တညင်းသီးဆားရည်စိမ် ပြုလုပ်နည်း

ဒီတစ်ခါမှာတော့ ဒညင်းသီးတွေလှိုင်လှိုင်ပေါတဲ့အချိန်မှာ ဒညင်းသီး ဆားရည်စိမ်လုပ်နည်းလေး မျှဝေပေးပါမယ်။ဒညင်းသီး နုနုကြွပ်ကြွပ်ကလေးတွေကို အပေါ်အခွံမာ ခွာပြီး နှစ်ရက် လောက်ရေစိမ်ထားပါ။ ( ရေသန့် ဒါမှမဟုတ်ရေကျက်အေးကိုသုံးပါ) တစ်ရ က်တစ်ခါရေ လဲပေးပါတယ်။အတွင်းခွံလေးတွေ ပွပြီးကျွတ်ထွက်လာပြီဆို အခွံတွေဖယ်ထုတ်ပြီး ရေဆေးပါ။ အဝကျယ် ပုလင်းတစ်လုံး (ဖန်ပုလင်းနဲ့စိမ်ရင်ပိုကောင်းပါတယ် ) ထဲကို ရေသန့် သို့ ရေကျက်အေးတစ်ဝက်ခန့် ထည့်ပြီးသကြားစားပွဲဇွန်းနှစ်ဇွန်း‌မောက်မောက် ဆားစားပွဲဇွန်းတစ်ဇွန်းမောက်မောက်ထည့်ဖျော်ပါ။

ဒညင်းသီးထည့်ပါ ဒညင်းသီးမြုပ်အောင် ရေအနည်းငယ်ထပ်ထည့်ပြီး ဇွန်းနဲ့မွှေပေးပါ အဖုံးလုံအောင်ပိတ်ထားပါ။ငါးရက်နဲ့ ခုနှစ်ရက်အတွင်းမှာ သန့်ရှင်းပြီးအနံ့လဲသိပ်မပြင်းလှတဲ့ ဒညင်းသီးဆားရေစိမ်ကြွပ်ကြွပ်ကလေး ရပါပြီရှင့်..။ဒညင်းသီးကြိုက်ပေမယ့် ပါးစပ်နံမှာကြောက်သူများအတွက် အနံ့မနံမယ့် နည်းလေးပေးပါရစေ..။ဒညင်းသီးနဲ့ထမင်းစားနေစဉ်မှာ ဟင်းရည် ရေ လုံးဝမသောက်ရပါဘူး ထမင်းစားပြီးတဲ့ခါရေမသောက်ခင် သကြားလဘက်စားဇွန်း တစ်ဇွန်းလျော့လျော့ခန့်ကို ပါးစပ်ထဲ အရည်ပျော်သည်ထိငုံထားပေးပါ ပြီးမှရေနဲ့ပလုတ်ကျင်းပေးပါ။

Credit ; Aye Thuzar Win

[zawgyi]

ဒီတစ္ခါမွာေတာ့ ဒညင္းသီးေတြလႈိင္လႈိင္ေပါတဲ့အခ်ိန္မွာ ဒညင္းသီး ဆားရည္စိမ္လုပ္နည္းေလး မွ်ေဝေပးပါမယ္။ဒညင္းသီး ႏုႏုႂကြပ္ႂကြပ္ကေလးေတြကို အေပၚအခြံမာ ခြာၿပီး ႏွစ္ရက္ ေလာက္ေရစိမ္ထားပါ။ ( ေရသန္႔ ဒါမွမဟုတ္ေရက်က္ေအးကိုသုံးပါ) တစ္ရ က္တစ္ခါေရ လဲေပးပါတယ္။အတြင္းခြံေလးေတြ ပြၿပီးကြၽတ္ထြက္လာၿပီဆို အခြံေတြဖယ္ထုတ္ၿပီး ေရေဆးပါ။ အဝက်ယ္ ပုလင္းတစ္လုံး (ဖန္ပုလင္းနဲ႔စိမ္ရင္ပိုေကာင္းပါတယ္ ) ထဲကို ေရသန္႔ သို႔ ေရက်က္ေအးတစ္ဝက္ခန္႔ ထည့္ၿပီးသၾကားစားပြဲဇြန္းႏွစ္ဇြန္း‌ေမာက္ေမာက္ ဆားစားပြဲဇြန္းတစ္ဇြန္းေမာက္ေမာက္ထည့္ေဖ်ာ္ပါ။ဒညင္းသီးထည့္ပါ ဒညင္းသီးျမဳပ္ေအာင္ ေရအနည္းငယ္ထပ္ထည့္ၿပီး ဇြန္းနဲ႔ေမႊေပးပါ အဖုံးလုံေအာင္ပိတ္ထားပါ။ငါးရက္နဲ႔ ခုႏွစ္ရက္အတြင္းမွာ သန္႔ရွင္းၿပီးအနံ႔လဲသိပ္မျပင္းလွတဲ့ ဒညင္းသီးဆားေရစိမ္ႂကြပ္ႂကြပ္ကေလး ရပါၿပီရွင့္..။ဒညင္းသီးႀကိဳက္ေပမယ့္ ပါးစပ္နံမွာေၾကာက္သူမ်ားအတြက္ အနံ႔မနံမယ့္ နည္းေလးေပးပါရေစ..။ဒညင္းသီးနဲ႔ထမင္းစားေနစဥ္မွာ ဟင္းရည္ ေရ လုံးဝမေသာက္ရပါဘူး ထမင္းစားၿပီးတဲ့ခါေရမေသာက္ခင္ သၾကားလဘက္စားဇြန္း တစ္ဇြန္းေလ်ာ့ေလ်ာ့ခန္႔ကို ပါးစပ္ထဲ အရည္ေပ်ာ္သည္ထိငုံထားေပးပါ ၿပီးမွေရနဲ႔ပလုတ္က်င္းေပးပါ။