ဟင်းသီးဟင်းရွက်ဆီနှင့် သွားတိုက်ဆေးသုံးပြီး ဖုန်းပေါ်က အစင်းရာတွေကို ဖယ်ရှားနည်း
ဖုန်းပေါ်က အစင်းရာတွေကို အမြန်ဆုံးနဲ့ အလွယ်ဆုံး ဖျောက်နိုင်မယ့် နည်းလမ်းတွေ အများကြီး ရှိပါတယ်။ အဒီထဲမှာ အလွယ်ဆုံး နည်းလမ်းနှစ်ခု ဖော်ပြပေးလိုက်ပါတယ်။အဒီနည်းလမ်းတွေကတော့ သွားတိုက်ဆေးနှင့် ဟင်းသီးဟင်းရွက်ဆီတွေ အသုံးပြုပြီး ဖုန်းပေါ်က အစင်းရာတွေ အလွယ်တကူ ဖျောက်နည်းပါ။ သွားတိုက်ဆေး – သွားတိုက်ဆေးအနည်းငယ်ကို ဂွမ်းစနဲ့ယူပြီး အစင်းရာထင်နေတဲ့ မှန်တစ်ဝိုက်မှာ ပွတ်ပေးရမှာပါ။ပြီးရင် ရေအနည်းငယ်ဆွတ် ထားတဲ့ အဝတ် စလေးနဲ့ သွားတိုက်ဆေးကို ပြောင်အောင်ပြန်ပွတ်ရ မှာပါ။ ဒါဆိုရင် ဖုန်းပေါ်က အစင်းရာတွေ ပျောက်သွားပါအလိမ့်မယ်။
ဟင်းသီးဟင်းရွက်ဆီ – ဟင်းသီးဟင်းရွက်ဆီ တစ်စက်၊ နှစ်စက်လောက်ကို ဖုန်းရဲ့အစင်းကြောင်းရှိတဲ့ နေရာမှာ စက်ဝိုင်းပုံ ပွတ်ပေးရမှာ ဖြစ်ပါ တယ်။ ပြီးရင် အခြောက်ခံပြီး အဝတ် ခြောက်ခြောက် ဒါမှမဟုတ် တစ်ရှူးနဲ့ပဲ ပွတ်ပေးလိုက်ပါ။မုန့်ဖုတ်ဆိုဒါ၊ ကလေးပေါင်ဒါမုန့်ဖုတ်ဆိုဒါ ဒါမှမဟုတ် ကလေး ပေါင်ဒါ တစ်ခုခုကို ခွက်သေးတစ်ခုထဲမှာ ရေတစ်ဆ၊ ပါဝင်ပစ္စည်းနှစ်ဆ ထည့်ပြီး ပျစ်တဲ့အထိ မွှေပေးရမှာ ဖြစ်ပါတယ်။ပြီးရင် အ ဝတ်သန့်သန့်တစ်ခုနဲ့ နည်းနည်းစီတို့ပြီး အစင်းရာရှိတဲ့ ဖုန်းပေါ်မှာ ပွတ်ပေးရ မှာ ဖြစ်ပါ တယ်။ပြီးရင်တော့ ရေအနည်းငယ်ဆွတ် ထားတဲ့အစနဲ့ဖုန်းကိုပြန်ပွတ်ပေးရပါတယ်။ဒီလို ပြုလုပ်ရာမှာ ဖုန်းကို ပါဝါ ပိတ်၊ ဘက်ထရီတွေထုတ်ထားရမှာ ဖြစ်ပါတယ်။ ဒီနည်းလမ်းနှစ်ခုကို သုံးပြီး ဖုန်းပေါ်က အစင်းရာတွေကို လွယ်ကူစွာ ဖတ်ရှာပေးနိုင်ပါတယ်။Ok…. အဆင်ပြေကြပါစေ။
Credit:Boykhai (နည်းပညာချစ်သူ)
[zawgyi]