ကျေးဇူးကန်းသော ” ခြင်္သေ့ “

တောထဲကိုလမ်းလျှောက်လာတဲ့ ခရီးသွားတစ်ယောက်ဟာ ခြင်္သေ့တစ်ကောင်ရဲ့ နာနာကျင်ကျင်အော်ဟစ်သံကိုကြားလိုက်ရပါတယ်။ အော် သံဟာ သူလျှောက်လာတဲ့လမ်းနဲ့ တဖြည်းဖြည်းနီးကပ်လာပြီး မကြာခင်မှာတော့ ခြင်္သေ့တစ်ကောင် ထောက်ချောက်ထဲမိနေတာကို မြင်လိုက်ရပါတော့တယ်။အဲဒီ့အခါမှာခြင်္သေ့က ခရီးသွားကို တောင်းပန်ပါတယ်။“ အသင်ခရီးသွား ငါ့ကိုတချက်လောက်ထောင်ချောက်ထဲကနေ လွတ်အောင်ကူညီပေးပါလား၊ မကြာခင်မှာ မုဆိုး‌ရောက်လာပြီး ငါ့ကို သတ်လိမ့်မယ်၊ အဲဒါကြောင့် ငါ့ကိုကယ်ပါ” လို့တောင်းဆိုပါတော့တယ်။ခရီးသွားဟာ အသက်တစ်ချောင်းကို ကယ်ချင်ပေမယ့် ခြင်္သေ့အစားခံရမှာကိုလည်းကြောက်တာကြောင့် ခြင်္သေ့ကိုကတိတောင်းပါတယ်။“ကယ်တာက ကယ်လို့ရပါတယ်၊ ဒါပေမယ့် မင်းကိုကယ်ပြီး လွတ်မြောက်တဲ့အခါ ငါ့ကိုသတ်မစားပါဘူး၊အန္တရာယ်မပေးပါဘူးလို့ ကတိပေးရင်တော့ ကယ်ပေးပါမယ်” လို့ ပြန်ပြောလိုက်ပါတယ်။ အဲဒီ့အခါခြင်္သေ့ဟာ အလွယ်တကူပဲ ကတိပေးပါတယ်။ ဒါနဲ့ခရီးသွားဟာလည်း ခြင်္သေ့ကို ထောက်ချောက်ကနေလွတ်အောင် ကူညီပေးပြီး ကယ်ဆယ်ပေးလိုက်ပါတော့တယ်။ထောက်ချောက်ကနေ လွတ်သွားတဲ့ခြင်္သေ့ဟာ အားရဝမ်းသာအော်ဟစ်လိုက်ပြီး ခရီးသွားကိုပြောလိုက်ပါတယ်။ “ဟယ် အသင်ခရီးသွား သင့်ကိုအရမ်းကျေးဇူးတင်မိပါတယ်၊ငါ့မှာ ထောင်ချောက်ထဲ ၂ ရက်လောက် အမိခံနေရတဲ့အတွက် ဘာမှလည်း မစားရသေးလို့ အင်မတန်ဆာလောင်နေတာနဲ့အတော်ပဲ။သင့်ကိုကျေးဇူးတင်လက်စနဲ့ ငါ့ရဲ့ဟာနေတဲ့ဗိုက်ကိုပါဖြည့်ပေးလိုက်ပါ”ဆိုပြီး ကျေးဇူးကန်းတဲ့ခြင်္သေ့ဟာ ပေးထားတဲ့ကတိကိုဖျက်ပြီးခရီးသွားကို စားမလိုလုပ်ပါတော့တယ်။အဲဒီ့အခါ ခရီးသွားဟာလည်း“ဟုတ်ပြီ၊ အဲဒါဆို စားခွင့်ပေးရမှာပေါ့။

