စင်္ကြာဝတေးမင်း ဖြစ်ချင်သူ..

တခါတုန်းက..တိုင်းစွန်းပြည့်စွန်းက ရပ်ရွာဇနပုဒ် တစ်ခုမှာ သူခိုးတစ်ယောက်ဟာ ရွာသူဋ္ဌေးကြီးရဲ့ နေအိမ်ကို အုတ်တံတိုင်း အပြင်ဘက်ကနေ ခွကျော်ပြီး ဝင်ခိုးရာမှအုတ်တံတိုင်း ပြိုကျလို ဖိမိပြီး သေသွားသတဲ့။ ဒါကို သူခိုးမိန်းမက မကျေနပ်ဘူးရပ်ရွာအုပ်ချုပ်တဲ့ ရွာသူကြီးကို သွားတိုင်သတဲ့။” အို…ရွာသူကြီး ရှင်အကျွန်မျိုးမ ချစ်လင်သည် မယားကျွေးရန် ခိုး၍ စီးပွားရှာခြင်းသာ ဖြစ်ပါသည်။ ယခု မတော်မတရား သေဆုံးခြင်းကို တရားမျှတမှု ရှိစေတော်မူပါ “ရွာသူကြီးကလဲ ထွေထွေထူးထူး မစဉ်းစားတော့ပဲရွာသူဋ္ဌေးကြီးကို သေဒဏ် ပေးလိုက်သတဲ့။သေဒဏ်ဆိုတာက ကြိုးပေးသတ်စေပေါ့..။ရွာသူဋ္ဌေးကြီက အယူခံဝင်တယ်” အုတ်တံတိုင်းကြီး ပြိုရခြင်းမှာပန်းရံဆရာနှင့်သာ သက်ဆိုင်ပါသည် “ဒါနဲ့ ပန်းရံဆရာ ကြိုးပေးခံလိုက်ရရောပန်းရံဆရာကလဲ လျှောက်ပြန်တယ်။ “ဘိလပ်မြေရောစပ်သူ အလုပ်သမား အသုံးမကျမှုကြောင့် ဖြစ်ပါသည် “အလုပ်သမားကလည်း လျှောက်တင်ပြန်တယ်။ ” ရေထမ်းသမား ရေပို ဖြည့်ထားသောကြောင့်ဘိလပ်မြေ ပျော့သွားရခြင်း ဖြစ်ပါသည် “” ရေထမ်းသမားအားသေဒဏ် “သူလည်းမခေပါဘူးလျှောက်လိုက်တာကတော့” အကျွန်ုပ် ရေဖြည့်ခြင်းမှာ ပုံမှန်သာဖြစ်ပါသည်၊ ရေအိုးက ကြီးနေပါသောကြောင့် ရေပို ထည့်မိခြင်းဖြစ်ပါသည် “” အိုးထိန်းသည်အား သေဒဏ်ပေးစေ “

