မြေခွေးလိုနေမှာလား..? ခြင်္သေ့လို နေမှာလား..?

တစ်ခါတုန်းက အလွန်အင်မတန် ပျင်းရိတဲ့လူတစ်ယောက်ရှိခဲ့ဖူးတယ်..။ပျင်းရိလွန်းတာကြောင့် နေထိုင်စားသောက်ဖို့ အတွက် လွယ်ကူတဲ့နည်းလမ်းတွေကိုသာ ရှာဖွေနေလေ့ရှိပါတယ်။ တစ်နေ့မှာတော့ သူဟာ အစားအစာ တစ်ခုရှာဖွေဖို့ထွက်လာခဲ့ တယ်..။ တစ်နေရာအရောက်မှာ အံ့အားသင့်ဖို့ကောင်းတဲ့ မြင်ကွင်းတစ်ခုကို ငပျင်း တွေ့ခဲ့တယ်။ ခြေနှစ်ချောင်းသာ ရှိတဲ့ မြေခွေးတစ်ကောင်ဟာ ပျော်ရွှင်စွာ ဆော့ က စားနေသတဲ့ငပျင်း စဉ်းစားကြည့်တယ်။ ဒီ မြေခွေးဘဝအသက်ရှင်ဖို့ ဘယ်လိုနေထိုင်သလဲဆိုတာကိုပေါ့…ဒီမြေခွေး က ပြေးလည်းမပြေးနိုင်ဘူး…အစာရှာဖွေစားသောက်ဖို့ မတက်နိုင်သလို တစ်ခြား အန္တရယ်ရှိတဲ့ သတ္တဝါ တွေရဲ့ တိုက်ခိုက်မူ့ကိုလည်း ခုခံဖို့ မတက်နိုင်လောက်ဘူး။ ရုတ်တရက် ဒုက္ခိတ မြေခွေးရှိတဲ့ဆီကို ခြင်္သေ့ တစ်ကောင် လာနေတာကို မြင်လိုက်ရတယ်။ ခြင်္သေ့ရဲ့ပါးစပ်ထဲမှာလည်း အသားတစ်ချို့ ကိုက်ချီထားတယ်။ အနီးနားမှာရှိတဲ့ တိရစ္ဆာန်တွေက အဝေးကိုထွက်ပြေးတာပေါ့။ ငပျင်းလည်း သစ်ပင်တစ်ပင်ပေါ် တက်ပြေးသတဲ့..ဒါပေမယ့် ဒုက္ခိတ မြေခွေးကတော့ ပြေးလွှားပုန်းအောင်းခြင်းမရှိ ဘူးတဲ့..ပြေးရအောင်လည်း ခြေနှစ်ချောင်းပဲ ရှိတော့တာဆိုတော့ ပြေးလို့ လည်း မရဘူးပေါ့လေ။ ဒါပေမယ့် အံ့အားသင့်ဖို့ကောင်းတဲ့နောက်တစ်ခုကို ငပျင်းထပ်ပြီး မြင်လိုက်ရတယ်။ခြင်္သေ့ဟာ သူကိုက်ချီလာတဲ့ အသားတွေကို မြေခွေးနားမှာ ချပေးလိုက်တာပါပဲ။ အဲ့ဒီ့တော့မှ ငပျင်းဟာ ပျော်ရွှင်သွားတယ်…တော်သေးတယ် … ဘုရားသခင် ကယ်တော်မူလို့ဆိုပြီးပေါ့။ ငပျင်း ထပ်ပြီး တွေးလိုက်မိတယ်….အရာအားလုံးကို ဖန်ဆင်းတဲ့ ဘုရားသခင်ဟာ ဘာတွေကိုဖန်ဆင်းမလဲဆိုတာကို ဂရုတစ်စိုက် အစီအစဉ်တွေ ချမှတ်ထားပါလား ဆိုပြီးတော့ပေါ့။ အဲ့လိုဆိုရင် သူ့အတွက်လည်း အစီအစဉ်ရှိနိုင်လောက်တယ် ဆိုပြီး သူစဉ်းစားမိသွားတယ်။ အဲ့ဒါနဲ့ ငပျင်းဟာ အဲ့ဒီ့နေရာက ထွက်ခွာလာပြီးလူသူလေးပါး ကင်းရှင်းတဲ့ နေရာတစ်ခုမှာ ထိုင်ချလိုက်ပြီး သူ့ကိုအစားအသောက်တွေ လာကျွေးမယ့်သူကို စောင့်နေသတဲ့…နှစ် ရက်သာကြာသွားတယ်…ဘယ်သူမှ ရောက်မလာဘူး။

