မြန်မာရာဇဝင်ထဲက ဆင်ကဲ၏ အဆဲခံခဲ့ရဖူးတဲ့ ရှင်ဘုရင်တစ်ပါး

တိုင်းကြီးပြည်ကြီးရှင်ဘုရင်တစ်ပါးကို သာမန်အမှုထမ်းတစ်ယောက်က ရှေ့မှာပင် ပြောင် ပြောင် တင်းတင်း ဆဲရေးတိုင်းထွာခဲ့ဖူးပါသည်။ ဤဖြစ်ရပ်သည် မြန်မာ့သမိုင်းတွင် အမှန်တကယ်ဖြစ်ခဲ့သော ဖြစ်ရပ်တစ်ခုပါ။အဆဲခံရသောဘုရင်မှာ ဆင်ဖြူရှင်ဗညားဦးဖြစ်၍ ဆဲသူမှာဗညားဦး၏ ဆင်ကို ကွပ်ကဲရသည့် ‘ဆင်ကဲ’ဖြစ်သည်။ ဆင်ဖြူရှင် ဗညားဦးသည် မွန်မင်းဆက်တွင် ထင် ရှားသော ဘုရင်တစ်ပါးဖြစ်သည်။တစ်ခါတွင် ဗညားဦးသည် ‘ဝန်မြို့’ တွင်စံနေစဉ် ရန် သူနှင့်ရုတ်တရက်ရင်ဆိုင်ရသည်။ ဝန်မြို့တွင် အမတ်တစ်ဦးနာမကျန်းဖြစ်၍ ကွယ် လွန်သော အခါ မြို့သူမြို့သားအားလုံးသည် ထုံးတမ်းစဉ် လာရှိသည့် အတိုင်း ဆံပင်ရိတ်ကြရသည်။ အား လုံးခေါင်းတုံးနှင့်ဖြစ်ကုန်ကြသည်။ ထိုအကြောင်းကို ဗညား ဦးနှင့် မသင့်တင့်သော ‘မြတ်တဗ’ဆိုသည့် ရန်သူက ကြားသော အခါ စစ်သည်သူရဲ ခုနစ်ရာကို ခေါင်းတုံးရိတ်စေပြီး ဆင်ခုနစ်ရာနှင့် ဝန်မြို့ထဲသို့ ဝင်စေသည်။ နေ့ အခါ တွင် တောထဲမှာနေပြီး ညအခါမှ ချီတက်သည်။ နံနက်မိုးလင်းချိန်တွင ်ဝန်မြို့သို့ရောက်၍ မြို့တံခါးဖွင့်သောအခါ မြို့ထဲသို့ ဝင်ကြသည်။ အားလုံးခေါင်းတုံးနှင့်ဖြစ်နေ သည့် အတွက် ရန်သူမှန်း မသိကြ။ ဆင်ဖြူရှင်ဗညားဦးမှာ ရန်သူနှင့်ရုတ် တရက် ရင်ဆိုင်ရသည့်အတွက် ဆင်၊မြင်းများကို ‘ကာ’တင်၍ စီးရန်ပင် အချိန်မရတော့ဘဲ ဆင်မ ယဉ်သာကိုစီးပြီး ဝန်မြို့တွင်းမှ အမြန်ထွက်ခွာ တိမ်းရှောင်ရတော့သည်။ ဝန်မြို့ကို ရန်သူစစ် သည် များကသိမ်းပိုက်လိုက်သည်။ဗညားဦးနောက်သို့ မှူးမတ်စစ်သည်များ လိုက်ကြသော် လည်း လိုက်၍မမီ။ ဆင်ကဲတစ်ယောက်သာ လိုက်၍ မီသည်။ ချောင်းငယ်တစ်ခုကို အကူးတွင် ဆင်မယဉ် သာ နွံ ထဲကျွံပြီး ဆက်မသွားနိုင်တော့။ ထိုအခါ ဆင်ကဲသည် ဆင်ဖြူရှင်ဗညားဦးကို ထမ်း ပိုးပြီး ဘေးလွတ်ရာသို့ အပြေးအလွှားသွားရတော့သည်။ ‘ခူသနာရံ’ ဟု ခေါ်သော တောသို့ရောက် သောအခါ ဆင်ဖြူရှင်ဗညားဦးက တောထဲမှာ မြင်သမျှသော သစ်သီးသစ်ပွင့်တို့ကို ‘ဘာသစ်သီးတွေလဲ၊ ဘာပွင့်တွေလဲ’ဟု ဆင်ကဲကို မေးသည်။ ဆင်ကဲကလည်း ဘုရင်ကို ကျောပိုး၍ ပြေးလွှားရင်း ဘာသီးတွေပါဘုရား၊ ဘာပွင့်တွေပါဘုရားဟု လျှောက်ထားရသည်။

မကြာခဏမေးသောအခါ ဆင်ကဲမှာ စိတ်တိုလာတော့သည်။ စိတ်တိုမည်ဆိုလည်း တိုစရာပင်။ ဆင်ကဲမှာ ဘုရင်ကို ကုန်းပိုးပြီး ပြေးလွှားနေရသည့်အတွက် မောပန်းလှ ပြီး ဘုရင်ကမူ ဆင်ကဲ ၏ ကျောပေါ် က သက်သက်သာသာ လိုက်ရသည့် အတွက် မောပန်းစရာမရှိ။ ဆင်ကဲ၏ အခြေ အနေကိုလည်း သတိထားမိပုံ မရ။ မြင်သမျှအသီးအပွင့်တွေ ကို မေးဖို့သာ စိတ်ဝင်စားနေ သည်။ နောက်ဆုံးတွင် ဆင်ကဲမှာ စိတ်မထိန်းနိုင်တော့ဘဲ ဘုရင်ကိုဆဲလိုက်မိတော့သည်။ ”နှမလင်သည် ငါ့ကျောပေါ်တွင်စီးပြီး မမေးသင့် သည်ကို မေးသည်။ ငါ မဖြေနိုင်တော့ပြီ။ စီးသောဆင်နွံကျွံသဖြင့် ငါ့ကျောပိုး၍ ပြေးသောကြောင့်သာ ရန်သူ့လက်မှလွတ်ခဲ့ရသည်”ဟု ဆဲပြီးပြောလိုက်သောအခါကျမှ ဘုရင် အမေး ရပ်တော့ သည်။မကြာမီ မှူးမတ်စစ်သည်များ နောက်ကမီလာ၏။ လူစုပြီး ပဲခူးသို့ကူးသည်။ ဆင်ဖြူရှင်၏ နှမတော် မဟာဒေဝီလည်း ဒဂုံမှကူးလာသည်။ မောင်နှမနှစ်ယောက်ဆုံသောအခါ ဖက်ငိုကြသည်။ စိတ်အေးသွားသောအခါ ဆင်ဖြူရှင်က မှူး တော်မတ်တော်များကို စည်းစိမ်မြို့ပြများ ချီးမြှင့်သည်။ ဆင်ကဲကိုတော့ ဘာဆုမှမပေးဘဲ ချန်ထားသည်။ ထိုအခါ မဟာဒေဝီက မောင်တော်သည် ဆင်ကဲ၏ကျေးဇူးရှိပါလျက် အဘယ် ကြောင့် ဆုမချီးမြှင့်ပါသလဲဟုမေးရာ ဗညားဦးက ”သင်းကျေးဇူးသည် အထူး ရှိလေ၏။ သို့ သော်လည်း နှမ နှင့်ငါအဆမလျော်စွာဘဲကို အရှက်ကွဲအောင် ဆိုဖူးလေသည်။ သင်း၏ အသက်ကိုအမျက်မထားဘဲ လွှတ်ခြင်းသည်ပင် သင်းကိုကျေးဇူးဆပ်ခြင်း မည်တော့သည်”ဟု မိန့် တော်မူသည်။ဆင်ကဲကိုဆင်ဖြူရှင်က မချီးမြှင့်သည့်အတွက် မဟာဒေဝီက သင့်တော်ရာ ဆုချီးမြှင့်ရသည်။ဤဖြစ်ရပ်ကလေးသည် ဖြစ်တတ်သော လူ့သဘာဝကို လှစ်ခနဲ ပြလိုက်သော ပြုံးစရာဖြစ်ရပ် ကလေးဖြစ်ပါသည်။ ဘုရင်ကိုကျောမှာပိုး ပြီး အထိတ်တလန့်ပြေးနေရသော ဆင်ကဲနှင့် ဆင်ကဲ၏ ကျောပေါ်က သက်သက်သာသာလိုက်ပါရင်း မြင်မြင်ရာရာကို ဟိုမေးသည်မေးစပ်စုတတ်သော ဘုရင်၏ မြင်ကွင်းနှင့် စိတ်တိုလာသောအခါ အသက်ဘေးကိုပင် မကြောက်နိုင်တော့ဘဲ ဘုရင်ကို ‘နှမလင်’ဟူ၍ ဆဲလိုက်မိသော ဆင်ကဲ၏ အပြုအမူမှာ မှတ်လောက်သားလောက်ဖြစ်ပါသည်။ ဆင်ကဲမှာ ကံကောင်း လွန်း၍သာ အသက်ချမ်းသာရာရခြင်းဖြစ်သည်။ ရှားရှားပါးပါး ဖြစ်ရပ်တစ်ခုပါ။

Credit –myanmar test web

[zawgyi]

တိုင္းႀကီးျပည္ႀကီးရွင္ဘုရင္တစ္ပါးကို သာမန္အမႈထမ္းတစ္ေယာက္က ေရွ႕မွာပင္ ေျပာင္ေျပာင္တင္းတင္း ဆဲေရးတိုင္းထြာခဲ့ဖူးပါသည္။ ဤျဖစ္ရပ္သည္ ျမန္မာ့သမိုင္းတြင္ အမွန္တကယ္ျဖစ္ခဲ့ေသာ ျဖစ္ရပ္တစ္ခုပါ။အဆဲခံရေသာဘုရင္မွာ ဆင္ျဖဴရွင္ဗညားဦးျဖစ္၍ ဆဲသူမွာဗညားဦး၏ ဆင္ကို ကြပ္ကဲရသည့္ ‘ဆင္ကဲ’ျဖစ္သည္။ ဆင္ျဖဴရွင္ ဗညားဦးသည္ မြန္မင္းဆက္တြင္ ထင္ ရွားေသာ ဘုရင္တစ္ပါးျဖစ္သည္။တစ္ခါတြင္ ဗညားဦးသည္ ‘ဝန္ၿမိဳ႕’ တြင္စံေနစဥ္ ရန္သူႏွင့္႐ုတ္တရက္ရင္ဆိုင္ရသည္။ ဝန္ၿမိဳ႕တြင္ အမတ္တစ္ဦးနာမက်န္းျဖစ္၍ ကြယ္ လြန္ေသာအခါ ၿမိဳ႕သူၿမိဳ႕သားအားလုံးသည္ ထုံးတမ္းစဥ္ လာရွိသည့္ အတိုင္း ဆံပင္ရိတ္ၾကရသည္။ အားလုံးေခါင္းတုံးႏွင့္ျဖစ္ကုန္ၾကသည္။ ထိုအေၾကာင္းကို ဗညား ဦးႏွင့္ မသင့္တင့္ေသာ ‘ျမတ္တဗ’ဆိုသည့္ ရန္သူက ၾကားေသာ အခါ စစ္သည္သူရဲ ခုနစ္ရာကို ေခါင္းတုံးရိတ္ေစၿပီး ဆင္ခုနစ္ရာႏွင့္ ဝန္ၿမိဳ႕ထဲသို႔ ဝင္ေစသည္။ ေန႔ အခါ တြင္ ေတာထဲမွာေနၿပီး ညအခါမွ ခ်ီတက္သည္။ နံနက္မိုးလင္းခ်ိန္တြင ္ဝန္ၿမိဳ႕သို႔ေရာက္၍ ၿမိဳ႕တံခါးဖြင့္ေသာအခါ ၿမိဳ႕ထဲသို႔ ဝင္ၾကသည္။ အားလုံးေခါင္းတုံးႏွင့္ျဖစ္ေန သည့္ အတြက္ ရန္သူမွန္း မသိၾက။ ဆင္ျဖဴရွင္ဗညားဦးမွာ ရန္သူႏွင့္႐ုတ္တရက္ ရင္ဆိုင္ရသည့္အတြက္ ဆင္၊ျမင္းမ်ားကို ‘ကာ’တင္၍ စီးရန္ပင္ အခ်ိန္မရေတာ့ဘဲ ဆင္မ ယဥ္သာကိုစီးၿပီး ဝန္ၿမိဳ႕တြင္းမွ အျမန္ထြက္ခြာ တိမ္းေရွာင္ရေတာ့သည္။ ဝန္ၿမိဳ႕ကို ရန္သူစစ္သည္မ်ားကသိမ္းပိုက္လိုက္သည္။ဗညားဦးေနာက္သို႔ မႉးမတ္စစ္သည္မ်ား လိုက္ၾကေသာ္လည္း လိုက္၍မမီ။ ဆင္ကဲတစ္ေယာက္သာ လိုက္၍ မီသည္။ ေခ်ာင္းငယ္တစ္ခုကို အကူးတြင္ ဆင္မယဥ္ သာ ႏြံ ထဲကြၽံၿပီး ဆက္မသြားႏိုင္ေတာ့။ ထိုအခါ ဆင္ကဲသည္ ဆင္ျဖဴရွင္ဗညားဦးကို ထမ္းပိုးၿပီး ေဘးလြတ္ရာသို႔ အေျပးအလႊားသြားရေတာ့သည္။ ‘ခူသနာရံ’ ဟု ေခၚေသာ ေတာသို႔ေရာက္ေသာအခါ ဆင္ျဖဴရွင္ဗညားဦးက ေတာထဲမွာ ျမင္သမွ်ေသာ သစ္သီးသစ္ပြင့္တို႔ကို ‘ဘာသစ္သီးေတြလဲ၊ ဘာပြင့္ေတြလဲ’ဟု ဆင္ကဲကို ေမးသည္။ ဆင္ကဲကလည္း ဘုရင္ကို ေက်ာပိုး၍ ေျပးလႊားရင္း ဘာသီးေတြပါဘုရား၊ ဘာပြင့္ေတြပါဘုရားဟု ေလွ်ာက္ထားရသည္။မၾကာခဏေမးေသာအခါ ဆင္ကဲမွာ စိတ္တိုလာေတာ့သည္။ စိတ္တိုမည္ဆိုလည္း တိုစရာပင္။ ဆင္ကဲမွာ ဘုရင္ကို ကုန္းပိုးၿပီး ေျပးလႊားေနရသည့္အတြက္ ေမာပန္းလွ ၿပီး ဘုရင္ကမူ ဆင္ကဲ၏ ေက်ာေပၚ က သက္သက္သာသာ လိုက္ရသည့္ အတြက္ ေမာပန္းစရာမရွိ။ ဆင္ကဲ၏ အေျခအေနကိုလည္း သတိထားမိပုံ မရ။ ျမင္သမွ်အသီးအပြင့္ေတြ ကို ေမးဖို႔သာ စိတ္ဝင္စားေန သည္။ ေနာက္ဆုံးတြင္ ဆင္ကဲမွာ စိတ္မထိန္းႏိုင္ေတာ့ဘဲ ဘုရင္ကိုဆဲလိုက္မိေတာ့သည္။ ”ႏွမလင္သည္ ငါ့ေက်ာေပၚတြင္စီးၿပီး မေမးသင့္ သည္ကို ေမးသည္။ ငါ မေျဖႏိုင္ေတာ့ၿပီ။ စီးေသာဆင္ႏြံကြၽံသျဖင့္ ငါ့ေက်ာပိုး၍ ေျပးေသာေၾကာင့္သာ ရန္သူ႔လက္မွလြတ္ခဲ့ရသည္”ဟု ဆဲၿပီးေျပာလိုက္ေသာအခါက်မွ ဘုရင္ အေမး ရပ္ေတာ့ သည္။မၾကာမီ မႉးမတ္စစ္သည္မ်ား ေနာက္ကမီလာ၏။ လူစုၿပီး ပဲခူးသို႔ကူးသည္။ ဆင္ျဖဴရွင္၏ ႏွမေတာ္ မဟာေဒဝီလည္း ဒဂုံမွကူးလာသည္။ ေမာင္ႏွမႏွစ္ေယာက္ဆုံေသာအခါ ဖက္ငိုၾကသည္။ စိတ္ေအးသြားေသာအခါ ဆင္ျဖဴရွင္က မႉးေတာ္မတ္ေတာ္မ်ားကို စည္းစိမ္ၿမိဳ႕ျပမ်ား ခ်ီးျမႇင့္သည္။ ဆင္ကဲကိုေတာ့ ဘာဆုမွမေပးဘဲ ခ်န္ထားသည္။ ထိုအခါ မဟာေဒဝီက ေမာင္ေတာ္သည္ ဆင္ကဲ၏ေက်းဇူးရွိပါလ်က္ အဘယ္ေၾကာင့္ ဆုမခ်ီးျမႇင့္ပါသလဲဟုေမးရာ ဗညားဦးက ”သင္းေက်းဇူးသည္ အထူး ရွိေလ၏။ သို႔ေသာ္လည္း ႏွမ ႏွင့္ငါအဆမေလ်ာ္စြာဘဲကို အရွက္ကြဲေအာင္ ဆိုဖူးေလသည္။ သင္း၏ အသက္ကိုအမ်က္မထားဘဲ လႊတ္ျခင္းသည္ပင္ သင္းကိုေက်းဇူးဆပ္ျခင္း မည္ေတာ့သည္”ဟု မိန႔္ ေတာ္မူသည္။ဆင္ကဲကိုဆင္ျဖဴရွင္က မခ်ီးျမႇင့္သည့္အတြက္ မဟာေဒဝီက သင့္ေတာ္ရာ ဆုခ်ီးျမႇင့္ရသည္။ဤျဖစ္ရပ္ကေလးသည္ ျဖစ္တတ္ေသာ လူ႔သဘာဝကို လွစ္ခနဲ ျပလိုက္ေသာ ၿပဳံးစရာျဖစ္ရပ္ ကေလးျဖစ္ပါသည္။ ဘုရင္ကိုေက်ာမွာပိုး ၿပီး အထိတ္တလန႔္ေျပးေနရေသာ ဆင္ကဲႏွင့္ ဆင္ကဲ၏ ေက်ာေပၚက သက္သက္သာသာလိုက္ပါရင္း ျမင္ျမင္ရာရာကို ဟိုေမးသည္ေမးစပ္စုတတ္ေသာ ဘုရင္၏ ျမင္ကြင္းႏွင့္ စိတ္တိုလာေသာအခါ အသက္ေဘးကိုပင္ မေၾကာက္ႏိုင္ေတာ့ဘဲ ဘုရင္ကို ‘ႏွမလင္’ဟူ၍ ဆဲလိုက္မိေသာ ဆင္ကဲ၏ အျပဳအမူမွာ မွတ္ေလာက္သားေလာက္ျဖစ္ပါသည္။ ဆင္ကဲမွာ ကံေကာင္း လြန္း၍သာ အသက္ခ်မ္းသာရာရျခင္းျဖစ္သည္။ ရွားရွားပါးပါး ျဖစ္ရပ္တစ္ခုပါ။