ဟိုက်ဂျက် ကားအမျိုးအစားမှာ ဖြစ်တတ်တဲ့ပြဿနာတစ်ချို့

ဟိုက်ဂျက်ကားအမျိုးအစားဟာ ဂျပန်အခြေစိုက် Daihatsu ကားကုမ္မဏီကထုတ်လုပ်ပြီး ပြည်တွင်းမှာအသုံးများတဲ့ကားအမျိုးအစားဖြစ်တယ်။အင်ဂျင်ပါဝါ ၆၆၀ စီစီဖြစ်တဲ့အတွက် ဆီစားသက်သာတဲ့လုပ်ငန်းသုံးကားဖြစ်တယ်။ ဟိုက်ဂျက်ကားအမျိုးအစားမှာဖြစ်တတ်တဲ့ပြဿနာတချို့ကို ဖော်ပြပါတယ်။၁။ ရေဆူတာ -၂၀၁၁ မော်ဒယ်လ် ဟိုက်ဂျက်မှာဖြစ်တာပါ။ မောင်းနှင်နေစဉ်မှာ အပူရှိန်လွန်ကဲပြီး ရေတိုင်ကီ (radiator)ထဲက ရေတွေဆူပွက်လာတာပါ။ ဝပ်ရှော့ပ်မှာစစ်ဆေးတဲ့အခါ cooling temperature sensor ပျက်စီးတာပါ။ အဲဒါကြောင့် coo-ling temperature sensor ကို အသစ်လဲလှယ်ရမှာပါ။ ၂။ မီးမကူးတာ -၂၀ဝ၁ မော်ဒယ်ဟိုက်ဂျက်မှာဖြစ်တာပါ။ အင်ဂျင်က မီးမကူးတာ၊ ဆီမဖျန်းနိုင်တာတွေဖြစ်လာတာပါ။ ပြဿနာကတော့ engine control unit (ECU)က အလုပ်မလုပ်တာဖြစ်တယ်။ ၃။ စက်နှိုးလို့ မရတာ -၁၉၉၅ မော်ဒယ်ဟိုက်ဂျက်ကို စက်စတင်နှိုးလို့မရတဲ့ပြဿနာပါ။ သော့ကိုလှည့်လိုက်တဲ့အခါ မီးလင်းလာပေမဲ့ စက်နိုးမလာတာပါ။ ပါဝါပေးတဲ့စနစ်က ချို့ယွင်းတာဖြစ်နိုင်ပါတယ်။ ဘက်ထရီကိုစစ်ဆေးရမှာပါ။ ဘက်ထရီငုတ်တိုင်တွေမှာ ချိတ်ဆက်တဲ့ဝါယာတွေကိုလည်း သန့်စင်ပြီး ချိတ်ဆက်မှုရှိမရှိ စစ်ဆေးရပါမယ်။ ၄။ ဟိုက်ဒရောလစ်ဘရိတ်ပြဿနာ -၁၉၉၀ မော်ဒယ်လ် ဟိုက်ဂျက်မှာဖြစ်တာပါ။ ဟိုက်ဒရောလစ်ဘရိတ် (Hydro-lic Brakes)က ပုံမှန်အလုပ်မလုပ်တော့တာပါ။ ဘရိတ်စနစ်တစ်ခုလုံးကိုစစ်ဆေးရမှာဖြစ်ပြီး ဘရိတ် ဆီ ယိုစိမ့်မှုရှိမရှိကိုလည်း စစ်ဆေးရမှာဖြစ်ပါတယ်။ ဘရိတ်ဆီယိုစိမ့်တဲ့အတွက် ဘရိတ်ဖိအားကျဆင်းတာလည်းဖြစ်နိုင်ပါတယ်။

၅။ ဂီယာပြဿနာ – ၂၀ဝ၇ မော်ဒယ် ဟိုက်ဂျက်မှာ အော်တိုဂီယာက ပုံမှန်အလုပ်မလုပ်တာပါ။ ဂီယာကို နံပါတ် ၃ အထိထားတဲ့အခါ အမြင့်ဆုံး တစ်နာရီ ရ၀ ကီလိုမီတာနှုန်းအထိမောင်းနှင်နိုင်ပါတယ်။ ဒါပေမဲ့ နံပါတ် ၃ ဂီယာကနေပြောင်းလဲလို့မရတာပါ။ အော်တိုဂီယာစနစ်မှာ ချို့ယွင်းချက်ရှိနေတာပါ။ ၆။ ပါဝါစတီယာရင်ပန့်မ် – ၂၀ဝ၃ မော်ဒယ်လ် ဟိုက်ဂျက်မှာ ပါဝါစတီယာရင် ပန့်မ် (power steering pump) ချို့ယွင်းတတ်တာပါ။ အသစ်လဲလှယ်ရမှာပါ။ ၇။ ဆီစားနှုန်းများလာတာ -၂၀ဝ၇ မော်ဒယ်လ် ဟိုက်ဂျက်မှာ ဖြစ်တာပါ။ အိတ်ဇောက မီးခိုးထုတ်လွှတ်တာနည်းပါးပေမဲ့ဆီစားနှုန်းများလာတာပါ။ အခြားဟိုက်ဂျက်ကားတွေလောင်စာဆီ တစ်လီတာကို ၁၄ ကီလိုမီတာ မောင်းနှင်ရပေမဲ့ အဲသည်ဟိုက်ဂျက်ကတော့ လောင်စာဆီ တစ်လီတာကို ၁၁ ကီလိုမီတာသာမောင်းနှင်နိုင်ပါတယ်။ ၈။ အင်ဂျင်ချက် မီးလင်းတာ -၂၀ဝ၃ မော်ဒယ်လ် ဟိုက်ဂျက်မှာအင်ဂျင်ချက်မီးလင်းလာတာပါ။ မောင်းနှင်ပြီး ငါးမိနစ်အတွင်းမှာ speedometer က အလုပ်မလုပ်တော့ဘဲ အင်ဂျင်ချက်မီးလင်းလာတာပါ။ Speedometer အလုပ် မလုပ်တာကတော့ ဝါယာရိန်းစနစ်ကိုစစ်ဆေးရမှာဖြစ်ပြီး အင်ဂျင်ချက် မီးလင်းတာကတော့ ကွန်ပျူတာထိုးစစ်ပြီး ပြစ်ချက်ရှာဖွေမှသာချို့ယွင်းချက်ရှိတဲ့အ စိတ်အပိုင်းကို အတိအကျသိနိုင်မှာဖြစ်ပါတယ်။

Credit: အောင်ထွန်းဦး (kumudra news)

[zawgyi]