ငပျင်းဟာ ဗိုက်တွေလည်းဆာနေပြီဆိုတော့ အဲ့ဒီ့ထိုင်နေတဲ့နေရာက နေထလာခဲ့သတဲ့..။လမ်းခရီးမှာ ပညာရှိ အဖိုးအိုတစ်ယောက်နဲ့ တွေ့ဆုံမိတယ်တဲ့..ငပျင်းဟာ သူဖြစ်ပျက်ခဲ့သမျှကို ပညာရှိအဖိုးအိုကို ပြောပြလိုက်တယ်။ ပညာရှိအဖိုးအိုဟာ ဘာမှ မပြောသေးပဲ အရင်ဆုံး အ စား အစာ တစ် ချို့နဲ့ ရေကိုပေးသတဲ့..။ ငပျင်းဟာ စားသောက်ပြီးတော့ ပညာရှိအဖိုးအိုကို မေးလိုက်တယ်။ ဘုရားသခင်က ဒုက္ခိတ မြေ ခွေးကိုတော့ သနားဂရုဏာတွေပေးပြီး ကျနော့်ကြတော့ ရက်စက်ခြင်းတွေပဲ ဘာလို့ပေးရတာလဲ.? တဲ့..။ ပညာရှိအဖိုးအိုဟာ ပြုံးလိုက်တယ်။ ပြီးတော့မှ ငပျင်းကို ပြောလိုက်သတဲ့ ဘုရားသခင်ဟာ လူတိုင်းအတွက် မှန်ကန်တဲ့ အစီအစဉ်ရှိပါတယ် ကောင်လေး။ မင်းလည်း ဘုရားသခင်ရဲ့သနားဂရုဏာ တွေပေးမယ့် အစီအစဉ် တွေထဲက အစိတ်အပိုင်းတစ်ခုပါပဲ။ ဒါပေမယ့် မင်းဟာ ဘုရားသခင်ရဲ့ အစီအစဉ်တွေကို မှားယွင်းစွာယူဆောင်လိုက်သလိုပါပဲ။ ဘုရားသခင်က မင်းကို ဒုက္ခိတ မြေခွေးတစ်ကောင်လို ဖြစ်စေချင်တာမဟုတ်ပါဘူး..။ ခြင်္သေ့တစ်ကောင်လို ဖြစ်စေချင်တာ..။ဒီအကြောင်းအရာလေးကနေပေးချင်တာကတော့..အဲ့ဒီငပျင်းလိုပါပဲ။ ကျနော်တို့ဟာ မကြာခဏဆိုသလို နားလည်မူ့လွဲမှားတက်ပါတယ်။ ငါ့ကျမှ ကံဆိုးလေခြင်း..ဆိုတာမျိုး တွေ အပါအဝင်ပေါ့။”တကယ်တော့ ဘုရားသခင်က လူသားတိုင်းကို ခွန်အားတွေ စွမ်းဆောင်ရည်တွေ ရှိအောင် ပေးခဲ့ပြီးသားပါ..မှန်မှန်ကန်ကန် မြင်တက်အောင်သာ အမြဲတမ်းသင်ယူရပါမယ်။ လူတွေ လိုအပ်နေတာကို ကူညီနိုင်ဖို့ ခိုင်မာတဲ့ အခြေအနေတစ်ခုရှိတယ် လို့ မိမိကိုယ်ကို ရှု့မြင်ရမယ်။ သာမန်လူတွေ ရွေးချယ်တက်တဲ့ အရမ်း လွယ်ကူတဲ့ ရွေးချယ်မူ့တွေ/ မိမိကိုယ်ကို သက်သက်သာသာနေမူ့တွေကို ဘယ်တော့မှ မလုပ်ပါနဲ့မှန်ကန်တဲ့ ရွေးချယ်မူ့ကိုသာ ပြုလုပ်ပါ..”

