ကယားပြည်နယ်ထဲက ထူးဆန်တဲ့ နေရာတစ်ခုဖြစ်တဲ့ ကြက်ဂူ

ဒီနေ့တော့ ကယားပြည်နယ်ရှိ ထူးဆန်းဖွယ်ရာများနှင့် ပြည့်နှက်နေပြီး အရမ်းစိတ်ဝင်စားဖွယ်ကောင်းတဲ့ ဂူထဲမှာ ၁၂ ပေ ၁၃ ပေရှည်ပြီ်း ကျွန်းတစ်ပင်ထဲကို ထွင်းထားတဲ့ အချို့ဆို ၁၆ ပေထိရှည်လျားတဲ့ ခေါင်းတလားများရှိပြီး လူတွေသွားလာနေတာ ၃-၄နှစ်တောင်မှမရှိသေးတဲ့ ကြတ်ဂူ နဲ့ မိတ်ဆက်ပေးပါမယ် သူ့ရာဇဝင်လည်း မျှဝေရင်းပေါ့။ဒီဂူကို ဝင်လိုက်တာနဲ့ ပထမဆုံးအရမ်းလည်းစိတ်ဝင်စားပြီး ထူးဆန်းနေလိမ့်မယ်လေ ဂူထဲ စဝင်ပြီးလို့ စေတီလေး ကျော်လာတာနဲ့ သစ်စတွေကို စတွေ့ပါလိမ့်မယ် အဲဒီသစ်စတွေဟာ ဟိုးရာစုနှစ်များစွာထဲက ဂူနံရံ တွေမှာ တင်ထားပြီး ယနေ့လူတွေက ဘာရှိလဲသိချင်တာနဲ့ ထိုးချလို့ အောက်ကျပြီး ပျက်စီးနေတဲ့ ခေါင်းတလား အပိုင်းအစတွေပါ။နောက် ၁၀မိနစ်လောက်ဆက်သွားတာနဲ့ အကောင်းပတိနဲ့ ၁၃ပေ ရှည်တဲ့ခေါင်းတလားများစွာ ဆက်တိုက်တွေ့ပါလိမ့်မယ်ဗျ…နဲနဲတော့ ကျောချမ်းစရာပေါ့ဘာတွေလဲ ဘယ်ခေတ်ကလဲ ဒီနေရာကိုဘယ်လိုရောက်လာတာလဲ အဲလောက်ကြီးတဲ့လူတွေရှိပါ့မလား အတွေးပေါင်းစုံနဲ့ပေါ့ ခင်များ ပြန်လာလိမ့်မယ်။ ဒါပေမယ့် မသိပဲပြန်သွားတာလည်းအများကြီးပေါ့။ဒါကြောင့်သိစေချင်လို့ ဒီဂူထဲမှာ ၄နှစ်ကျော် တရားကျင့်ခဲ့ပြီး အခုလည်း ဂူပြင်မှာသီတင်းသုံးနေတဲ့ ဆရာတော်ကိုပဲ သိချင်တာ လျှောက်ထား မေးမြန်းလိုက်ပါတယ် သူငယ်ချင်းတို့ မသိသေးရင် သိစေဖို့ မျှဝေလိုက်ပါတယ်ဗျ။ ဆရာတော်ပြောပြတဲ့ ဂူထဲက ခေါင်းတလားပိုင်ရှင်တွေ အကြောင်းလေးပါ၊ဟိုးယခင်ကနေ ယခုချိန်ထိ ဂူအနီးတဝိုက်မှာနေတဲ့ ဒေသခံတွေဟာ ဂူနားကို မလာရဲကြပါဘူး ဒီနေရာဟာ နတ်ကြီးပြီး အမှားအယွင်း မခံလို့ ရှောင်ကွင်းပြီး ပဲနေလာခဲ့ပါတယ် ဒါပေမယ့်တိုက်ဆိုင်ချင်တော့ တစ်ရက်မှာပေါ့၊ရှားတောဘက် ကနေလာတဲ့ ကယားအမျိုးသမီးတစ်ဦးဟာ မိုးဗြဲ ဘုရားပွဲသွားလည်ဖို့အတွက် နွားလှည်းနဲ့ ဂူအနီးကနေဖြတ်လာခဲ့ပါတယ် ၊ အချိန်လည်းနည်းနည်း နောက်ကျနေတော့ သူ့ရင်ထဲမှာလည်း ခပ်လန့်လန့်ပေါ့ ၊ ဒီနေရာတစ်ဝိုက်မှာ သူတို့ အခေါ် တောလူ တွေနေကြတယ်လို့ သိထားတယ်လေ။သူ့အတွေးမဆုံးခင်မှာပဲ ရှေ့မှာ သာမန်ထက် အရပ်အလွန်ရှည်ပြီး ဆံပင်ဖားလျားချထားတဲ့ ရင်လျှားနဲ့မိန်းမတစ်ယောက်ရပ်နေတာတွေ့လိုက်ရတယ်တဲ့၊ ထိတ်ခနဲ ဖြစ်သွားပေမယ့် ရုတ်တရက်လှည်းပေါ်မှာဆိုတော့ ပြေးလို့ကလည်းမရပေါ့ ဒီအချိန်မှာပဲ အဲဒီအသားညိုညိုနဲ့ ထူးဆန်းတဲ့မိန်းမဆီကနေစကားသံကြားလိုက်ရတယ်။ ဒီလှည်းက မိုးဗြဲ ပွဲသွားမလို့လား ၊သူမလည်း အယောင်ယောင်နဲ့ ဟုတ်တယ်လို့ ပြန်ဖြေလိုက်တယ်။ပွဲသွားရင်တစ်ခုလောက် အကူအညီတောင်းမလို့ပါ၊ပွဲကို ကျွန်မ ယောကျ်ားသွားလည်လို့ပါ သူ့ကိုတွေ့ရင် ကလေးအရမ်းနေမကောင်းဖြစ်နေတယ် ၊ ကလေးအတွက် အခေါင်းလုပ်ဖို့ ချက်ချင်းပြန်လာပေးပါလို့ ပြောပေးပါ ၊ သူ့ကိုတွေ့ဖို့က ဒါလေးနဲ့ရှာရင်ပိုလွယ်ပါလိမ့်မယ်ပြောရင်း ပစ္စည်းတစ်ခုပေးလာပါတယ် ၊ ဆေးမြစ်လိုလို အဆောင်လိုလို ပစ္စည်းတစ်ခုပါ။နဂိုထဲကလည်း ကြောက်နေတော့ ပေးလာတဲ့ ပစ္စည်း ယူပြီးပြောပေးမယ်လို့ ကတိပေးလို့ မိုးဗြဲကို ဆက်ထွက်လာခဲ့ပါတယ်။မိုးဗြဲရောက်တော့ ကတိပေးလာတဲ့အတိုင်းလိုက်ရှာပါတယ် မတွေ့ပါဘူး၊ဒါနဲ့ သတိရပြီး ဟိုမိန်းမ ပေးလာတဲ့ ပစ္စည်းလေးထုတ်ကိုင်လိုက်မှ လူတွေကြားထဲမှာ ကလန်ကလားအရပ်ကြီးနဲ့ သွားနေတဲ့ ယောကျ်ားတစ်ဦးကိုတွေ့ပါတော့တယ် ။ ဒါနဲ့ သူ့ဆီသွားလိုက်ပါတယ် အနားရောက်တော့ သူမအရပ်က သူ့ခါးသာသာပဲရှိပါတယ် ဒါနဲ့ ရဲစိတ်တင်ပြီး ပေါင်ကိုလှမ်းပုတ်ပြီး အမှာစကားကိုပြောပြလိုက်တော့ အလွန်အံသြတဲ့ပုံနဲ့ ကြည့်လာပြီးနားထောင်ပါတယ်။

