ခုန်ထွက်လိုက်ပါ

ဖားအရှင်တစ်ကောင်ကို ရေထည့်ထားတဲ့ အိုးထဲထည့်လို့ မီးအပူပေးပါ။ ရေရဲ့အပူချိန် မြင့်တက်လာလေလေ၊ ဖားရဲ့ကိုယ်ခန္ဓာအပူချိန်ဟာလည်း သဘာဝအလျှောက် ရေအပူချိန်နဲ့လိုက်လို့ ပြောင်းလဲလာပါလိမ့်မယ်။ ဒီလိုပဲ ရေရဲ့အပူချိန်မြင့်လာလေလေ၊ ဖားရဲ့ခန္ဓာကိုယ်အပူချိန်လည်း မြင့်လာလေလေပေါ့။ ဒါပေမယ့် တဖြည်းဖြည်းနဲ့ရေဟာ ရေဆူမှတ်ကိုရောက်လာချိန်မှာတော့ ဖားဟာ ရေရဲ့အပူချိန်အတိုင်း သူ့ခန္ဓာကိုယ်အပူချိန်ကို လိုက်မပြောင်းနိုင်တော့ဘူး။ ထိုအချိန်မှာ ဖားဟာ အိုးထဲက ခုန်ထွက်ဖို့ ကြိုးစားပါလိမ့်မယ်။ ဒါပေမယ့် သူ့ရဲ့ကြိုးစားမှု့ဟာ မအောင်မြင်တော့ပါဘူး၊ ဘာလို့လဲဆိုတော့ ရေရဲ့အပူချိန်အတိုင်းလိုက်ပြောင်းရင်းနဲ့ သူ့ရဲ့ခွန်အားတွေဟာ ဆုံးရှုံးခဲ့ရပြီဖြစ်လို့ပါပဲ။ ဒီလိုနဲ့ ဖားဟာ အသက်ဆုံးရှုံးသွားရပါတယ်..။

ဒါဆို ဖားကိုဘာက သေစေတာလဲ..?အများစုက ရေနွေးပူကြောင့်လို ဖြေကြပါလိမ့်မယ်..ဒါပေမယ့် အမှန်တကယ်ကတော့ ခုန်ထွက်လို့ရတဲ့အချိန်မှာ ခုန်ထွက်ဖို့ မစဉ်းစားတတ်ခဲ့တဲ့ သူ့ရဲ့ ဆုံးဖြတ်နိုင်စွမ်းအားကြောင့်ပါပဲ။ကျွန်တော်တို့အားလုံးဟာ ပတ်ဝန်းကျင်က လူတွေအားလုံးနဲ့ညှိနှိုင်းဖို့၊ အဆင်ပြေအောင် နေဖို့လိုတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် ဘယ်အချိန်မှာ ညှိနှိုင်းရမယ်၊ ဘယ်လိုအခါမှ ရင်ဆိုင်ရမယ်ဆိုတာတော့ စဉ်းစားဖို့ လိုပါတယ်။တစ်ခါတရံမှာ လူတွေဟာ ကိုယ့်ရဲ့ သည်းခံမှု့ နားလည်ပေးတတ်မှု့အပေါ် ဆက်လက်အနိုင်ယူဖို့ ကြိုးစားတတ်လို့၊ အဲ့ဒီအခြေအနေကနေ ဘယ်လိုအချိန်မှာခုန်ထွက်ကြမလဲဆိုတာကတော့ သင့်ရဲ့ ဆုံးဖြတ်ချက်ပါပဲ..။

Credit to အောင်ခန်း

[zawgyi]

ဖားအရွင္တစ္ေကာင္ကို ေရထည့္ထားတဲ့ အိုးထဲထည့္လို႔ မီးအပူေပးပါ။ ေရရဲ႕အပူခ်ိန္ ျမင့္တက္လာေလေလ၊ ဖားရဲ႕ကိုယ္ခႏၶာအပူခ်ိန္ဟာလည္း သဘာဝအေလွ်ာက္ ေရအပူခ်ိန္နဲ႔လိုက္လို႔ ေျပာင္းလဲလာပါလိမ့္မယ္။ ဒီလိုပဲ ေရရဲ႕အပူခ်ိန္ျမင့္လာေလေလ၊ ဖားရဲ႕ခႏၶာကိုယ္အပူခ်ိန္လည္း ျမင့္လာေလေလေပါ့။ ဒါေပမယ့္ တျဖည္းျဖည္းနဲ႔ေရဟာ ေရဆူမွတ္ကိုေရာက္လာခ်ိန္မွာေတာ့ ဖားဟာ ေရရဲ႕အပူခ်ိန္အတိုင္း သူ႔ခႏၶာကိုယ္အပူခ်ိန္ကို လိုက္မေျပာင္းႏိုင္ေတာ့ဘူး။ ထိုအခ်ိန္မွာ ဖားဟာ အိုးထဲက ခုန္ထြက္ဖို႔ ႀကိဳးစားပါလိမ့္မယ္။ ဒါေပမယ့္ သူ႔ရဲ႕ႀကိဳးစားမႈ႕ဟာ မေအာင္ျမင္ေတာ့ပါဘူး၊ ဘာလို႔လဲဆိုေတာ့ ေရရဲ႕အပူခ်ိန္အတိုင္းလိုက္ေျပာင္းရင္းနဲ႔ သူ႔ရဲ႕ခြန္အားေတြဟာ ဆုံးရႈံးခဲ့ရၿပီျဖစ္လို႔ပါပဲ။ ဒီလိုနဲ႔ ဖားဟာ အသက္ဆုံးရႈံးသြားရပါတယ္..။ဒါဆို ဖားကိုဘာက ေသေစတာလဲ..?အမ်ားစုက ေရေႏြးပူေၾကာင့္လို ေျဖၾကပါလိမ့္မယ္..ဒါေပမယ့္ အမွန္တကယ္ကေတာ့ ခုန္ထြက္လို႔ရတဲ့အခ်ိန္မွာ ခုန္ထြက္ဖို႔ မစဥ္းစားတတ္ခဲ့တဲ့ သူ႔ရဲ႕ ဆုံးျဖတ္ႏိုင္စြမ္းအားေၾကာင့္ပါပဲ။ကြၽန္ေတာ္တို႔အားလုံးဟာ ပတ္ဝန္းက်င္က လူေတြအားလုံးနဲ႔ညႇိႏႈိင္းဖို႔၊ အဆင္ေျပေအာင္ ေနဖို႔လိုတယ္ဆိုတာ မွန္ပါတယ္။ ဒါေပမယ့္ ဘယ္အခ်ိန္မွာ ညႇိႏႈိင္းရမယ္၊ ဘယ္လိုအခါမွ ရင္ဆိုင္ရမယ္ဆိုတာေတာ့ စဥ္းစားဖို႔ လိုပါတယ္။တစ္ခါတရံမွာ လူေတြဟာ ကိုယ့္ရဲ႕ သည္းခံမႈ႕ နားလည္ေပးတတ္မႈ႕အေပၚ ဆက္လက္အႏိုင္ယူဖို႔ ႀကိဳးစားတတ္လို႔၊ အဲ့ဒီအေျခအေနကေန ဘယ္လိုအခ်ိန္မွာခုန္ထြက္ၾကမလဲဆိုတာကေတာ့ သင့္ရဲ႕ ဆုံးျဖတ္ခ်က္ပါပဲ..။