သူကထပ်လျှောက်တင်ပြန်တယ်..” ပုံမှန်အတိုင်းဆိုရင် ရေအိုးက ကြီးစရာ အကြောင်းမရှိပါဘူး။ ဒါပေမယ့် အဲ့ဒီနေ့က အိုးလုပ်နေတုန်း အင်မတန် ချောမောလှပတဲ့ အမျိုးသမီးတစ်ယောက်အကျွန်ုပ်ရှေ့က ခဏခဏ ဖြတ်သွားဖြတ်လာ လုပ်ပါတယ်၊ အဲဒီအမျိုးသမီးအား ငေးကြည့်မိသောကြောင့်ရေအိုးကြီးသွားရခြင်း ဖြစ်ပါသည် “” ဖြတ်လျှောက်သော အမျိုးသမီးအား သေဒဏ် “အမျိုးသမီးက ထပ်လျှောက် ပြန်တယ်၊ အကျွန်မျိုးမ ဖြတ်လျှောက်ခြင်းမှာ အပ်ချုပ်သည်အား အဝတ်အပ်ထား၍ ချုပ်ပြီး မပြီးသွားရောင်စစ်ဆေး ခြင်းသာ ဖြစ်ပါတယ်။ မပြီးသောကြောင့် အကြိမ်ကြိမ် သွားမေးရခြင်း ဖြစ်ပါ တယ်”ဒီလိုနဲ့ပဲ အပ်ချုပ်သည် သားအဖကို လှမ်းခေါ်လိုက်တယ်..” သေဒဏ် ကြိုးပေးသတ်စေ “ဒီတော့ အပ်ချုပ်သည် သားအဖလဲ ကြံဖန်ပြီးကြိုးကွင်းထဲ သူအရင်ဝင်မယ် ငါအရင်ဝင်မယ် လို့လုနေလိုက်ကြသတဲ့။ရွာသူကြီးလဲ အံ့သြသွားတာပေါ့..” ဘယ့်နှယ် သူများတွေ က သေဖို့ကြောက်နေတဲ့ အချိန်မှာ ဒီနှစ်ယောက်က ကြိုးကွင်းကို ဘာလို့ ပြိုင်လုနေရတာတုန်း “ဒီတော့မှ စက်ချုပ်သည် သားအဖလဲ” သူကြီးမင်း ယနေ့ဟာ နက္ခတ်၊ ခါးပတ် ၊ဂြိုလ်သွားတို့၏ တည်နေရာအားသေချာတိုင်း တာ၍ စစ်ဆေးကြည့်ရာယနေ့ဒီအချိန် သေသောသူဟာ မလွှဲဧကံ မုချအမှန် စင်္ကြာဝတေးမင်း ဖြစ်လတ္တံ့..။သို့ဖြစ်ပါ၍ ကြိုးကွင်းလုနေခြင်း ဖြစ်ပါသည် “ဒီတော့ ရွသူကြီးလဲ အံကြိတ်ပြီး ရှေ့တိုးလာတယ်။သယ်..ငါရှိပါလျှက်နဲ့သည်ငမိုက်သားတွေ စင်္ကြာဝတေးမင်း ဆုကို ယူစရာအကြောင်းမရှိ နင်တို့ဘေးဖယ်ကြ…ဆိုပြီး ကြိုးကွင်းအတွင်း ဝင်သွားပါတော့တယ်။

မူရင်း Credit

[zawgyi]