သူမစကားဆုံးတော့ ထိုသူကပြန်မေးလာပါတယ်။ ခင်ဗျား ဟာ ကျွန်တော့ကို မမြင်နိုင်ပါဘူး ဘယ်လိုမြင်လဲ။သူမလည်း ရှင့်မိန်းမက ဒါလေး ပေးလိုက်ပြီး အမှာစကားပြောလိုက်တာလို့ ပြောရင်း ပြလိုက်တော့ သူမလက်ထဲကနေ ဆတ်ခနဲ သူ့မိန်းမပေးလိုက်တဲ့ အဆောင်ကို လုယူပြီး ပျောက်ကွယ်သွားပါတယ်။ ဒါကတော့ ဂူထဲက အရာတွေနဲ့ လူသားကြားကဆက်နွယ်မှု အဖြစ်အပျက်လေးပါ ရှေးလူကြီးတွေ အစဉ်အဆက်ပြောပြတာလို့ ဆရာတော်က ပြောပြပါတယ်။ ဒါနဲ့ ဆရာတော် ဂူထဲမှာ ၄နှစ်တာနေထိုင်တုန်းက ဘာတွေတွေ့ လဲ တစ်ကယ်ရှိတာလားဆိုတော့ ပြုံးပြီး ဒီလိုပဲ မိန့်ပါတယ်။မြင်အပ် မမြင်အပ် နှစ်ရပ်များစွာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ လို့ တို့ ဗုဒ္ဓဘာသာမှာ ရှိတာပဲ ဒကာကြီးလို့ပဲ မိန့်ပါတယ်။ဂူဘယ်လောက်ရှည်လဲ ဆိုတော့ ဆရာတော်က ဂူထဲကို နိုင်ငံခြားသား ဂူပညာရှင်တစ်ဖွဲ့ဝင်သွားဖူးတာတော့ မနက် ၉နာရီကဝင်တာ ညနေ၅နရီလောက်မှ ပြန်ထွက်လာတယ် မဆုံးသေးဘူးပြောတယ် နောက်တစ်ခါမှ ပစ္စည်းအစုံနဲ့ ဝင်လေ့လာမယ်လို့ ဆရာတော်ကိုလျှောက်သွားပါတယ်။ဒီတော့ စဉ်းစားမိတာက ကျွန်တော်တို့ ဆီကလူကြီးတွေက ပညာရှင်တွေခေါ်ပြီး သေချာလေ့လာသင့်တယ်လို့ပါ နှစ်သက်တန်းစစ်တာရော DNA စစ်တာ ဂူကိုစနစ်တစ်ကျ သုသေသနလုပ်တာမျိုးပေါ့။သမိုင်း တစ်ခု ပေါ်လာမလားပေါ့။ ဘာလို့ဆိုရှေးမျိုးနွယ်စုတွေဟာ အရပ်အရှည် ကြီးတွေဖြစ်ပြီး ဒီလိုခေါင်းတလားတွေဟာ အချို့ ဂူူတွေမှာလည်း တစ်လုံးစ နှစ်လုံးစရှိနေလို့ပါ။ယခု ဂူမှာတော့ ရာကျော်ရှိနေပါတယ်။ဂူနံရံ တွေမှာလည်း တင်ထားတာတွေ တွေ့နိုင်ပါတယ်။ဒါပေမယ့် တစ်ခုထူးဆန်းတာက ဂူပေါက်ရောက်ပြီး မြွေတွေ့လို့ ပြန်သွားတဲ့လူ ရှိသလို အတူတူသွားပြီး မတွေ့ပဲ ဝင်သွားရတာတွေလည်းရှိပတယ်။ရေစက်လားပေါ့ ကျွန်တော်ကိုယ်တိုင် နိုင်ငံခြားသားတွေလိုက်ပို့ရင်း ၂ကြိမ်ကြုံဖူးပါတယ်။သူငယ်ချင်းတို့လည်း ကယားရောက်ရင် သွားလည်ရင်း ဆရာတော်ကိုလည်း ဖူးမြော်နိုင်ပါတယ်လို့ကဲဒီလောက်ထူးဆန်း အံ့သြဖွယ်ကောင်းတဲ့ ကြတ်ဂူကို တစ်ခါတစ်ခေါက်လောက် သင်အရောက်သွားပြီး လေ့လာသင့်ပါကြောင်း…အကြံပြုရင်း……..