ကားတုန်ခါမှု ပြဿနာများ ဘာကြောင့်ဖြစ်တာလဲ.?

ကားမောင်း၍ ခရီးသွားနေစဉ် သင့်ကားမှ ထူးခြားသောအသံနှင့် တုန်ခါမှုများ ဖြစ်တတ်သည်။ တုန်ခါမှုများသည် ယာဉ်မောင်းသူကို စိတ်အနှောင့် အယှက်ဖြစ်စေပြီး အန္တရာယ်ဖြစ်လာနိုင်သလားဆိုသော စိုးရိမ်ပူပန်မှုများနှင့် ကြောက်ရွံ့ခြင်းကိုဖြစ်စေသည်။ပုံမှန် ပြုပြင်ထိန်းသိမ်းခြင်းများကို ဆောင်ရွက်ရန် အားနည်းသော မော်တော်ယာဉ်များတွင် ရုတ်တရက် တုန်ခါမှု အသံများ ထွက်ပေါ် လာပါက ယာဉ်မောင်းသူများ စိုးရိမ်ထိတ်လန့်တတ်သည်။ တုန်ခါမှုသည် မည်သည့်နေရာ အစိတ်အပိုင်း မှလာသည်၊ ဘာကြောင့်ဖြစ်သည်ကို ရောဂါဇစ်မြစ်ရှာဖွေရသည်။ ဖြစ်ပွားရသော အ ကြောင်းတရားများကို ရှာဖွေသိရှိမှ တုန်ခါမှု ပြဿနာကို ကုစားနိုင်မည်။ကားတစ်စီးတွင် တုန်ခါမှု (Vibration) ဖြစ်စေနိုင်သော နေရာ အစိတ် အပိုင်းများမှာ – (၁) အင်ဂျင်။ (၂) ဝင်ရိုးတန်း။ (၃) ဂျွိုင်းရှပ်။ (၄) ဘရိတ်။ (၅) ဘီးခွေ။ (၆) တာယာ တို့ဖြစ်သည်။ (၁) အင်ဂျင်တုန်ခါမှု ပြဿနာ – ဓာတ်ဆီအင်ဂျင်တစ်လုံးတွင် လေ၊ လောင်စာဆီ၊ မီးပေးစနစ် အားလုံးညီညွတ်မျှတနေလျှင် အင်ဂျင်လည်ပတ်မှု မှန်ကန်ချောမွေ့ နေမည်။ လီဗာနင်းလျှင် နင်းသလောက် အင်ဂျင်ဆွဲနိုင်ပြီး အင်ဂျင် စွမ်းဆောင်မှု ကောင်းသဖြင့် လမ်းအခြေ အနေ အမျိုးမျိုးတွင် အကောင်းဆုံး မောင်းနှင်နိုင်သည်။ လေ၊ လောင်စာဆီ၊ မီးပေးစနစ် (၃) မျိုးထဲမှ တစ်ခုခုချွတ်ယွင်း အားနည်းလျှင် အင်ဂျင်လည်ပတ်မှု ပုံမှန် မဟုတ်တော့တဲ့ တုန်ခါမှုဖြစ်တတ်သည်။ လီဗာနင်းလျှင် ဆတ်ခနဲ၊ သိမ့်ခနဲ တစ်ချက်တစ်ချက် တုန်ခါသွားမည်။ Highway တွင် အမြန်နှုန်း Speed တင်မောင်း၍မရဘဲ အင်ဂျင် မဆွဲနိုင်ဖြစ်မည်။ ကားစက် စတင်နိုးချိန်တွင် ကောင်းနေသော်လည်း ကြာကြာမောင်းလျှင် အင်ဂျင်တုန်ခါလာမည်။ ထိုလက္ခဏာများသည် အင်ဂျင်မှုမမှန်သော လက္ခဏာဖြစ်သည်။ ဆီစစ်ဘူး ပိတ်နေသလား၊ ဆီထဲမှာ ရေပါနေ သလား စစ်ဆေးပါ။ အင်ဂျင်ဆီငတ်လျှင် ဆွဲအားရုန်းအား မကောင်းပါ။ ထို့အတူ Air Cleaner လေစစ်တွင် ဖုန်များ၊ အမှိုက်များ ပိတ်နေ့ဆိုပါက အင်ဂျင်လေဆွဲသလောက် မရနိုင်ပါ။ လေပိတ်ခြင်းသည် အောက်ဆီဂျင် O2 ငတ်ခြင်း ဖြစ်ပါသည်။ အောက်ဆီဂျင်နှင့် လောင်စာဆီ အချိုးကျမှန် ကန်စွာရောစပ်မှ အကောင်းဆုံး ပေါက်ကွဲလောင်ကျွမ်းမှု ရရှိနိုင် မည်ဖြစ်သည်။ ဓာတ်ဆီကားများတွင်မီးပေးခြင်း (Ignition) မှန်ဖို့ အရေးကြီးသည်။ Spark Plug ကောင်းရမည်။ ပလပ်ဝါ ယာကြိုး နှင့် မီးကွိုင်ကောင်းရမည်။ ပလပ်မှ မီးပွား (Spark) အထွက်ကောင်း / မကောင်း စစ်ဆေးပါ။ ပလပ် မကောင်းလျှင် အသစ်လဲ ပေးပါ။(၂) Axle ဝင်ရိုးပြဿနာ – လမ်းကြမ်း၊ ချိုင့်ခွက်များသော နေရာတွင် အရှိန်ပြင်းမောင်းမိပါက လမ်းအဆောင့်ဒဏ်များကြောင့် ဝင်ရိုးကောက် သွားတတ်သည်။ မသိမသာ ကောက်နေသော ဝင်ရိုးသည် မြန်နှုန်းမြှင့်မောင်းနှင်ပါက တုန်ခါမှုဖြစ်ပေါ်စေသည်။ ဝင်ရိုးလိမ်ကောက်ခြင်း သေချာစေရန် ဂျိူက်ထောက်ပြီး ဘီးကြွစေလျက် ကားဘီးကို လှည့်ကြည့်ပါ။ ကားဘီး အရှိန်ရလာလျှင် ဘီးခါရမ်းပြီး တုန်ခါလာမည်။ ဒူးဆစ်နှင့် ဆက်သွယ် ထားသော ကားများတွင် ဒူးဆစ်သဲကာများပေါက်ပြဲပြီး ဒူးဆစ်ဆီ (အမဲဆီ) များ ယိုစိမ့်ထွက်တတ်သည်။ ဒူးဆစ်ဆီမရှိဘဲ သဲများ၊ ရွှံနွံ့များဝင်ရောက်ကာ ဒူးဆစ် ပျက်စီးတတ်သည်။ ဒူးဆစ်ဘောလ်များ ပျက်စီး ပွန်းစား၍ ချောင်သွားတတ်သည်။ ပွန်းစား၍ ချောင်နေသော ဝင်ရိုးသည် မြန်နှုန်းမြှင့် လည်ပတ်ချိန်တွင် တုန်ခါမှု ရှိ/ မရှိ ဂျိုက်ထောက်ပြီးစစ်ဆေးပါ။ ဒူးဆစ်စားပြီး ချောင်နေလျှင် အသစ်လဲပေးပါ။ အမဲဆီများ အသစ်ထည့်ပါ။(၃) ဂျွိုင်းရှပ် တုန်ခါမှု ပြဿနာ – နောက်ဆွဲကားများတွင် ဂီယာဘောက်စ်အထွက်မှ နောက်ဝင်ရိုးတန်းသို့ ဂျွိုင်းရှပ်နှင့် ဆက်သွယ်ထားသည်။ ဂျွိုင်းရှပ် တွင် ဂျွိုင်းဘော်လ် (ခေါ်) ယူနီဖာဆယ် ဂျွိုင်းအဆစ် (၃) ခုမှ (၅) ခုအထိရှိတတ်သည်။ ဂျွိုင်းဘောလ်များ အမဲဆီငတ်ပြီး စား၍ချောင်သွားတတ်သည်။ ဂျွိုင်းဆက်ဖလန်းပြားကို ဂျွိုင်းနတ်များနှင့် ဖမ်းထားသည်။ ဂျွိုင်းနတ်များ ချောင်နေလျှင် မြည် သံထွက်သည်။ ခါးဆွဲဘောလ်အထိုင်နှင့် ရာဘာမောင်းထိန်းများ စားသွားပါက ဂျွိုင်းရှပ်လည်လျှင် ခါရမ်းပြီး အသံမြည် တတ်သည်။ ဂျွိုင်းမှ အသံထွက်လျှင် ဂျွိုင်းနတ်၊ ဂျွိုင်း