မြန်မာပြည်မှာ အသုံးအများဆုံးဖြစ်တဲ့ ဟိုက်ဂျက်ဟုခေါ်သော အပေါ့စားကုန်တင်ယာဉ်ငယ်အကြောင်း သိထားသင့်သောအချက်များ

လေ့လာနိုင်ရန်မျှဝေခြင်းသက်သက်ဖြစ်ပါတယ်။ အင်ဂျင်ပါဝါ (၆၆၀ – စီစီ)အင်ဂျင်ကိုဘေး စောင်း တည်ဆောက်ထားသောကြောင့် လည်ပတ်နှုန်း အလွန်ကောင်းပါတယ်။ အပေါ့ဆွဲမှာဆိုင်ကယ်ကဲ့သို့သွက်ပါတယ်။ကုန်ပါရင် (သိုမဟုတ်) လူများရင်ထင်သလို၊ လိုသလိုနင်းတိုင်း‌ မပါတော့ပါ။ အရှိန်ယူရပါမယ် ဝိတ်ပါရင်ကားကလူးပါတယ်၊ ထိန်းရလဲခက်ပါတယ်၊ စတုပ်တိုးသောအင်ဂျင်များသည်ခါလီမှာသာ ပြေးတာပါ။ ဝိတ်များရင်မနိုင်လို့နင်းရင်မတက်ဘူးခင်ဗျ။ ရှေ့ကားကိုကျော်ဖို့ခက်ခဲပါတယ်။ တင်ဆောင်နိုင်သောဝန်အား – ဒီကားတွေကို ၃၅၀ kg သာတင်နိုင်ရန်ထုတ်လုပ်ထားတာပါ။ ပေါင် (၇၇၀) သာတင်ခွင့်ပေးထားပါတယ် ။ ဝလျင် ၄ ဦး၊ ပိန်လျင် ၅ ဦး၊ ဝိတ်နဲ့ညီမျှပါတယ်။အမိုးကိုင်ဝိတ်ထည့်ပေါင်းရင် လူ (၇) ဦးစာခန့်ရှိပါတယ်။ခရီးဝေးသွားရင် ဒီဝိတ်မှာ အမိုးကိုင်း ဝိတ်က ပိုနေပါပြီ။

အထုပ်အပိုး ဝိတ်က ၂ ဦးစာလောက်ရှိလျှင် စုစုပေါင်းလူ ၉ ဦးဝိတ်ဖြစ်သွားပါပြီ ။ တင်နိုင်အားထက် ၄ဦးစာ ဝိတ်ပိုနေပါပြီ။ မူလထုပ်လုပ်ထားသော အခြေခံမှတွက်ချက်ပြခြင်းသာဖြစ်ပါတယ်။ လိုအပ်သလို ချင့်ချိန်ပြီး အသုံးပြုနိုင်ရန်အကြံပေးခြင်းသာဖြစ်ပါတယ်။ အခုဟိုက်ဂျက်ကားကို အိုဗာဝိတ်တင်ပြီး ဝီခေါ်နေအောင် မောင်းကြတယ်၊ ကျော်တက်ကြတယ်၊ အခန့်မသင့်ပဲမှောက်တော့ စိတ်မကောင်းစရာတွေဖြစ်ကြရော။လူ့အသက်တွေပါ ဆင်ခြင်ကြစေလိုပါတယ်။ ခရီးဝေးသွားရင် အမိုးကိုင်းအလေးချိန် အထုပ်အပိုးအလေးချိန် များကိုထည့်ပေါင်းပေးကြပါ၊ ကုန်ပစ္စည်းသည်အောက်ဝိတ်ဖြစ်သော ကြောင့်ကားအနည်းငယ်သာလူးပါတယ်။ လူကအပေါ်ဝိတ်ဖြစ်သောကြောင့် ကားလူးပါသည် ပေါင် ၇၇၀ သည် ဆန် ၇ အိပ်ဝိတ်ဖြင့် ညီမျှသော်လည်း အောက်ဝိတ်ဖြစ်သောကြောင့်ကားမလူးပါ။ (ဗဟုသုတအနေနဲ့ ပြန်လည်မျှဝေပေးလိုက်ပါသည်)

Credit : မူရင်း

[zawgyi]