Credit : ပြည့်ဖြိုးနောင်

[zawgyi]

တစ္ခါတုန္းက အလြန္အင္မတန္ ပ်င္းရိတဲ့လူတစ္ေယာက္ရွိခဲ့ဖူးတယ္..။ပ်င္းရိလြန္းတာေၾကာင့္ ေနထိုင္စားေသာက္ဖို႔ အတြက္ လြယ္ကူတဲ့နည္းလမ္းေတြကိုသာ ရွာေဖြေနေလ့ရွိပါတယ္။ တစ္ေန႔မွာေတာ့ သူဟာ အစားအစာ တစ္ခုရွာေဖြဖို႔ထြက္လာခဲ့ တယ္..။ တစ္ေနရာအေရာက္မွာ အံ့အားသင့္ဖို႔ေကာင္းတဲ့ ျမင္ကြင္းတစ္ခုကို ငပ်င္း ေတြ႕ခဲ့တယ္။ ေျခႏွစ္ေခ်ာင္းသာ ရွိတဲ့ ေျမေခြးတစ္ေကာင္ဟာ ေပ်ာ္႐ႊင္စြာ ေဆာ့ က စားေနသတဲ့ငပ်င္း စဥ္းစားၾကည့္တယ္။ ဒီ ေျမေခြးဘဝအသက္ရွင္ဖို႔ ဘယ္လိုေနထိုင္သလဲဆိုတာကိုေပါ့…ဒီေျမေခြး က ေျပးလည္းမေျပးႏိုင္ဘူး…အစာရွာေဖြစားေသာက္ဖို႔ မတက္ႏိုင္သလို တစ္ျခား အႏၲရယ္ရွိတဲ့ သတၱဝါ ေတြရဲ႕ တိုက္ခိုက္မူ႔ကိုလည္း ခုခံဖို႔ မတက္ႏိုင္ေလာက္ဘူး။ ႐ုတ္တရက္ ဒုကၡိတ ေျမေခြးရွိတဲ့ဆီကို ျခေသၤ့ တစ္ေကာင္ လာေနတာကို ျမင္လိုက္ရတယ္။ ျခေသၤ့ရဲ႕ပါးစပ္ထဲမွာလည္း အသားတစ္ခ်ိဳ႕ ကိုက္ခ်ီထားတယ္။ အနီးနားမွာရွိတဲ့ တိရစာၦန္ေတြက အေဝးကိုထြက္ေျပးတာေပါ့။ ငပ်င္းလည္း သစ္ပင္တစ္ပင္ေပၚ တက္ေျပးသတဲ့..ဒါေပမယ့္ ဒုကၡိတ ေျမေခြးကေတာ့ ေျပးလႊားပုန္းေအာင္းျခင္းမရွိ ဘူးတဲ့..ေျပးရေအာင္လည္း ေျခႏွစ္ေခ်ာင္းပဲ ရွိေတာ့တာဆိုေတာ့ ေျပးလို႔ လည္း မရဘူးေပါ့ေလ။ ဒါေပမယ့္ အံ့အားသင့္ဖို႔ေကာင္းတဲ့ေနာက္တစ္ခုကို ငပ်င္းထပ္ၿပီး ျမင္လိုက္ရတယ္။ျခေသၤ့ဟာ သူကိုက္ခ်ီလာတဲ့ အသားေတြကို ေျမေခြးနားမွာ ခ်ေပးလိုက္တာပါပဲ။ အဲ့ဒီ့ေတာ့မွ ငပ်င္းဟာ ေပ်ာ္႐ႊင္သြားတယ္…ေတာ္ေသးတယ္ … ဘုရားသခင္ ကယ္ေတာ္မူလို႔ဆိုၿပီးေပါ့။ ငပ်င္း ထပ္ၿပီး ေတြးလိုက္မိတယ္….အရာအားလုံးကို ဖန္ဆင္းတဲ့ ဘုရားသခင္ဟာ ဘာေတြကိုဖန္ဆင္းမလဲဆိုတာကို ဂ႐ုတစ္စိုက္ အစီအစဥ္ေတြ ခ်မွတ္ထားပါလား ဆိုၿပီးေတာ့ေပါ့။ အဲ့လိုဆိုရင္ သူ႔အတြက္လည္း အစီအစဥ္ရွိႏိုင္ေလာက္တယ္ ဆိုၿပီး သူစဥ္းစားမိသြားတယ္။ အဲ့ဒါနဲ႔ ငပ်င္းဟာ အဲ့ဒီ့ေနရာက ထြက္ခြာလာၿပီးလူသူေလးပါး ကင္းရွင္းတဲ့ ေနရာတစ္ခုမွာ ထိုင္ခ်လိုက္ၿပီး သူ႔ကိုအစားအေသာက္ေတြ လာေကြၽးမယ့္သူကို ေစာင့္ေနသတဲ့…ႏွစ္ ရက္သာၾကာသြားတယ္…ဘယ္သူမွ ေရာက္မလာဘူး။ငပ်င္းဟာ ဗိုက္ေတြလည္းဆာေနၿပီဆိုေတာ့ အဲ့ဒီ့ထိုင္ေနတဲ့ေနရာက ေနထလာခဲ့သတဲ့..