ရုပ်လှဖို့ထက် စိတ်လှဖို့အရေးကြီးတယ်..

တစ်ခါက ဆင်းရဲသားရပ်ကွက်ထဲကို အပျိုကြီးတစ်ယောက် အိမ်ပြောင်းလာတယ် သူပြောင်းလာတဲ့ အိမ်ဘေး ကပ်ရပ်မှာ ဆင်းရဲနုံချာတဲ့မိသားစုလေးတစု ရှိပါတယ် ။ မုဆိုးမတစ်ယောက်နဲ့ သူ့ကလေးနှစ်ယောက်ပေါ့..အပျိုကြီးက..မတတ်နိုင်ဘူးလေ ဒီနေရာရောက်မှတော့ဒီလိုလူမျိုးတွေနဲ့ ပတ်သတ်ရဦးမှာပေါ့လို့သူ့ဘာသာတွေးပြီး စိတ်ပျက်သွားမိတယ်။အဲ့ညမှာပဲ ထုံးစံအတိုင်း ရပ်ကွက်မီးက ရုတ်တရက် ပျက်သွားခဲ့တယ်။ မီးပျက်တော့ အမျိုးသမီးက ဖယောင်းတိုင်ထွန်းဖို့ သူ့ဖယောင်းတိုင်ထုပ်ကိုလိုက်ရှာတာပေါ့ ခဏနေတော့ သူရှာတွေ့သွားတယ်..တွေ့ပြီးတော့ သိပ်မကြာပါဘူး တစ်စုံ တစ်ယောက်က သူ့အိမ်တံခါးလာခေါက်တာကို ကြားလိုက်မိတယ်။တံခါးဖွင့်ကြည့်တော့ ဘေးအိမ်က ကလေးငယ်တစ်ယောက်က စိတ်လှုပ်ရှားတဲ့အသံနဲ့ “အန်တီ..အန်တီတို့အိမ်မှာ ဖယောင်းတိုင်ရှိလား” လို့ မေးလိုက်တယ်။

အမျိုးသမီးက အင်း ဆင်းရဲလွန်းလို့ ဖယောင်းတိုင်တောင် မဝယ်နိုင်ပါလားနော် ဒါပေမယ့် ခဏခဏ လာတောင်းနေ မှာစိုးရတယ်။ပေးလို့မဖြစ်ဘူး..” လို့တွေးပြီး “မရှိဘူး”လို့ အသံမာမာနဲ့ အော်ပြီး တံခါးပိတ်ဖို့ ပြင်လိုက်တယ်။အဲဒီအချိန်မှာ ကလေးငယ်က ပြုံးပြီး “ထင်သားပဲ.. အန်တီက အခုမှ အိမ်ပြောင်းလာတာဆိုတော့ ဖယောင်းတိုင် မပါလောက်ဘူးဆိုပြီး မှောင်မဲမဲထဲမှာ အန်တီကြောက်နေမှာစိုးလို့ သမီးက ဖယောင်းတိုင်လာပို့တာ” လို့ပြောပြီး အဖာတွေထပ်နေတဲ့အင်္ကျီအိတ်ထဲက ဖယောင်းတိုင်လေးကို ထုတ်ပေးလိုက်တယ်။အမျိုးသမီးကတော့ ကိုယ့်ကိုယ်ကို ရှက်မိပြီးဘာမှပြန်မပြောနိုင်အောင် ဆွံ့အသွားခဲ့တယ်။ကိုယ့်ထက်သာ မနာလို၊ကိုယ့်ထက်နိမ့်ပါးသူအား နိမ့်ချဆက်ဆံသူအဖို့ကတော့ အထင် နဲ့ လက်တွေ့အမြင်ဟာ လွဲချော်နေမှာပါ။လူပီသဖို့ ရုပ်လှဖို့ထက် စိတ်လှဖို့အရေးကြီးတယ်။ ငွေချမ်းသာဖို့ထက် စိတ်စေတနာချမ်းသာဖို့အရေးကြီးတယ်။

Credit – Original

[zawgyi]