ဘောလ်နှင့် ခါးဆွဲဘောလ်များကို စစ်ဆေးပါ။(၄) ဘရိတ်ပြဿနာ – ဒစ်ဘရိတ်များတွင် ဘရိတ်ငြိပြီး အပူလွန်ကဲကာ ဘရိတ် Rotor လိမ်ကောက်သွားတတ်သည်။ ဘရိတ်နင်း လိုက်လျှင် လိမ်နေသော Rotor ကြောင့် တုန်ခါမှုသည် Caliper နှင့် Brake pad အပြားများကို လာ၍ တိုးသည်။ ဘရိတ်ကျွမ်းကျင်သူများကိုပြသ၍ ဘရိတ်မှ တုန်ခါမှုအသံထွက်ခြင်းကိုစစ်ဆေးပါ။ ဒရမ်ဘရိတ်သုံးသော ကားများ တွင် ကြာလာလျှင် ဒရမ်အတွင်းပိုင်းမျက်နှာပြင်များ မညီမညာဖြစ် တတ်သည်။ မညီညာသော ဘရိတ်ဒရမ်ပေါ်သို့ ဘရိတ်ရှူးခြမ်းများနှင့် ပွတ်တိုက်ပါက တုန်ခါမှုဖြစ်ပေါ်သည်။ ဘရိတ်ဒရမ်အတွင်းပိုင်းကို စစ်ဆေး၍ လိုအပ်ပါက တွင်ခုံတွင် စက်ခုတ်စားပေးရမည်ဖြစ်သည်။

(၅) ကားဘီးပြဿနာ – ဒစ်ဝှီးဘဲဥလိုက်ခြင်း၊ လိမ်ဖည်နေခြင်းများရှိပါက ကားဘီးတုန်ခါမှုဖြစ် တတ်သည်။ ဒီဝှီးအလိုင်းမင့်အောက်နေခြင်း၊ လိမ်ဖည်နေခြင်းကို စက်ပေါ်တင်၍ စစ်ဆေးနိုင်သည်။ ပြန်လည်ပြုပြင်၍ရနိုင်သော ဒစ်ဝှီးခွေများကို သုံးသင့်သော်လည်း ပြုပြင်၍မရသော လိမ်ဖည်နေသော ဒစ်ဝှီးခွေများကို အစားထိုးလဲလှယ်ပေးသည်။ ဘီး Hub Ball ကြောင့် လည်း ဘီးခါတတ်သည်။ Hub Ball စားနေခြင်း၊ ချောင်နေခြင်း၊ အလွတ်ကစားနေခြင်း ရှိ/မရှိစစ်ဆေးပါ။ Hub Ball များကို ဖြုတ်၍ စစ်ဆေးပါ။ အခြေအနေမကောင်းသော Hub Ball များကို အသစ် လဲပေးပါ။ လမ်းခရီးတွင် Hub Ball ကြွေ၍ မောင်းမရတော့ပါက များစွာဒုက္ခရောက်ရပါသည်။ ကားရှေ့ဘီး တုန်ခါမှုဖြစ်စေသော အခြားအကြောင်းတရားမှာ တိုက်ရော့၊ ဘောလ်ဂျွိုင်း၊ ကားအောက်ပိုင်း ပစ္စည်းများ ချောင်နေခြင်း၊ ကင်းပင်စားပြီး ကင်းပင် ဘွတ်ချောင်နေခြင်း များကြောင့်လည်း ဖြစ်သည်။ တိုက်ရော့ဘောလ်ဂျွိုင်းများကို ချောင်/မချောင် စစ်ဆေးပါ။ ထိန်းချုပ်တန်းများမှ ရာဘာဘွတ်များ ချောင်/ မချောင် စစ်ဆေးပါ။ မကောင်းလျှင် အစားထိုးလဲလှယ်ပါ။ Butterfly ဘွတ်များ စားနေပါက အသံထွက်သည်။ ဘွတ်များအားလုံး စစ်ဆေး၍ အသစ်လဲပါ။ ရှေ့ဘီး၊ နောက်ဘီး အလိုင်းမင့်ပြန်ချိန်ပါ။ ကားရှေ့ဘီးများ တုန်ခါမှုသည် စတီယာရင် အဆက်များမှတစ်ဆင့် စတီယာရင်ခွေသို့ လာ၍တိုးတက်သည်။ စတီယာရင်အဆက်များနှင့် တိုက်ရော့၊ ဘောလ်ဂျွိင်းများ အမဲဆီထိုးပေးပါ။ တင်းကျပ်နေပါစေ။ စတီယာရင်၊ ဂီယာဘောက်စ် အလွတ်ကစားမှု သည် ရှိသင့်သ လောက်သာ ရှိသင့်သည်။ အလွတ်ကစားမှုများလျှင် မြန်နှုန်းမြင့် ကားမောင်းပါက စတီယာရင်တုန်ခါတတ်သည်။ စတီယာရင် ဂီယာဘောက်စ်တွင် ဂီယာဝိုင် စစ်ဆေးပါ။ အထိုင် နတ်များ ချောင်/မချောင် စစ်ဆေးပါ။ စတီယာရင်ကော်လံ ဖလန်းအဆက်နေရာမှ ကွန်ပလိန်းနတ်များ ချောင်/မချောင် စစ်ဆေးပါ။ကားရှေ့ဘီး တုန်ခါမှုများသည် ဘီးအလိုင်မင့် တာယာ၊ Hub Ball၊ တိုက်ရော့ဘော ဂျွိုင်း၊ စတီယာရင် စသော အချက်များစွာနှင့် သက်ဆိုင်နေပါသည်။(၆) တာယာပြဿနာ – တာယာကြောင့်လည်း တုန်ခါမှုမြည်သံ ထွက်နိုင်သည်။ အချို့သော စတီးတာယာများသည် လိမ်ဖည်နေ တတ်သည်။ လိမ်ဖည်နေသော တာယာသည် Speed မြန်လာပါက တုန်ခါမှုဖြစ်စေသသည်။ တာယာ Balance အောက် နေပါက တာယာတုန်ခါမှုဖြစ်တတ်သည်။ တာယာ Balance ညီညာမှု ရှိ/မရှိ Balancing စက်ပေါ်တွင် တင်၍ ချိန်ပေးပါ။အချို့တာယာများသည် ပန်းသားပွန်းစားမှု မညီမညာဖြစ်လာလျှင် တုန်ခါတတ်သည်။ အချို့ဘဲဥလိုက်နေသော တာယာများသည်လည်း မြန်နှုန်းမြင့်မောင်းလျှင် တုန်ခါတတ်သည်။ တာယာများကို ရှေ့/နောက်/ဘယ်/ညာ လှည့်သုံးပေး ပါ။ တာယာလေပေါင် ဖိအားမှန်ပါစေ။ တာယာတပ်ဆင်လျှင် ဒစ်ဝှီးခွေနှင့် တာယာအထိုင်ကျမှန်ကန်ပါစေ။ တာယာဖြုတ် တပ်လျှင် ဖြုတ်-တပ်စက် (Tire Changer) နှင့် တပ်ဆင်ပါ။ တာယာဘီးများကို အလိုင်းမင့် ပုံမှန်ချိန်ပါ။ တာယာလဲလျှင် ပန်းအမျိုးအစားတူ အစုံလိုက်လဲပါ။ အချို့တာယာများသည် စက်ရုံမှ ထုတ်လုပ်စဉ် အချိန်ကပင် အရည်အသွေး ချွတ်ယွင်း ချက်ရှိတတ်သည်။ တာယာအသစ်လည်း Balance ချိန်ပေးဖို့ လိုပါသည်။မော်တော်ယာဉ် တစ်စီးတွင် ဖြစ်တတ်သောတုန်ခါမှု ပြဿနာ (၆) မျိုးကို တင်ပြခဲ့ပါသည်။ အချို့သော ပြဿနာ များသည် အရေးမကြီးသော် လည်း ကြာကြာထားလျှင် ပိုမိုပျက်စီးစေသော လမ်းကြောင်းပေါ်သို့ ဦးတည်သွားနေ တတ် သည်။ ကားတစ်စီးသည် ပုံမှန်အနေအထား အခြေအနေတွင်သာ အလုပ်ခိုင်းသင့်သည်။ မူမမှန်သော တုန်ခါမှုများသည် ချွတ်ယွင်းချက်အပြစ်ရှိသော လက္ခဏာများသာဖြစ်သည်။

