ဘဝနဲ့ ရင်းထားတဲ့ သင်ခန်းစာ

ဟိုတုန်းက မြို့တစ်မြို့မှာ အရမ်းချမ်းသာတဲ့ သူဋ္ဌေးသား တစ်ယောက် ရှိခဲ့ဖူးတယ်။သူဋ္ဌေးသားက အသက်ကလည်းငယ် ဘွဲ့ရ ပညာတတ်ဆိုတော့ မာန်မာနလေးတွေ ရှိနေတာပေါ့..သူဋ္ဌေးသားဆိုတဲ့အတိုင်း အလုပ်ကလည်းမလုပ်၊ တစ်နေ့တစ်နေ့ အပေါင်းအသင်းတွေနဲ့ ပျော်ပါးနေတာ အချိန်တွေ ကုန်လာလိုက်တာ မိဘတွေတောင် နောက်ဆုံးအချိန်ကို ရောက်လာ ပါလေရော၊ ဒါနဲ့ အိပ်ယာထဲ လှဲနေတဲ့မိဘတွေက သူတို့သားကို အလုပ်လုပ်ဖို့ ပြောပေမဲ့ သားကမလုပ်ဘူး။နောက်တော့ မိဘတွေသေတယ်ဆိုပါတော့ မိဘတွေကလည်း သေ သားကလည်း အပေါင်းအသင်းတွေနဲ့ ဟေးလား ဝါးလာလုပ်နေတာမိဘတွေရှာထားတဲ့ စည်းစိမ်တွေပြုတ်တဲ့အထိဆိုပါတော့နောက်တော့ပိုက်ဆံမရှိတော့ အိမ်ပေါင် အိမ်ရောင်း လုပ်ပြီးနေလာလိုက်တာ..နောက်ဆုံး နေစရာမရှိ ဖြစ်သွားတော့တယ်။နောက်တော့ ကိုယ်ပိုင်အရည်အချင်းနဲ့ အလုပ် လုပ်မယ်ဆိုတော့လည်း သူဋ္ဌေးသားဘဝနဲ့ မောက်မောက်မာမာ နေလာတော့ သူတစ်ပါး စီမှာ အလုပ်လုပ်ဖို့လည်းမဖြစ်နိုင်ဘူးလေ..

အဲဒါနဲ့ ကလေးက”အဘိုးတဲ့ အဲဒီသူဋ္ဌေးသားက နောက်တော့ ဘာဖြစ်သွားလဲတဲ့” မေးတော့ အဘိုးအိုက ရယ်ပြီးတော့” အဲဒီသူဋ္ဌေးသားက သူတောင်း စားဖြစ်သွားတာပေါ့ကွယ်”လို့ပြောလိုက်တယ် ။ဒါနဲ့ အဘိုးအိုက” ကလေးတဲ့ အဲဒီသူဋ္ဌေးသားက ဘယ်သူလဲဆိုတာမသိချင်ဘူးလားတဲ့.? ကလေးက လည်း “သိချင်တယ်” ပေါ့..အဘိုးက ကလေးတဲ့” တကယ်တော့ အဲဒီသူဋ္ဌေးသားက တခြားသူ မဟုတ်ဘူးတဲ့ အဘိုးပဲ” လို့ ပြောလိုက်တော့ ကလေးက အရမ်းအံ့သြသွားတာပေါ့..အဘိုအိုးက ထပ်ပြောပြန်တယ် ကလေးတဲ့”လောကမှာဆင်းရဲလို့လဲ စိတ်ဓာတ်မကျနဲ့ ချမ်းသာလို့လဲ မာန်မတတ်နဲ့ ” တဲ့ “ဆင်းရဲလို့စိတ်ဓာတ်ကျနေရင်”ဘယ်တော့မှ ထိပ်ကိုရောက်မှာဟုတ်ဘူး၊ “ချမ်းသာလို့လဲ မာန်မ တတ် နဲ့တဲ့”မာန်တက်လို့ ပြုတ်ကျရင် ဘယ်တော့မှ နလန်ထူနိုင်မှာမဟုတ်ဘူး ကလေး..။ သင်ခန်းစာ ယူနိုင်ကြပါစေ..။

Credit: မြတ်ဗုဒ္ဓ၏သမီးတော်

[zawgyi]

