မြန်မာရာဇဝင်ထဲက ကိုးသင်္ချိုင်းဓါး အကြောင်း

ကနောင်မင်းသားကြီးသည် တုတ်ပြီး၊ ဓားပြီး သေနတ်ပြီးတယ်လို့ ဖတ်ရှုသိရှိရသည်။ကနောင်မင်းသားကြီးကို မြင်ကွန်း၊ မြင်းခုံတိုင်က ကိုးသချႋုင်းဓားအစီအရင်နဲ့ လုပ်ကြံ သတ်ဖြတ်လို့ သေရတယ်တဲ့။ဒါ့ကြောင့် ကိုးင်္သချိုင်းဓားအကြောင်းကို အနည်းငယ် မျှဝေချင်ပါသည်။ကိုးသင်္ချိုင်းးဓားသည် အမည်နှင့်လိုက်အောင်ပင် သင်္ချိုင်းကိုးခု၏ ခေါင်းတလားမှသံများကိုစုပေါင်း၍ သံရည်ကျိုပြီးသွန်းလုပ်ရသည်။သံရည်ကျိုပြီးသောအခါ စနေသားပန်းပဲဆရာမှက ဓားပုံလောင်းရသည်။(အများအားဖြင့် စနေနေ့တွင်ဓားကိုပုံလောင်းကျသည်။)ဓားကိုပုံချောအဖြစ်ရအောင်ယူပြီး ဓားဆေးသောအခါ သင်္ချိုင်းး၌ဆေးရသည်။ဓားမဆေးမှီ ၇ ရက်တိုင်တိုင် သက် ဆိုင်ရာပုဂ္ဂိုလ်တို့ကိုပင့်ဖိတ်ပြီးသက်ဆိုင်ရာဂါထာမန္တာန်တို့ကို ၇ ရက်တိတိရွတ်ဖတ်ရသည်။ဓားဆေးသောအခါ ရေဖြင့်မဆေးရပဲ အစိမ်းသေသွေးဖြင့်သာဆေးရသည်။အကယ်၍ အစိမ်းသေမှရသောသွေးမများပါက ၎င်းသွေးအနည်းအငယ်သာယူပြီး အခြားကျွဲ၊နွားသွေးများရောနှောကာဆေးရသည်။ဓားဆေးပြီးသောအခါ စနေသမီးအုံးသော ခေါင်းအုံးအောက်၌ ၇ ရက်ပြည့်အောင်ထားရသည်။ထိုသို့ပြီးသည်နှင့် ဘုန်းတော်ကြီးကျောင်းတွင် ဘုန်းတော်ကြီးများ ကမ္မဝါဖတ်နေချိန်၌ဘုန်းတော်ကြီးများမသိအောင် ကျောင်းနှင့်မနီးမဝေး ကမ္မဝါဖတ်သံကြားရသောနေရာ၌ ထားရသည်။ပြီးလျှင် မြို့တော်ရှင်ဟုလူအသိများသော ကိုးမြို့ရှင်နတ်ကွန်းတွင် ဓားကို ၉ ရက်တိတိထားရသည်။ဓားပြီးသောအခါ ဓားအိမ်ကို တလားပျဉ်(ခေါင်းပျဉ်)နှင့်ပြုလုပ်ရသည်။ဓားအရိုးကိုလူသေထိုးသော တစူးဝါးဖြင့်ပြုလုပ်ရသည်။ဓားကိုသပ်ပင်းသည့်အခါ အစိမ်းသေဆံပင်ကိုးချောင်းဖြင့် ဒမင်းကို သပ်ပင်းရစ်ပတ်ပြီးမှ သပ်ပင်းရသည်။ဓားတစ်ချောင်းလုံးပြီးစီးသော အခါ သက်ဆိုင်ရာဂါထာဖြင့် ၉ ရက်မန်းမှုတ်ပူဇော်ရသည်။ပြီးပါက ဓားကိုအသုံးပြူနိုင်မည်ဖြစ်သည်။ဓားကိုသွေးဖြင့်ဆေးထားသောကြောင့် ဓားအရောင်မှာ သွေးအရောင်ကဲ့သို့ ညိုမှိုင်းမှိုင်းဖြစ်နေသည်။အကြောင်းမရှိပဲဓားကို ဓားအိမ်မှထုတ်၍မရပေ။ထုတ်ပြီးလူသွေးမစွန်းပဲ ဓားအိမ်အတွင်းသို့ပြန်ထည့်၍မရပေ။အခြားသူကိုမခုတ်ခြင်လျှင် မိမိလက်မောင်းကိုဖောက်ပြီးသွေးစွန်းမှပြန်ထည့်၍ရသည်။ဓားအစွမ်းမှာကာယသိဒ္ဓိပြီသူကိုခုတ်လျှင်ပြတ်။စုန်း၊ကဝေတို့၏ စက်ကြိုးများကို ဓားနှင့်ဖြတ်နိုင်သည်။ဉာဏ်ရှိလျှင်ရှိသလိုသုံးနိုင်၏။ကိုးသင်္ချိုင်းဓားမှာ ပရလောကသားများနှင့် ပတ်သက်နေသောဓားဖြစ်၏။ထို့ကြောင့်သုံးစွဲသူများအတွက်လဲအန္တရာယ်များသည်။အိမ်ပေါ်မှာမထားပဲ အိမ်အောက်တွင်လျှို့ဝှက်စွာထားရသည်။မကြာခဏသွေးလောင်းရသည်။မေ့လျော့နေလျှင် မကောင်းဆိုးဝါးများရောက်လာပြီး ခြောက်လှန့်သတိပေးခြင်း သုံးစွဲသူများအတွက် အန္တရာယ်ကျရောက်ခြင်းများဖြစ်နိုင်လေသည်။ဤသည်မှာကျွန်ုပ် ဖတ်ခဲ့ရဖူးသော ကိုးသင်္ချိုင်းဓားအကြောင်းပင်ဖြစ်လေသည်။{မြန်မာရာဇဝင်မှာ ကိုးသင်းချိုင်းဓားကို နိင်တဲ့ဓား၂လက်ရှိပါသေးတယ်။

တလက်က ယိမ်းနွဲ့ပါဓားဖြစ်ပြီး တလက်က နတ်မင်းကြီးလေးပါးဓားပါ။နတ်မင်းကြီးလေးပါးဓားအကြောင်းက ကျနော်လည်းရှာနေတုန်းပါ မတွေ့သေးပါဘူး။ဒါကြောင့် ရသေ့ စိတ်ဖြေအနေနဲ့ တခြားမြန်မာရာဇဝင်မှာထင်ရှားတဲ့ဓားတွေအကြောင်း မျှဝေလိုက်ပါတယ်။မြန်မာ့သမိုင်းတွင် ထင်ရှားသည့် ဓါးများ – မင်းကြီးရန်နောင်၏ ယိမ်းနွဲ့ပါးဓါး = (သိုဟန်ဘွား၏ ခေါင်းဆေးမင်္ဂလာပွဲတွင် သိုဟန်ဘွားကိုခုတ်ရာ ဦးခေါင်းနှင့်တကွ ခင်းထာသည့် ဝါပိုးဝါ ကြမ်းခင်မှ ဝါး ၅လုံးပါ ပြတ်သည်)ရွှေဓါးဗိုလ်၏ ကိုးသင်္ချိုင်း သံဓါး = (ဓါး ဓါးခြင်းခုတ်လျှင် ရန်သူ့ဓါးထက်ပိုင်း ပြတ် သည်။)ဒွတ္တပေါင်းမင်းကြီး၏ဓါး = (တစ်ချက်ထဲနှင့် နွားလည်ပင်းအကွင်းလိုက် ပြတ်သည်။)စစ်ကိုင်း အသင်္ခယာစောယွန်း၏ ညိုရောင်ဓါး (ဆင်လည်ပင်းကို ပြတ်သည်။)ပထမ မင်းခေါင်(မင်းဆွေ)၏ စိန်သွားရောင်ဓါး = (နှစ်မိုက်ခန့်ရှိသော ငွေတုံးကို