Credit -ကား-Car အကြောင်းစုံ

[zawgyi]

ာကားေမာင္း၍ ခရီးသြားေနစဥ္ သင့္ကားမွ ထူးျခားေသာအသံႏွင့္ တုန္ခါမႈမ်ား ျဖစ္တတ္သည္။ တုန္ခါမႈမ်ားသည္ ယာဥ္ေမာင္းသူကို စိတ္အေႏွာင့္ အယွက္ျဖစ္ေစၿပီး အႏၲရာယ္ျဖစ္လာႏိုင္သလားဆိုေသာ စိုးရိမ္ပူပန္မႈမ်ားႏွင့္ ေၾကာက္႐ြံ႕ျခင္းကိုျဖစ္ေစသည္။ပုံမွန္ ျပဳျပင္ထိန္းသိမ္းျခင္းမ်ားကို ေဆာင္႐ြက္ရန္ အားနည္းေသာ ေမာ္ေတာ္ယာဥ္မ်ားတြင္ ႐ုတ္တရက္ တုန္ခါမႈ အသံမ်ား ထြက္ေပၚ လာပါက ယာဥ္ေမာင္းသူမ်ား စိုးရိမ္ထိတ္လန႔္တတ္သည္။ တုန္ခါမႈသည္ မည္သည့္ေနရာ အစိတ္အပိုင္း မွလာသည္၊ ဘာေၾကာင့္ျဖစ္သည္ကို ေရာဂါဇစ္ျမစ္ရွာေဖြရသည္။ ျဖစ္ပြားရေသာ အ ေၾကာင္းတရားမ်ားကို ရွာေဖြသိရွိမွ တုန္ခါမႈ ျပႆနာကို ကုစားႏိုင္မည္။ကားတစ္စီးတြင္ တုန္ခါမႈ (Vibration) ျဖစ္ေစႏိုင္ေသာ ေနရာ အစိတ္ အပိုင္းမ်ားမွာ – (၁) အင္ဂ်င္။ (၂) ဝင္႐ိုးတန္း။ (၃) ဂြၽိဳင္းရွပ္။ (၄) ဘရိတ္။ (၅) ဘီးေခြ။ (၆) တာယာ တို႔ျဖစ္သည္။ (၁) အင္ဂ်င္တုန္ခါမႈ ျပႆနာ – ဓာတ္ဆီအင္ဂ်င္တစ္လုံးတြင္ ေလ၊ ေလာင္စာဆီ၊ မီးေပးစနစ္ အားလုံးညီၫြတ္မွ်တေနလွ်င္ အင္ဂ်င္လည္ပတ္မႈ မွန္ကန္ေခ်ာေမြ႕ ေနမည္။ လီဗာနင္းလွ်င္ နင္းသေလာက္ အင္ဂ်င္ဆြဲႏိုင္ၿပီး အင္ဂ်င္ စြမ္းေဆာင္မႈ ေကာင္းသျဖင့္ လမ္းအေျခ အေန အမ်ိဳးမ်ိဳးတြင္ အေကာင္းဆုံး ေမာင္းႏွင္ႏိုင္သည္။ ေလ၊ ေလာင္စာဆီ၊ မီးေပးစနစ္ (၃) မ်ိဳးထဲမွ တစ္ခုခုခြၽတ္ယြင္း အားနည္းလွ်င္ အင္ဂ်င္လည္ပတ္မႈ ပုံမွန္ မဟုတ္ေတာ့တဲ့ တုန္ခါမႈျဖစ္တတ္သည္။ လီဗာနင္းလွ်င္ ဆတ္ခနဲ၊ သိမ့္ခနဲ တစ္ခ်က္တစ္ခ်က္ တုန္ခါသြားမည္။ Highway တြင္ အျမန္ႏႈန္း Speed တင္ေမာင္း၍မရဘဲ အင္ဂ်င္ မဆြဲႏိုင္ျဖစ္မည္။ ကားစက္ စတင္ႏိုးခ်ိန္တြင္ ေကာင္းေနေသာ္လည္း ၾကာၾကာေမာင္းလွ်င္ အင္ဂ်င္တုန္ခါလာမည္။ ထိုလကၡဏာမ်ားသည္ အင္ဂ်င္မႈမမွန္ေသာ လကၡဏာျဖစ္သည္။ ဆီစစ္ဘူး ပိတ္ေနသလား၊ ဆီထဲမွာ ေရပါေန သလား စစ္ေဆးပါ။ အင္ဂ်င္ဆီငတ္လွ်င္ ဆြဲအား႐ုန္းအား မေကာင္းပါ။ ထို႔အတူ Air Cleaner ေလစစ္တြင္ ဖုန္မ်ား၊ အမႈိက္မ်ား ပိတ္ေန႔ဆိုပါက အင္ဂ်င္ေလဆြဲသေလာက္ မရႏိုင္ပါ။ ေလပိတ္ျခင္းသည္ ေအာက္ဆီဂ်င္ O2 ငတ္ျခင္း ျဖစ္ပါသည္။ ေအာက္ဆီဂ်င္ႏွင့္ ေလာင္စာဆီ အခ်ိဳးက်မွန္ ကန္စြာေရာစပ္မွ အေကာင္းဆုံး ေပါက္ကြဲေလာင္ကြၽမ္းမႈ ရရွိႏိုင္ မည္ျဖစ္သည္။ ဓာတ္ဆီကားမ်ားတြင္မီးေပးျခင္း (Ignition) မွန္ဖို႔ အေရးႀကီးသည္။ Spark Plug ေကာင္းရမည္။ ပလပ္ဝါ ယာႀကိဳး ႏွင့္ မီးကြိဳင္ေကာင္းရမည္။ ပလပ္မွ မီးပြား (Spark) အထြက္ေကာင္း / မေကာင္း စစ္ေဆးပါ။ ပလပ္ မေကာင္းလွ်င္ အသစ္လဲ ေပးပါ။(၂) Axle ဝင္႐ိုးျပႆနာ – လမ္းၾကမ္း၊ ခ်ိဳင့္ခြက္မ်ားေသာ ေနရာတြင္ အရွိန္ျပင္းေမာင္းမိပါက လမ္းအေဆာင့္ဒဏ္မ်ားေၾကာင့္ ဝင္႐ိုးေကာက္ သြားတတ္သည္။ မသိမသာ ေကာက္ေနေသာ ဝင္႐ိုးသည္ ျမန္ႏႈန္းျမႇင့္ေမာင္းႏွင္ပါက တုန္ခါမႈျဖစ္ေပၚေစသည္။ ဝင္႐ိုးလိမ္ေကာက္ျခင္း ေသခ်ာေစရန္ ဂ်ိဴက္ေထာက္ၿပီး ဘီးႂကြေစလ်က္ ကားဘီးကို လွည့္ၾကည့္ပါ။ ကားဘီး အရွိန္ရလာလွ်င္ ဘီးခါရမ္းၿပီး တုန္ခါလာမည္။ ဒူးဆစ္ႏွင့္ ဆက္သြယ္ ထားေသာ ကားမ်ားတြင္ ဒူးဆစ္သဲကာမ်ားေပါက္ၿပဲၿပီး ဒူးဆစ္ဆီ (အမဲဆီ) မ်ား ယိုစိမ့္ထြက္တတ္သည္။ ဒူးဆစ္ဆီမရွိဘဲ သဲမ်ား၊ ႐ႊံႏြံ႕မ်ားဝင္ေရာက္ကာ ဒူးဆစ္ ပ်က္စီးတတ္သည္။ ဒူးဆစ္ေဘာလ္မ်ား ပ်က္စီး ပြန္းစား၍ ေခ်ာင္သြားတတ္သည္။ ပြန္းစား၍ ေခ်ာင္ေနေသာ ဝင္႐ိုးသည္ ျမန္ႏႈန္းျမႇင့္ လည္ပတ္ခ်ိန္တြင္ တုန္ခါမႈ ရွိ/ မရွိ ဂ်ိဳက္ေထာက္ၿပီးစစ္ေဆးပါ။ ဒူးဆစ္စားၿပီး ေခ်ာင္ေနလွ်င္ အသစ္လဲေပးပါ။ အမဲဆီမ်ား အသစ္ထည့္ပါ။(၃) ဂြၽိဳင္းရွပ္ တုန္ခါမႈ ျပႆနာ – ေနာက္ဆြဲကားမ်ားတြင္ ဂီယာေဘာက္စ္အထြက္မွ ေနာက္ဝင္႐ိုးတန္းသို႔ ဂြၽိဳင္းရွပ္ႏွင့္ ဆက္သြယ္ထားသည္။ ဂြၽိဳင္းရွပ္ တြင္ ဂြၽိဳင္းေဘာ္လ္ (ေခၚ) ယူနီဖာဆယ္ ဂြၽိဳင္းအဆစ္ (၃) ခုမွ (၅) ခုအထိရွိတတ္သည္။ ဂြၽိဳင္းေဘာလ္မ်ား အမဲဆီငတ္ၿပီး စား၍ေခ်ာင္သြားတတ္သည္။ ဂြၽိဳင္းဆက္ဖလန္းျပားကို ဂြၽိဳင္းနတ္မ်ားႏွင့္ ဖမ္းထားသည္။ ဂြၽိဳင္းနတ္မ်ား ေခ်ာင္ေနလွ်င္ ျမည္ သံထြက္သည္။ ခါးဆြဲေဘာလ္အထိုင္ႏွင့္ ရာဘာေမာင္းထိန္းမ်ား စားသြားပါက ဂြၽိဳင္းရွပ္လည္လွ်င္ ခါရမ္းၿပီး အသံျမည္ တတ္သည္။ ဂြၽိဳင္းမွ အသံထြက္လွ်င္ ဂြၽိဳင္းနတ္၊ ဂြၽိဳင္း