တခါတုန္းက..တိုင္းစြန္းျပည့္စြန္းက ရပ္႐ြာဇနပုဒ္ တစ္ခုမွာ သူခိုးတစ္ေယာက္ဟာ ႐ြာသူေ႒းႀကီးရဲ႕ ေနအိမ္ကို အုတ္တံတိုင္း အျပင္ဘက္ကေန ခြေက်ာ္ၿပီး ဝင္ခိုးရာမွအုတ္တံတိုင္း ၿပိဳက်လို ဖိမိၿပီး ေသသြားသတဲ့။ ဒါကို သူခိုးမိန္းမက မေက်နပ္ဘူးရပ္႐ြာအုပ္ခ်ဳပ္တဲ့ ႐ြာသူႀကီးကို သြားတိုင္သတဲ့။” အို…႐ြာသူႀကီး ရွင္အကြၽန္မ်ိဳးမ ခ်စ္လင္သည္ မယားေကြၽးရန္ ခိုး၍ စီးပြားရွာျခင္းသာ ျဖစ္ပါသည္။ ယခု မေတာ္မတရား ေသဆုံးျခင္းကို တရားမွ်တမႈ ရွိေစေတာ္မူပါ “႐ြာသူႀကီးကလဲ ေထြေထြထူးထူး မစဥ္းစားေတာ့ပဲ႐ြာသူေ႒းႀကီးကို ေသဒဏ္ ေပးလိုက္သတဲ့။ေသဒဏ္ဆိုတာက ႀကိဳးေပးသတ္ေစေပါ့..။႐ြာသူေ႒းႀကီက အယူခံဝင္တယ္” အုတ္တံတိုင္းႀကီး ၿပိဳရျခင္းမွာပန္းရံဆရာႏွင့္သာ သက္ဆိုင္ပါသည္ “ဒါနဲ႔ ပန္းရံဆရာ ႀကိဳးေပးခံလိုက္ရေရာပန္းရံဆရာကလဲ ေလွ်ာက္ျပန္တယ္။ “ဘိလပ္ေျမေရာစပ္သူ အလုပ္သမား အသုံးမက်မႈေၾကာင့္ ျဖစ္ပါသည္ “အလုပ္သမားကလည္း ေလွ်ာက္တင္ျပန္တယ္။ ” ေရထမ္းသမား ေရပို ျဖည့္ထားေသာေၾကာင့္ဘိလပ္ေျမ ေပ်ာ့သြားရျခင္း ျဖစ္ပါသည္ “” ေရထမ္းသမားအားေသဒဏ္ “သူလည္းမေခပါဘူးေလွ်ာက္လိုက္တာကေတာ့” အကြၽႏ္ုပ္ ေရျဖည့္ျခင္းမွာ ပုံမွန္သာျဖစ္ပါသည္၊ ေရအိုးက ႀကီးေနပါေသာေၾကာင့္ ေရပို ထည့္မိျခင္းျဖစ္ပါသည္ “” အိုးထိန္းသည္အား ေသဒဏ္ေပးေစ “သူကထပ္ေလွ်ာက္တင္ျပန္တယ္..” ပုံမွန္အတိုင္းဆိုရင္ ေရအိုးက ႀကီးစရာ အေၾကာင္းမရွိပါဘူး။ ဒါေပမယ့္ အဲ့ဒီေန႔က အိုးလုပ္ေနတုန္း အင္မတန္ ေခ်ာေမာလွပတဲ့ အမ်ိဳးသမီးတစ္ေယာက္အကြၽႏ္ုပ္ေရွ႕က ခဏခဏ ျဖတ္သြားျဖတ္လာ လုပ္ပါတယ္၊ အဲဒီအမ်ိဳးသမီးအား ေငးၾကည့္မိေသာေၾကာင့္ေရအိုးႀကီးသြားရျခင္း ျဖစ္ပါသည္ “” ျဖတ္ေလွ်ာက္ေသာ အမ်ိဳးသမီးအား ေသဒဏ္ “အမ်ိဳးသမီးက ထပ္ေလွ်ာက္ ျပန္တယ္၊ အကြၽန္မ်ိဳးမ ျဖတ္ေလွ်ာက္ျခင္းမွာ အပ္ခ်ဳပ္သည္အား အဝတ္အပ္ထား၍ ခ်ဳပ္ၿပီး မၿပီးသြားေရာင္စစ္ေဆး ျခင္းသာ ျဖစ္ပါတယ္။ မၿပီးေသာေၾကာင့္ အႀကိမ္ႀကိမ္ သြားေမးရျခင္း ျဖစ္ပါ တယ္”ဒီလိုနဲ႔ပဲ အပ္ခ်ဳပ္သည္ သားအဖကို လွမ္းေခၚလိုက္တယ္..” ေသဒဏ္ ႀကိဳးေပးသတ္ေစ “ဒီေတာ့ အပ္ခ်ဳပ္သည္ သားအဖလဲ ႀကံဖန္ၿပီးႀကိဳးကြင္းထဲ သူအရင္ဝင္မယ္ ငါအရင္ဝင္မယ္ လို႔လုေနလိုက္ၾကသတဲ့။႐ြာသူႀကီးလဲ အံ့ၾသသြားတာေပါ့..” ဘယ့္ႏွယ္ သူမ်ားေတြ က ေသဖို႔ေၾကာက္ေနတဲ့ အခ်ိန္မွာ ဒီႏွစ္ေယာက္က ႀကိဳးကြင္းကို ဘာလို႔ ၿပိဳင္လုေနရတာတုန္း “ဒီေတာ့မွ စက္ခ်ဳပ္သည္ သားအဖလဲ” သူႀကီးမင္း ယေန႔ဟာ နကၡတ္၊ ခါးပတ္ ၊ၿဂိဳလ္သြားတို႔၏ တည္ေနရာအားေသခ်ာတိုင္း တာ၍ စစ္ေဆးၾကည့္ရာယေန႔ဒီအခ်ိန္ ေသေသာသူဟာ မလႊဲဧကံ မုခ်အမွန္ စၾကၤာဝေတးမင္း ျဖစ္လတၱံ့..။သို႔ျဖစ္ပါ၍ ႀကိဳးကြင္းလုေနျခင္း ျဖစ္ပါသည္ “ဒီေတာ့ ႐ြသူႀကီးလဲ အံႀကိတ္ၿပီး ေရွ႕တိုးလာတယ္။သယ္..ငါရွိပါလွ်က္နဲ႔သည္ငမိုက္သားေတြ စၾကၤာဝေတးမင္း ဆုကို ယူစရာအေၾကာင္းမရွိ နင္တို႔ေဘးဖယ္ၾက…ဆိုၿပီး ႀကိဳးကြင္းအတြင္း ဝင္သြားပါေတာ့တယ္။