မိုလ်ဘိုင်းဘန်းကင်း(Mobile Banking) အသုံးပြုသူတွေ သိထားသင့်တဲ့ အချက်များ

ခေတ်မီနည်းပညာများ တစ်နေ့တစ်ခြားတိုးတက်လာသည်နဲ့အမျှ ဘဏ်လုပ်ငန်းများ(ငွေလွှဲခြင်းဆောင်ရွက်မှုများ)အတွက် အချိန်ကုန်ခံစရာ လူမပင်ပန်းဘဲ အလွယ်တကူပြုလုပ်နိုင်ပါတယ်။ တကယ်လို့သင်ဟာ မိုလ်ဘိုင်းဘန်းကင်း(Mobile Banking)လုပ်ထားမယ်ဆိုရင် တစ်စုံတစ်ယောက်ကို ငွေလွှဲလိုပါက ဘဏ်မှာအချိန်ပေးပြီး စောင့်ဆိုင်းနေစရာမလိုဘဲ အချိန်မရွေး သင့်ရဲ့ဖုန်းထဲကပင် အလွယ်တကူလွှဲလို့ရနိုင်ပါတယ်။ ကုန်ပစ္စည်းများ လစဉ်ငွေပေးချေရာတွင်လည်း သင်ကိုယ်တိုင် အချိန်မရွေးလုပ်ဆောင်နိုင်ပါတယ်။ တစ်ချို့သော မိုလ်ဘိုင်းဘန်းကင်းများ(Mobile Banking)ဟာ အိမ်သုံးမီတာအခွန်ကိုပါ ကိုယ်တိုင်သွားရောက်ဆောင်စရာမလိုဘဲ အိမ်ကနေပင် လွယ်ကူလျင်မြန်စွာပေးချေနိုင်ပါတယ်။ ဖုန်းဘေလ် ကိုလည်း အချိန်မရွေး မိုဘိုင်းဘန်းကင်း(Mobile Banking) ဖြင့်ဖြည့်နိုင်တဲ့အတွက် သင်လိုအပ်တဲ့အချိန် လိုအပ်သလောက်ပမာဏကို ချက်ချင်းဖြည့်နိုင်ပါတယ်။ ဒါတွေကတော့ မိုလ်ဘိုင်းဘန်းကင်း(Mobile Banking)ရဲ့ အဓိကအသုံးဝင်တဲ့အကြောင်းအရာများ ဖြစ်ပါတယ်။မိုလ်ဘိုင်းဘန်းကင်း (Mobile Banking)လုပ်ထားတယ်ဆိုရင် သတိထားသင့်တဲ့ အချက်အလက်လေးတွေကိုလည်း ဖော်ပြပေးလိုက်တယ်နော်။မိုလ်ဘိုင်းဘန်းကင်း(Mobile Banking) အကောင့်ဟာ ဖုန်းနံပါတ်နဲ့ဖွင့်ထားတဲ့အတွက် ဘန်းကင်းဖွင့်ထားတဲ့ ဆင်းကတ်ပျောက်ခြင်း ပျက်ခြင်းတို့ဖြစ်ပေါ်ပါက ချက်ချင်းနီးစပ်ရာ ဘဏ်ခွဲသို့သွားပြီး အကူအညီတောင်းပါ။

