သင့်ကား ဘရိတ်ဆီလဲသင့်နေပြီဆိုတာ သိနိုင်မယ့် အချက်များ

ကားဘရိတ်ဆိုတာ ကားမှာပါတဲ့အစိတ်အပိုင်းများစွာထဲကမှ အရေးကြီးဆုံးအစိတ်အပိုင်းတစ်ခုဆိုတာ ကားမောင်းသူတိုင်းသိထားပြီးဖြစ်မှာပါ။ ကျနော်တို့ခရီးသွားမယ်ဆိုတိုင်း၊ ကားကိုပုံမှန်ပြုပြင်တဲ့အခါတိုင်း ကားအင်ဂျင်ဝိုင်၊ ကားဂီယာဝိုင်တွေ၊ ကားမှာပါတဲ့ Coolant တွေ၊ ကားရဲ့ အောက်ပိုင်း (Suspension) ပိုင်းတွေကို အထူးအလေးပေးစစ်ဆေးပြီး အင်ဂျင်ဝိုင်တွေလဲတာ၊ ကားအောက်ပိုင်းဘရိတ်ရှူးတွေလဲတာ အစရှိတဲ့လိုအပ်ချက်တွေကို ပြုပြင်တတ်ကြပေမဲ့ ကားဘရိတ်စနစ်ရဲ့ အရေးကြီးဆုံးဘရိတ်ဆီတွေကိုတော့ သေချာစစ်ဆေးပြီး အသစ်လဲလှယ်တာ မရှိသလောက်ရှားပါတယ်။ ဒီနေ့ကားမှာပါတဲ့ဘရိတ်ဆီရဲ့ အရေးပါပုံလေးကို နည်းနည်းပြောပြချင်ပါတယ်။ဘရိတ်ဆီဆိုတာဘာလဲ?-ဘရိတ်ဆီဆိုတာကတော့ အလွယ်ကူဆုံးနဲ့အရိုးရှင်းဆုံးပြောရရင် glycol-ether ဆိုတဲ့ Chemical ကိုအခြေခံပြီးဖွဲ့စည်းတည်ဆောက်ထားတဲ့ ဟိုက်ဒရောလစ်ဆီ (Hydraulic Oil) တစ်မျိုးပါပဲ။ ကျနော်တို့လက်ရှိကားတွေမှာ အသုံးပြုနေကြတဲ့ Brake Fluid (ဘရိတ်ဆီ) တွေကတော့ DOT 3 နဲ့ DOT 4 အမျိုးအစား ဘရိတ်ဆီတွေဖြစ်ပါတယ်။ DOT ဆိုတဲ့ အဓိပ္ပါယ်ကတော့ အမေရိကန် နိုင်ငံက Depeartment Of Transportation ကိုရည်ညွှန်းတာဖြစ်ပြီး သူတို့နိုင်ငံရဲ့ The Federal Motor Vehicle Safety Standards (FMVSS) နဲ့ အညီထုတ်လုပ်ထားတဲ့ Grade 3 နဲ့ 4 အမျိုးအစား ဘရိတ်ဆီတွေကို DOT 3 ၊ DOT 4 လို့ခေါ်ဆိုတာဖြစ်ပါတယ်။ဥပမာအားဖြင့် ကားကို 100 Km/hour လောက်နဲ့ မောင်းနှင်နေတဲ့အချိန် ရုတ်တရက်ဘရိတ် Pedal ကိုနင်းလိုက်တဲ့အခါ ဘရိတ် Pedal ကနေတဆင့် Master Cylinder (ဘရိတ်ဆုံ) တွေ ၊ ABS Accumulator တွေကို တွန်းအားဖိအားတွေဖြစ်စေပြီး အဲ့ဒီကနေတစ်ဆင့် ဘရိတ်ဆီတွေကို ဘရိတ်ဆုံတွေထဲက ဘရိတ် Piston တွေဆီကို