ေဘာလ္ႏွင့္ ခါးဆြဲေဘာလ္မ်ားကို စစ္ေဆးပါ။(၄) ဘရိတ္ျပႆနာ – ဒစ္ဘရိတ္မ်ားတြင္ ဘရိတ္ၿငိၿပီး အပူလြန္ကဲကာ ဘရိတ္ Rotor လိမ္ေကာက္သြားတတ္သည္။ ဘရိတ္နင္း လိုက္လွ်င္ လိမ္ေနေသာ Rotor ေၾကာင့္ တုန္ခါမႈသည္ Caliper ႏွင့္ Brake pad အျပားမ်ားကို လာ၍ တိုးသည္။ ဘရိတ္ကြၽမ္းက်င္သူမ်ားကိုျပသ၍ ဘရိတ္မွ တုန္ခါမႈအသံထြက္ျခင္းကိုစစ္ေဆးပါ။ ဒရမ္ဘရိတ္သုံးေသာ ကားမ်ား တြင္ ၾကာလာလွ်င္ ဒရမ္အတြင္းပိုင္းမ်က္ႏွာျပင္မ်ား မညီမညာျဖစ္ တတ္သည္။ မညီညာေသာ ဘရိတ္ဒရမ္ေပၚသို႔ ဘရိတ္ရႉးျခမ္းမ်ားႏွင့္ ပြတ္တိုက္ပါက တုန္ခါမႈျဖစ္ေပၚသည္။ ဘရိတ္ဒရမ္အတြင္းပိုင္းကို စစ္ေဆး၍ လိုအပ္ပါက တြင္ခုံတြင္ စက္ခုတ္စားေပးရမည္ျဖစ္သည္။(၅) ကားဘီးျပႆနာ – ဒစ္ဝွီးဘဲဥလိုက္ျခင္း၊ လိမ္ဖည္ေနျခင္းမ်ားရွိပါက ကားဘီးတုန္ခါမႈျဖစ္ တတ္သည္။ ဒီဝွီးအလိုင္းမင့္ေအာက္ေနျခင္း၊ လိမ္ဖည္ေနျခင္းကို စက္ေပၚတင္၍ စစ္ေဆးႏိုင္သည္။ ျပန္လည္ျပဳျပင္၍ရႏိုင္ေသာ ဒစ္ဝွီးေခြမ်ားကို သုံးသင့္ေသာ္လည္း ျပဳျပင္၍မရေသာ လိမ္ဖည္ေနေသာ ဒစ္ဝွီးေခြမ်ားကို အစားထိုးလဲလွယ္ေပးသည္။ ဘီး Hub Ball ေၾကာင့္ လည္း ဘီးခါတတ္သည္။ Hub Ball စားေနျခင္း၊ ေခ်ာင္ေနျခင္း၊ အလြတ္ကစားေနျခင္း ရွိ/မရွိစစ္ေဆးပါ။ Hub Ball မ်ားကို ျဖဳတ္၍ စစ္ေဆးပါ။ အေျခအေနမေကာင္းေသာ Hub Ball မ်ားကို အသစ္ လဲေပးပါ။ လမ္းခရီးတြင္ Hub Ball ေႂကြ၍ ေမာင္းမရေတာ့ပါက မ်ားစြာဒုကၡေရာက္ရပါသည္။ ကားေရွ႕ဘီး တုန္ခါမႈျဖစ္ေစေသာ အျခားအေၾကာင္းတရားမွာ တိုက္ေရာ့၊ ေဘာလ္ဂြၽိဳင္း၊ ကားေအာက္ပိုင္း ပစၥည္းမ်ား ေခ်ာင္ေနျခင္း၊ ကင္းပင္စားၿပီး ကင္းပင္ ဘြတ္ေခ်ာင္ေနျခင္း မ်ားေၾကာင့္လည္း ျဖစ္သည္။ တိုက္ေရာ့ေဘာလ္ဂြၽိဳင္းမ်ားကို ေခ်ာင္/မေခ်ာင္ စစ္ေဆးပါ။ ထိန္းခ်ဳပ္တန္းမ်ားမွ ရာဘာဘြတ္မ်ား ေခ်ာင္/ မေခ်ာင္ စစ္ေဆးပါ။ မေကာင္းလွ်င္ အစားထိုးလဲလွယ္ပါ။ Butterfly ဘြတ္မ်ား စားေနပါက အသံထြက္သည္။ ဘြတ္မ်ားအားလုံး စစ္ေဆး၍ အသစ္လဲပါ။ ေရွ႕ဘီး၊ ေနာက္ဘီး အလိုင္းမင့္ျပန္ခ်ိန္ပါ။ ကားေရွ႕ဘီးမ်ား တုန္ခါမႈသည္ စတီယာရင္ အဆက္မ်ားမွတစ္ဆင့္ စတီယာရင္ေခြသို႔ လာ၍တိုးတက္သည္။ စတီယာရင္အဆက္မ်ားႏွင့္ တိုက္ေရာ့၊ ေဘာလ္ဂြၽိင္းမ်ား အမဲဆီထိုးေပးပါ။ တင္းက်ပ္ေနပါေစ။ စတီယာရင္၊ ဂီယာေဘာက္စ္ အလြတ္ကစားမႈ သည္ ရွိသင့္သ ေလာက္သာ ရွိသင့္သည္။ အလြတ္ကစားမႈမ်ားလွ်င္ ျမန္ႏႈန္းျမင့္ ကားေမာင္းပါက စတီယာရင္တုန္ခါတတ္သည္။ စတီယာရင္ ဂီယာေဘာက္စ္တြင္ ဂီယာဝိုင္ စစ္ေဆးပါ။ အထိုင္ နတ္မ်ား ေခ်ာင္/မေခ်ာင္ စစ္ေဆးပါ။ စတီယာရင္ေကာ္လံ ဖလန္းအဆက္ေနရာမွ ကြန္ပလိန္းနတ္မ်ား ေခ်ာင္/မေခ်ာင္ စစ္ေဆးပါ။ကားေရွ႕ဘီး တုန္ခါမႈမ်ားသည္ ဘီးအလိုင္မင့္ တာယာ၊ Hub Ball၊ တိုက္ေရာ့ေဘာ ဂြၽိဳင္း၊ စတီယာရင္ စေသာ အခ်က္မ်ားစြာႏွင့္ သက္ဆိုင္ေနပါသည္။(၆) တာယာျပႆနာ – တာယာေၾကာင့္လည္း တုန္ခါမႈျမည္သံ ထြက္ႏိုင္သည္။ အခ်ိဳ႕ေသာ စတီးတာယာမ်ားသည္ လိမ္ဖည္ေန တတ္သည္။ လိမ္ဖည္ေနေသာ တာယာသည္ Speed ျမန္လာပါက တုန္ခါမႈျဖစ္ေစသသည္။ တာယာ Balance ေအာက္ ေနပါက တာယာတုန္ခါမႈျဖစ္တတ္သည္။ တာယာ Balance ညီညာမႈ ရွိ/မရွိ Balancing စက္ေပၚတြင္ တင္၍ ခ်ိန္ေပးပါ။အခ်ိဳ႕တာယာမ်ားသည္ ပန္းသားပြန္းစားမႈ မညီမညာျဖစ္လာလွ်င္ တုန္ခါတတ္သည္။ အခ်ိဳ႕ဘဲဥလိုက္ေနေသာ တာယာမ်ားသည္လည္း ျမန္ႏႈန္းျမင့္ေမာင္းလွ်င္ တုန္ခါတတ္သည္။ တာယာမ်ားကို ေရွ႕/ေနာက္/ဘယ္/ညာ လွည့္သုံးေပး ပါ။ တာယာေလေပါင္ ဖိအားမွန္ပါေစ။ တာယာတပ္ဆင္လွ်င္ ဒစ္ဝွီးေခြႏွင့္ တာယာအထိုင္က်မွန္ကန္ပါေစ။ တာယာျဖဳတ္ တပ္လွ်င္ ျဖဳတ္-တပ္စက္ (Tire Changer) ႏွင့္ တပ္ဆင္ပါ။ တာယာဘီးမ်ားကို အလိုင္းမင့္ ပုံမွန္ခ်ိန္ပါ။ တာယာလဲလွ်င္ ပန္းအမ်ိဳးအစားတူ အစုံလိုက္လဲပါ။ အခ်ိဳ႕တာယာမ်ားသည္ စက္႐ုံမွ ထုတ္လုပ္စဥ္ အခ်ိန္ကပင္ အရည္အေသြး ခြၽတ္ယြင္း ခ်က္ရွိတတ္သည္။ တာယာအသစ္လည္း Balance ခ်ိန္ေပးဖို႔ လိုပါသည္။ ေမာ္ေတာ္ယာဥ္ တစ္စီးတြင္ ျဖစ္တတ္ေသာတုန္ခါမႈ ျပႆနာ (၆) မ်ိဳးကို တင္ျပခဲ့ပါသည္။ အခ်ိဳ႕ေသာ ျပႆနာ မ်ားသည္ အေရးမႀကီးေသာ္ လည္း ၾကာၾကာထားလွ်င္ ပိုမိုပ်က္စီးေစေသာ လမ္းေၾကာင္းေပၚသို႔ ဦးတည္သြားေန တတ္ သည္။ ကားတစ္စီးသည္ ပုံမွန္အေနအထား အေျခအေနတြင္သာ အလုပ္ခိုင္းသင့္သည္။ မူမမွန္ေသာ တုန္ခါမႈမ်ားသည္ ခြၽတ္ယြင္းခ်က္အျပစ္ရွိေသာ လကၡဏာမ်ားသာျဖစ္သည္။