ပိုက်ဆံချေးသူ ငှားသူ နှစ်ဦးစလုံး အဆင်ပြေတဲ့နည်း

ကိုယ်အနားမှာ ရှိသည်ဖြစ်စေမရှိသည်ဖြစ်သည်ဖြစ်စေ အားလုံးအဆင်ပြေစေချင်တယ် ကိုယ်ချစ်တဲ့လူတွေ ချမ်းသာရင်သူငယ်ချင်းတွေ ချမ်းသာရင် ပိုပီတိဖြစ်တယ် ။ ကောင်းမွေးဆိုးမွေး ခံယူဖို့ပါ ကိုယ်ပတ်ဝန်းကျင်က လူတွေရဲ့ ချမ်းသာမှမဟုတ်ဖူး ဆင်းရဲလဲ မိတ်ဆွေပါဘဲဗျာ ကူညီပါတယ် ကတိတော့ တည်ပါ ။(၁) ပိုက်ဆံချေးမယ်ဆိုရင် ချေးမယ်လို့ပဲ ပြောလိုက်ပါ။ ဖြစ် ကြောင်းကုန်စဉ်ကို ဇာတ်စုံခင်းပြမနေပါနဲ့။ကြာပါတယ်။ မဟုတ်လည်း ချေးမှာပဲကို။ ဆိုတော့မရှိလို့ပဲချေးချေး၊ လက်လွန်နေလို့ပဲလှည့်လှည့်ပိုက်ဆံချေးတာဟာ ချေးတာပါပဲ။(၂) ပိုက်ဆံတစ်ရာ နှစ်ရာမှသည် တစ်သိန်း နှစ်သိန်းအထိပိုက်ဆံဟာ ပိုက်ဆံပါပဲ။ အချေးခံရတဲ့သူက ဘာမှမရှိလို့ပြန်မတောင်းရင် ဒါမှမဟုတ် မသိချင်ယောင်ဆောင်နေရင်တောင် ချေးတဲ့သူက အလိုက်တသိနဲ့ သေချာပြန်ပေးရပါမယ်။(၃) ဖြစ်နိုင်ရင်တော့ ဘယ်သူမှ ချေးရတာရော၊ ချေးပေးတာရောကို မလုပ်ချင်ကြပါဘူး။ ချေးလာတဲ့သူရှိလို့သာအားနာပြီး ချေးပေးကြရတာဖြစ်တဲ့အတွက် ဒီကိစ္စမှာလုံးလုံးလျားလျားတာဝန်ရှိသူဟာ လာချေးသူပါပဲ။(၄) ပိုက်ဆံချေးတဲ့အခါ ပေါက်ကရလေးဆယ်တွေကိုရွှန်းရွှန်းဝေအောင် လျှောက်မပြောပါနဲ့။ ကိုယ်ချေးချင်တဲ့ပမာဏ၊ ချေးထားမယ့်ကာလ၊ ပြန်ဆပ်မယ့်အချိန်နဲ့ပြန်ဆပ်မယ့်ပုံစံကိုသာ လိုတိုရှင်းပြောပါ။(၅) ကိုယ်ပစ်မှတ်ထားပြီး ပိုက်ဆံချေးလိုက်တဲ့သူဟာကိုယ်ချေးချင်သလောက် ရှိတဲ့သူ ဖြစ်ချင်မှဖြစ်ပါမယ်။သူက မရှိဘူးလို့ ပြောရင် အဲ့ဒါကို အတည်ပဲမှတ်ပါ။အားနာပြီး စိတ်ရှုပ်ရအောင် ထပ်ပြီး နားမပူပါနဲ့။ကိုယ်လိုချင်သလောက်မရဘဲ သူပေးနိုင်သလောက်သာပေးရင်လည်း ထိုနည်းအတူပါပဲ။ ရသလောက်သာချေးပါ။(၆) အရေးကြီးဆုံးအချက်ပါ။ သေချာပြန်ဆပ်ရပါမယ်။ကိုယ်ကတိပေးထားတဲ့အ ချိန် မှာ သေချာပေါက်ကိုပြန်ဆပ်ရပါမယ်။ အကြောင်းတစ်ခုခုကြောင့် ကြန့်ကြာနေရင်တောင် ကိုယ်ကဦးအောင် ဆက်သွယ်ပြီးရှင်းပြရပါမယ်။ ပြန်ဆပ်မယ့်အချိန်ကို ထပ်ပြောရပါမယ်။(၇) ချေးတုန်းကချေးပြီး ပြန်ဆပ်ချိန်ရောက်မှ အတိတ်မေ့သလို ရွှေပျောက်သလို အူကြောင်ကြောင်လုပ်တာဟာပိုက်ဆံချေးပေးမိတဲ့သူရဲ့ နောင်တတရားနဲ့ လူသတ်ချင်စိတ်ကို ဒွန်တွဲပြီး ဖြစ်ပေါ်စေပါတယ်။ လုံးဝမလုပ်ပါနဲ့။