အလျှင်မြန်ဆုံးနည်းနဲ့ အထစ်အငေါ့မရှိပေးပို့ထပ်ဆင့် ဖိအားပေးမှသာ ကားကဘရိတ်မိပြီး ကားကို အချိန်တိုအတွင်းအရှိန်သတ် ထိန်းချုပ်နိုင်မှာပါ။ကမ္ဘာပေါ်မှာ မတူကွဲပြားခြားနားတဲ့ ဟိုက်ဒရောလစ်ဆီ (Hydraulic Oil) အမျိုးအစားပေါင်းများစွာ ရှိတဲ့အထဲကမှ ဘာကြောင့်ဘရိတ်ဆီတွေကို သီးသန့်တီထွင်ဖန်တီးပြီး ကားတွေ၊ မော်တော်ဆိုင် ကယ်တွေမှာ အသုံးပြုရသလဲဆိုရင်တော့ ဘရိတ်ဆီဟာ အခြားဟိုက်ဒရောလစ်ဆီတွေနဲ့ မတူကွဲပြားခြားနားတဲ့ ဂုဏ်သတ္တိတွေရှိဖို့လိုအပ်လို့ပါပဲ။ဘရိတ်ဆီရဲ့ ဂုဏ်သတ္တိတွေကတော့ – Viscosity (စေးပြစ်နှုန်း) တည်ငြိမ်ရပါမယ်။ ပူတဲ့အချိန်မှာဖြစ်ဖြစ်၊ အေးတဲ့အချိန်မှာဖြစ်ဖြစ် ဘရိတ်ဆီရဲ့စေးပြစ်နှုန်း မပြောင်းလဲဘဲတည်ရှိရပါမယ်။ ဒါမှဘရိတ်ဖမ်းတဲ့အခါ ချောချောမွေ့မွေ့ လျှင်လျှင်မြန်မြန် အလုပ်လုပ်နိုင်မှာပါ။Boiling Point (ရေဆူမှတ်) မြင့်မားရပါမယ်။ ပုံမှန်အားဖြင့် ရေဟာ 100° C မှာ ဆူပြီး၊ ဘရိတ်ဆီတွေရဲ့ ရေဆူမှတ်က DOT 3 မှာဆို 205° C (401° F) ရှိပြီး DOT 4 မှာဆိုရင်တော့ 230° C (446° F) လောက်ထိရှိပါတယ်။ ဘရိတ်ဆီတွေဟာ ဒီလိုရေဆူမှတ်မြင့်မှလည်း ဘရိတ်ဖမ်းလိုက်တဲ့အခါ တစ်ခုနဲ့ တစ်ခုပွတ်တိုက်ပြီး အပူချိန်မြင့်တက်လာမယ့် Brake Drum တွေ၊ Brake Shoe တွေနဲ့ အတူတွဲဖက်အလုပ်လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။Corrosion (သံချေးတက် ပွန်းစားမှု) သက်သာစေရပါမယ်။ ဘရိတ်စနစ်မှာ ဘရိတ်ဆီနဲ့ အမြဲထိစပ်နေတဲ့ အစိတ်အပိုင်းတွေဖြစ်တဲ့ Brake Piston တွေ၊ Master Cylinder တွေ၊ ABS Control Valve တွေကို သံချေးတက်ပွန်းစားမှု မဖြစ်စေဖို့လည်းလိုအပ်ပါတယ်။ နောက်ပြီး သံချေးတက် ပွန်းစားမှုတွေကိုဖြစ်စေမယ့် Moisture ဆိုတဲ့ ရေခိုးရေငွေ့တွေ ဒီဘရိတ်စနစ်ထဲ အမြောက်အများ တိုက်ရိုက် ဝင်မလာအောင်လည်း ကာကွယ်ပေးနိုင်ရပါမယ်။Compressibility (ဖိသိပ်ခံနိုင်မှု) တည်ငြိမ်ရပါမယ်။ အပူချိန်အမျိုးမျိုးပြောင်းလဲနိုင်တဲ့ ပတ်ဝန်းကျင်အခြေအနေမှာ ဘရိတ်ဆီတွေရဲ့ဖိသိပ်ခံနိုင်မှုက တည်ငြိမ်ရပါမယ်။ ဒါမှ ဘယ်လိုအခြေအနေမှာမဆို ဘရိတ်နင်းလိုက်တဲ့အခါ ဘရိတ် Pedal ရဲ့အနေအထားတည်တည်ငြိမ်ငြိမ်ရှိမှာဖြစ်ပါတယ်။ဒီအချက်တွေက ဘရိတ်ဆီတွေမှာရှိရမယ့်ဂုဏ်သတ္တိတွေဖြစ်ပြီး DOT 4 အဆင့် ဘရိတ်ဆီက DOT 3 ထက် အပူချိန်ခံနိုင်ရည်ရယ်၊ ဖိအားဒဏ်ခံနိုင်ရည်တွေ ပိုများပါတယ်။ ဒါကြောင့်နောက်ပိုင်းကားတွေမှာ DOT 4 Grade တွေကို သုံးစွဲလာကြတာပါ။ဒီ DOT 3 နဲ့ 4 Grade ဘရိတ်ဆီတွေရဲ့ အားနည်းချက်တစ်ခုက ပတ်ဝန်း ကျင် ထဲမှာရှိတဲ့လေထုထဲက ရေခိုးရေငွေ့တွေက ဘရိတ်ဆီထဲကိုတဖြည်းဖြည်း ရောနှောဝင်ရောက်လာတာပါ။ အချိန်ကြာလာတာနဲ့အမျှ ဘရိတ်ဆီထဲမှာ ရေခိုးရေငွေ့ တွေပါဝင်လာပြီး ဘရိတ်ဆီတွေ ညစ်ပတ်လာကာ ဘရိတ်ဆီရဲ့ ဂုဏ်သတ္တိတွေကျဆင်းလာတတ်ပါတယ်။ ဘရိတ်ဆီတွေရဲ့ လေထုထဲကရေစုပ်ယူမှုပမာဏက တစ်နှစ်ကို ၂ ရာခိုင်နှုန်းလောက်ရှိပါတယ်။ ကျနော်တို့ ဘရိတ်ဆီအဖုံးကိုဖွင့်တဲ့အချိန်၊ ဒါမှမဟုတ်ဘရိတ်ဆီအဖုံးမှာပါတဲ့ Seal လေးတွေမလုံတဲ့အချိန်တွေမှာ ပတ်ဝန်းကျင်လေထုကို ဘရိတ်ဆီက စုပ်ယူပါတယ်။ ဒါကြောင့်ကားထုတ်လုပ်တဲ့ ကုမ္ပဏီတွေက ကားတွေကို Km (32,000) ဒါမှမဟုတ် နှစ်နှစ်အကြာ မောင်းနှင်ပြီးတိုင်း ဘရိတ်ဆီတွေကို စစ်ဆေး လဲလှယ်ပေးသင့်ပါတယ်လို့ အကြံပြုပေးထားကြတာဖြစ်ပါတယ်။ဘယ်အချိန်မှာ ကျနော်တို့ ဘရိတ်ဆီတွေကို လဲသင့်သလဲ?ABS မီးတွေ၊ Parking Brake (Hand Brake) မီးတွေလင်းလာတဲ့အခါ၊ ကျနော်တို့ကားတွေမှာအသုံးပြုနေတဲ့ ဘရိတ်ဆီတွေ ညစ်နွမ်းလာတဲ့အခါ၊ ရေပါဝင်မှု နှုန်းများလာတဲ့အခါ ဒီဘရိတ်ဆီတွေနဲ့ တွဲဖက်အလုပ်လုပ်နေတဲ့ ABS Motor တွေ၊ Accumulator တွေ Solenoid Valve တွေ ချို့ယွင်းလာတတ်ပါတယ်။ အဖြစ်များတာကတော့ Pressure မတောင့်နိုင်တာ၊ ABS System Malfunction ဖြစ်တာအစရှိတဲ့ Error တွေတက်လာတတ်ပါတယ်။ ဒီလိုဖြစ်လာနိုင်တာမို့ ဘရိတ်ဆီ မလဲတာကြာလို့ ABS မီးတွေ၊ Parking Brake မီးတွေလင်းလာတယ်ဆိုရင် ဘရိတ်ဆီလဲသင့်ပါတယ်။ တချို့ကားတွေမှာဆိုရင် ABS Accumulator ပြဿနာတက်လာတဲ့အခါ ဘရိတ်ဆီလဲပြီးစမ်းသုံးကြည့်ရင်း ကောင်းသွားတာတွေတောင်ရှိပါတယ်။

ဘရိတ်ပုံမှန် မဟုတ်တဲ့အခါ – ဘရိတ်ဖမ်းလိုက်တဲ့အခါ၊ ဘရိတ်နင်းလိုက်တဲ့အခါ ဘရိတ်ခြေနင်းက ပုံမှန်မဟုတ်ဘဲ မာနေတာ၊ ဒါမှမဟုတ် ပျော့ကျသွားတာ၊ ရှောသွားတာမျိုးဆိုရင် ဘရိတ်ဆီအခြေနေကို စစ်ဆေးပြီး၊ ဘရိတ်ဆီ မကောင်းတော့ဘူးဆိုရင် အသစ်လဲလှယ်သင့်ပါတယ်။ အပြင်ကားလောကမှာ အဖြစ်များဆုံး ရောဂါလက္ခဏာတွေပါ။ဘရိတ်ဆုံကနေ အသံထွက်လာတဲ့အခါ – အခုနောက်ပိုင်း ABS စနစ်နဲ့ တွဲဖက်လုပ်ကိုင်တဲ့ ဘရိတ်ဆုံတွေမှာ ဘရိတ်ဆီမကောင်းတဲ့အခါ၊ ဘရိတ်ဆီညစ်သွားတဲ့အခါ ဘရိတ်ဆုံကနေအသံထွက်တာမျိုးတွေ ကြုံတွေ့ရတတ်ပါတယ်။ ဘရိတ်နင်းလိုက်တိုင်း ဘရိတ်ဆုံကနေအသံထွက်လာတာ ဒါမှမဟုတ် ဘရိတ်ဆုံကနေ မော်တာမောင်းသလို အသံတွေထွက် လာတာဆိုရင်တော့ ဘရိတ်ဆီကိုစစ်ဆေးပြီး ဘရိတ်ဆီမကောင်းဘူးဆိုရင် လဲလှယ်ပေးရမှာဖြစ်ပါတယ်။ဘရိတ်ဆီ အရောင်ညစ်လာတဲ့အခါ – ဒါကတော့ သိသာထင်ရှားတဲ့အရာပါ၊ ကားမောင်းတဲ့သူ တော်တော်များများလည်း ဘရိတ်ဆီအဖုံးဖွင့်ပြီး ဘရိတ်ဆီကောင်းမကောင်း ကြည့်တတ်ကြပါတယ်။ ဘရိတ်ဆီရဲ့ ပုံမှန်အရောင်က အကြည်ရောင်လေးပါ။ ဘရိတ်ဆီအဖုံးကိုဖွင့်စစ်ဆေးကြည့်တဲ့အခါ ဘရိတ်ဆီအရောင်ပြောင်းနေတာ၊ အရမ်းပြစ်သွားတာမျိုးတွေဖြစ်နေတယ်ဆိုရင်တော့ ဘရိတ်ဆီကို အမြန်ဆုံးလဲလှယ်ပေးရတော့မှာပါ။ ဘာဖြစ်လို့လဲဆိုရင်တော့ ဘရိတ်ဆီအရောင်ပုံမှန်ဖြစ်နေတယ်ဆိုရင်တောင်မှ ဘရိတ်ဆီရဲ့ Power အပြည့်ရှိ/မရှိ မသေချာနိုင်ပေမယ့် ဘရိတ်ဆီတွေ လုံးဝညစ်နေပြီဆိုရင်တော့ ဘရိတ်ဆီမှာ ရှိရမယ့် ဂုဏ်သတ္တိတွေ လုံးဝမရှိတော့တာသေချာနေလို့ပဲဖြစ်ပါတယ်။