။လမ္းခရီးမွာ ပညာရွိ အဖိုးအိုတစ္ေယာက္နဲ႔ ေတြ႕ဆုံမိတယ္တဲ့..ငပ်င္းဟာ သူျဖစ္ပ်က္ခဲ့သမွ်ကို ပညာရွိအဖိုးအိုကို ေျပာျပလိုက္တယ္။ ပညာရွိအဖိုးအိုဟာ ဘာမွ မေျပာေသးပဲ အရင္ဆုံး အ စား အစာ တစ္ ခ်ိဳ႕နဲ႔ ေရကိုေပးသတဲ့..။ ငပ်င္းဟာ စားေသာက္ၿပီးေတာ့ ပညာရွိအဖိုးအိုကို ေမးလိုက္တယ္။ ဘုရားသခင္က ဒုကၡိတ ေျမ ေခြးကိုေတာ့ သနားဂ႐ုဏာေတြေပးၿပီး က်ေနာ့္ၾကေတာ့ ရက္စက္ျခင္းေတြပဲ ဘာလို႔ေပးရတာလဲ.? တဲ့..။ ပညာရွိအဖိုးအိုဟာ ၿပဳံးလိုက္တယ္။ ၿပီးေတာ့မွ ငပ်င္းကို ေျပာလိုက္သတဲ့ ဘုရားသခင္ဟာ လူတိုင္းအတြက္ မွန္ကန္တဲ့ အစီအစဥ္ရွိပါတယ္ ေကာင္ေလး။ မင္းလည္း ဘုရားသခင္ရဲ႕သနားဂ႐ုဏာ ေတြေပးမယ့္ အစီအစဥ္ ေတြထဲက အစိတ္အပိုင္းတစ္ခုပါပဲ။ ဒါေပမယ့္ မင္းဟာ ဘုရားသခင္ရဲ႕ အစီအစဥ္ေတြကို မွားယြင္းစြာယူေဆာင္လိုက္သလိုပါပဲ။ ဘုရားသခင္က မင္းကို ဒုကၡိတ ေျမေခြးတစ္ေကာင္လို ျဖစ္ေစခ်င္တာမဟုတ္ပါဘူး..။ ျခေသၤ့တစ္ေကာင္လို ျဖစ္ေစခ်င္တာ..။ဒီအေၾကာင္းအရာေလးကေနေပးခ်င္တာကေတာ့..အဲ့ဒီငပ်င္းလိုပါပဲ။ က်ေနာ္တို႔ဟာ မၾကာခဏဆိုသလို နားလည္မူ႔လြဲမွားတက္ပါတယ္။ ငါ့က်မွ ကံဆိုးေလျခင္း..ဆိုတာမ်ိဳး ေတြ အပါအဝင္ေပါ့။”တကယ္ေတာ့ ဘုရားသခင္က လူသားတိုင္းကို ခြန္အားေတြ စြမ္းေဆာင္ရည္ေတြ ရွိေအာင္ ေပးခဲ့ၿပီးသားပါ..မွန္မွန္ကန္ကန္ ျမင္တက္ေအာင္သာ အၿမဲတမ္းသင္ယူရပါမယ္။ လူေတြ လိုအပ္ေနတာကို ကူညီႏိုင္ဖို႔ ခိုင္မာတဲ့ အေျခအေနတစ္ခုရွိတယ္ လို႔ မိမိကိုယ္ကို ရႈ႕ျမင္ရမယ္။ သာမန္လူေတြ ေ႐ြးခ်ယ္တက္တဲ့ အရမ္း လြယ္ကူတဲ့ ေ႐ြးခ်ယ္မူ႔ေတြ/ မိမိကိုယ္ကို သက္သက္သာသာေနမူ႔ေတြကို ဘယ္ေတာ့မွ မလုပ္ပါနဲ႔မွန္ကန္တဲ့ ေ႐ြးခ်ယ္မူ႔ကိုသာ ျပဳလုပ္ပါ..”