နံရံတွေမှာ နားတွေရှိတယ်

စကားပြောသည့်အခါ၌… ကိုယ်ပြောသည့်စကားအား ဆင်ခြင်ပြီးပြောပါ ။ နံရံတိုင်းမှာ နားတွေရှိနေပါတယ် ။သင့်ရှေ့မှာ ပြုံးပြနေသော်လည်းနောက်ကျောဓားနဲ့ ထိုးချင်သူတွေ… အမြဲတစေ ရှိနေနိုင်ပါတယ်…။ ထို့ကြောင့်စကားကို ဆင်ခြင်ပြောပါ ။ အများနဲ့နေတဲ့အခါ စကားတွေကို…သတိထားပြောပါ ။ လူတစ်ချို့က… ကိုယ့်အမှားကို စောင့်ကြည့်နေတတ်ပါတယ် ။လောကကြီးမှာ ပြောနေကြတဲ့… စကားအများစုက… သူများမကောင်းကြောင်းနဲ့… ကိုယ်ကောင်းကြောင်းက များနေပါတယ် ။အဲဒီလိုမျိုး အနှစ်သာရမရှိတဲ့… စကားတွေကို ပြောဆိုနေကြတဲ့ လောကကြီးထဲမှာ… တကယ့်အနှစ်သာရရှိပြီး မြင့်မြတ်တဲ့ စကားဆိုတာ… ဘယ်လိုစကားတုန်းဆိုရင် မြတ်စွာ ဘုရားကဟောထားပါတယ်။ ကြားလိုက်ရရင် ကိုယ့်ရဲ့နှလုံးစိတ်ဝမ်းကို… အေးချမ်းသွားစေတယ်။

ရာဂ ဒေါသ မောဟတွေကို ငြိမ်းသွားစေတယ်။ ဒီလိုစကားမျိုးဆိုရင်တော့… တစ်ခွန်းတည်းပင်ဖြစ်ပါစေ မြတ်တယ် ပြောပါ ” တဲ့ ။ ထို့ကြောင့်…ပြောသင့်သည့်စကားလား… မပြောသင့်သည့်စကားလား… ဝေခွဲကာ ပြောသင့်သည့်စကားကိုသာ ရွေးပြောပါ ။မပြောသင့်တဲ့စကားတွေ ပြောမိပြီဆိုရင်… ကိုယ့်စကားအမှားကို စောင့်ကာ တခြားသူတွေထံ… စကားအရောင်းအဝယ်လုပ်နေသူတွေ ရှိနေပါတယ် ။ နံရံတွေမှာ နားတွေရှိနေတယ်ဆိုတာ… ဒါကိုပြောတာပါ ။တစ်ယောက်နဲ့တစ်ယောက်… စကားတွေကို ဖြေရှင်းရပြီဆိုရင်လည်း… သိပ်ကြောက်စရာကောင်းလှပါတယ် ။ ထို့ကြောင့်… စကားတွေကို ဆင်ခြင်သတိ အမြဲရှိကာ… အန္တရာယ်ကင်းကင်းနဲ့… ပြောနိုင်ဖို့ ဒီပိုစ့်လေးနဲ့ သတိပေးလိုက်ပါတယ်…။

မူရင်း Credit

[zawgyi]

စကားေျပာသည့္အခါ၌… ကိုယ္ေျပာသည့္စကားအား ဆင္ျခင္ၿပီးေျပာပါ ။ နံရံတိုင္းမွာ နားေတြရွိေနပါတယ္ ။သင့္ေရွ႕မွာ ၿပဳံးျပေနေသာ္လည္းေနာက္ေက်ာဓားနဲ႔ ထိုးခ်င္သူေတြ… အၿမဲတေစ ရွိေနႏိုင္ပါတယ္…။ ထို႔ေၾကာင့္စကားကို ဆင္ျခင္ေျပာပါ ။ အမ်ားနဲ႔ေနတဲ့အခါ စကားေတြကို…သတိထားေျပာပါ ။ လူတစ္ခ်ိဳ႕က… ကိုယ့္အမွားကို ေစာင့္ၾကည့္ေနတတ္ပါတယ္ ။ေလာကႀကီးမွာ ေျပာေနၾကတဲ့… စကားအမ်ားစုက… သူမ်ားမေကာင္းေၾကာင္းနဲ႔… ကိုယ္ေကာင္းေၾကာင္းက မ်ားေနပါတယ္ ။အဲဒီလိုမ်ိဳး အႏွစ္သာရမရွိတဲ့… စကားေတြကို ေျပာဆိုေနၾကတဲ့ ေလာကႀကီးထဲမွာ… တကယ့္အႏွစ္သာရရွိၿပီး ျမင့္ျမတ္တဲ့ စကားဆိုတာ… ဘယ္လိုစကားတုန္းဆိုရင္ ျမတ္စြာဘုရားကေဟာထားပါတယ္။ ၾကားလိုက္ရရင္ ကိုယ့္ရဲ႕ႏွလုံးစိတ္ဝမ္းကို… ေအးခ်မ္းသြားေစတယ္။ရာဂ ေဒါသ ေမာဟေတြကို ၿငိမ္းသြားေစတယ္။ ဒီလိုစကားမ်ိဳးဆိုရင္ေတာ့… တစ္ခြန္းတည္းပင္ျဖစ္ပါေစ ျမတ္တယ္ ေျပာပါ ” တဲ့ ။ ထို႔ေၾကာင့္…ေျပာသင့္သည့္စကားလား… မေျပာသင့္သည့္စကားလား… ေဝခြဲကာ ေျပာသင့္သည့္စကားကိုသာ ေ႐ြးေျပာပါ ။မေျပာသင့္တဲ့စကားေတြ ေျပာမိၿပီဆိုရင္… ကိုယ့္စကားအမွားကို ေစာင့္ကာ တျခားသူေတြထံ… စကားအေရာင္းအဝယ္လုပ္ေနသူေတြ ရွိေနပါတယ္ ။ နံရံေတြမွာ နားေတြရွိေနတယ္ဆိုတာ… ဒါကိုေျပာတာပါ ။တစ္ေယာက္နဲ႔တစ္ေယာက္… စကားေတြကို ေျဖရွင္းရၿပီဆိုရင္လည္း… သိပ္ေၾကာက္စရာေကာင္းလွပါတယ္ ။ ထို႔ေၾကာင့္… စကားေတြကို ဆင္ျခင္သတိ အၿမဲရွိကာ… အႏၲရာယ္ကင္းကင္းနဲ႔… ေျပာႏိုင္ဖို႔ ဒီပိုစ့္ေလးနဲ႔ သတိေပးလိုက္ပါတယ္…။