ဒါပေမယ့် ခဏလောက်စောင့်ပါအုံး။ နောက်ထပ်ခရီးသွားတစ်ယောက်လာတဲ့အထိခဏလေးစောင့်ပြီး သင်လုပ်တဲ့အလုပ်က မှန်ကန်လား၊ တရားရဲ့လားဆိုတာ ဆုံးဖြတ်ခိုင်းရအောင် ၊ ဒါလေးတော့ သဘောတူပေးလိုက်ပါ၊ ငါကသင့်ကိုအကုန်သဘောတူပေးထားတာပဲ” လို့ ပြန် ပြော လိုက်ပါတယ်။အဲဒါနဲ့ပဲ ခြင်္သေ့ဟာ ခဏပဲစောင့်နိုင်မယ်လို့ ပြန်ပြောလိုက်ပါတယ်။ မကြာခင်မှာ မြေခွေးတစ်ကောင်ဟာ သူတို့ရှေ့ကနေဖြတ်သွားပါတယ်။ခရီးသွားဟာလည်း မြေခွေးကိုခေါ်လိုက်ပြီး အကူအညီတောင်းပါတယ်။“ အသင်မြေခွေး‌ရေ ခဏလောက် ငါတို့ကိစ္စကို ဆုံးဖြတ်ပေးပါအုံး။ကိစ္စကတော့ ဒီလိုပါ..”ဆိုပြီး ပြောပြလိုက်ပါတယ်။အဲဒါနဲ့မြေခွေးဟာ အကျင့်မကောင်းတဲ့ခြင်္သေ့ကို ပညာပေးဖို့စဉ်းစားလိုက်ပါတယ်။ “ဟုတ်ပြီလေ..အဲဒါဆိုရင် ဒီပြဿနာက အပြောနဲ့ချည်းပြောလို့မဖြစ်ဘူး။ ငါ့ကို လက်တွေ့ပြတဲ့အနေနဲ့ အသင်ခြင်္သေ့ဟာ ဘယ် လိုမျိုး ထောက်ချောက်ထဲမှာ မိနေခဲ့သလဲ။ သက်သေပြပါအုံး။ အဲဒါမှပဲ အစကနေ ဖြစ်ရပ်ကိုသုံးသပ်နိုင်မှာပေါ” လို့ မြေခွေးဟာ ခြင်္သေ့ ကိုပြောလိုက်ပါတယ်။အဲဒါနဲ့ ခြင်္သေ့ဟာဒီလိုမျိုးပါပဲ..” ဆိုပြီးထောက်ချောက်ထဲကိုပြန်ဝင်ပြပြီးသူ့ခြေထောက်ကို ကျော့ကွင်းနဲ့ ပြန်စွပ်ပြလိုက်ပါတော့တယ်။အဲဒီအခါကျတော့မှ မြေခွေးဟာ ခြင်္သေ့ကို“ကောင်းပြီလေ..အဲဒီလို ထောက်ချောက်မိခဲ့တယ် ဆိုရင်လည်း အဲဒီ့အတိုင်းသာ နေခဲ့ပေတော့ ခြင်္သေ့ရေ ၊ ကျေးဇူးမသိတတ်တဲ့ သင့်အတွက် ထိုက်တန်တာက ဒီအရာပဲ၊ငါတို့တော့ သွားပြီ” လို့ ပြောပြီး ခြင်္သေ့ကို ထောက်ချောက်ထဲမှာ ဒီအတိုင်း ပြန်ထားခဲ့လိုက်ပါတော့တယ်။ ပြောချင်တာကဘဝမှာလည်းအဲဒီလိုကျေးဇူးမသိတတ်သူမျိုးကိုကြုံရပါလိမ့်မယ်။ဒါပေမယ့် အဲဒီ့လူတွေကို ဘာမှလုပ်စရာမလိုဘဲ အချိန်တန် သူ့တို့စိတ်ဓာတ်ကသူတို့ကိုပြန်အကျိုးပေးမှာပါပဲ။သူတို့လိုစိတ်ဓာတ်ရှိသူနဲ့ သူတို့ပြန်ကြုံရတဲ့အခါသူတို့အတွက်ဝဋ်က အလိုလိုပြန်လည်လာပါလိမ့်မယ်။