ပြတ်သည်။)ဗျည်းနွဲ့၏ဓါး = (ကျောက် ထု တစ်တောင်ကိုပြတ်သည်။)မက္ခရာမင်းသားကြီး၏ မက္ခရာဓါး = (ဓါး ဓါးခြင်းခုတ်လျှင် ရန်သူ့ဓါးထက်ပိုင်း ပြတ်သည်။)ရှေးမြန်မာ့သမိုင်းတွင် ထင်ရှားကျော် ကြားသောဓါးများရှိသည်။၎င်းတို့မှာအောက်ပါအတိုင်းဖြစ်သည်။(၁)ပန်းပဲမောင်တင့်တယ်၏ဓါး၊အသွားလက်ရှစ်သစ်ရှိသည်။(၂)မောင်ပေါက်ကျိုင်း၏ဓါး၊နဂါးကိုနှိမ်နင်းအောင် မြင်သည်။တရုတ်ခြောက်ယောက် မ၍မကြွ။(၃)ဒွတ္တဘောင်မင်းကြီး၏ဓါး၊နွားလည်ပင်းကိုအကွင်းလိုက်ပြတ်ကျအောင်ထက်သည်။(၄)ကျန်စစ်သားမင်း၏စကြာဓါး၊အိန္ဒိယတိုင်းရင်းသားတို့ကလွန်စွာကြောက်ရွံ့သည်။(၅)အသင်္ခယာစောယွန်း၏ဓါး၊ဆင်လည်ပင်းပြတ်အောင်ထက်သည်။(၆)ဘုရင်မင်းခေါင်၏ဓါး၊နှစ်မိုက်မြင့်သည့်ငွေတုံးကိုပြတ်အောင်ခုတ်နိုင်သည်။(၇)မိုးညှင်းမင်းတရား၏နရဏီရွှေဓါး၊ ယမနေပင်စောင့်ရုက္ခစိုးပင်ကြောက်ရွံ့သည်။(၈)မြောင်းမြစားလောက်ဖျား၏သား မပစ်နွယ် ၏ဓါး၊ ကျောက်အထု သံတောင် တစ်တောင်ကို ခုတ်၍ ပြတ်သည်။(၉)ရွှေနန်းကြော့ရှင်နရပတိ၏ယိမ်းနွဲ့ပါးဓါး၊ မြန်မာ့သမိုင်းတွင်အကျော်ကြားဆုံးဓါးဖြစ်သည်။ဆင် ပေါ် ကလူကိုခုတ်လျှင် လူနှင့်တကွဆင်ပါပြတ်သည်။ အဆိုပါ ယိမ်းနွဲ့ပါး ဓားသည် အစွမ်းလွန်စွာထက် သည် ထိုဓားကို ကိုင်ဆောင်လိုက်လျှင် ကိုင်ဆောင်သူသည် ဝါဂွမ်း ကဲသို့ ပေါ့ပါးကား လွန်စွာ အစွမ်း ထက်မြတ် သူဖြစ်လာသည်။သို့သော်လည်း ရွှေနန်းကြော့ရှင် သည် ယိမ်းနွဲ့ပါး ဓားဖြင့် ထီးနန်းသိမ်းပြီးသော အခါ နောင်တွင် ဤ အစွမ်းထက်လှသော ဓားဖြင့် ထီးနန်းလုမည် စိုး သဖြင့် ဧရာ ဝတီမြစ်အတွင်းသို့ ချကာ ဖျောက်ဖျက် လိုက်လေသည်။သိုသော်လည်း အဆိုပါ ဓားလုပ်နည်းကျမ်းကြီးကာ ကျန်ခဲ့လေသည်။အင်္ဂလိပ် ခေတ်သို့ ရောက်လာသော အခါ ယိမ်းနွဲ့ပါးဓား နှင့် ပုံစံတူ ဓားတစ်လက် ထွက်ပေါ်ခဲ့သည်။အင်္ဂလိပ်မျက်နှာဖြူများကို သတ်ဖြတ်ခဲ့သော ဓားတစ်လက်အဖြစ် ကျော်ကြားသည်။ကိုးသင်္ချိုင်းဓား ဖြင့် ယှဉ်ခုတ်ရာ တွင် ကိုးသင်္ချိုင်း ဓားပင် ကျိုးလေသည်။

