ကိုယ့်ကိုယ်ကို ရင့်ကျက်တဲ့ လူတစ်ယောက်အဖြစ်ယူဆထားတယ်ဆိုရင် Facebook ပေါ်မှာ မပြုလုပ်သင့်တဲ့ အရာများ

အခုခေတ်က Facebook သုံးပြီဆိုရင် မကျေနပ်တာတွေကိုတင်ပြီး ကိုယ့်အကြောင်းမှန်သမျှကို ဒိုင်ယာရီစာအုပ်ထဲချရေးသလို Status တွေရေးတင်နေကြတာကို တွေ့ရပါတယ်။ ဒီလိုတင်လိုက်တဲ့အတွက် ဘာအကျိုးအမြတ်မှမရသလို ကိုယ့်အတွက်ပဲနစ်နာစေပါတယ်။ တချို့ကျတော့ ကိုယ့်အိမ်တွင်းရေးကိစ္စတွေနဲ့ ကိုယ့်အတွင်းရေးကိစ္စတွေကိုပါ Public မှာ ချပြလေ့ရှိကြပါတယ်။ ဒါဟာ မကောင်းတဲ့အကျင့်တစ်ခုပါ။ ဒါကြောင့် ရင့်ကျက်တဲ့သူတစ်ယောက်အနေနဲ့ Facebook ပေါ်မှာမပြုလုပ်သင့်တဲ့ အရာတွေကို ဖော်ပြပေးလိုက်ပါတယ်။အိမ်တွင်းရေးကိစ္စ – အိမ်တွင်းရေးကိစ္စဆိုတာ ကိုယ့်မိသားစုကလွဲလို့ တခြားသူကိုပေးမသိတာ အကောင်းဆုံးပါ။ Facebook ပေါ်မှာတင်လိုက်မယ်ဆိုရင် ကိုယ့်အကောင့်ထဲရှိသမျှလူတွေသိသွားတော့ မကောင်းတဲ့ကိစ္စဆိုလည်း ကိုယ်ပဲအရှက်ရစေပါတယ်။ အိမ်မှာမကျေနပ်တာတွေရှိလာရင် Facebook ပေါ်တက်ပြောတာမျိုးတွေဟာ ကလေးဆန်ပြီး စိတ်ပျက်ဖွယ်အပြုအမူတွေပါ။ ဒါကြောင့် ကိုယ်ပေါင်ကိုယ်လှန်ထောင်းတဲ့အဖြစ်မျိုး ဘယ်တော့မှအဖြစ်မခံပါနဲ့။အလုပ်ကိစ္စ – တချို့လူတွေဆိုရင် အလုပ်မှာအဆင်မပြေတာတွေ၊ မကျေနပ်တာတွေကို Facebook ပေါ်တင်ပြီး ပေါက်ကွဲတတ်ကြတယ်။ ဒီလိုတင်လိုက်တော့ နောက်နေ့ကိုယ်အလုပ်သွားတဲ့အခါ မျက်နှာပူစရာတွေဖြစ်တာပေါ့။