Credit – BAWA

[zawgyi]

ေတာထဲကိုလမ္းေလွ်ာက္လာတဲ့ ခရီးသြားတစ္ေယာက္ဟာ ျခေသၤ့တစ္ေကာင္ရဲ႕ နာနာက်င္က်င္ေအာ္ဟစ္သံကိုၾကားလိုက္ရပါတယ္။ ေအာ္ သံဟာ သူေလွ်ာက္လာတဲ့လမ္းနဲ႔ တျဖည္းျဖည္းနီးကပ္လာၿပီး မၾကာခင္မွာေတာ့ ျခေသၤ့တစ္ေကာင္ ေထာက္ေခ်ာက္ထဲမိေနတာကို ျမင္လိုက္ရပါေတာ့တယ္။အဲဒီ့အခါမွာျခေသၤ့က ခရီးသြားကို ေတာင္းပန္ပါတယ္။“ အသင္ခရီးသြား ငါ့ကိုတခ်က္ေလာက္ေထာင္ေခ်ာက္ထဲကေန လြတ္ေအာင္ကူညီေပးပါလား၊ မၾကာခင္မွာ မုဆိုး‌ေရာက္လာၿပီး ငါ့ကို သတ္လိမ့္မယ္၊ အဲဒါေၾကာင့္ ငါ့ကိုကယ္ပါ” လို႔ေတာင္းဆိုပါေတာ့တယ္။ခရီးသြားဟာ အသက္တစ္ေခ်ာင္းကို ကယ္ခ်င္ေပမယ့္ ျခေသၤ့အစားခံရမွာကိုလည္းေၾကာက္တာေၾကာင့္ ျခေသၤ့ကိုကတိေတာင္းပါတယ္။“ကယ္တာက ကယ္လို႔ရပါတယ္၊ ဒါေပမယ့္ မင္းကိုကယ္ၿပီး လြတ္ေျမာက္တဲ့အခါ ငါ့ကိုသတ္မစားပါဘူး၊အႏၲရာယ္မေပးပါဘူးလို႔ ကတိေပးရင္ေတာ့ ကယ္ေပးပါမယ္” လို႔ ျပန္ေျပာလိုက္ပါတယ္။ အဲဒီ့အခါျခေသၤ့ဟာ အလြယ္တကူပဲ ကတိေပးပါတယ္။ ဒါနဲ႔ခရီးသြားဟာလည္း ျခေသၤ့ကို ေထာက္ေခ်ာက္ကေနလြတ္ေအာင္ ကူညီေပးၿပီး ကယ္ဆယ္ေပးလိုက္ပါေတာ့တယ္။ေထာက္ေခ်ာက္ကေန လြတ္သြားတဲ့ျခေသၤ့ဟာ အားရဝမ္းသာေအာ္ဟစ္လိုက္ၿပီး ခရီးသြားကိုေျပာလိုက္ပါတယ္။ “ဟယ္ အသင္ခရီးသြား သင့္ကိုအရမ္းေက်းဇူးတင္မိပါတယ္၊ငါ့မွာ ေထာင္ေခ်ာက္ထဲ ၂ ရက္ေလာက္ အမိခံေနရတဲ့အတြက္ ဘာမွလည္း မစားရေသးလို႔ အင္မတန္ဆာေလာင္ေနတာနဲ႔အေတာ္ပဲ။သင့္ကိုေက်းဇူးတင္လက္စနဲ႔ ငါ့ရဲ႕ဟာေနတဲ့ဗိုက္ကိုပါျဖည့္ေပးလိုက္ပါ”ဆိုၿပီး ေက်းဇူးကန္းတဲ့ျခေသၤ့ဟာ ေပးထားတဲ့ကတိကိုဖ်က္ၿပီးခရီးသြားကို စားမလိုလုပ္ပါေတာ့တယ္။အဲဒီ့အခါ ခရီးသြားဟာလည္း“ဟုတ္ၿပီ၊ အဲဒါဆို စားခြင့္ေပးရမွာေပါ့။ဒါေပမယ့္ ခဏေလာက္ေစာင့္ပါအုံး။ ေနာက္ထပ္ခရီးသြားတစ္ေယာက္လာတဲ့အထိခဏေလးေစာင့္ၿပီး