အကြောင်းတစ်ခုခုကြောင့် မိုလ်ဘိုင်းဖုန်း ဆားဗစ်လုပ်ရတော့မယ်ဆိုရင် အကောင့်ဖွင့်ထားတဲ့ ဆင်းကတ်ကိုဖြုတ်ယူထားပါ။မူမမှန်တဲ့ မေးလ်(Mail)များ ရုတ်တရက်ဝင်ရောက်လာပါက သင့်အကောင့်ကို ပြန်လည်စစ်ဆေးပါ။ ပတ်စဝေါ့(password)များ ပြောင်းလဲခြင်းပြုလုပ်ပါ။မိုလ်ဘိုင်းဘန်းကင်း(Mobile Banking)စနစ်နဲ့ ငွေလွှဲတော့မယ်ဆိုရင် သာမာန် ဘဏ်မှာငွေလွှဲတာထက် အချိန်ကုန်သက်သာမြန်ဆန်ပေမယ့် ပို၍သတိထားသင့်ပါတယ်။ ဘာလို့လဲဆိုတော့ သင့်လွှဲမယ့် ဘဏ်အကောင့် မှန်/မမှန်စစ်ဆေးပေးမယ့်သူမရှိသလို အကောင့်နံပါတ်တစ်လုံးလောက် မှားလိုက်မိတယ်ဆိုရင် တစ်ခြားသူရဲ့ အကောင့်ထဲကို ချက်ချင်းရောက်သွားမှာပါ။ အဲ့ဒီအတွက်ကြောင့် သင်လွှဲလိုတဲ့ အကောင့် မှန်/မမှန်ကို သေချာအောင် စစ်ဆေးသင့်ပါတယ်။ မိုလ်ဘိုင်းဘန်းကင်း(Mobile Banking)နဲ့ ဖုန်းဘေလ်ဖြည့်တဲ့အခါ အင်တာနက်လိုင်း အတက်အကျပေါ်မူတည်ပြီး တစ်ခါတစ်လေ အချိန်တစ်ခဏကြာမြင့်တတ်ပါတယ်။ အင်တာနက်လိုင်းမကောင်းလို့ ဖြည့်လို့မရတာလားဆိုတာကို ခဏတာစိတ်ရှည်ရှည်ထားပြီး စောင့်ကြည့်သင့်ပါတယ်။ မိုလ်ဘိုင်းဘန်းကင်း(Mobile Banking) အပလီကေးရှင်းများ ဗားရှင်းမြှင့်တင်တဲ့အခါ အခက်အခဲ တစ်စုံတစ်ရာဖြစ်ပေါ်ပါက သက်ဆိုင်ရာဘဏ် အရေးပေါ်(Hot Line)ဖုန်းနံပါတ်များကို ဆက်သွယ်ပြီး အကူညီတောင်းပါ။ နားလည်တတ်ကျွမ်းတဲ့ ဘဏ်ဝန်ထမ်းကို မေးမြန်းပါ။မည်သည့်အရာမှာမဆို အားသာချက် အားနဲချက်ဆိုတာ ရှိစမြဲပါ။ မိုလ်ဘိုင်းဘန်းကင်း(Mobile Banking)စနစ်ဟာ လွယ်ကူလျင်မြန်စေပြီး အချိန်ကုန်သက်သာစေတာမှန်ပေမယ့် လုပ်ဆောင်မှုတိုင်းကို သာမန်ထက် သတိပိုမိုထားသင့်ပြီး ပြုမူသင့်ပါတယ်။

မူရင်း Credit

[zawgyi]

