အဝေးပြေးလမ်းများတွင် ရုတ်တရက် တာယာပွင့်ခဲ့လျှင် လုပ်ဆောင်ရမည့် အချက် (၆) ချက်

အဝေးပြေးလမ်း များတွင် ကားတာယာ ရုတ်တရက် ပွင့်/ပေါက်ခြင်းသည် ယာဉ်မောင်းများအတွက် အသက်အန္တရာယ်များဆုံး မတော်တဆဖြစ်ရပ်များတွင် တစ်ခုအပါအဝင်ဖြစ်ပါသည်။ HILUX SURF, PRADO, LAND CRUISER စသော 4×4 SUV အမြင့်ကားများအတွက် အဆိုပါတာယာပွင့်ခြင်းများ ပို၍ဆိုးပါသည်။ အခြားကားများ တာယာပွင့်လျှင် ထိန်း၍ရနိုင်သောလည်း 4×4 SUV အမြင့်ကားများ တာယာပွင့်လျှင် တိမ်းမှောက်ရန် ၉၀% သေချာသည်။ယခုခေတ် အဆင့်မြင့် နည်းပညာများကြောင့် တာယာပွင့်ထွက်မှု အကြိမ်ရေလျော့နည်း လာသော်လည်း ယာဉ်မောင်းများ၏ အသက်အန္တရာယ်ကို ချိန်းခြောက်ဆဲဖြစ်သည်။ ထို့ကြောင့် “ရုတ်တရက် တာယာ ပွင့်ခဲ့လျှင်´´ဆောင်ရွက်ရန် အောက်ပါအချက်(၆)ချက်ကို အကြံပြုအပ်ပါသည်။၁။ (အကောင်းဆုံးစည်းကမ်း) စိတ်ချရသော သတ်မှတ်အရှိန်နှုန်းအောက်တွင်သာ မောင်းနှင်ပါ – တာယာ ပွင့်စဉ် အရှိန်လျော့နည်းလေ သင့်အသက်ရှင်ရန် အခွင့်အလမ်းများလေ ဖြစ်သည်။ 80 မှ 90 km/h နှင့် 120 မှ 140 km/h အရှိန်နှုန်းနှစ်ခုအနက် အသေအပျောက်အချိုးမှာ (၁း၁၀) ဖြစ်ပါသည်။ 130km/h အရှိန်နှင့် မောင်းစဉ် တာယာပွင့်၍ သင်ဘာမှမဖြစ်လျှင် မဟာကံထူးရှင်ဖြစ်သည်။၂။ တာယာ ပွင့်စဉ် ဘရိတ်ရုတ်တရက်မနင်းရ -အပြောလွယ်သလောက် အလုပ်ခက်ပါသည်။ ယာဉ်မောင်း၏အလေ့အထနှင့် ဦးနှောက်အယူအဆအရ ကားရုတ်တရက် တစ်ခုခုချို့ယွင်းသည်နှင့် ဘရိတ်အုပ်မိတတ်ကြပါသည်။ ကားတာယာပွင့်၍ ထိန်းသိမ်းရခက်နေစဉ် ရုတ်တရက် ဘရိတ်အုပ်ခြင်းသည် ပိုမို၍ ထိန်းရခက်စေပြီး တဘက်သို့ ဆွဲချသွားလိမ့်မည်။၃။ ရုတ်တရက်အရှိန်မြှင့်ခြေနင်း(လီဗာ)ကိုမလွှတ်ရ – ကားတာယာ ပွင့်စဉ် မိမိနင်းထားသော လီဗာကို ရုတ်တရက် မလွတ်ဘဲ ဖြေးညင်းစွာလျှော့ချရန် ဖြစ်ပါသည်။ လီဗာကို (၃)စက္ကန့်ခန့် ယခင်အတိုင်း ဆက်နင်းထားပြီးမှ ဖြည်းဖြည်းလျှော့ချပါ။ ပွင့်နေသော တာယာခွေ ၏ ဆွဲအားကြောင့် ကားမှာလည်း အလိုလိုအရှိန်လျော့သွားမည် ဖြစ်ပါသည်။ သင့်ကား၏ CRUISE CONTROL (အလိုအလျောက်မောင်းစနစ်) ခလုတ်ဖွင့်ထားလျှင် အမြန်ပိတ်ပါ။

