ရေကျော်တဲ့လမ်းတွေပေါ် ကားမောင်းရင် သတိထားရမည့်အချက်များ

ရေကြီးနေတဲ့ နေရာတွေ ရေတွေတက်လာပြီး ရေကျော်နေတဲ့ကားလမ်းမတွေမှာ ကား မောင်းမယ် ဆိုရင်ဖြစ်တတ်တဲ့ပြဿနာတရပ်ရှိပါတယ် ။ အများအားဖြင့်အင်ဂျင်ခန်း အနိမ့်ကားတွေမှာ ဖြစ်တတ်ပါတယ် ။ အဲ့ပြဿနာကတော့ – (Hydrolock) လို့ခေါ်တဲ့ အင်ဂျင်ခန်းထဲမှာ ရေတွေဝင်ပြီး ပိတ်လှောင်မိတဲ့ပြဿနာပါ ။ Hydrolock ဆိုတာဘာလဲ?Hydrolock ဆိုတာက ရေထဲမှာ ကားမောင်းနေလို့ အင်ဂျင်ခန်းက ရေထဲမြုပ်သွားမယ်ဆိုရင် အင်ဂျင်တလုံးရဲ့ လည် ပတ်ပုံစနစ်ဖြစ်တဲ့ လေနဲ့ဆီ အရောအနှော (ဝါ ) လေဝင်တဲ့ Inlet ပေါက်ကနေ ရေတွေဝင်လာပြီး နောက် အဲ့ရေတွေက Cylinder ထဲရောက် ၊အဲ့အချိန် Piston ကနေ အဲ့ဒီရေတွေကိုသွားပြီး ဖိသိပ်မိရာကနေ ရေ ထောင်ချောက်မိတဲ့ ပြဿနာပါပဲ ။ ဘာကြောင့် လဲဆိုရင် ရေဆိုတာဟာ Hydraulic အမျိုးအစားထဲပါဝင်ပြီး ပမာဏ အနည်းငယ်မှလွဲ၍ ဖိသိပ်၍ မရနိုင်ပါဘူး ။ ဖိသိပ်လို့ မရတဲ့ရေကို ဖိသိပ်မှုအားပြင်းတဲ့ အင်ဂျင်ထဲထည့်ပြီး ဖိသလိုဖြစ်သွားရင် ဘာဖြစ်သွားမလဲဆိုတော့ ။ ဘာပြဿနာတွေရှိနိုင်လဲ ? အရှိန်များများနဲ့မောင်းနေရင်ကရိုင်း (crankshaft) နဲ့ ပစ်စတင်( Piston) ကြားထဲမှာရှိတဲ့ ကွန်းနက်တင်း (connecting rod ) တွေကွေးကောက်သွားမယ် ၊ ဒါမှမဟုတ် ကျိုးပဲ့သွားပါမယ် ။ ကရိုင်း (crankshaft) ကွေးသွားမယ် ။ဆလင်ဒါဟက် (cylinder head) နဲ့ အင်ဂျင် ဘလောက် (engine block) တွေကိုတွဲထားတဲ့ မူလီတွေ ဆွဲဆန့်သလိုဖြစ်သွားမယ် ပျော့သွားမယ်။အဝင်နဲ့ အထွက်ဘားတွေ (intake and exhaust valves) ကသူတို့ရဲ့ဘားအထိုင်တွေကို ထိုးပြီး ထွက်သွားမယ်။ ကောက်သွားမယ်။ပလပ် (spark plug) အရစ်တွေပျက်ဆီးပြီး အပြင်ကိုရုတ်တရက် ထွက်သွားမယ် ။ပစ်စတင်( piston ) ရဲ့အပေါ်မျက်နှာပြင်တွေ ကွေးသွားမယ် ။ဆလင်ဒါဟက် (cylinder head) လည်း ကွေးသွားမယ် ၊ ကွဲသွားမယ် ။ကင်းရှပ် (CamShaft) တွေလည်း