တစ္ခါက ဆင္းရဲသားရပ္ကြက္ထဲကို အပ်ိဳႀကီးတစ္ေယာက္ အိမ္ေျပာင္းလာတယ္ သူေျပာင္းလာတဲ့ အိမ္ေဘး ကပ္ရပ္မွာ ဆင္းရဲႏုံခ်ာတဲ့မိသားစုေလးတစု ရွိပါတယ္ ။ မုဆိုးမတစ္ေယာက္နဲ႔ သူ႔ကေလးႏွစ္ေယာက္ေပါ့..အပ်ိဳႀကီးက..မတတ္ႏိုင္ဘူးေလ ဒီေနရာေရာက္မွေတာ့ဒီလိုလူမ်ိဳးေတြနဲ႔ ပတ္သတ္ရဦးမွာေပါ့လို႔သူ႔ဘာသာေတြးၿပီး စိတ္ပ်က္သြားမိတယ္။အဲ့ညမွာပဲ ထုံးစံအတိုင္း ရပ္ကြက္မီးက ႐ုတ္တရက္ ပ်က္သြားခဲ့တယ္။ မီးပ်က္ေတာ့ အမ်ိဳးသမီးက ဖေယာင္းတိုင္ထြန္းဖို႔ သူ႔ဖေယာင္းတိုင္ထုပ္ကိုလိုက္ရွာတာေပါ့ ခဏေနေတာ့ သူရွာေတြ႕သြားတယ္..ေတြ႕ၿပီးေတာ့ သိပ္မၾကာပါဘူး တစ္စုံ တစ္ေယာက္က သူ႔အိမ္တံခါးလာေခါက္တာကို ၾကားလိုက္မိတယ္။တံခါးဖြင့္ၾကည့္ေတာ့ ေဘးအိမ္က ကေလးငယ္တစ္ေယာက္က စိတ္လႈပ္ရွားတဲ့အသံနဲ႔ “အန္တီ..အန္တီတို႔အိမ္မွာ ဖေယာင္းတိုင္ရွိလား” လို႔ ေမးလိုက္တယ္။အမ်ိဳးသမီးက အင္း ဆင္းရဲလြန္းလို႔ ဖေယာင္းတိုင္ေတာင္ မဝယ္ႏိုင္ပါလားေနာ္ ဒါေပမယ့္ ခဏခဏ လာေတာင္းေန မွာစိုးရတယ္။ေပးလို႔မျဖစ္ဘူး..” လို႔ေတြးၿပီး “မရွိဘူး”လို႔ အသံမာမာနဲ႔ ေအာ္ၿပီး တံခါးပိတ္ဖို႔ ျပင္လိုက္တယ္။အဲဒီအခ်ိန္မွာ ကေလးငယ္က ၿပဳံးၿပီး “ထင္သားပဲ.. အန္တီက အခုမွ အိမ္ေျပာင္းလာတာဆိုေတာ့ ဖေယာင္းတိုင္ မပါေလာက္ဘူးဆိုၿပီး ေမွာင္မဲမဲထဲမွာ အန္တီေၾကာက္ေနမွာစိုးလို႔ သမီးက ဖေယာင္းတိုင္လာပို႔တာ” လို႔ေျပာၿပီး အဖာေတြထပ္ေနတဲ့အက်ႌအိတ္ထဲက ဖေယာင္းတိုင္ေလးကို ထုတ္ေပးလိုက္တယ္။အမ်ိဳးသမီးကေတာ့ ကိုယ့္ကိုယ္ကို ရွက္မိၿပီးဘာမွျပန္မေျပာႏိုင္ေအာင္ ဆြံ႕အသြားခဲ့တယ္။ကိုယ့္ထက္သာ မနာလို၊ကိုယ့္ထက္နိမ့္ပါးသူအား နိမ့္ခ်ဆက္ဆံသူအဖို႔ကေတာ့ အထင္ နဲ႔ လက္ေတြ႕အျမင္ဟာ လြဲေခ်ာ္ေနမွာပါ။လူပီသဖို႔ ႐ုပ္လွဖို႔ထက္ စိတ္လွဖို႔အေရးႀကီးတယ္။ ေငြခ်မ္းသာဖို႔ထက္ စိတ္ေစတနာခ်မ္းသာဖို႔အေရးႀကီးတယ္။