စကားတစ်ခွန်းရဲ့ တန်ဖိုး
မင်းက ဘာလုပ်နိုင်မှာလည်းကွာ ကျွန်တော် ပြုံးရုံသာပြုံးနေလိုက်တယ်..လောကကြီးမှာကျွန်တော်လုပ်နိုင်တာရှိသေးတယ်ဆိုတာ သူမသိဘူး။မင်းကို ကြည့်ရတာသနားစရာပဲကွာ နှုတ်ခမ်းလေးကွေးသွားအောင်ပြုံးပြလိုက်တယ်..ကျွန်တော့်ကိုသနားသယောင်နဲ့ဟန်ဆောင်နေတဲ့
သူ့ရဲ့ အဖြစ်ကို ကျွန်တော်ကပဲပြန်သနားမိတယ်။လောကကြီးကပြောင်းလဲမသွားဘူး..ကျွန်တော်တို့တွေကလိုက်ပြီးပြောင်းလဲနေတာရေညစ်တစ်စက်ကြောင့် ရေကြည်တစ်ခွက်ညစ်ပတ်သွားတဲ့(အဖြင့်မျိုး) ကျွန်တော်ဘယ်တော့မှမလုပ်ဘူး။
အောင်မြင်ရမယ်ဆိုတဲ့ခေါင်းစဉ်အောက်မှာထိုင်နေလို့တော့ ဘာမှဖြစ်လာမှာမဟုတ်ဘူးတဲ့..။ဂျူးလူမျိုးတစ်ယောက်ပြောသွားတဲ့စကားတစ်ခွန်းကိုကျွန်တော်အရမ်းသဘောကျခဲ့တယ်။(က)။ ကြိုးစားပြီးမှ နောင်တရရင် ရပါစေ..။ (ခ)။မကြိုးစားပဲနဲ့ လွဲသွားတဲ့ နောင်တမျိုးတော့
မလိုချင်ဘူးတဲ့ ကဲ..စာဖတ်သူတွေလည်း (က) နဲ့ (ခ) မှာပါတဲ့နောင်တခြင်းတူနေတောင်မှ ကွဲလွဲနေတာသတိပြုမိကြမှာပဲ။ (က)။ ကြိုးစားပြီးမှရတဲ့နောင်တရဲ့ရလဒ်က ရှုံးပေမဲ့လည်း အတွေ့ကြုံရစေတာမို့ကြိုးစားပါ ရှုံးပေမဲ့လည်းမြတ်ပါတယ်။ စာပေချစ်သူများအားအစဉ်လေးစားလျှက်..။
Credit – လင်္ကာမောင် (မြိတ်)
[zawgyi]