ကျိုးသွား နိုင်ပါတယ်။ဘလောက်လည်းကွဲတာအက်တာဖြစ်နိုင်ပါတယ် ။ ရေထဲမှာအရှိန်နဲ့မောင်းနေတုန်း ရေဝင်ပြီး Hydrolock ဖြစ်သွားရင် အထက်ပါအချက်တွေထဲက တခုထဲ ဖြစ်စေ ဒါမှမဟုတ် မောင်းတဲ့အရှိန်ကို မူတည်ပြီး အင်ဂျင်တခုလုံး ပျက်စီးမှုတွေ ဖြစ်နိုင်ပါတယ် ။

ဒါဆိုရင်တော့ ကားကိုဝပ်ရှော့ပို့ အင်ဂျင်ချပြီး အင်ဂျင်အစိတ်အပိုင်းတွေ အများကြီးပြုပြင်ရပါမယ် ။ အရှိန်နည်းနည်းနဲ့မောင်းနေရင်အင်ဂျင်အစိတ်အပိုင်းတွေ မပျက်စီးဘဲ ရုတ်တရက် ကားစက်ထိုးရပ်သွားတာမျိုးပဲ ဖြစ်နိုင်ပါတယ် ။ အဲ့ဒါဆိုရင်တော့ ပထမဆုံး ပလပ်အားလုံးကိုချွတ်လိုက်ပြီး အတွင်းမှာ အောင်းနေတဲ့ဖိအားတွေကို ပလပ် အပေါက်တွေကနေ လျော့သွားပါစေ။ အင်ဂျင်ကို လက်နဲ့ဖြစ်စေ ၊ Starter Motor နဲ့ဖြစ်စေ အပတ်ရေအနည်းငယ်လှည့်ပေးပါ ။ နောက်ဆလင်ဒါထဲက ရေတွေကို အဆင်ပြေတဲ့နည်းနဲ့ စုပ်ထုတ်ရပါမယ် ။ ပလပ်တွေကိုခြောက်သွေ့ အောင်လုပ်ပေးပါ ။အခြားချို.ယွင်းချက်များမရှိပါက ပြန်တပ်ပြီး စက်ပြန်နိုး လို့ရနိုင်ပါတယ် ။ ကားရပ်ထားတုန်း အင်ဂျင်ထဲရေဝင်သွားရင်ရော – ကားရပ်ထားတုန်း အင်ဂျင် ဆလင်ဒါထဲ ရေတွေဝင်နေမယ် ၊ အဲ့ဒါကိုသတိမမူဘဲ ကား စက်နှိုးမယ်ဆိုရင်တော့ ကားအင်ဂျင်အစိတ်အပိုင်းတွေ ဘာမှမဖြစ်ပါဘူး ၊ ကားရဲ့ starter ဘဲလောင်သွားပါလိမ့်မယ် ။ ဘာဖြစ်လို့လဲဆိုရင် starter mechanism’s torque လို့ခေါ်တဲ့ starter ရဲ့ လည်ကိန်းဟာ engine’s operating torque အင်ဂျင်အလုပ် လုပ်တဲ့လည်ကိန်း ထက်နည်းနေတာမို့ မနိုင်ဝန်ကို အတင်းထမ်းခိုင်းသလိုဖြစ်ပြီး လောင်သွားတာပါ။ ဒါတွေကတော့ ရေထဲကားဖြတ်မောင်းနေတုန်း လေဝင်ပေါက်ကနေ အင်ဂျင် ဆလင်ဒါထဲကို ရေဝင်သွားရင်ဖြစ်လာနိုင်တဲ့ စက်မှုပိုင်းဆိုင်ရာအခြေခံပြဿနာတွေပါ ။ အခြားဆင့်ပွားပြဿနာတွေ အများကြီးဖြစ်နိုင်ပါသေးတယ် ။ ဒါကြောင့်ရေထဲကားမောင်းရင်သတိထားကြပါခမျာ ။ စာဖတ်သူမိတ်ဆွေညီကိုမောင်နှမအားလုံး နည်း ပညာဗဟုသုတတိုးပွားကြပါစေခမျာ ။