ဘရိတ်ကပ်ပြီး ညှော်နံ့ထွက်တဲ့အခါ – ကျနော်ကိုယ်တိုင် ဒီလိုအဖြစ်မျိုး ကြုံခဲ့ဖူးပါတယ်။ ဘရိတ်ဆီမသန့်တာ ထည့်လိုက်မိလို့ လမ်းမှာ ဘရိတ်ဆုံတွေက ဘရိတ်မပြန်ဘဲ ဘရိတ်ရှုးတွေကပ်နေလို့ ညှော်နံ့တွေထွက်တာ ကြုံဖူးပါတယ်။ ဘရိတ်ဆီတွေ အကုန်ဖောက်ထုတ်၊ ဘရိတ်ဝါရှာတွေ ဖြုတ်လဲ၊ ဘရိတ် Piston တွေဆေးကျော၊ ဘရိတ်ဆီတွေပါ အကုန်အသစ်လဲလှယ်ပေးလိုက်မှ အားလုံးအိုကေသွားပါတယ်။ဒီအချက်တွေက ဘရိတ်ဆီနဲ့ပတ်သတ်ပြီး အဖြစ်များဆုံး ရောဂါလက္ခဏာအခြေနေတွေပါ။ ဒါတွေမိတ်ဆွေတို့ ကားတွေမှာဖြစ်လာတယ်ဆိုရင်တော့ Brake Fluid Tester တွေနဲ့အမြန်ဆုံးစစ်ဆေးပြီး မကောင်းဘူးဆိုရင် လဲလှယ်ရမှာပါ။ မလဲလှယ်ဘဲ အသုံးပြုနေမယ်ဆိုရင်တော့ ဘရိတ်ဆီတွေထဲ ရေခိုးရေငွေ့ပါဝင်မှုများလာပြီး ဘရိတ်ဆီရဲ့ဂုဏ်သတ္တိတွေကျဆင်းလာကာ ဘရိတ်နင်း လိုက်တဲ့အခါ ဘရိတ်ပျော့ဆင်းသွားတာ၊ ဘရိတ်ရှောသွားတာ၊ ဘရိတ်မာပြီး မမိတာ၊ ဘရိတ်နင်းလိုက်တဲ့အချိန် အသံထွက်တာ၊ ဘရိတ် Piston တွေ ဂျမ်းဖြစ်တာ၊ သံကြေးတက်တာ၊ ဘရိတ်ဖမ်းလိုက်တဲ့ အချိန်ညှော်နံ့ထွက်တာ၊ Master Cylinder တွေ၊ ABS Accumulator တွေအစရှိတဲ့ ဘရိတ်နဲ့ ပတ်သတ်တဲ့ ပစ္စည်းတွေပျက်စီးပြီး ဘရိတ်ပြဿနာတွေကြုံတွေလာရမှာဖြစ်ပါတယ်။ ဘရိတ်ပြဿနာဆိုတာ တကယ်တော့ယာဉ်မောင်းသူနဲ့ ယာဉ်ကိုပါ အန္တရာယ်ရှိစေတဲ့ ပြဿနာပါပဲ။ ယနေ့ကားဘရိတ်စနစ်တွေဟာလည်း ခေတ်မီဘရိတ်စနစ်တွေဖြစ်တာမို့ ဘရိတ်ဆီလဲလှယ်တဲ့နေရာမှာလည်း ဟိုးအရင်ခေတ်ဟောင်းနည်းတွေနဲ့ မတူဘဲ ဘရိတ်စနစ်ထဲမှာ လေခိုတာ၊ လေကျန်တာမျိုးမဖြစ်ရလေအောင် ခေတ်မီ Diagnostic စက်တွေ နဲ့ Air Bleeding လုပ်တာ၊ ဘရိတ်ဆီ သီးသန့်လဲလှယ်တဲ့ စက်တွေနဲ့ သေသေချာချာစနစ်တကျလဲလှယ်မှ ဘရိတ်နဲ့ပတ်သတ်တဲ့ အန္တရာယ်တွေ ပြဿနာတွေ ကင်းဝေးစေမှာဖြစ်ပါတယ်။ဒါကြောင့် ကားကျန်းမာရေးစစ်ဆေးတိုင်းကပ်ကျော်သွားတတ်တဲ့ မိတ်ဆွေတို့ရဲ့ယာဉ်နဲ့ ယာဉ်မောင်း သူတွေ လုံခြုံစိတ်ချရမှုရဲ့ အရေးကြီးဆုံး၊ အရေးပါဆုံး ဘရိတ်စနစ်ရဲ့ ဘရိတ်ဆီတွေကို အမြန်ဆုံးစစ်ဆေးပြုပြင်လဲလှယ်ဖို့ အကြံပြုတိုက်တွန်းချင်ပါတယ်ခင်ဗျာ။