နေမိုးအောင်9Generation Force Travel&Tourကြတ်ဂူလွိုင်ကော်ကနေ ရှားတောမြို့နယ်ဘက်သွားတဲ့လမ်းပေါ်မှာရှိပြီး ဆယ်မိုင်ကျော်ကျော်လောက် လွိုင်ကော်ကနေသွားတဲ့အခါ ကြက်သီးထစရာ ကြတ်ဂူ (ဒေသခံတွေအခေါ် ဂျတ်ဂူ) ကိုရောက်ပါတယ်။ လွိုင်ကော်မြို့အရှေ့ဘက် ဆယ်မိုင်၊ ပင်လယ်ရေမျက်နှာပြင် ၂၉၉၀ ပေမှာ ရှိတဲ့ ဒီကြတ်ဂူဟာထုံးကျောက်နဲ့ဒိုလိုမိုက်ကျောက်တွေနဲ့ ဖွဲ့စည်းထားပါတယ်။ ကယားဘာသာနဲ့ဆိုရင် ရာစုကုလို့ခေါ်ပါတယ်။ဂူအတွင်းထဲမှာ အရှည်ဆုံးဆိုရင် ၁၅ ပေနဲ့ အတိုဆုံး ၂ ပေရှိတဲ့ သစ်သားခေါင်းတလားတွေ တွေ့ထားတာမို့ ဒီနေရာမှာ မမြင်မတွေ့နိုင်သူတွေလည်း နေထိုင်နိုင်တယ်ဆိုတဲ့ ယူဆချက်တွေလည်းကြားရပါတယ်။ ဒီဂူထဲကို လွန်ခဲ့တဲ့ နှစ် ၇၀ ကျော်လောက်ကဝင်ခဲ့ဖူးတဲ့သူတွေအဆိုအရဆိုရင် မျက်နှာကြက်တွေပေါ်မှာရှိနေတဲ့ ခေါင်းတွေထဲမှာ အရိုးစုတွေတောင်တွေ့ရတယ်လို့ဆိုပါတယ်။ ခုတော့ မတွေ့ရတော့ပါဘူး။ယုံကြည်မှုဆိုင်ရာညွှန်းဆိုချက်တွေအရတော့ ဒီနေရာဟာ ပရလောကသားတွေပါ ရှိနေသလိုလိုပါ။ ဂူအတွင်းထဲကိုဝင်မယ်ဆိုရင်ရင် မြေပေါ်ကနေ ၁၀ မိနစ်ကျော်လောက် လှေကားထစ်တွေအတိုင်းတက်ရပါတယ်။ ဂူဝရောက်တဲ့အခါ ကြီးမားလှတဲ့ကျောက်တုံးကြီးတွေ ရှိနေတာမို့ သစ်သားလျှောက်လှမ်းလေးနဲ့ ခဲရာခဲဆစ် ထပ်ဝင်ရပါတယ်။ ကျမတို့သွားတုန်းက အတွင်းပိုင်းထိ မီးမရသေးလို့ ဂူတဝက်ကနေ လှည့်ပြန်လာခဲ့ရပါတယ်။ ခေါင်းတွေလည်း မတွေ့ရပါဘူး။ ဂူထဲက အနေအထားကြောင့်လားမသိ၊ ကျမတို့တော့ အမျိူးအမည်မသိတဲ့ ချမ်းစိမ့်စိမ့်ဖီလင်လေးတောင် ဖြစ်ခဲ့ရပါသေးတယ်။ ခု နောက်ပိုင်းမီးတွေတပ်ဆင်ပြီးတာမို့ ပေ ၈၀၀ ကျော် လောက်အထိ သွားနိုင်ပါပြီ။

Credit:Irrawaddy Burmese

[zawgyi]

ဒီေန႔ေတာ့ ကယားျပည္နယ္ရွိ ထူးဆန္းဖြယ္ရာမ်ားႏွင့္ ျပည့္ႏွက္ေနၿပီး အရမ္းစိတ္ဝင္စားဖြယ္ေကာင္းတဲ့ ဂူထဲမွာ ၁၂ ေပ ၁၃ ေပရွည္ၿပီ္း ကြၽန္းတစ္ပင္ထဲကို ထြင္းထားတဲ့ အခ်ိဳ႕ဆို ၁၆ ေပထိရွည္လ်ားတဲ့ ေခါင္းတလားမ်ားရွိၿပီး လူေတြသြားလာေနတာ ၃-၄ႏွစ္ေတာင္မွမရွိေသးတဲ့ ၾကတ္ဂူ နဲ႔ မိတ္ဆက္ေပးပါမယ္ သူ႔ရာဇဝင္လည္း မွ်ေဝရင္းေပါ့။ဒီဂူကို ဝင္လိုက္တာနဲ႔ ပထမဆုံးအရမ္းလည္းစိတ္ဝင္စားၿပီး ထူးဆန္းေနလိမ့္မယ္ေလ ဂူထဲ စဝင္ၿပီးလို႔ ေစတီေလး ေက်ာ္လာတာနဲ႔ သစ္စေတြကို စေတြ႕ပါလိမ့္မယ္ အဲဒီသစ္စေတြဟာ ဟိုးရာစုႏွစ္မ်ားစြာထဲက ဂူနံရံ ေတြမွာ တင္ထားၿပီး ယေန႔လူေတြက ဘာရွိလဲသိခ်င္တာနဲ႔ ထိုးခ်လို႔ ေအာက္က်ၿပီး ပ်က္စီးေနတဲ့ ေခါင္းတလား အပိုင္းအစေတြပါ။ေနာက္ ၁၀မိနစ္ေလာက္ဆက္သြားတာနဲ႔ အေကာင္းပတိနဲ႔ ၁၃ေပ ရွည္တဲ့ေခါင္းတလားမ်ားစြာ ဆက္တိုက္ေတြ႕ပါလိမ့္မယ္ဗ်…နဲနဲေတာ့ ေက်ာခ်မ္းစရာေပါ့ဘာေတြလဲ ဘယ္ေခတ္ကလဲ ဒီေနရာကိုဘယ္လိုေရာက္လာတာလဲ အဲေလာက္ႀကီးတဲ့လူေတြရွိပါ့မလား အေတြးေပါင္းစုံနဲ႔ေပါ့ ခင္မ်ား ျပန္လာလိမ့္မယ္။ ဒါေပမယ့္ မသိပဲျပန္သြားတာလည္းအမ်ားႀကီးေပါ့။ဒါေၾကာင့္သိေစခ်င္လို႔ ဒီဂူထဲမွာ ၄ႏွစ္ေက်ာ္ တရားက်င့္ခဲ့ၿပီး အခုလည္း ဂူျပင္မွာသီတင္းသုံးေနတဲ့ ဆရာေတာ္ကိုပဲ သိခ်င္တာ ေလွ်ာက္ထား ေမးျမန္းလိုက္ပါတယ္ သူငယ္ခ်င္းတို႔ မသိေသးရင္ သိေစဖို႔ မွ်ေဝလိုက္ပါတယ္ဗ်။ ဆရာေတာ္ေျပာျပတဲ့ ဂူထဲက ေခါင္းတလားပိုင္ရွင္ေတြ အေၾကာင္းေလးပါ၊ဟိုးယခင္ကေန ယခုခ်ိန္ထိ ဂူအနီးတဝိုက္မွာေနတဲ့ ေဒသခံေတြဟာ ဂူနားကို မလာရဲၾကပါဘူး ဒီေနရာဟာ နတ္ႀကီးၿပီး အမွားအယြင္း မခံလို႔ ေရွာင္ကြင္းၿပီး ပဲေနလာခဲ့ပါတယ္ ဒါေပမယ့္တိုက္ဆိုင္ခ်င္ေတာ့ တစ္ရက္မွာေပါ့၊ရွားေတာဘက္ ကေနလာတဲ့ ကယားအမ်ိဳးသမီးတစ္ဦးဟာ မိုးၿဗဲ ဘုရားပြဲသြားလည္ဖို႔အတြက္ ႏြားလွည္းနဲ႔ ဂူအနီးကေနျဖတ္လာခဲ့ပါတယ္ ၊ အခ်ိန္လည္းနည္းနည္း ေနာက္က်ေနေတာ့ သူ႔ရင္ထဲမွာလည္း ခပ္လန႔္လန႔္ေပါ့ ၊ ဒီေနရာတစ္ဝိုက္မွာ သူတို႔ အေခၚ ေတာလူ ေတြေနၾကတယ္လို႔ သိထားတယ္ေလ။သူ႔အေတြးမဆုံးခင္မွာပဲ ေရွ႕မွာ သာမန္ထက္ အရပ္အလြန္ရွည္ၿပီး ဆံပင္ဖားလ်ားခ်ထားတဲ့ ရင္လွ်ားနဲ႔မိန္းမတစ္ေယာက္ရပ္ေနတာေတြ႕လိုက္ရတယ္တဲ့၊ ထိတ္ခနဲ ျဖစ္သြားေပမယ့္ ႐ုတ္တရက္လွည္းေပၚမွာဆိုေတာ့ ေျပးလို႔ကလည္းမရေပါ့ ဒီအခ်ိန္မွာပဲ အဲဒီအသားညိဳညိဳနဲ႔ ထူးဆန္းတဲ့မိန္းမဆီကေနစကားသံၾကားလိုက္ရတယ္။ ဒီလွည္းက မိုးၿဗဲ ပြဲသြားမလို႔လား ၊သူမလည္း အေယာင္ေယာင္နဲ႔ ဟုတ္တယ္လို႔ ျပန္ေျဖလိုက္တယ္။ပြဲသြားရင္တစ္ခုေလာက္ အကူအညီေတာင္းမလို႔ပါ၊ပြဲကို ကြၽန္မ ေယာက်္ားသြားလည္လို႔ပါ သူ႔ကိုေတြ႕ရင္ ကေလးအရမ္းေနမေကာင္းျဖစ္ေနတယ္ ၊ ကေလးအတြက္ အေခါင္းလုပ္ဖို႔ ခ်က္ခ်င္းျပန္လာေပးပါလို႔ ေျပာေပးပါ ၊ သူ႔ကိုေတြ႕ဖို႔က ဒါေလးနဲ႔ရွာရင္ပိုလြယ္ပါလိမ့္မယ္ေျပာရင္း ပစၥည္းတစ္ခုေပးလာပါတယ္ ၊ ေဆးျမစ္လိုလို အေဆာင္လိုလို ပစၥည္းတစ္ခုပါ။နဂိုထဲကလည္း ေၾကာက္ေနေတာ့ ေပးလာတဲ့ ပစၥည္း ယူၿပီးေျပာေပးမယ္လို႔ ကတိေပးလို႔ မိုးၿဗဲကို ဆက္ထြက္လာခဲ့ပါတယ္။မိုးၿဗဲေရာက္ေတာ့ ကတိေပးလာတဲ့အတိုင္းလိုက္ရွာပါတယ္ မေတြ႕ပါဘူး၊ဒါနဲ႔ သတိရၿပီး ဟိုမိန္းမ ေပးလာတဲ့ ပစၥည္းေလးထုတ္ကိုင္လိုက္မွ လူေတြၾကားထဲမွာ ကလန္ကလားအရပ္ႀကီးနဲ႔ သြားေနတဲ့ ေယာက်္ားတစ္ဦးကိုေတြ႕ပါေတာ့တယ္ ။ ဒါနဲ႔ သူ႔ဆီသြားလိုက္ပါတယ္ အနားေရာက္ေတာ့ သူမအရပ္က သူ႔ခါးသာသာပဲရွိပါတယ္ ဒါနဲ႔ ရဲစိတ္တင္ၿပီး ေပါင္ကိုလွမ္းပုတ္ၿပီး အမွာစကားကိုေျပာျပလိုက္ေတာ့ အလြန္အံၾသတဲ့ပုံနဲ႔ ၾကည့္လာၿပီးနားေထာင္ပါတယ္။သူမစကားဆုံးေတာ့ ထိုသူကျပန္ေမးလာပါတယ္။ ခင္ဗ်ား ဟာ ကြၽန္ေတာ့ကို