အလုပ်ထွက်သွားခဲ့ရင်တောင် ကိုယ်လုပ်ခဲ့တဲ့အလုပ်ရဲ့မကောင်းကြောင်းတွေကို Facebook ပေါ်တင်တာတွေဟာ လုံးဝမကောင်းပါဘူး။ သူများက ကိုယ့်ကိုယ်အထင်သေးသွားတတ်ပါတယ်။ ဒါကြောင့် ကိုယ့် Image ထိခိုက်မယ့်အရာတွေကို မလုပ်ပါနဲ့။အချစ်ရေးကိစ္စ – Facebook ပေါ်မှာ တော်တော်များများရေးတာကတော့ အချစ်ရေးကိစ္စတွေပါပဲ။ ကိုယ့်ရည်းစားနဲ့ရန်ဖြစ်တာတွေ၊ ကိုယ့်ရည်းစားဖောက်ပြန်တာတွေကို Facebook ပေါ်တက်ရေးပြီး အရှက်ခွဲတာ၊ ပေါက်ကွဲတာမျိုးတွေ မလုပ်သင့်ပါဘူး။ သူအရှက်ကွဲအောင်တင်လိုက်ပေမယ့် ကိုယ်တိုင်လည်း အရှက်ကွဲရပါတယ်။ ပြေလည်ရာပြေလည်ကြောင်း နှစ်ဦးထဲပဲညှိနှိုင်းသင့်ပါတယ်။ အခုခေတ်က စနိုက်ကြော်တာတွေလည်း ပေါလာတော့ ရည်းစားနဲ့ပတ်သက်ပြီး ကောင်းတာတွေရှိရင်တောင် မတင်သင့်တော့ပါဘူး။ငွေရေးကြေးရေးကိစ္စ – ကိုယ့်မှာငွေဘယ်လောက်ရှိတယ်၊ ဘယ်လောက်ချမ်းသာတယ်၊ ကိုယ့်ဝင်ငွေက တစ်လကိုဘယ်လောက်ရှိတယ်ဆိုပြီး တင်တာမျိုးတွေဟာ အန္တရာယ်များပါတယ်။ ဖြစ်နိုင်ရင် မတင်တာအကောင်းဆုံးပါပဲ။ကိုယ့်အတွင်းရေးကိစ္စ – ကိုယ့်အကြောင်းမှန်သမျှကို Facebook ပေါ်တက်ရေးပြီး ပြောနေတာမျိုးတွေ မလုပ်ပါနဲ့။ ကိုယ့်အတွင်းရေးကိစ္စဆိုတာ လူတကာကိုလိုက်ပြောနေလို့မကောင်းပါဘူး။ ဒီလိုသာတင်နေမယ်ဆိုရင် ကိုယ်နဲ့ပတ်သက်တဲ့ အကြောင်းတွေကို တကူးတကစုံစမ်းနေစရာမလိုပဲ Facebook ထဲဝင်ကြည့်လိုက်တာနဲ့ သိနေရပါပြီ။ ဒါကြောင့် Facebook ပေါ်မှာ ကိုယ့်ကိစ္စမှန်သမျှကို မတင်ပါနဲ့။

Credit – မူရင်း

[zawgyi]