ေလ့လာႏိုင္ရန္မွ်ေဝျခင္းသက္သက္ျဖစ္ပါတယ္။ အင္ဂ်င္ပါဝါ (၆၆၀ – စီစီ)အင္ဂ်င္ကိုေဘးေစာင္းတည္ေဆာက္ထားေသာေၾကာင့္ လည္ပတ္ႏႈန္း အလြန္ေကာင္းပါတယ္။ အေပါ့ဆြဲမွာဆိုင္ကယ္ကဲ့သို႔သြက္ပါတယ္။ကုန္ပါရင္ (သိုမဟုတ္) လူမ်ားရင္ထင္သလို၊ လိုသလိုနင္းတိုင္း‌ မပါေတာ့ပါ။ အရွိန္ယူရပါမယ္ ဝိတ္ပါရင္ကားကလူးပါတယ္၊ ထိန္းရလဲခက္ပါတယ္၊ စတုပ္တိုးေသာအင္ဂ်င္မ်ားသည္ခါလီမွာသာ ေျပးတာပါ။ ဝိတ္မ်ားရင္မႏိုင္လို႔နင္းရင္မတက္ဘူးခင္ဗ်။ ေရွ႕ကားကိုေက်ာ္ဖို႔ခက္ခဲပါတယ္။ တင္ေဆာင္ႏိုင္ေသာဝန္အား – ဒီကားေတြကို ၃၅၀ kg သာတင္ႏိုင္ရန္ထုတ္လုပ္ထားတာပါ။ ေပါင္ (၇၇၀) သာတင္ခြင့္ေပးထားပါတယ္ ။ ဝလ်င္ ၄ ဦး၊ ပိန္လ်င္ ၅ ဦး၊ ဝိတ္နဲ႔ညီမွ်ပါတယ္။အမိုးကိုင္ဝိတ္ထည့္ေပါင္းရင္ လူ (၇) ဦးစာခန႔္ရွိပါတယ္။ခရီးေဝးသြားရင္ ဒီဝိတ္မွာ အမိုးကိုင္း ဝိတ္က ပိုေနပါၿပီ။အထုပ္အပိုး ဝိတ္က ၂ ဦးစာေလာက္ရွိလွ်င္ စုစုေပါင္းလူ ၉ ဦးဝိတ္ျဖစ္သြားပါၿပီ ။ တင္ႏိုင္အားထက္ ၄ဦးစာ ဝိတ္ပိုေနပါၿပီ။ မူလထုပ္လုပ္ထားေသာ အေျခခံမွတြက္ခ်က္ျပျခင္းသာျဖစ္ပါတယ္။ လိုအပ္သလို ခ်င့္ခ်ိန္ၿပီး အသုံးျပဳႏိုင္ရန္အႀကံေပးျခင္းသာျဖစ္ပါတယ္။ အခုဟိုက္ဂ်က္ကားကို အိုဗာဝိတ္တင္ၿပီး ဝီေခၚေနေအာင္ ေမာင္းၾကတယ္၊ ေက်ာ္တက္ၾကတယ္၊ အခန႔္မသင့္ပဲေမွာက္ေတာ့ စိတ္မေကာင္းစရာေတြျဖစ္ၾကေရာ။လူ႔အသက္ေတြပါ ဆင္ျခင္ၾကေစလိုပါတယ္။ ခရီးေဝးသြားရင္ အမိုးကိုင္းအေလးခ်ိန္ အထုပ္အပိုးအေလးခ်ိန္ မ်ားကိုထည့္ေပါင္းေပးၾကပါ၊ ကုန္ပစၥည္းသည္ေအာက္ဝိတ္ျဖစ္ေသာ ေၾကာင့္ကားအနည္းငယ္သာလူးပါတယ္။ လူကအေပၚဝိတ္ျဖစ္ေသာေၾကာင့္ ကားလူးပါသည္ ေပါင္ ၇၇၀ သည္ ဆန္ ၇ အိပ္ဝိတ္ျဖင့္ ညီမွ်ေသာ္လည္း ေအာက္ဝိတ္ျဖစ္ေသာေၾကာင့္ကားမလူးပါ။ (ဗဟုသုတအေနနဲ႔ ျပန္လည္မွ်ေဝေပးလိုက္ပါသည္)