မူရင်းရေးသားသူ_LYNN ZA NEE (P.T.U)

[zawgyi]

ကားဘရိတ္ဆိုတာ ကားမွာပါတဲ့အစိတ္အပိုင္းမ်ားစြာထဲကမွ အေရးႀကီးဆုံးအစိတ္အပိုင္းတစ္ခုဆိုတာ ကားေမာင္းသူတိုင္းသိထားၿပီးျဖစ္မွာပါ။ က်ေနာ္တို႔ခရီးသြားမယ္ဆိုတိုင္း၊ ကားကိုပုံမွန္ျပဳျပင္တဲ့အခါတိုင္း ကားအင္ဂ်င္ဝိုင္၊ ကားဂီယာဝိုင္ေတြ၊ ကားမွာပါတဲ့ Coolant ေတြ၊ ကားရဲ႕ ေအာက္ပိုင္း (Suspension) ပိုင္းေတြကို အထူးအေလးေပးစစ္ေဆးၿပီး အင္ဂ်င္ဝိုင္ေတြလဲတာ၊ ကားေအာက္ပိုင္းဘရိတ္ရႉးေတြလဲတာ အစရွိတဲ့လိုအပ္ခ်က္ေတြကို ျပဳျပင္တတ္ၾကေပမဲ့ ကားဘရိတ္စနစ္ရဲ႕ အေရးႀကီးဆုံးဘရိတ္ဆီေတြကိုေတာ့ ေသခ်ာစစ္ေဆးၿပီး အသစ္လဲလွယ္တာ မရွိသေလာက္ရွားပါတယ္။ ဒီေန႔ကားမွာပါတဲ့ဘရိတ္ဆီရဲ႕ အေရးပါပုံေလးကို နည္းနည္းေျပာျပခ်င္ပါတယ္။ဘရိတ္ဆီဆိုတာဘာလဲ?-ဘရိတ္ဆီဆိုတာကေတာ့ အလြယ္ကူဆုံးနဲ႔အ႐ိုးရွင္းဆုံးေျပာရရင္ glycol-ether ဆိုတဲ့ Chemical ကိုအေျခခံၿပီးဖြဲ႕စည္းတည္ေဆာက္ထားတဲ့ ဟိုက္ဒေရာလစ္ဆီ (Hydraulic Oil) တစ္မ်ိဳးပါပဲ။ က်ေနာ္တို႔လက္ရွိကားေတြမွာ အသုံးျပဳေနၾကတဲ့ Brake Fluid (ဘရိတ္ဆီ) ေတြကေတာ့ DOT 3 နဲ႔ DOT 4 အမ်ိဳးအစား ဘရိတ္ဆီေတြျဖစ္ပါတယ္။ DOT ဆိုတဲ့ အဓိပၸါယ္ကေတာ့ အေမရိကန္ ႏိုင္ငံက Depeartment Of Transportation ကိုရည္ၫႊန္းတာျဖစ္ၿပီး သူတို႔ႏိုင္ငံရဲ႕ The Federal Motor Vehicle Safety Standards (FMVSS) နဲ႔ အညီထုတ္လုပ္ထားတဲ့ Grade 3 နဲ႔ 4 အမ်ိဳးအစား ဘရိတ္ဆီေတြကို DOT 3 ၊ DOT 4 လို႔ေခၚဆိုတာျဖစ္ပါတယ္။ဥပမာအားျဖင့္ ကားကို 100 Km/hour ေလာက္နဲ႔ ေမာင္းႏွင္ေနတဲ့အခ်ိန္ ႐ုတ္တရက္ဘရိတ္ Pedal ကိုနင္းလိုက္တဲ့အခါ ဘရိတ္ Pedal