ကားဆီပန့်မကောင်းရင် ကြုံတွေ့ရမယ့်အချက်များနှင့် ပန့်ကိုပျက်စီးစေနိုင်တဲ့ အချက်များ
ဆီပန့်မကောင်းရင်ဒီအချက်တွေဖြစ်ပေါ်လာနိုင်ပါတယ်။ (၁) ဆီတိုင်ဂီအတွင်းဆူညံစွာအသံထွက်ခြင်း။ (၂) စက်နှိုးရခက်ခဲခြင်း။ (၃) စက်သံမမှန်ခြင်း။(၄) ရုတ်တရက်စက်သေသွားခြင်း။(၅) အရုန်းအဆွဲကျ ခြင်း။(၆) အင်ဂျတ်တာတွေစီကိုဆီမပို့ပေးနိုင်ခြင်း။(၇) အင်ဂျင်ကအီပီးမရုန်းခြင်း။(၈) စက်နှိုးမရခြင်းစတာတွေပဲဖြစ်ပါတယ်။ပန့်ကိုဒီလိုအချက်တွေကလည်းပျက်စီစေနိုင်ပါတယ်…(၁) ဆီတိုင်ကီထဲရေစိမ့်ဝင်နေခြင်း။(၂) စနစ်တကျအသုံးမပြုတတ်ခြင်း။(၃) ဆီအရည်အသွေးညံ့ခြင်း။(၄) ဆီပိုက်တွေယိုစိမ့်နေခြင်းတို့ကြောင့်ပန့်ပျက်စီးနိုင်ချေ များပါတယ်။ပန့်ကောင်းမကောင်းစစ်ဆေးမယ်ဆိုရင်…(၁) သော့ဖွင့်စက်နှိုးပီးတိုင်းကြည့်ရင်35psi to 45psi ကြားရှိနေရပါမယ်။
ပန့်မော်ဒယ်နဲ့ကားအမျိုးစားအလိုက်pressureတန်ဖိုးပြောင်းလဲမှုရှိသည်။(၂) ပန့်ကနေ regulatorကိုဖြုတ်ပီးတဖန်ပြန်တိုင်းပေးပါ။ပရပ်ရှာအတိုးအလျော့လုပ်ပေးပါ။(၃) အင်ဂျင်ကိုကစားပေးပြီးpressureနဲ့တိုင်းတာပေးပါကအတိုးအလျော့2psiထက်မနည်းရှိရပါမယ်။အဲ့လိုဆိုရင်ပန့်ကောင်းတယ်လို့ပြောလို့ရပါတယ်။ပန့်ကိုဆေးကြောပီးပြန်တပ်ဆင်ခြင်း – (၁) ပန့်ကိုဆေးကြောပီးသေချာတတ်ဆင်ပေးပါ။(၂) ပန့်အသစ်တလုံးလဲလှယ်တတ်ဆင်မယ်ဆိုရင်လည်းပန့်အထိုင်ကိုသေချာစစ်ဆေးပီးမှတတ်ဆင်ပါ။အံကိုက်ကွက်တိကြပါစေ။(၃) ပန့်အထဲကိုဖုန်lသဲစတဲ့အညစ်ကြေးတွေကိုမဝင်အောင်အထူးဂရုစိုက်ပါ။အ ညစ်အကြေးတွေဆီလိုင်းထဲမှာပိတ်နေခဲ့ရင်ပန့်ပျက်စီးတတ်ပါတယ်။(၄) ဝိုင်ယာရင်းအပိုင်းနဲ့connectorတွေကိုlooseဖြစ်မဖြစ်စစ်ဆေးပေးပါ။(၅) ပန့်တပ်ဆင်ပီးတဲ့အခါတဖန်ပြန်လည်စစ်ဆေးပေးပါ။ကျန်ခဲ့လိူ့ပြန်ဖြုတ်နေရရင်အလုပ်ရှုပ်ပီးအချိန်လည်းကုန်စေပါတယ်။
Credit – မူရင်း
[zawgyi]