၄။ ရှေ့တည့်တည့်သွားရန် အကောင်းဆုံး ကြိုးစားထိန်းပါ – ရှေ့ကားဘီးပွင့်ပါက သင့် ကား ၏ တည်ငြိမ်မှု ကို အပြင်းထိန်ဆုံး ထိခိုက်မည်ဖြစ်ရာ သင့်ကား၏ ဝဲ/ယာသို့ ဆွဲချမည်ဖြစ်သည်။ ဝဲ´သို့ဆွဲလျှင်ယာ´ဘက်သို့ စတီယာရင် ချိုးချပါ။ ယာ´သို့ဆွဲလျှင်ဝဲ´ဘက်ချိုးချပါ။ ဤအလုပ်ကို လျင်မြန်စွာနှင့် ရဲရင့်စွာလုပ်ရန်လိုပါသည်။ သို့မှသာ ကား မှာ လမ်း အတိုင်း တည့်တည့်တရွတ်တိုက် ရွေ့မည်ဖြစ်သည်။၅။ သွေးမပျက်ဘဲ တည်ငြိမ်စွာထိန်းရန် – အဓိကအချက်ဖြစ်သော ကား ၏တည်ငြိမ်မှု၊ တည့်တည့်သွားမှုသည် အရေးကြီးပါသည်။ ရုတ်တရက် အများကြီး စတီယာရင်ချိုးကွေ့မှုသည် ကား ကို တိမ်းမှောက်ပြီး၊ သုံး/လေးပတ်လိမ့်စေနိုင်သည်။ ကား ကိုထိန်းချုပ်နိုင်သည်အထိ စတီယာရင်ကို လိုသလိုထိန်းညှိ၍ စိတ်ချသောနေရာတွင် ရပ်ရန်ဖြစ်ပါသည်။၆။ ကား အရှိန်လျော့လာပြီး စိတ်ချစွာရပ်နည်း – ကား ကို ပထမအဆင့်ထိန်း၍ ရပြီဆိုလျှင် ဂီယာဒေါင်း၍ အရှိန်လျှော့ပါ။ (Auto Gear ဆိုလျှင် 2/L သို့ ဆွဲချပါ)။ အချက်ပြမီးပြပြီး အမြန်လမ်းပေါ်မှ ဘေးမြေသားပေါ်သို့ဆင်းပါ။ တာယာ ကျွတ်သွား၍ ကျန်သောကားဘီးခွေကို မနှမြောပါနှင့် ဒီတိုင်းဆက်မောင်းပါ။ ကား ရပ်သွားလျှင် စုံအချက်ပြမီး (Hazard Light) ဆက်ဖွင့်ထားပါ။

Credit to Pyi Sae

[zawgyi]