ဟိုက္ဂ်က္ကားအမ်ိဳးအစားဟာ ဂ်ပန္အေျခစိုက္ Daihatsu ကားကုမၼဏီကထုတ္လုပ္ၿပီး ျပည္တြင္းမွာအသုံးမ်ားတဲ့ကားအမ်ိဳးအစားျဖစ္တယ္။အင္ဂ်င္ပါဝါ ၆၆၀ စီစီျဖစ္တဲ့အတြက္ ဆီစားသက္သာတဲ့လုပ္ငန္းသုံးကားျဖစ္တယ္။ ဟိုက္ဂ်က္ကားအမ်ိဳးအစားမွာျဖစ္တတ္တဲ့ျပႆနာတခ်ိဳ႕ကို ေဖာ္ျပပါတယ္။၁။ ေရဆူတာ -၂၀၁၁ ေမာ္ဒယ္လ္ ဟိုက္ဂ်က္မွာျဖစ္တာပါ။ ေမာင္းႏွင္ေနစဥ္မွာ အပူရွိန္လြန္ကဲၿပီး ေရတိုင္ကီ (radiator)ထဲက ေရေတြဆူပြက္လာတာပါ။ ဝပ္ေရွာ့ပ္မွာစစ္ေဆးတဲ့အခါ cooling temperature sensor ပ်က္စီးတာပါ။ အဲဒါေၾကာင့္ coo-ling temperature sensor ကို အသစ္လဲလွယ္ရမွာပါ။ ၂။ မီးမကူးတာ -၂၀ဝ၁ ေမာ္ဒယ္ဟိုက္ဂ်က္မွာျဖစ္တာပါ။ အင္ဂ်င္က မီးမကူးတာ၊ ဆီမဖ်န္းႏိုင္တာေတြျဖစ္လာတာပါ။ ျပႆနာကေတာ့ engine control unit (ECU)က အလုပ္မလုပ္တာျဖစ္တယ္။ ၃။ စက္ႏႈိးလို႔ မရတာ -၁၉၉၅ ေမာ္ဒယ္ဟိုက္ဂ်က္ကို စက္စတင္ႏႈိးလို႔မရတဲ့ျပႆနာပါ။ ေသာ့ကိုလွည့္လိုက္တဲ့အခါ မီးလင္းလာေပမဲ့ စက္ႏိုးမလာတာပါ။ ပါဝါေပးတဲ့စနစ္က ခ်ိဳ႕ယြင္းတာျဖစ္ႏိုင္ပါတယ္။ ဘက္ထရီကိုစစ္ေဆးရမွာပါ။ ဘက္ထရီငုတ္တိုင္ေတြမွာ ခ်ိတ္ဆက္တဲ့ဝါယာေတြကိုလည္း သန႔္စင္ၿပီး ခ်ိတ္ဆက္မႈရွိမရွိ စစ္ေဆးရပါမယ္။ ၄။ ဟိုက္ဒေရာလစ္ဘရိတ္ျပႆနာ -၁၉၉၀ ေမာ္ဒယ္လ္ ဟိုက္ဂ်က္မွာျဖစ္တာပါ။ ဟိုက္ဒေရာလစ္ဘရိတ္ (Hydro-lic Brakes)က ပုံမွန္အလုပ္မလုပ္ေတာ့တာပါ။ ဘရိတ္စနစ္တစ္ခုလုံးကိုစစ္ေဆးရမွာျဖစ္ၿပီး ဘရိတ္ ဆီ ယိုစိမ့္မႈရွိမရွိကိုလည္း စစ္ေဆးရမွာျဖစ္ပါတယ္။ ဘရိတ္ဆီယိုစိမ့္တဲ့အတြက္ ဘရိတ္ဖိအားက်ဆင္းတာလည္းျဖစ္ႏိုင္ပါတယ္။၅။ ဂီယာျပႆနာ – ၂၀ဝ၇ ေမာ္ဒယ္ ဟိုက္ဂ်က္မွာ ေအာ္တိုဂီယာက ပုံမွန္အလုပ္မလုပ္တာပါ။ ဂီယာကို နံပါတ္ ၃ အထိထားတဲ့အခါ အျမင့္ဆုံး တစ္နာရီ ရ၀ ကီလိုမီတာႏႈန္းအထိေမာင္းႏွင္ႏိုင္ပါတယ္။ ဒါေပမဲ့ နံပါတ္ ၃ ဂီယာကေနေျပာင္းလဲလို႔မရတာပါ။ ေအာ္တိုဂီယာစနစ္မွာ ခ်ိဳ႕ယြင္းခ်က္ရွိေနတာပါ။ ၆။ ပါဝါစတီယာရင္ပန႔္မ္ – ၂၀ဝ၃ ေမာ္ဒယ္လ္ ဟိုက္ဂ်က္မွာ ပါဝါစတီယာရင္ ပန႔္မ္ (power steering pump) ခ်ိဳ႕ယြင္းတတ္တာပါ။ အသစ္လဲလွယ္ရမွာပါ။ ၇။ ဆီစားႏႈန္းမ်ားလာတာ -၂၀ဝ၇ ေမာ္ဒယ္လ္ ဟိုက္ဂ်က္မွာ ျဖစ္တာပါ။ အိတ္ေဇာက မီးခိုးထုတ္လႊတ္တာနည္းပါးေပမဲ့ဆီစားႏႈန္းမ်ားလာတာပါ။ အျခားဟိုက္ဂ်က္ကားေတြေလာင္စာဆီ တစ္လီတာကို ၁၄ ကီလိုမီတာ ေမာင္းႏွင္ရေပမဲ့ အဲသည္ဟိုက္ဂ်က္ကေတာ့ ေလာင္စာဆီ တစ္လီတာကို ၁၁ ကီလိုမီတာသာေမာင္းႏွင္ႏိုင္ပါတယ္။ ၈။ အင္ဂ်င္ခ်က္ မီးလင္းတာ -၂၀ဝ၃ ေမာ္ဒယ္လ္ ဟိုက္ဂ်က္မွာအင္ဂ်င္ခ်က္မီးလင္းလာတာပါ။ ေမာင္းႏွင္ၿပီး ငါးမိနစ္အတြင္းမွာ speedometer က အလုပ္မလုပ္ေတာ့ဘဲ အင္ဂ်င္ခ်က္မီးလင္းလာတာပါ။ Speedometer အလုပ္ မလုပ္တာကေတာ့ ဝါယာရိန္းစနစ္ကိုစစ္ေဆးရမွာျဖစ္ၿပီး အင္ဂ်င္ခ်က္ မီးလင္းတာကေတာ့ ကြန္ပ်ဴတာထိုးစစ္ၿပီး ျပစ္ခ်က္ရွာေဖြမွသာခ်ိဳ႕ယြင္းခ်က္ရွိတဲ့အ စိတ္အပိုင္းကို အတိအက်သိႏိုင္မွာျဖစ္ပါတယ္။