မျမင္ႏိုင္ပါဘူး ဘယ္လိုျမင္လဲ။သူမလည္း ရွင့္မိန္းမက ဒါေလး ေပးလိုက္ၿပီး အမွာစကားေျပာလိုက္တာလို႔ ေျပာရင္း ျပလိုက္ေတာ့ သူမလက္ထဲကေန ဆတ္ခနဲ သူ႔မိန္းမေပးလိုက္တဲ့ အေဆာင္ကို လုယူၿပီး ေပ်ာက္ကြယ္သြားပါတယ္။ ဒါကေတာ့ ဂူထဲက အရာေတြနဲ႔ လူသားၾကားကဆက္ႏြယ္မႈ အျဖစ္အပ်က္ေလးပါ ေရွးလူႀကီးေတြ အစဥ္အဆက္ေျပာျပတာလို႔ ဆရာေတာ္က ေျပာျပပါတယ္။ ဒါနဲ႔ ဆရာေတာ္ ဂူထဲမွာ ၄ႏွစ္တာေနထိုင္တုန္းက ဘာေတြေတြ႕ လဲ တစ္ကယ္ရွိတာလားဆိုေတာ့ ၿပဳံးၿပီး ဒီလိုပဲ မိန႔္ပါတယ္။ျမင္အပ္ မျမင္အပ္ ႏွစ္ရပ္မ်ားစြာ သတၱဝါ ခ်မ္းသာကိုယ္စိတ္ၿမဲပါေစ လို႔ တို႔ ဗုဒၶဘာသာမွာ ရွိတာပဲ ဒကာႀကီးလို႔ပဲ မိန႔္ပါတယ္။ဂူဘယ္ေလာက္ရွည္လဲ ဆိုေတာ့ ဆရာေတာ္က ဂူထဲကို ႏိုင္ငံျခားသား ဂူပညာရွင္တစ္ဖြဲ႕ဝင္သြားဖူးတာေတာ့ မနက္ ၉နာရီကဝင္တာ ညေန၅နရီေလာက္မွ ျပန္ထြက္လာတယ္ မဆုံးေသးဘူးေျပာတယ္ ေနာက္တစ္ခါမွ ပစၥည္းအစုံနဲ႔ ဝင္ေလ့လာမယ္လို႔ ဆရာေတာ္ကိုေလွ်ာက္သြားပါတယ္။ဒီေတာ့ စဥ္းစားမိတာက ကြၽန္ေတာ္တို႔ ဆီကလူႀကီးေတြက ပညာရွင္ေတြေခၚၿပီး ေသခ်ာေလ့လာသင့္တယ္လို႔ပါ ႏွစ္သက္တန္းစစ္တာေရာ DNA စစ္တာ ဂူကိုစနစ္တစ္က် သုေသသနလုပ္တာမ်ိဳးေပါ့။သမိုင္း တစ္ခု ေပၚလာမလားေပါ့။ ဘာလို႔ဆိုေရွးမ်ိဳးႏြယ္စုေတြဟာ အရပ္အရွည္ ႀကီးေတြျဖစ္ၿပီး ဒီလိုေခါင္းတလားေတြဟာ အခ်ိဳ႕ ဂူူေတြမွာလည္း တစ္လုံးစ ႏွစ္လုံးစရွိေနလို႔ပါ။ယခု ဂူမွာေတာ့ ရာေက်ာ္ရွိေနပါတယ္။ဂူနံရံ ေတြမွာလည္း တင္ထားတာေတြ ေတြ႕ႏိုင္ပါတယ္။ဒါေပမယ့္ တစ္ခုထူးဆန္းတာက ဂူေပါက္ေရာက္ၿပီး ေႁမြေတြ႕လို႔ ျပန္သြားတဲ့လူ ရွိသလို အတူတူသြားၿပီး မေတြ႕ပဲ ဝင္သြားရတာေတြလည္းရွိပတယ္။ေရစက္လားေပါ့ ကြၽန္ေတာ္ကိုယ္တိုင္ ႏိုင္ငံျခားသားေတြလိုက္ပို႔ရင္း ၂ႀကိမ္ႀကဳံဖူးပါတယ္။သူငယ္ခ်င္းတို႔လည္း ကယားေရာက္ရင္ သြားလည္ရင္း ဆရာေတာ္ကိုလည္း ဖူးေျမာ္ႏိုင္ပါတယ္လို႔ကဲဒီေလာက္ထူးဆန္း အံ့ၾသဖြယ္ေကာင္းတဲ့ ၾကတ္ဂူကို တစ္ခါတစ္ေခါက္ေလာက္ သင္အေရာက္သြားၿပီး ေလ့လာသင့္ပါေၾကာင္း…အႀကံျပဳရင္း……..