မူရင်းရေးသားသူအား လေးစားစွာ ခရက်ဒစ် ပေးပါသည်။

[zawgyi]

ကေနာင္မင္းသားႀကီးသည္ တုတ္ၿပီး၊ ဓားၿပီး ေသနတ္ၿပီးတယ္လို႔ ဖတ္ရႈသိရွိရသည္။ကေနာင္မင္းသားႀကီးကို ျမင္ကြန္း၊ ျမင္းခုံတိုင္က ကိုးသခ်ႋဳင္းဓားအစီအရင္နဲ႔ လုပ္ႀကံ သတ္ျဖတ္လို႔ ေသရတယ္တဲ့။ဒါ့ေၾကာင့္ ကိုးသၤခ်ိဳင္းဓားအေၾကာင္းကို အနည္းငယ္ မွ်ေဝခ်င္ပါသည္။ကိုးသခ်ႋဳင္းးဓားသည္ အမည္ႏွင့္လိုက္ေအာင္ပင္ သခ်ႋဳင္းကိုးခု၏ ေခါင္းတလားမွသံမ်ားကိုစုေပါင္း၍ သံရည္က်ိဳၿပီးသြန္းလုပ္ရသည္။သံရည္က်ိဳၿပီးေသာအခါ စေနသားပန္းပဲဆရာမွက ဓားပုံေလာင္းရသည္။(အမ်ားအားျဖင့္ စေနေန႔တြင္ဓားကိုပုံေလာင္းက်သည္။)ဓားကိုပုံေခ်ာအျဖစ္ရေအာင္ယူၿပီး ဓားေဆးေသာအခါ သခ်ႋဳင္းး၌ေဆးရသည္။ဓားမေဆးမွီ ၇ ရက္တိုင္တိုင္ သက္ ဆိုင္ရာပုဂၢိဳလ္တို႔ကိုပင့္ဖိတ္ၿပီးသက္ဆိုင္ရာဂါထာမႏၲာန္တို႔ကို ၇ ရက္တိတိ႐ြတ္ဖတ္ရသည္။ဓားေဆးေသာအခါ ေရျဖင့္မေဆးရပဲ အစိမ္းေသေသြးျဖင့္သာေဆးရသည္။အကယ္၍ အစိမ္းေသမွရေသာေသြးမမ်ားပါက ၎ေသြးအနည္းအငယ္သာယူၿပီး အျခားကြၽဲ၊ႏြားေသြးမ်ားေရာေႏွာကာေဆးရသည္။ဓားေဆးၿပီးေသာအခါ စေနသမီးအုံးေသာ ေခါင္းအုံးေအာက္၌ ၇ ရက္ျပည့္ေအာင္ထားရသည္။ထိုသို႔ၿပီးသည္ႏွင့္ ဘုန္းေတာ္ႀကီးေက်ာင္းတြင္ ဘုန္းေတာ္ႀကီးမ်ား ကမၼဝါဖတ္ေနခ်ိန္၌ဘုန္းေတာ္ႀကီးမ်ားမသိေအာင္ ေက်ာင္းႏွင့္မနီးမေဝး ကမၼဝါဖတ္သံၾကားရေသာေနရာ၌ထားရသည္။ၿပီးလွ်င္ ၿမိဳ႕ေတာ္ရွင္ဟုလူအသိမ်ားေသာ ကိုးၿမိဳ႕ရွင္နတ္ကြန္းတြင္ ဓားကို ၉ ရက္တိတိထားရသည္။ဓားၿပီးေသာအခါ ဓားအိမ္ကို တလားပ်ဥ္(ေခါင္းပ်ဥ္)ႏွင့္ျပဳလုပ္ရသည္။ဓားအ႐ိုးကိုလူေသထိုးေသာ တစူးဝါးျဖင့္ျပဳလုပ္ရသည္။ဓားကိုသပ္ပင္းသည့္အခါ အစိမ္းေသဆံပင္ကိုးေခ်ာင္းျဖင့္ ဒမင္းကို သပ္ပင္းရစ္ပတ္ၿပီးမွ သပ္ပင္းရသည္။ဓားတစ္ေခ်ာင္းလုံးၿပီးစီးေသာအခါ သက္ဆိုင္ရာဂါထာျဖင့္ ၉ ရက္မန္းမႈတ္ပူေဇာ္ရသည္။ၿပီးပါက ဓားကိုအသုံးျပဴႏိုင္မည္ျဖစ္သည္။ဓားကိုေသြးျဖင့္ေဆးထားေသာေၾကာင့္ ဓားအေရာင္မွာ ေသြးအေရာင္ကဲ့သို႔ ညိဳမႈိင္းမႈိင္းျဖစ္ေနသည္။အေၾကာင္းမရွိပဲဓားကို ဓားအိမ္မွထုတ္၍မရေပ။ထုတ္ၿပီးလူေသြးမစြန္းပဲ ဓားအိမ္အတြင္းသို႔ျပန္ထည့္၍မရေပ။အျခားသူကိုမခုတ္ျခင္လွ်င္ မိမိလက္ေမာင္းကိုေဖာက္ၿပီးေသြးစြန္းမွျပန္ထည့္၍ရသည္။ဓားအစြမ္းမွာကာယသိဒၶိၿပီသူကိုခုတ္လွ်င္ျပတ္။စုန္း၊ကေဝတို႔၏ စက္ႀကိဳးမ်ားကို ဓားႏွင့္ျဖတ္ႏိုင္သည္။ဉာဏ္ရွိလွ်င္ရွိသလိုသုံးႏိုင္၏။ကိုးသခ်ႋဳင္းဓားမွာ ပရေလာကသားမ်ားႏွင့္ ပတ္သက္ေနေသာဓားျဖစ္၏။ထို႔ေၾကာင့္သုံးစြဲသူမ်ားအတြက္လဲအႏၲရာယ္မ်ားသည္။အိမ္ေပၚမွာမထားပဲ အိမ္ေအာက္တြင္လွ်ိဳ႕ဝွက္စြာထားရသည္။မၾကာခဏေသြးေလာင္းရသည္။ေမ့ေလ်ာ့ေနလွ်င္ မေကာင္းဆိုးဝါးမ်ားေရာက္လာၿပီး ေျခာက္လွန႔္သတိေပးျခင္း သုံးစြဲသူမ်ားအတြက္ အႏၲရာယ္က်ေရာက္ျခင္းမ်ားျဖစ္ႏိုင္ေလသည္။ဤသည္မွာကြၽႏ္ုပ္ ဖတ္ခဲ့ရဖူးေသာ ကိုးသခ်ႋဳင္းဓားအေၾကာင္းပင္ျဖစ္ေလသည္။{ျမန္မာရာဇဝင္မွာ ကိုးသင္းခ်ိဳင္းဓားကို နိင္တဲ့ဓား၂လက္ရွိပါေသးတယ္။တလက္က ယိမ္းႏြဲ႕ပါဓားျဖစ္ၿပီး တလက္က နတ္မင္းႀကီးေလးပါးဓားပါ။နတ္မင္းႀကီးေလးပါးဓားအေၾကာင္းက က်ေနာ္လည္းရွာေနတုန္းပါ မေတြ႕ေသးပါဘူး။ဒါေၾကာင့္ ရေသ့ စိတ္ေျဖအေနနဲ႔ တျခားျမန္မာရာဇဝင္မွာထင္ရွားတဲ့ဓားေတြအေၾကာင္း မွ်ေဝလိုက္ပါတယ္။ျမန္မာ့သမိုင္းတြင္ ထင္ရွားသည့္ ဓါးမ်ား – မင္းႀကီးရန္ေနာင္၏ ယိမ္းႏြဲ႕ပါးဓါး = (သိုဟန္ဘြား၏ ေခါင္းေဆးမဂၤလာပြဲတြင္ သိုဟန္ဘြားကိုခုတ္ရာ ဦးေခါင္းႏွင့္တကြ ခင္းထာသည့္ ဝါပိုးဝါ ၾကမ္းခင္မွ ဝါး ၅လုံးပါ ျပတ္သည္)ေ႐ႊဓါးဗိုလ္၏ ကိုးသခ်ႋဳင္း သံဓါး = (ဓါး ဓါးျခင္းခုတ္လွ်င္ ရန္သူ႔ဓါးထက္ပိုင္း ျပတ္သည္။)ဒြတၱေပါင္းမင္းႀကီး၏ဓါး = (တစ္ခ်က္ထဲႏွင့္ ႏြားလည္ပင္းအကြင္းလိုက္ ျပတ္သည္။)စစ္ကိုင္း အသခၤယာေစာယြန္း၏ ညိဳေရာင္ဓါး (ဆင္လည္ပင္းကို ျပတ္သည္။)ပထမ မင္းေခါင္(မင္းေဆြ)၏ စိန္သြားေရာင္ဓါး = (ႏွစ္မိုက္ခန႔္ရွိေသာ ေငြတုံးကို