ေခတ္မီနည္းပညာမ်ား တစ္ေန႔တစ္ျခားတိုးတက္လာသည္နဲ႔အမွ် ဘဏ္လုပ္ငန္းမ်ား(ေငြလႊဲျခင္းေဆာင္႐ြက္မႈမ်ား)အတြက္ အခ်ိန္ကုန္ခံစရာ လူမပင္ပန္းဘဲ အလြယ္တကူျပဳလုပ္ႏိုင္ပါတယ္။ တကယ္လို႔သင္ဟာ မိုလ္ဘိုင္းဘန္းကင္း(Mobile Banking)လုပ္ထားမယ္ဆိုရင္ တစ္စုံတစ္ေယာက္ကို ေငြလႊဲလိုပါက ဘဏ္မွာအခ်ိန္ေပးၿပီး ေစာင့္ဆိုင္းေနစရာမလိုဘဲ အခ်ိန္မေ႐ြး သင့္ရဲ႕ဖုန္းထဲကပင္ အလြယ္တကူလႊဲလို႔ရႏိုင္ပါတယ္။ ကုန္ပစၥည္းမ်ား လစဥ္ေငြေပးေခ်ရာတြင္လည္း သင္ကိုယ္တိုင္ အခ်ိန္မေ႐ြးလုပ္ေဆာင္ႏိုင္ပါတယ္။ တစ္ခ်ိဳ႕ေသာ မိုလ္ဘိုင္းဘန္းကင္းမ်ား(Mobile Banking)ဟာ အိမ္သုံးမီတာအခြန္ကိုပါ ကိုယ္တိုင္သြားေရာက္ေဆာင္စရာမလိုဘဲ အိမ္ကေနပင္ လြယ္ကူလ်င္ျမန္စြာေပးေခ်ႏိုင္ပါတယ္။ ဖုန္းေဘလ္ ကိုလည္း အခ်ိန္မေ႐ြး မိုဘိုင္းဘန္းကင္း(Mobile Banking) ျဖင့္ျဖည့္ႏိုင္တဲ့အတြက္ သင္လိုအပ္တဲ့အခ်ိန္ လိုအပ္သေလာက္ပမာဏကို ခ်က္ခ်င္းျဖည့္ႏိုင္ပါတယ္။ ဒါေတြကေတာ့ မိုလ္ဘိုင္းဘန္းကင္း(Mobile Banking)ရဲ႕ အဓိကအသုံးဝင္တဲ့အေၾကာင္းအရာမ်ား ျဖစ္ပါတယ္။မိုလ္ဘိုင္းဘန္းကင္း(Mobile Banking)လုပ္ထားတယ္ဆိုရင္ သတိထားသင့္တဲ့ အခ်က္အလက္ေလးေတြကိုလည္း ေဖာ္ျပေပးလိုက္တယ္ေနာ္။မိုလ္ဘိုင္းဘန္းကင္း(Mobile Banking) အေကာင့္ဟာ ဖုန္းနံပါတ္နဲ႔ဖြင့္ထားတဲ့အတြက္ ဘန္းကင္းဖြင့္ထားတဲ့ ဆင္းကတ္ေပ်ာက္ျခင္း ပ်က္ျခင္းတို႔ျဖစ္ေပၚပါက ခ်က္ခ်င္းနီးစပ္ရာ ဘဏ္ခြဲသို႔သြားၿပီး အကူအညီေတာင္းပါ။အေၾကာင္းတစ္ခုခုေၾကာင့္ မိုလ္ဘိုင္းဖုန္း ဆားဗစ္လုပ္ရေတာ့မယ္ဆိုရင္ အေကာင့္ဖြင့္ထားတဲ့ ဆင္းကတ္ကိုျဖဳတ္ယူထားပါ။မူမမွန္တဲ့ ေမးလ္(Mail)မ်ား ႐ုတ္တရက္ဝင္ေရာက္လာပါက သင့္အေကာင့္ကို ျပန္လည္စစ္ေဆးပါ။ ပတ္စေဝါ့(password)မ်ား ေျပာင္းလဲျခင္းျပဳလုပ္ပါ။မိုလ္ဘိုင္းဘန္းကင္း(Mobile Banking)စနစ္နဲ႔ ေငြလႊဲေတာ့မယ္ဆိုရင္ သာမာန္ ဘဏ္မွာေငြလႊဲတာထက္ အခ်ိန္ကုန္သက္သာျမန္ဆန္ေပမယ့္ ပို၍သတိထားသင့္ပါတယ္။ ဘာလို႔လဲဆိုေတာ့ သင့္လႊဲမယ့္ ဘဏ္အေကာင့္ မွန္/မမွန္စစ္ေဆးေပးမယ့္သူမရွိသလို အေကာင့္နံပါတ္တစ္လုံးေလာက္ မွားလိုက္မိတယ္ဆိုရင္ တစ္ျခားသူရဲ႕ အေကာင့္ထဲကို ခ်က္ခ်င္းေရာက္သြားမွာပါ။ အဲ့ဒီအတြက္ေၾကာင့္ သင္လႊဲလိုတဲ့ အေကာင့္ မွန္/မမွန္ကို ေသခ်ာေအာင္ စစ္ေဆးသင့္ပါတယ္။ မိုလ္ဘိုင္းဘန္းကင္း(Mobile Banking)နဲ႔ ဖုန္းေဘလ္ျဖည့္တဲ့အခါ အင္တာနက္လိုင္း အတက္အက်ေပၚမူတည္ၿပီး တစ္ခါတစ္ေလ အခ်ိန္တစ္ခဏၾကာျမင့္တတ္ပါတယ္။ အင္တာနက္လိုင္းမေကာင္းလို႔ ျဖည့္လို႔မရတာလားဆိုတာကို ခဏတာစိတ္ရွည္ရွည္ထားၿပီး ေစာင့္ၾကည့္သင့္ပါတယ္။ မိုလ္ဘိုင္းဘန္းကင္း(Mobile Banking) အပလီေကးရွင္းမ်ား ဗားရွင္းျမႇင့္တင္တဲ့အခါ အခက္အခဲ တစ္စုံတစ္ရာျဖစ္ေပၚပါက သက္ဆိုင္ရာဘဏ္ အေရးေပၚ(Hot Line)ဖုန္းနံပါတ္မ်ားကို ဆက္သြယ္ၿပီး အကူညီေတာင္းပါ။ နားလည္တတ္ကြၽမ္းတဲ့ ဘဏ္ဝန္ထမ္းကို ေမးျမန္းပါ။မည္သည့္အရာမွာမဆို အားသာခ်က္ အားနဲခ်က္ဆိုတာ ရွိစၿမဲပါ။ မိုလ္ဘိုင္းဘန္းကင္း(Mobile Banking)စနစ္ဟာ လြယ္ကူလ်င္ျမန္ေစၿပီး အခ်ိန္ကုန္သက္သာေစတာမွန္ေပမယ့္ လုပ္ေဆာင္မႈတိုင္းကို သာမန္ထက္ သတိပိုမိုထားသင့္ၿပီး ျပဳမူသင့္ပါတယ္။