ေနမိုးေအာင္9Generation Force Travel&Tourၾကတ္ဂူလြိဳင္ေကာ္ကေန ရွားေတာၿမိဳ႕နယ္ဘက္သြားတဲ့လမ္းေပၚမွာရွိၿပီး ဆယ္မိုင္ေက်ာ္ေက်ာ္ေလာက္ လြိဳင္ေကာ္ကေနသြားတဲ့အခါ ၾကက္သီးထစရာ ၾကတ္ဂူ (ေဒသခံေတြအေခၚ ဂ်တ္ဂူ) ကိုေရာက္ပါတယ္။ လြိဳင္ေကာ္ၿမိဳ႕အေရွ႕ဘက္ ဆယ္မိုင္၊ ပင္လယ္ေရမ်က္ႏွာျပင္ ၂၉၉၀ ေပမွာ ရွိတဲ့ ဒီၾကတ္ဂူဟာထုံးေက်ာက္နဲ႔ဒိုလိုမိုက္ေက်ာက္ေတြနဲ႔ ဖြဲ႕စည္းထားပါတယ္။ ကယားဘာသာနဲ႔ဆိုရင္ ရာစုကုလို႔ေခၚပါတယ္။ဂူအတြင္းထဲမွာ အရွည္ဆုံးဆိုရင္ ၁၅ ေပနဲ႔ အတိုဆုံး ၂ ေပရွိတဲ့ သစ္သားေခါင္းတလားေတြ ေတြ႕ထားတာမို႔ ဒီေနရာမွာ မျမင္မေတြ႕ႏိုင္သူေတြလည္း ေနထိုင္ႏိုင္တယ္ဆိုတဲ့ ယူဆခ်က္ေတြလည္းၾကားရပါတယ္။ ဒီဂူထဲကို လြန္ခဲ့တဲ့ ႏွစ္ ၇၀ ေက်ာ္ေလာက္ကဝင္ခဲ့ဖူးတဲ့သူေတြအဆိုအရဆိုရင္ မ်က္ႏွာၾကက္ေတြေပၚမွာရွိေနတဲ့ ေခါင္းေတြထဲမွာ အ႐ိုးစုေတြေတာင္ေတြ႕ရတယ္လို႔ဆိုပါတယ္။ ခုေတာ့ မေတြ႕ရေတာ့ပါဘူး။ယုံၾကည္မႈဆိုင္ရာၫႊန္းဆိုခ်က္ေတြအရေတာ့ ဒီေနရာဟာ ပရေလာကသားေတြပါ ရွိေနသလိုလိုပါ။ ဂူအတြင္းထဲကိုဝင္မယ္ဆိုရင္ရင္ ေျမေပၚကေန ၁၀ မိနစ္ေက်ာ္ေလာက္ ေလွကားထစ္ေတြအတိုင္းတက္ရပါတယ္။ ဂူဝေရာက္တဲ့အခါ ႀကီးမားလွတဲ့ေက်ာက္တုံးႀကီးေတြ ရွိေနတာမို႔ သစ္သားေလွ်ာက္လွမ္းေလးနဲ႔ ခဲရာခဲဆစ္ ထပ္ဝင္ရပါတယ္။ က်မတို႔သြားတုန္းက အတြင္းပိုင္းထိ မီးမရေသးလို႔ ဂူတဝက္ကေန လွည့္ျပန္လာခဲ့ရပါတယ္။ ေခါင္းေတြလည္း မေတြ႕ရပါဘူး။ ဂူထဲက အေနအထားေၾကာင့္လားမသိ၊ က်မတို႔ေတာ့ အမ်ိဴးအမည္မသိတဲ့ ခ်မ္းစိမ့္စိမ့္ဖီလင္ေလးေတာင္ ျဖစ္ခဲ့ရပါေသးတယ္။ ခု ေနာက္ပိုင္းမီးေတြတပ္ဆင္ၿပီးတာမို႔ ေပ ၈၀၀ ေက်ာ္ ေလာက္အထိ သြားႏိုင္ပါၿပီ။