမာင္းက်ဥ္းထဲ ဝွက္ၿပီး အသင့္အေနထားအတိုင္းျပင္ဆင္ထားတယ္။တစ္ေအာင့္ေနေတာ့ စစ္ထိုးတဲ့အခန္းနားစပါေတာ့တယ္။လဂြန္းအိန္ကလည္း စစ္ေသနာပတိ အေဆာင္ေယာင္ေတြ ကိုဝတ္ဆင္ၿပီး သူ႔ရွင္ခ်ီးျမင့္တဲ့ မိေခ်ာင္းေလွကို စီးၿပီး သူရဲသုံးရာ နဲ႔ထြက္တယ္။ အင္းဝသား စုကၠေတးက အံ့စရာေလွကိုစီး ၿပီးထီးျဖဴနဲ႔ထြက္တယ္။ေလွနစ္စီးဆုံၾကေတာ့ ထိုးၾကခုတ္ၾက နဲ႔ အံ့စရာေလွကႏွစ္ဆ ျမင့္လို႔လဂြန္းအိမ္ကေလွခ်င္းဆက္ကူးၿပီး တိုက္ဘို႔ ႀကိဳးစားတယ္။ ဒါကိုျမင္ေတာ့အင္းဝဘက္မွေလွတစ္စင္းထြက္လာပါေရာ..။ ထိုးခုတ္ၾက တာအင္းဝတို႔အထိနာျပန္ေတာ့ ေနာက္ေလွႏွစ္စင္းထြက္လာေတာ့အင္းဝဘက္က ေလးစီး မြန္ဘက္က တစ္စီးနဲ႔ ဆိုေတာ့ၾကာရွည္မခံႏိုင္ဘူး။ မြန္ သူရဲ တစ္ရာေက်ာ္ ေရထဲက်ေသတယ္။လဂြန္းအိမ္ဟာ ေနာက္ဆုံးအခ်ိန္ထိ အရႈံးမေပးဘဲ႐ြံ႕႐ြံ႕ခြၽန္ခြၽန္တိုက္တယ္။ေနာက္ဆုံးေတာ့ ေပါင္မွာ လွံခ်က္စူးၿပီး အင္းဝသားတို႔လက္ထဲပါသြားေတာ့တယ္။ သူ႔ရွင္က အင္းဝဘက္ေလွေတြ ထြက္လာတာကို ျမင္ေပမဲ့အေလွကူ ထြက္ဘို႔ အမိန႔္မေပးခဲ့ဘူး။ စစ္လန႔္မွာ စိုးရိမ္ခဲ့တယ္။အင္းဝသားတို႔ကို မင္းရဲေက်ာ္စြာကလဂြန္းအိမ္မေသေစနဲ႔ အရွင္ဖမ္းလို႔ဟစ္ေအာ္သတဲ့။ဖခမည္းေတာ္ မင္းေခါင္ဆီကို လဲ အမွာ ပါးေစတယ္။မင္းရဲေက်ာ္စြာလဲ ဆင္းၾကည့္ုၿပီး လဂြန္းအိန္ကို ျမင္ေတာ့ မရွင္ေတာ့ဘူးဆိုတာသိတယ္။ လဂြန္းအိန္ အေျခေနေတြ လဂြန္းအိမ္ေသမွာကို အင္းဝမင္းေခါင္ၾကားးေတာ့ မင္းရဲေက်ာ္စြာကို အျပစ္ဆိုတယ္။ မင္းရဲေက်ာ္စြာဟာလဂြန္းအိမ္အနာသည္းေတာ့လဂြန္းအိမ္ရွိတဲ့ေလွကို ေ႐ႊေလွာ္ကားစီးၿပီးသြားၿပီး တင္းထိမ္ကိုဖြင့္၍ၾကည့္တယ္။ မင္းကို ငါမစားမည္။သူေကာင္းျပဴမည္။ဘာမွ်မစိုးရိမ္နဲ႔လို႔အားေပးတယ္။လဂြန္းအိန္ကကြၽန္ပ္ လူျဖစ္ႏိုင္ေတာ့မည္မဟုတ္ပါလို႔ ေလ်ာက္တယ္။”ထမင္းစားမည္ေလာဟု ေမးေတာ့ အရွင္တစ္ေယာက္၏ထမင္းကိုသာဝမ္းတြင္းသို႔သြင္းမည္ အရွင္ႏွစ္ေယာက္ထမင္း ကိုမသြင္းလို႔ဆိုတယ္။ ေရေသာက္မည္လားေမးရာ ေရႏွင့္ကြမ္းသာေပးပါဟုဆိုရာ မင္း ရဲေက်ာ္စြာက သူ၏ေရတေကာင္းေတာ္ျဖင့္ေရတိုက္ၿပီးမိမိစားေတာ္ကြမ္းကို ယူ ၍ေကြၽးေလသည္ ဟုေဖၚျပထားတယ္။ “ေရေသာက္ကြမ္းစားၿပီးေတာ့ လဂြန္းအိမ္ ကအခုလို ေလွ်ာက္တင္သတဲ့။အရွင့္သားေတာ္၏ ေရႏွင့္ကြမ္းေက်းဇူးကို တစ္ပြဲတစ္လမ္းမွ်ကြၽန္ပ္ ဆပ္ခြင့္မႀကဳံေတာ့ပါ. သို႔ေသာ္အရွင့္သားေတာ္ရဲ႕အေရးကို