ဟိုတုန္းက ၿမိဳ႕တစ္ၿမိဳ႕မွာ အရမ္းခ်မ္းသာတဲ့ သူေ႒းသား တစ္ေယာက္ ရွိခဲ့ဖူးတယ္။သူေ႒းသားက အသက္ကလည္းငယ္ ဘြဲ႕ရ ပညာတတ္ဆိုေတာ့ မာန္မာနေလးေတြ ရွိေနတာေပါ့..သူေ႒းသားဆိုတဲ့အတိုင္း အလုပ္ကလည္းမလုပ္၊ တစ္ေန႔တစ္ေန႔ အေပါင္းအသင္းေတြနဲ႔ ေပ်ာ္ပါးေနတာ အခ်ိန္ေတြ ကုန္လာလိုက္တာ မိဘေတြေတာင္ ေနာက္ဆုံးအခ်ိန္ကို ေရာက္လာ ပါေလေရာ၊ ဒါနဲ႔ အိပ္ယာထဲ လွဲေနတဲ့မိဘေတြက သူတို႔သားကို အလုပ္လုပ္ဖို႔ ေျပာေပမဲ့ သားကမလုပ္ဘူး။ေနာက္ေတာ့ မိဘေတြေသတယ္ဆိုပါေတာ့ မိဘေတြကလည္း ေသ သားကလည္း အေပါင္းအသင္းေတြနဲ႔ ေဟးလား ဝါးလာလုပ္ေနတာမိဘေတြရွာထားတဲ့ စည္းစိမ္ေတြျပဳတ္တဲ့အထိဆိုပါေတာ့ေနာက္ေတာ့ပိုက္ဆံမရွိေတာ့ အိမ္ေပါင္ အိမ္ေရာင္း လုပ္ၿပီးေနလာလိုက္တာ..ေနာက္ဆုံး ေနစရာမရွိ ျဖစ္သြားေတာ့တယ္။ေနာက္ေတာ့ ကိုယ္ပိုင္အရည္အခ်င္းနဲ႔ အလုပ္ လုပ္မယ္ဆိုေတာ့လည္း သူေ႒းသားဘဝနဲ႔ ေမာက္ေမာက္မာမာ ေနလာေတာ့ သူတစ္ပါး စီမွာ အလုပ္လုပ္ဖို႔လည္းမျဖစ္ႏိုင္ဘူးေလ..အဲဒါနဲ႔ ကေလးက”အဘိုးတဲ့ အဲဒီသူေ႒းသားက ေနာက္ေတာ့ ဘာျဖစ္သြားလဲတဲ့” ေမးေတာ့ အဘိုးအိုက ရယ္ၿပီးေတာ့” အဲဒီသူေ႒းသားက သူေတာင္း စားျဖစ္သြားတာေပါ့ကြယ္”လို႔ေျပာလိုက္တယ္ ။ဒါနဲ႔ အဘိုးအိုက” ကေလးတဲ့ အဲဒီသူေ႒းသားက ဘယ္သူလဲဆိုတာမသိခ်င္ဘူးလားတဲ့.? ကေလးက လည္း “သိခ်င္တယ္” ေပါ့..အဘိုးက ကေလးတဲ့” တကယ္ေတာ့ အဲဒီသူေ႒းသားက တျခားသူ မဟုတ္ဘူးတဲ့ အဘိုးပဲ” လို႔ ေျပာလိုက္ေတာ့ ကေလးက အရမ္းအံ့ၾသသြားတာေပါ့..အဘိုအိုးက ထပ္ေျပာျပန္တယ္ ကေလးတဲ့”ေလာကမွာဆင္းရဲလို႔လဲ စိတ္ဓာတ္မက်နဲ႔ ခ်မ္းသာလို႔လဲ မာန္မတတ္နဲ႔ ” တဲ့ “ဆင္းရဲလို႔စိတ္ဓာတ္က်ေနရင္”ဘယ္ေတာ့မွ ထိပ္ကိုေရာက္မွာဟုတ္ဘူး၊ “ခ်မ္းသာလို႔လဲ မာန္မ တတ္ နဲ႔တဲ့”မာန္တက္လို႔ ျပဳတ္က်ရင္ ဘယ္ေတာ့မွ နလန္ထူႏိုင္မွာမဟုတ္ဘူး ကေလး..။ သင္ခန္းစာ ယူႏိုင္ၾကပါေစ..။