သင္လုပ္တဲ့အလုပ္က မွန္ကန္လား၊ တရားရဲ႕လားဆိုတာ ဆုံးျဖတ္ခိုင္းရေအာင္ ၊ ဒါေလးေတာ့ သေဘာတူေပးလိုက္ပါ၊ ငါကသင့္ကိုအကုန္သေဘာတူေပးထားတာပဲ” လို႔ ျပန္ ေျပာ လိုက္ပါတယ္။အဲဒါနဲ႔ပဲ ျခေသၤ့ဟာ ခဏပဲေစာင့္ႏိုင္မယ္လို႔ ျပန္ေျပာလိုက္ပါတယ္။ မၾကာခင္မွာ ေျမေခြးတစ္ေကာင္ဟာ သူတို႔ေရွ႕ကေနျဖတ္သြားပါတယ္။ခရီးသြားဟာလည္း ေျမေခြးကိုေခၚလိုက္ၿပီး အကူအညီေတာင္းပါတယ္။“ အသင္ေျမေခြး‌ေရ ခဏေလာက္ ငါတို႔ကိစၥကို ဆုံးျဖတ္ေပးပါအုံး။ကိစၥကေတာ့ ဒီလိုပါ..”ဆိုၿပီး ေျပာျပလိုက္ပါတယ္။အဲဒါနဲ႔ေျမေခြးဟာ အက်င့္မေကာင္းတဲ့ျခေသၤ့ကို ပညာေပးဖို႔စဥ္းစားလိုက္ပါတယ္။ “ဟုတ္ၿပီေလ..အဲဒါဆိုရင္ ဒီျပႆနာက အေျပာနဲ႔ခ်ည္းေျပာလို႔မျဖစ္ဘူး။ ငါ့ကို လက္ေတြ႕ျပတဲ့အေနနဲ႔ အသင္ျခေသၤ့ဟာ ဘယ္ လိုမ်ိဳး ေထာက္ေခ်ာက္ထဲမွာ မိေနခဲ့သလဲ။ သက္ေသျပပါအုံး။ အဲဒါမွပဲ အစကေန ျဖစ္ရပ္ကိုသုံးသပ္ႏိုင္မွာေပါ” လို႔ ေျမေခြးဟာ ျခေသၤ့ ကိုေျပာလိုက္ပါတယ္။အဲဒါနဲ႔ ျခေသၤ့ဟာဒီလိုမ်ိဳးပါပဲ..” ဆိုၿပီးေထာက္ေခ်ာက္ထဲကိုျပန္ဝင္ျပၿပီးသူ႔ေျခေထာက္ကို ေက်ာ့ကြင္းနဲ႔ ျပန္စြပ္ျပလိုက္ပါေတာ့တယ္။အဲဒီအခါက်ေတာ့မွ ေျမေခြးဟာ ျခေသၤ့ကို“ေကာင္းၿပီေလ..အဲဒီလို ေထာက္ေခ်ာက္မိခဲ့တယ္ ဆိုရင္လည္း အဲဒီ့အတိုင္းသာ ေနခဲ့ေပေတာ့ ျခေသၤ့ေရ ၊ ေက်းဇူးမသိတတ္တဲ့ သင့္အတြက္ ထိုက္တန္တာက ဒီအရာပဲ၊ငါတို႔ေတာ့ သြားၿပီ” လို႔ ေျပာၿပီး ျခေသၤ့ကို ေထာက္ေခ်ာက္ထဲမွာ ဒီအတိုင္း ျပန္ထားခဲ့လိုက္ပါေတာ့တယ္။ ေျပာခ်င္တာကဘဝမွာလည္းအဲဒီလိုေက်းဇူးမသိတတ္သူမ်ိဳးကိုႀကဳံရပါလိမ့္မယ္။ဒါေပမယ့္ အဲဒီ့လူေတြကို ဘာမွလုပ္စရာမလိုဘဲ အခ်ိန္တန္ သူ႔တို႔စိတ္ဓာတ္ကသူတို႔ကိုျပန္အက်ိဳးေပးမွာပါပဲ။သူတို႔လိုစိတ္ဓာတ္ရွိသူနဲ႔ သူတို႔ျပန္ႀကဳံရတဲ့အခါသူတို႔အတြက္ဝဋ္က အလိုလိုျပန္လည္လာပါလိမ့္မယ္။