Credit – L.Zarni (P.T.U)

[zawgyi]

ေရႀကီးေနတဲ့ ေနရာေတြ ေရေတြတက္လာၿပီး ေရေက်ာ္ေနတဲ့ကားလမ္းမေတြမွာ ကား ေမာင္းမယ္ ဆိုရင္ျဖစ္တတ္တဲ့ျပႆနာတရပ္ရွိပါတယ္ ။ အမ်ားအားျဖင့္အင္ဂ်င္ခန္း အနိမ့္ကားေတြမွာ ျဖစ္တတ္ပါတယ္ ။ အဲ့ျပႆနာကေတာ့ – (Hydrolock) လို႔ေခၚတဲ့ အင္ဂ်င္ခန္းထဲမွာ ေရေတြဝင္ၿပီး ပိတ္ေလွာင္မိတဲ့ျပႆနာပါ ။ Hydrolock ဆိုတာဘာလဲ?Hydrolock ဆိုတာက ေရထဲမွာ ကားေမာင္းေနလို႔ အင္ဂ်င္ခန္းက ေရထဲျမဳပ္သြားမယ္ဆိုရင္ အင္ဂ်င္တလုံးရဲ႕ လည္ပတ္ပုံစနစ္ျဖစ္တဲ့ ေလနဲ႔ဆီ အေရာအေႏွာ (ဝါ ) ေလဝင္တဲ့ Inlet ေပါက္ကေန ေရေတြဝင္လာၿပီး ေနာက္ အဲ့ေရေတြက Cylinder ထဲေရာက္ ၊အဲ့အခ်ိန္ Piston ကေန အဲ့ဒီေရေတြကိုသြားၿပီး ဖိသိပ္မိရာကေန ေရ ေထာင္ေခ်ာက္မိတဲ့ ျပႆနာပါပဲ ။ ဘာေၾကာင့္ လဲဆိုရင္ ေရဆိုတာဟာ Hydraulic အမ်ိဳးအစားထဲပါဝင္ၿပီး ပမာဏ အနည္းငယ္မွလြဲ၍ ဖိသိပ္၍ မရႏိုင္ပါဘူး ။ ဖိသိပ္လို႔ မရတဲ့ေရကို ဖိသိပ္မႈအားျပင္းတဲ့ အင္ဂ်င္ထဲထည့္ၿပီး ဖိသလိုျဖစ္သြားရင္ ဘာျဖစ္သြားမလဲဆိုေတာ့ ။ ဘာျပႆနာေတြရွိႏိုင္လဲ ? အရွိန္မ်ားမ်ားနဲ႔ေမာင္းေနရင္က႐ိုင္း (crankshaft) နဲ႔ ပစ္စတင္( Piston) ၾကားထဲမွာရွိတဲ့ ကြန္းနက္တင္း (connecting rod ) ေတြေကြးေကာက္သြားမယ္ ၊ ဒါမွမဟုတ္ က်ိဳးပဲ့သြားပါမယ္ ။ က႐ိုင္း (crankshaft) ေကြးသြားမယ္ ။ဆလင္ဒါဟက္ (cylinder head) နဲ႔ အင္ဂ်င္ ဘေလာက္ (engine block) ေတြကိုတြဲထားတဲ့ မူလီေတြ ဆြဲဆန႔္သလိုျဖစ္သြားမယ္ ေပ်ာ့သြားမယ္။အဝင္နဲ႔ အထြက္ဘားေတြ (intake and exhaust valves) ကသူတို႔ရဲ႕ဘားအထိုင္ေတြကို ထိုးၿပီး ထြက္သြားမယ္။ ေကာက္သြားမယ္။ပလပ္ (spark plug) အရစ္ေတြပ်က္ဆီးၿပီး အျပင္ကို႐ုတ္တရက္ ထြက္သြားမယ္ ။ပစ္စတင္( piston ) ရဲ႕အေပၚမ်က္ႏွာျပင္ေတြ ေကြးသြားမယ္ ။ဆလင္ဒါဟက္ (cylinder head) လည္း ေကြးသြားမယ္ ၊ ကြဲသြားမယ္ ။ကင္းရွပ္ (CamShaft) ေတြလည္း က်ိဳးသြား