ျပတ္သည္။)ဗ်ည္းႏြဲ႕၏ဓါး = (ေက်ာက္ထု တစ္ေတာင္ကိုျပတ္သည္။)မကၡရာမင္းသားႀကီး၏ မကၡရာဓါး = (ဓါး ဓါးျခင္းခုတ္လွ်င္ ရန္သူ႔ဓါးထက္ပိုင္း ျပတ္သည္။)ေရွးျမန္မာ့သမိုင္းတြင္ ထင္ရွားေက်ာ္ ၾကားေသာဓါးမ်ားရွိသည္။၎တို႔မွာေအာက္ပါအတိုင္းျဖစ္သည္။(၁)ပန္းပဲေမာင္တင့္တယ္၏ဓါး၊အသြားလက္ရွစ္သစ္ရွိသည္။(၂)ေမာင္ေပါက္က်ိဳင္း၏ဓါး၊နဂါးကိုႏွိမ္နင္းေအာင္ ျမင္သည္။တ႐ုတ္ေျခာက္ေယာက္မ၍မႂကြ။(၃)ဒြတၱေဘာင္မင္းႀကီး၏ဓါး၊ႏြားလည္ပင္းကိုအကြင္းလိုက္ျပတ္က်ေအာင္ထက္သည္။(၄)က်န္စစ္သားမင္း၏စၾကာဓါး၊အိႏၵိယတိုင္းရင္းသားတို႔ကလြန္စြာေၾကာက္႐ြံ႕သည္။(၅)အသခၤယာေစာယြန္း၏ဓါး၊ဆင္လည္ပင္းျပတ္ေအာင္ထက္သည္။(၆)ဘုရင္မင္းေခါင္၏ဓါး၊ႏွစ္မိုက္ျမင့္သည့္ေငြတုံးကိုျပတ္ေအာင္ခုတ္ႏိုင္သည္။(၇)မိုးညႇင္းမင္းတရား၏နရဏီေ႐ႊဓါး၊ ယမေနပင္ေစာင့္႐ုကၡစိုးပင္ေၾကာက္႐ြံ႕သည္။(၈)ေျမာင္းျမစားေလာက္ဖ်ား၏သား မပစ္ႏြယ္၏ဓါး၊ ေက်ာက္အထု သံေတာင္ တစ္ေတာင္ကို ခုတ္၍ ျပတ္သည္။(၉)ေ႐ႊနန္းေၾကာ့ရွင္နရပတိ၏ယိမ္းႏြဲ႕ပါးဓါး၊ ျမန္မာ့သမိုင္းတြင္အေက်ာ္ၾကားဆုံးဓါးျဖစ္သည္။ဆင္ ေပၚ ကလူကိုခုတ္လွ်င္ လူႏွင့္တကြဆင္ပါျပတ္သည္။ အဆိုပါ ယိမ္းႏြဲ႕ပါး ဓားသည္ အစြမ္းလြန္စြာထက္ သည္ ထိုဓားကို ကိုင္ေဆာင္လိုက္လွ်င္ ကိုင္ေဆာင္သူသည္ ဝါဂြမ္း ကဲသို႔ ေပါ့ပါးကား လြန္စြာ အစြမ္းထက္ျမတ္ သူျဖစ္လာသည္။သို႔ေသာ္လည္း ေ႐ႊနန္းေၾကာ့ရွင္ သည္ ယိမ္းႏြဲ႕ပါး ဓားျဖင့္ ထီးနန္းသိမ္းၿပီးေသာ အခါ ေနာင္တြင္ ဤ အစြမ္းထက္လွေသာ ဓားျဖင့္ ထီးနန္းလုမည္ စိုး သျဖင့္ ဧရာ ဝတီျမစ္အတြင္းသို႔ ခ်ကာ ေဖ်ာက္ဖ်က္ လိုက္ေလသည္။သိုေသာ္လည္း အဆိုပါ ဓားလုပ္နည္းက်မ္းႀကီးကာ က်န္ခဲ့ေလသည္။အဂၤလိပ္ ေခတ္သို႔ ေရာက္လာေသာ အခါ ယိမ္းႏြဲ႕ပါးဓား ႏွင့္ ပုံစံတူ ဓားတစ္လက္ ထြက္ေပၚခဲ့သည္။အဂၤလိပ္မ်က္ႏွာျဖဴမ်ားကို သတ္ျဖတ္ခဲ့ေသာ ဓားတစ္လက္အျဖစ္ ေက်ာ္ၾကားသည္။ကိုးသခ်ႋဳင္းဓား ျဖင့္ ယွဥ္ခုတ္ရာ တြင္ ကိုးသခ်ႋဳင္း ဓားပင္ က်ိဳးေလသည္။