(၈) ချေးတုန်းကတောင် သတိတရနဲ့ သေတော့မတတ်ဖုန်းဆက်ပြီး ချေးသေးရင် ပြန်ဆပ်ရမယ့်အခါလည်းမေ့မနေပါနဲ့။ ရူးချင်ယောင်ဆောင်ပြီး ဖုန်းပိတ်တာတွေ၊မကိုင်တာတွေ၊ seen ဖြစ်ပြီး reply မလာတာတွေဟာအင်မတန်မှကို လူဝါးဝရာကျပါတယ်။(၉) အဆိုးဆုံးက ကိုယ့်ပိုက်ဆံကိုယ်ပြန်တောင်းတဲ့သူကိုရန်သူလိုသဘောထားပြီး ရင့်ရင့်သီးသီးဆက်ဆံတာနဲ့မျက်ရည်ခံထိုးပြီး ပြန်တောင်းတဲ့သူကို ချစ်တီးလို့တစ်လောကလုံးကထင်အောင် ဇာတ်နာပြတာပါပဲ။(၁၀) သူပြန်တောင်းတဲ့အထိ စောင့်မနေပါနဲ့။ ကိုယ်ပေးတဲ့ထားတဲ့ကတိထက် ပိုစောပြီး ဆပ်နိုင်လေကောင်းလေပါပဲ။ မြန်မြန်ရရင် မြန်မြန်ဆပ်ပါ။သူမေးလာတဲ့အထိ စောင့်မနေပါနဲ့။ တခါတလေသူတို့က မမေ့ပါဘူး။ ကိုယ့်မြင်ကတည်းက သူတို့ပိုက်ဆံကို တန်းသတိရပါတယ်။ အားနာလို့သာမေ့ချင်ယောင်ဆောင်နေကြတာပါ။ လူလိုနားလည်ပါ။(၁၁) ပိုက်ဆံချေးပြီး ပြန်မဆပ်ချင်ကြတဲ့သူတွေရဲ့အကျင့်ဆိုးတစ်ခုကတော့ ချေးမိတဲ့သူရဲ့ အားနာတတ်တဲ့စိတ်ကို ချနင်းတာပါပဲ။ တော် တော်ယုတ်ညံ့တဲ့စိတ်ပါ။ဆိုတော့ ချေးပေးမိတဲ့သူတွေက အားမနာကြပါနဲ့။အချိန်တန်ရင် ကိုယ့်ပိုက်ဆံကို ပြန်တောင်းပါ။(၁၂) တကယ်တော့ ကိုယ့်ကို ပိုက်ဆံချေးပေးတဲ့သူဆိုတာအိမ်ဦးခန်းမှာထားပြီး ရွှေချထားရမယ့်သူမျိုးတွေပါ။အဲ့လိုလူမျိုး ကမ္ဘာပေါ်မှာ သိပ်များများစာစား မရှိပါဘူး။ကိုယ့်ကိုတကယ်ခင်လို့၊ စာနာလို့၊ အားနာလို့၊ ချစ်လို့သူ့ရဲ့ရှိစုမဲ့စုလေး ထုတ်ပြီး ချေးပေးတာဖြစ်ပါတယ်။(၁၃) ကတိတည်ရပါမယ်။ မဟုတ်ရင် တစ်ခါပဲရပါမယ်။ကတိတည်လိုက်ရင် နောင်လည်း လိုတဲ့အခါ ရနိုင်ပါမယ်။မဟုတ်ရင်တော့ ကမ္ဘာပေါ်က အကောင်းဆုံးသောမိတ်ဆွေတစ်ယောက်ကို ကိုယ်တိုင်ဖျက်ဆီးလိုက်သလိုဖြစ်သွားပါလိမ့်မယ်။ အရမ်းနှမြောဖို့ကောင်းပါတယ်။ဆိုတော့ ပိုက်ဆံချေးပြီးရင် အသေအချာ ပြန်ဆပ်ကြပါ။