ေနာင္ေရးအက်ိဳုး ျဖစ္ေစခ်င္းဌာေလွ်ာက္တင္ပါသည္။မွတ္ယူေတာ္မူပါ။ လို႔ဆိုသတဲ့။ မင္းရဲေက်ာ္စြာ အေရးမထားတာကို သိေတာ့ လဂြန္းအိမ္က ” ေ႐ြနန္းရွင္သားေတာ္ မမွတ္သားပါကအမတ္မ်ားမွတ္ၾကကုန္။ ေနာင္ကိုသူ႔ရွႈင္ရာဇာဓိရာဇ္ႏွင့္ဆင္စီးခ်င္းေလွစီးခ်င္း ျမင္းစီခ်င္း ေျခလွ်င္ခ်င္းမေတြ႕ ပါေလႏွင့္။သူ႔ရွင္ရာဇာဓိရာဇ္သည္ ဆင္စီးခ်င္း ေလွစီးခ်င္း ျမင္းစီခ်င္း ေျခလွ်င္ခ်င္းတြင္နဲနဲေကာင္းသည္မဟုတ္။ ထို႔အျပင္ လက္ဝဲလက္ယာဆင္စီးသားသုံးဆယ္တို႔ သည္တစ္စိမ္းတရံရွိသည္မဟုတ္ေဆြမ်ိဳးသားခ်င္းတို႔သာျဖစ္ကုန္သည္.။ အေၾကာက္အလန႔္မရွိေသာဘီလူးသရဲႏွင့္တူကာရန္သူကိုပမာမခန႔္ေခ်မႈန္းႏိုင္သည္ခ်ည္းျဖစ္ ေခ်တယ္။က်ႏုပ္ေလွ်ာက္တာမယုံေသာ္ ေနာင္ေတြ႕ေသာသိေခ်မည္။ လို႔လွ်ာက္ထားၿပီးကြမ္းနဲ႔ေရေသာက္ခဲ့ရျခင္းအတြက္ ေက်းဇူးစကားဆိုတယ္။ ညဘက္အနာသည္း၍ လြန္ေလေသာ္ ေဖါင္ျဖင့္ေမွ်ာေလသည္။လို႔မွတ္သားရတယ္။ ဒီစာေလးကို ဖတ္လိုက္ရတဲ့အခ်ိန္မွာ ထပ္ခါတလဲလဲစဥ္းစားမိတာက လဂြန္းအိမ္ဟာ သူ႔ကို ဥပါလ္တမ်င္နဲ႔ လွည့္စားအႏိုင္ယူသူကို အျပစ္တင္တဲ့စကားတစ္လုံးမွ ေျပာမသြားခဲ့ဘူး။ ရန္သူေကြၽးတဲ့ထမင္းကို မစားဘဲ အရွင္တစ္ဦးထဲမွာသာ ေသတဲ့အထိသစၥာတည္တဲ့သူရဲေကာင္းစိတ္ဓါတ္ကို ျပခဲ့တယ္။ ေရနဲ႔ကြမ္းအတြက္ ေနာက္ဆုံးအေႂကြးမက်န္ေစခ်င္ဘဲ…သူတစ္ဦးပ်က္စီးမဲ့အေရးကို သတိရွိၿပီးေမတၱာႀကီးလွတဲ့ႏွလုံးသားကို လည္းလွစ္ျပခဲ့တယ္။ တကယ္ေတာ့ ဒါဟာ အာဇာနည္ေယာ္က်ာၤးေတြ ရဲ႕ ႏွလုံးသားပါကို လွစ္ျပလိုက္တာပါ။မင္းရဲေက်ာ္စြာ အေရးမစိုက္တာသိလို႔ အနားက မူးမတ္ေတြကို မွတ္သားေစတာ သူဘယ္ေလာက္တာဝန္ေက်ခဲ့လဲ။သူ႔အသိ သူ႔သတိ ဘယ္ေလာက္မ်ားရွိခဲ့ေလသလဲ။ ေသအံ့ဆဲအခ်ိန္မွာေတာင္ သတိဆိုတာ ရွိတယ္။ ေသြး႐ူးေသြးတန္းမျဖစ္ဘဲ သူရဲေကာင္းဆိုတာ ဘာလဲ။ သူရဲေကာင္းတို႔ ႏွလုံးသားဟာဘာလဲ။ သူရဲေကာင္း တစ္ဦးရဲ႕ ေနာက္ဆုံးအခ်ိန္ထိ အသိတရားဘယ္ေလာက္ရွိတယ္ဘယ္ေလာက္ႏွလုံးသားျဖဴစင္တာကို သမိုင္းမွာ ေျပာခဲ့တာ ဖတ္မိတိုင္းၾကက္သီးထေလာက္ေအာင္ ေလးစားမိတယ္။ တစိမ့္စိမ့္ေတြး တေငြ႕ေငြ႕ေပးတဲ့ သူရဲေကာင္း အရသာလို႔သာ ဆိုခ်င္ပါတယ္။ ဒီဥပမာကို ဖတ္မိသူတိုင္း သမိုင္းက အျဖစ္ပ်က္ေတြကို ခ်စ္တတ္ နားလည္တတ္လာရင္ေလာကႀကီးအတြက္ အက်ိဳးမ်ားတဲ့အျမတ္ပါဘဲ။ ဒီစာကို ဖတ္ၿပီး အားလုံးတစိမ့္စိမ့္ေတြးၿပီး ခံစားႏိုင္ပါေစ။