ႏိုင္ပါတယ္။ဘေလာက္လည္းကြဲတာအက္တာျဖစ္ႏိုင္ပါတယ္ ။ ေရထဲမွာအရွိန္နဲ႔ေမာင္းေနတုန္း ေရဝင္ၿပီး Hydrolock ျဖစ္သြားရင္ အထက္ပါအခ်က္ေတြထဲက တခုထဲ ျဖစ္ေစ ဒါမွမဟုတ္ ေမာင္းတဲ့အရွိန္ကို မူတည္ၿပီး အင္ဂ်င္တခုလုံး ပ်က္စီးမႈေတြ ျဖစ္ႏိုင္ပါတယ္ ။ဒါဆိုရင္ေတာ့ ကားကိုဝပ္ေရွာ့ပို႔ အင္ဂ်င္ခ်ၿပီး အင္ဂ်င္အစိတ္အပိုင္းေတြ အမ်ားႀကီးျပဳျပင္ရပါမယ္ ။ အရွိန္နည္းနည္းနဲ႔ေမာင္းေနရင္အင္ဂ်င္အစိတ္အပိုင္းေတြ မပ်က္စီးဘဲ ႐ုတ္တရက္ ကားစက္ထိုးရပ္သြားတာမ်ိဳးပဲ ျဖစ္ႏိုင္ပါတယ္ ။ အဲ့ဒါဆိုရင္ေတာ့ ပထမဆုံး ပလပ္အားလုံးကိုခြၽတ္လိုက္ၿပီး အတြင္းမွာ ေအာင္းေနတဲ့ဖိအားေတြကို ပလပ္ အေပါက္ေတြကေန ေလ်ာ့သြားပါေစ။ အင္ဂ်င္ကို လက္နဲ႔ျဖစ္ေစ ၊ Starter Motor နဲ႔ျဖစ္ေစ အပတ္ေရအနည္းငယ္လွည့္ေပးပါ ။ ေနာက္ဆလင္ဒါထဲက ေရေတြကို အဆင္ေျပတဲ့နည္းနဲ႔ စုပ္ထုတ္ရပါမယ္ ။ ပလပ္ေတြကိုေျခာက္ေသြ႕ ေအာင္လုပ္ေပးပါ ။အျခားခ်ိဳ.ယြင္းခ်က္မ်ားမရွိပါက ျပန္တပ္ၿပီး စက္ျပန္ႏိုး လို႔ရႏိုင္ပါတယ္ ။ ကားရပ္ထားတုန္း အင္ဂ်င္ထဲေရဝင္သြားရင္ေရာ – ကားရပ္ထားတုန္း အင္ဂ်င္ ဆလင္ဒါထဲ ေရေတြဝင္ေနမယ္ ၊ အဲ့ဒါကိုသတိမမူဘဲ ကား စက္ႏႈိးမယ္ဆိုရင္ေတာ့ ကားအင္ဂ်င္အစိတ္အပိုင္းေတြ ဘာမွမျဖစ္ပါဘူး ၊ ကားရဲ႕ starter ဘဲေလာင္သြားပါလိမ့္မယ္ ။ ဘာျဖစ္လို႔လဲဆိုရင္ starter mechanism’s torque လို႔ေခၚတဲ့ starter ရဲ႕ လည္ကိန္းဟာ engine’s operating torque အင္ဂ်င္အလုပ္ လုပ္တဲ့လည္ကိန္း ထက္နည္းေနတာမို႔ မႏိုင္ဝန္ကို အတင္းထမ္းခိုင္းသလိုျဖစ္ၿပီး ေလာင္သြားတာပါ။ ဒါေတြကေတာ့ ေရထဲကားျဖတ္ေမာင္းေနတုန္း ေလဝင္ေပါက္ကေန အင္ဂ်င္ ဆလင္ဒါထဲကို ေရဝင္သြားရင္ျဖစ္လာႏိုင္တဲ့ စက္မႈပိုင္းဆိုင္ရာအေျခခံျပႆနာေတြပါ ။ အျခားဆင့္ပြားျပႆနာေတြ အမ်ားႀကီးျဖစ္ႏိုင္ပါေသးတယ္ ။ ဒါေၾကာင့္ေရထဲကားေမာင္းရင္သတိထားၾကပါခမ်ာ ။ စာဖတ္သူမိတ္ေဆြညီကိုေမာင္ႏွမအားလုံး နည္း ပညာဗဟုသုတတိုးပြားၾကပါေစခမ်ာ ။