အေဝးေျပးလမ္း မ်ားတြင္ ကားတာယာ ႐ုတ္တရက္ ပြင့္/ေပါက္ျခင္းသည္ ယာဥ္ေမာင္းမ်ားအတြက္ အသက္အႏၲရာယ္မ်ားဆုံး မေတာ္တဆျဖစ္ရပ္မ်ားတြင္ တစ္ခုအပါအဝင္ျဖစ္ပါသည္။ HILUX SURF, PRADO, LAND CRUISER စေသာ 4×4 SUV အျမင့္ကားမ်ားအတြက္ အဆိုပါတာယာပြင့္ျခင္းမ်ား ပို၍ဆိုးပါသည္။ အျခားကားမ်ား တာယာပြင့္လွ်င္ ထိန္း၍ရႏိုင္ေသာလည္း 4×4 SUV အျမင့္ကားမ်ား တာယာပြင့္လွ်င္ တိမ္းေမွာက္ရန္ ၉၀% ေသခ်ာသည္။ယခုေခတ္ အဆင့္ျမင့္ နည္းပညာမ်ားေၾကာင့္ တာယာပြင့္ထြက္မႈ အႀကိမ္ေရေလ်ာ့နည္း လာေသာ္လည္း ယာဥ္ေမာင္းမ်ား၏ အသက္အႏၲရာယ္ကို ခ်ိန္းေျခာက္ဆဲျဖစ္သည္။ ထို႔ေၾကာင့္ “႐ုတ္တရက္ တာယာ ပြင့္ခဲ့လွ်င္´´ေဆာင္႐ြက္ရန္ ေအာက္ပါအခ်က္(၆)ခ်က္ကို အႀကံျပဳအပ္ပါသည္။၁။ (အေကာင္းဆုံးစည္းကမ္း) စိတ္ခ်ရေသာ သတ္မွတ္အရွိန္ႏႈန္းေအာက္တြင္သာ ေမာင္းႏွင္ပါ – တာယာ ပြင့္စဥ္ အရွိန္ေလ်ာ့နည္းေလ သင့္အသက္ရွင္ရန္ အခြင့္အလမ္းမ်ားေလ ျဖစ္သည္။ 80 မွ 90 km/h ႏွင့္ 120 မွ 140 km/h အရွိန္ႏႈန္းႏွစ္ခုအနက္ အေသအေပ်ာက္အခ်ိဳးမွာ (၁း၁၀) ျဖစ္ပါသည္။ 130km/h အရွိန္ႏွင့္ ေမာင္းစဥ္ တာယာပြင့္၍ သင္ဘာမွမျဖစ္လွ်င္ မဟာကံထူးရွင္ျဖစ္သည္။၂။ တာယာ ပြင့္စဥ္ ဘရိတ္႐ုတ္တရက္မနင္းရ -အေျပာလြယ္သေလာက္ အလုပ္ခက္ပါသည္။ ယာဥ္ေမာင္း၏အေလ့အထႏွင့္ ဦးေႏွာက္အယူအဆအရ ကား႐ုတ္တရက္ တစ္ခုခုခ်ိဳ႕ယြင္းသည္ႏွင့္ ဘရိတ္အုပ္မိတတ္ၾကပါသည္။ ကားတာယာပြင့္၍ ထိန္းသိမ္းရခက္ေနစဥ္ ႐ုတ္တရက္ ဘရိတ္အုပ္ျခင္းသည္ ပိုမို၍ ထိန္းရခက္ေစၿပီး တဘက္သို႔ ဆြဲခ်သြားလိမ့္မည္။၃။ ႐ုတ္တရက္အရွိန္ျမႇင့္ေျခနင္း(လီဗာ)ကိုမလႊတ္ရ – ကားတာယာ ပြင့္စဥ္ မိမိနင္းထားေသာ လီဗာကို ႐ုတ္တရက္ မလြတ္ဘဲ ေျဖးညင္းစြာေလွ်ာ့ခ်ရန္ ျဖစ္ပါသည္။ လီဗာကို (၃)စကၠန႔္ခန႔္ ယခင္အတိုင္း ဆက္နင္းထားၿပီးမွ ျဖည္းျဖည္းေလွ်ာ့ခ်ပါ။ ပြင့္ေနေသာ တာယာေခြ ၏ ဆြဲအားေၾကာင့္ ကားမွာလည္း အလိုလိုအရွိန္ေလ်ာ့သြားမည္ ျဖစ္ပါသည္။ သင့္ကား၏ CRUISE CONTROL (အလိုအေလ်ာက္ေမာင္းစနစ္) ခလုတ္ဖြင့္ထားလွ်င္ အျမန္ပိတ္ပါ။၄။ ေရွ႕တည့္တည့္သြားရန္ အေကာင္းဆုံး ႀကိဳးစားထိန္းပါ – ေရွ႕ကားဘီးပြင့္ပါက သင့္ ကား ၏ တည္ၿငိမ္မႈ ကို အျပင္းထိန္ဆုံး ထိခိုက္မည္ျဖစ္ရာ သင့္ကား၏ ဝဲ/ယာသို႔ ဆြဲခ်မည္ျဖစ္သည္။ ဝဲ´သို႔ဆြဲလွ်င္ယာ´ဘက္သို႔ စတီယာရင္ ခ်ိဳးခ်ပါ။ ယာ´သို႔ဆြဲလွ်င္ဝဲ´ဘက္ခ်ိဳးခ်ပါ။ ဤအလုပ္ကို လ်င္ျမန္စြာႏွင့္ ရဲရင့္စြာလုပ္ရန္လိုပါသည္။ သို႔မွသာ ကား မွာ လမ္း အတိုင္း တည့္တည့္တ႐ြတ္တိုက္ ေ႐ြ႕မည္ျဖစ္သည္။၅။ ေသြးမပ်က္ဘဲ တည္ၿငိမ္စြာထိန္းရန္ – အဓိကအခ်က္ျဖစ္ေသာ ကား ၏တည္ၿငိမ္မႈ၊ တည့္တည့္သြားမႈသည္ အေရးႀကီးပါသည္။ ႐ုတ္တရက္ အမ်ားႀကီး စတီယာရင္ခ်ိဳးေကြ႕မႈသည္ ကား ကို တိမ္းေမွာက္ၿပီး၊ သုံး/ေလးပတ္လိမ့္ေစႏိုင္သည္။ ကား ကိုထိန္းခ်ဳပ္ႏိုင္သည္အထိ စတီယာရင္ကို လိုသလိုထိန္းညႇိ၍ စိတ္ခ်ေသာေနရာတြင္ ရပ္ရန္ျဖစ္ပါသည္။၆။ ကား အရွိန္ေလ်ာ့လာၿပီး စိတ္ခ်စြာရပ္နည္း – ကား ကို ပထမအဆင့္ထိန္း၍ ရၿပီဆိုလွ်င္ ဂီယာေဒါင္း၍ အရွိန္ေလွ်ာ့ပါ။ (Auto Gear ဆိုလွ်င္ 2/L သို႔ ဆြဲခ်ပါ)။ အခ်က္ျပမီးျပၿပီး အျမန္လမ္းေပၚမွ ေဘးေျမသားေပၚသို႔ဆင္းပါ။ တာယာ ကြၽတ္သြား၍ က်န္ေသာကားဘီးေခြကို မႏွေျမာပါႏွင့္ ဒီတိုင္းဆက္ေမာင္းပါ။ ကား ရပ္သြားလွ်င္ စုံအခ်က္ျပမီး (Hazard Light) ဆက္ဖြင့္ထားပါ။