Credit : Wai Phyo Maung

[zawgyi]

ကိုယ္အနားမွာ ရွိသည္ျဖစ္ေစမရွိသည္ျဖစ္သည္ျဖစ္ေစ အားလုံးအဆင္ေျပေစခ်င္တယ္ ကိုယ္ခ်စ္တဲ့လူေတြ ခ်မ္းသာရင္သူငယ္ခ်င္းေတြ ခ်မ္းသာရင္ ပိုပီတိျဖစ္တယ္ ။ ေကာင္းေမြးဆိုးေမြး ခံယူဖို႔ပါ ကိုယ္ပတ္ဝန္းက်င္က လူေတြရဲ႕ ခ်မ္းသာမွမဟုတ္ဖူး ဆင္းရဲလဲ မိတ္ေဆြပါဘဲဗ်ာ ကူညီပါတယ္ ကတိေတာ့ တည္ပါ ။(၁) ပိုက္ဆံေခ်းမယ္ဆိုရင္ ေခ်းမယ္လို႔ပဲ ေျပာလိုက္ပါ။ ျဖစ္ေၾကာင္းကုန္စဥ္ကို ဇာတ္စုံခင္းျပမေနပါနဲ႔။ၾကာပါတယ္။ မဟုတ္လည္း ေခ်းမွာပဲကို။ ဆိုေတာ့မရွိလို႔ပဲေခ်းေခ်း၊ လက္လြန္ေနလို႔ပဲလွည့္လွည့္ပိုက္ဆံေခ်းတာဟာ ေခ်းတာပါပဲ။(၂) ပိုက္ဆံတစ္ရာ ႏွစ္ရာမွသည္ တစ္သိန္း ႏွစ္သိန္းအထိပိုက္ဆံဟာ ပိုက္ဆံပါပဲ။ အေခ်းခံရတဲ့သူက ဘာမွမရွိလို႔ျပန္မေတာင္းရင္ ဒါမွမဟုတ္ မသိခ်င္ေယာင္ေဆာင္ေနရင္ေတာင္ ေခ်းတဲ့သူက အလိုက္တသိနဲ႔ ေသခ်ာျပန္ေပးရပါမယ္။(၃) ျဖစ္ႏိုင္ရင္ေတာ့ ဘယ္သူမွ ေခ်းရတာေရာ၊ ေခ်းေပးတာေရာကို မလုပ္ခ်င္ၾကပါဘူး။ ေခ်းလာတဲ့သူရွိလို႔သာအားနာၿပီး ေခ်းေပးၾကရတာျဖစ္တဲ့အတြက္ ဒီကိစၥမွာလုံးလုံးလ်ားလ်ားတာဝန္ရွိသူဟာ လာေခ်းသူပါပဲ။(၄) ပိုက္ဆံေခ်းတဲ့အခါ ေပါက္ကရေလးဆယ္ေတြကို႐ႊန္း႐ႊန္းေဝေအာင္ ေလွ်ာက္မေျပာပါနဲ႔။ ကိုယ္ေခ်းခ်င္တဲ့ပမာဏ၊ ေခ်းထားမယ့္ကာလ၊ ျပန္ဆပ္မယ့္အခ်ိန္နဲ႔ျပန္ဆပ္မယ့္ပုံစံကိုသာ လိုတိုရွင္းေျပာပါ။(၅) ကိုယ္ပစ္မွတ္ထားၿပီး ပိုက္ဆံေခ်းလိုက္တဲ့သူဟာကိုယ္ေခ်းခ်င္သေလာက္ ရွိတဲ့သူ ျဖစ္ခ်င္မွျဖစ္ပါမယ္။သူက မရွိဘူးလို႔ ေျပာရင္ အဲ့ဒါကို အတည္ပဲမွတ္ပါ။အားနာၿပီး စိတ္ရႈပ္ရေအာင္ ထပ္ၿပီး နားမပူပါနဲ႔။ကိုယ္လိုခ်င္သေလာက္မရဘဲ သူေပးႏိုင္သေလာက္သာေပးရင္လည္း ထိုနည္းအတူပါပဲ။ ရသေလာက္သာေခ်းပါ။(၆) အေရးႀကီးဆုံးအခ်က္ပါ။ ေသခ်ာျပန္ဆပ္ရပါမယ္။ကိုယ္ကတိေပးထားတဲ့အခ်ိန္မွာ ေသခ်ာေပါက္ကိုျပန္ဆပ္ရပါမယ္။ အေၾကာင္းတစ္ခုခုေၾကာင့္ ၾကန႔္ၾကာေနရင္ေတာင္ ကိုယ္ကဦးေအာင္ ဆက္သြယ္ၿပီးရွင္းျပရပါမယ္။ ျပန္ဆပ္မယ့္အခ်ိန္ကို ထပ္ေျပာရပါမယ္။(၇) ေခ်းတုန္းကေခ်းၿပီး