စည်းထားပါ…

လူတိုင်း လူတိုင်းမှာ သူ့ရဲ့ ကိုယ်ရေးကိုယ်တာ စိတ်ပိုင်းဆိုင်ရာ ပြဿနာ ဆိုတာရှိပါတယ်..လူသိစေချင်တာရှိသလိုလူမသိစေချင်တာလည်းရှိတတ်ကြပါတယ်..အဲဒါကြောင့်…ပေါင်းသင်းဆက်ဆံရေး နယ်ပယ်မှာသိပေမဲ့…မသိချင်ယောင် ဆောင်ရသလို သိပေမဲ့…မပြောပဲ နေပေးရတာလည်း ရှိပါတယ်..ဒီနေရာမှာ “စာနာမှု”က လူတစ်ယောက်ရဲ့ အဆင့်အတန်းကို ပြပါတယ်.. မိတ်ဆွေအစစ်လို့ ထင်ရတဲ့ထင်ခဲ့တဲ့ လူတ ချို့ကကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာအကြောင်းအရာတွေကို အတင်းတုပ်တဲ့ အခါ ပုံကြီးချဲ့တဲ့အခါကိုယ်က သိပေမဲ့…မသိချင်ယောင် ဆောင်လိုက်ဝာလည်း ရှိတယ်..နောက်တစ်ခါသူတို့ ပုံကြီးချဲ့လို့သိသွားတဲ့သူတွေကမထိခလုတ် ထိခလုတ်ခနဲ့ တဲ့တဲ့ရိ သဲ့သဲ့ လာ လာ ပြောတဲ့အခါ ဘာမှတော့ ပြန်မပြောဘူး..။

ဒါပေမဲ့…သီးမခံနိုင်တဲ့ တစ်နေ့ပြန်ပြောရင်လည်းတယောက် မျက်နှာ တစ်ယောက်ကြည့်နိုင်တော့မှာ မဟုတ်ဘူး..ပြောချင်တာက…ဘာကြောင့် လူမှုရေး နယ်ပယ်မှာစည်း မထားတာလဲ-?ဘာကြောင့်…ကိုယ့်ရဲ့ ပါးစပ်ကို စည်းကမ်း ရှိအောင်မထိန်းသိမ်းတာလဲ-?ဘာကြောင့်…သူများရဲ့ အကြောင်းအရာတွေကိုပယ်ပယ်နယ်နယ် ပြောပြီးအရသာ ခံချင်ရတာလဲ-?ငါလည်း တစ်နေ့ သူ့လို ကြုံနိုင်တယ်ဆိုတဲ့အဲဒီလို အသိလေး ရှိဖို့ လိုပါတယ်..လူတစ်ယောက်ရဲ့ အဆင့်အတန်းက “ငွေကြေး ချမ်းသာမှု”မဟုတ်ဘူး..လူတစ်ယောက်ရဲ့ အဆင့်အတန်းက “ပါးစပ်စည်းကမ်း ရှိဖို့” နဲ့”စာနာ”နားလည်” “ဖေးမတတ်မှု” ပါ…။

credit – original

[zawgyi]

လူတိုင္း လူတိုင္းမွာ သူ႔ရဲ႕ ကိုယ္ေရးကိုယ္တာ စိတ္ပိုင္းဆိုင္ရာ ျပႆနာ ဆိုတာရွိပါတယ္..လူသိေစခ်င္တာရွိသလိုလူမသိေစခ်င္တာလည္းရွိတတ္ၾကပါတယ္..အဲဒါေၾကာင့္…ေပါင္းသင္းဆက္ဆံေရး နယ္ပယ္မွာသိေပမဲ့…မသိခ်င္ေယာင္ ေဆာင္ရသလို သိေပမဲ့…မေျပာပဲ ေနေပးရတာလည္း ရွိပါတယ္..ဒီေနရာမွာ “စာနာမႈ”က လူတစ္ေယာက္ရဲ႕ အဆင့္အတန္းကို ျပပါတယ္.. မိတ္ေဆြအစစ္လို႔ ထင္ရတဲ့ထင္ခဲ့တဲ့ လူတ ခ်ိဳ႕ကကိုယ့္ရဲ႕ ကိုယ္ေရးကိုယ္တာအေၾကာင္းအရာေတြကို အတင္းတုပ္တဲ့ အခါ ပုံႀကီးခ်ဲ႕တဲ့အခါကိုယ္က သိေပမဲ့…မသိခ်င္ေယာင္ ေဆာင္လိုက္ဝာလည္း ရွိတယ္..ေနာက္တစ္ခါသူတို႔ ပုံႀကီးခ်ဲ႕လို႔သိသြားတဲ့သူေတြကမထိခလုတ္ ထိခလုတ္ခနဲ႔ တဲ့တဲ့ရိ သဲ့သဲ့ လာ လာ ေျပာတဲ့အခါ ဘာမွေတာ့ ျပန္မေျပာဘူး..။ဒါေပမဲ့…သီးမခံႏိုင္တဲ့ တစ္ေန႔ျပန္ေျပာရင္လည္းတေယာက္ မ်က္ႏွာ တစ္ေယာက္ၾကည့္ႏိုင္ေတာ့မွာ မဟုတ္ဘူး..ေျပာခ်င္တာက…ဘာေၾကာင့္ လူမႈေရး နယ္ပယ္မွာစည္း မထားတာလဲ-?ဘာေၾကာင့္…ကိုယ့္ရဲ႕ ပါးစပ္ကို စည္းကမ္း ရွိေအာင္မထိန္းသိမ္းတာလဲ-?ဘာေၾကာင့္…သူမ်ားရဲ႕ အေၾကာင္းအရာေတြကိုပယ္ပယ္နယ္နယ္ ေျပာၿပီးအရသာ ခံခ်င္ရတာလဲ-?ငါလည္း တစ္ေန႔ သူ႔လို ႀကဳံႏိုင္တယ္ဆိုတဲ့အဲဒီလို အသိေလး ရွိဖို႔ လိုပါတယ္..လူတစ္ေယာက္ရဲ႕ အဆင့္အတန္းက “ေငြေၾကး ခ်မ္းသာမႈ”မဟုတ္ဘူး..လူတစ္ေယာက္ရဲ႕ အဆင့္အတန္းက “ပါးစပ္စည္းကမ္း ရွိဖို႔” နဲ႔”စာနာ”နားလည္” “ေဖးမတတ္မႈ” ပါ…။