အခုေခတ္က Facebook သုံးၿပီဆိုရင္ မေက်နပ္တာေတြကိုတင္ၿပီး ကိုယ့္အေၾကာင္းမွန္သမွ်ကို ဒိုင္ယာရီစာအုပ္ထဲခ်ေရးသလို Status ေတြေရးတင္ေနၾကတာကို ေတြ႕ရပါတယ္။ ဒီလိုတင္လိုက္တဲ့အတြက္ ဘာအက်ိဳးအျမတ္မွမရသလို ကိုယ့္အတြက္ပဲနစ္နာေစပါတယ္။ တခ်ိဳ႕က်ေတာ့ ကိုယ့္အိမ္တြင္းေရးကိစၥေတြနဲ႔ ကိုယ့္အတြင္းေရးကိစၥေတြကိုပါ Public မွာ ခ်ျပေလ့ရွိၾကပါတယ္။ ဒါဟာ မေကာင္းတဲ့အက်င့္တစ္ခုပါ။ ဒါေၾကာင့္ ရင့္က်က္တဲ့သူတစ္ေယာက္အေနနဲ႔ Facebook ေပၚမွာမျပဳလုပ္သင့္တဲ့ အရာေတြကို ေဖာ္ျပေပးလိုက္ပါတယ္။အိမ္တြင္းေရးကိစၥ – အိမ္တြင္းေရးကိစၥဆိုတာ ကိုယ့္မိသားစုကလြဲလို႔ တျခားသူကိုေပးမသိတာ အေကာင္းဆုံးပါ။ Facebook ေပၚမွာတင္လိုက္မယ္ဆိုရင္ ကိုယ့္အေကာင့္ထဲရွိသမွ်လူေတြသိသြားေတာ့ မေကာင္းတဲ့ကိစၥဆိုလည္း ကိုယ္ပဲအရွက္ရေစပါတယ္။ အိမ္မွာမေက်နပ္တာေတြရွိလာရင္ Facebook ေပၚတက္ေျပာတာမ်ိဳးေတြဟာ ကေလးဆန္ၿပီး စိတ္ပ်က္ဖြယ္အျပဳအမူေတြပါ။ ဒါေၾကာင့္ ကိုယ္ေပါင္ကိုယ္လွန္ေထာင္းတဲ့အျဖစ္မ်ိဳး ဘယ္ေတာ့မွအျဖစ္မခံပါနဲ႔။အလုပ္ကိစၥ – တခ်ိဳ႕လူေတြဆိုရင္ အလုပ္မွာအဆင္မေျပတာေတြ၊ မေက်နပ္တာေတြကို Facebook ေပၚတင္ၿပီး ေပါက္ကြဲတတ္ၾကတယ္။ ဒီလိုတင္လိုက္ေတာ့ ေနာက္ေန႔ကိုယ္အလုပ္သြားတဲ့အခါ မ်က္ႏွာပူစရာေတြျဖစ္တာေပါ့။အလုပ္ထြက္သြားခဲ့ရင္ေတာင္ ကိုယ္လုပ္ခဲ့တဲ့အလုပ္ရဲ႕မေကာင္းေၾကာင္းေတြကို Facebook ေပၚတင္တာေတြဟာ လုံးဝမေကာင္းပါဘူး။ သူမ်ားက ကိုယ့္ကိုယ္အထင္ေသးသြားတတ္ပါတယ္။ ဒါေၾကာင့္ ကိုယ့္ Image ထိခိုက္မယ့္အရာေတြကို မလုပ္ပါနဲ႔။အခ်စ္ေရးကိစၥ – Facebook ေပၚမွာ ေတာ္ေတာ္မ်ားမ်ားေရးတာကေတာ့ အခ်စ္ေရးကိစၥေတြပါပဲ။ ကိုယ့္ရည္းစားနဲ႔ရန္ျဖစ္တာေတြ၊ ကိုယ့္ရည္းစားေဖာက္ျပန္တာေတြကို Facebook ေပၚတက္ေရးၿပီး အရွက္ခြဲတာ၊ ေပါက္ကြဲတာမ်ိဳးေတြ မလုပ္သင့္ပါဘူး။ သူအရွက္ကြဲေအာင္တင္လိုက္ေပမယ့္ ကိုယ္တိုင္လည္း အရွက္ကြဲရပါတယ္။ ေျပလည္ရာေျပလည္ေၾကာင္း ႏွစ္ဦးထဲပဲညႇိႏႈိင္းသင့္ပါတယ္။ အခုေခတ္က စႏိုက္ေၾကာ္တာေတြလည္း ေပါလာေတာ့ ရည္းစားနဲ႔ပတ္သက္ၿပီး ေကာင္းတာေတြရွိရင္ေတာင္ မတင္သင့္ေတာ့ပါဘူး။ေငြေရးေၾကးေရးကိစၥ – ကိုယ့္မွာေငြဘယ္ေလာက္ရွိတယ္၊ ဘယ္ေလာက္ခ်မ္းသာတယ္၊ ကိုယ့္ဝင္ေငြက တစ္လကိုဘယ္ေလာက္ရွိတယ္ဆိုၿပီး တင္တာမ်ိဳးေတြဟာ အႏၲရာယ္မ်ားပါတယ္။ ျဖစ္ႏိုင္ရင္ မတင္တာအေကာင္းဆုံးပါပဲ။ကိုယ့္အတြင္းေရးကိစၥ – ကိုယ့္အေၾကာင္းမွန္သမွ်ကို Facebook ေပၚတက္ေရးၿပီး ေျပာေနတာမ်ိဳးေတြ မလုပ္ပါနဲ႔။ ကိုယ့္အတြင္းေရးကိစၥဆိုတာ လူတကာကိုလိုက္ေျပာေနလို႔မေကာင္းပါဘူး။ ဒီလိုသာတင္ေနမယ္ဆိုရင္ ကိုယ္နဲ႔ပတ္သက္တဲ့ အေၾကာင္းေတြကို တကူးတကစုံစမ္းေနစရာမလိုပဲ Facebook ထဲဝင္ၾကည့္လိုက္တာနဲ႔ သိေနရပါၿပီ။ ဒါေၾကာင့္ Facebook ေပၚမွာ ကိုယ့္ကိစၥမွန္သမွ်ကို မတင္ပါနဲ႔။