ျပန္ဆပ္ခ်ိန္ေရာက္မွ အတိတ္ေမ့သလို ေ႐ႊေပ်ာက္သလို အူေၾကာင္ေၾကာင္လုပ္တာဟာပိုက္ဆံေခ်းေပးမိတဲ့သူရဲ႕ ေနာင္တတရားနဲ႔ လူသတ္ခ်င္စိတ္ကို ဒြန္တြဲၿပီး ျဖစ္ေပၚေစပါတယ္။ လုံးဝမလုပ္ပါနဲ႔။(၈) ေခ်းတုန္းကေတာင္ သတိတရနဲ႔ ေသေတာ့မတတ္ဖုန္းဆက္ၿပီး ေခ်းေသးရင္ ျပန္ဆပ္ရမယ့္အခါလည္းေမ့မေနပါနဲ႔။ ႐ူးခ်င္ေယာင္ေဆာင္ၿပီး ဖုန္းပိတ္တာေတြ၊မကိုင္တာေတြ၊ seen ျဖစ္ၿပီး reply မလာတာေတြဟာအင္မတန္မွကို လူဝါးဝရာက်ပါတယ္။(၉) အဆိုးဆုံးက ကိုယ့္ပိုက္ဆံကိုယ္ျပန္ေတာင္းတဲ့သူကိုရန္သူလိုသေဘာထားၿပီး ရင့္ရင့္သီးသီးဆက္ဆံတာနဲ႔မ်က္ရည္ခံထိုးၿပီး ျပန္ေတာင္းတဲ့သူကို ခ်စ္တီးလို႔တစ္ေလာကလုံးကထင္ေအာင္ ဇာတ္နာျပတာပါပဲ။(၁၀) သူျပန္ေတာင္းတဲ့အထိ ေစာင့္မေနပါနဲ႔။ ကိုယ္ေပးတဲ့ထားတဲ့ကတိထက္ ပိုေစာၿပီး ဆပ္ႏိုင္ေလေကာင္းေလပါပဲ။ ျမန္ျမန္ရရင္ ျမန္ျမန္ဆပ္ပါ။သူေမးလာတဲ့အထိ ေစာင့္မေနပါနဲ႔။ တခါတေလသူတို႔က မေမ့ပါဘူး။ ကိုယ့္ျမင္ကတည္းက သူတို႔ပိုက္ဆံကို တန္းသတိရပါတယ္။ အားနာလို႔သာေမ့ခ်င္ေယာင္ေဆာင္ေနၾကတာပါ။ လူလိုနားလည္ပါ။(၁၁) ပိုက္ဆံေခ်းၿပီး ျပန္မဆပ္ခ်င္ၾကတဲ့သူေတြရဲ႕အက်င့္ဆိုးတစ္ခုကေတာ့ ေခ်းမိတဲ့သူရဲ႕ အားနာတတ္တဲ့စိတ္ကို ခ်နင္းတာပါပဲ။ ေတာ္ေတာ္ယုတ္ညံ့တဲ့စိတ္ပါ။ဆိုေတာ့ ေခ်းေပးမိတဲ့သူေတြက အားမနာၾကပါနဲ႔။အခ်ိန္တန္ရင္ ကိုယ့္ပိုက္ဆံကို ျပန္ေတာင္းပါ။(၁၂) တကယ္ေတာ့ ကိုယ့္ကို ပိုက္ဆံေခ်းေပးတဲ့သူဆိုတာအိမ္ဦးခန္းမွာထားၿပီး ေ႐ႊခ်ထားရမယ့္သူမ်ိဳးေတြပါ။အဲ့လိုလူမ်ိဳး ကမာၻေပၚမွာ သိပ္မ်ားမ်ားစာစား မရွိပါဘူး။ကိုယ့္ကိုတကယ္ခင္လို႔၊ စာနာလို႔၊ အားနာလို႔၊ ခ်စ္လို႔သူ႔ရဲ႕ရွိစုမဲ့စုေလး ထုတ္ၿပီး ေခ်းေပးတာျဖစ္ပါတယ္။(၁၃) ကတိတည္ရပါမယ္။ မဟုတ္ရင္ တစ္ခါပဲရပါမယ္။ကတိတည္လိုက္ရင္ ေနာင္လည္း လိုတဲ့အခါ ရႏိုင္ပါမယ္။မဟုတ္ရင္ေတာ့ ကမာၻေပၚက အေကာင္းဆုံးေသာမိတ္ေဆြတစ္ေယာက္ကို ကိုယ္တိုင္ဖ်က္ဆီးလိုက္သလိုျဖစ္သြားပါလိမ့္မယ္။ အရမ္းႏွေျမာဖို႔ေကာင္းပါတယ္။ဆိုေတာ့ ပိုက္ဆံေခ်းၿပီးရင္ အေသအခ်ာ ျပန္ဆပ္ၾကပါ။