ကေနတဆင့္ Master Cylinder (ဘရိတ္ဆုံ) ေတြ ၊ ABS Accumulator ေတြကို တြန္းအားဖိအားေတြျဖစ္ေစၿပီး အဲ့ဒီကေနတစ္ဆင့္ ဘရိတ္ဆီေတြကို ဘရိတ္ဆုံေတြထဲက ဘရိတ္ Piston ေတြဆီကို အလွ်င္ျမန္ဆုံးနည္းနဲ႔ အထစ္အေငါ့မရွိေပးပို႔ထပ္ဆင့္ ဖိအားေပးမွသာ ကားကဘရိတ္မိၿပီး ကားကို အခ်ိန္တိုအတြင္းအရွိန္သတ္ ထိန္းခ်ဳပ္ႏိုင္မွာပါ။ကမာၻေပၚမွာ မတူကြဲျပားျခားနားတဲ့ ဟိုက္ဒေရာလစ္ဆီ (Hydraulic Oil) အမ်ိဳးအစားေပါင္းမ်ားစြာ ရွိတဲ့အထဲကမွ ဘာေၾကာင့္ဘရိတ္ဆီေတြကို သီးသန႔္တီထြင္ဖန္တီးၿပီး ကားေတြ၊ ေမာ္ေတာ္ဆိုင္ကယ္ေတြမွာ အသုံးျပဳရသလဲဆိုရင္ေတာ့ ဘရိတ္ဆီဟာ အျခားဟိုက္ဒေရာလစ္ဆီေတြနဲ႔ မတူကြဲျပားျခားနားတဲ့ ဂုဏ္သတၱိေတြရွိဖို႔လိုအပ္လို႔ပါပဲ။ဘရိတ္ဆီရဲ႕ ဂုဏ္သတၱိေတြကေတာ့ – Viscosity (ေစးျပစ္ႏႈန္း) တည္ၿငိမ္ရပါမယ္။ ပူတဲ့အခ်ိန္မွာျဖစ္ျဖစ္၊ ေအးတဲ့အခ်ိန္မွာျဖစ္ျဖစ္ ဘရိတ္ဆီရဲ႕ေစးျပစ္ႏႈန္း မေျပာင္းလဲဘဲတည္ရွိရပါမယ္။ ဒါမွဘရိတ္ဖမ္းတဲ့အခါ ေခ်ာေခ်ာေမြ႕ေမြ႕ လွ်င္လွ်င္ျမန္ျမန္ အလုပ္လုပ္ႏိုင္မွာပါ။Boiling Point (ေရဆူမွတ္) ျမင့္မားရပါမယ္။ ပုံမွန္အားျဖင့္ ေရဟာ 100° C မွာ ဆူၿပီး၊ ဘရိတ္ဆီေတြရဲ႕ ေရဆူမွတ္က DOT 3 မွာဆို 205° C (401° F) ရွိၿပီး DOT 4 မွာဆိုရင္ေတာ့ 230° C (446° F) ေလာက္ထိရွိပါတယ္။ ဘရိတ္ဆီေတြဟာ ဒီလိုေရဆူမွတ္ျမင့္မွလည္း ဘရိတ္ဖမ္းလိုက္တဲ့အခါ တစ္ခုနဲ႔ တစ္ခုပြတ္တိုက္ၿပီး အပူခ်ိန္ျမင့္တက္လာမယ့္ Brake Drum ေတြ၊ Brake Shoe ေတြနဲ႔ အတူတြဲဖက္အလုပ္လုပ္ေဆာင္ႏိုင္မွာျဖစ္ပါတယ္။Corrosion (သံေခ်းတက္ ပြန္းစားမႈ) သက္သာေစရပါမယ္။ ဘရိတ္စနစ္မွာ ဘရိတ္ဆီနဲ႔ အၿမဲထိစပ္ေနတဲ့ အစိတ္အပိုင္းေတြျဖစ္တဲ့ Brake Piston ေတြ၊ Master Cylinder ေတြ၊ ABS Control Valve ေတြကို သံေခ်းတက္ပြန္းစားမႈ မျဖစ္ေစဖို႔လည္းလိုအပ္ပါတယ္။ ေနာက္ၿပီး သံေခ်းတက္ ပြန္းစားမႈေတြကိုျဖစ္ေစမယ့္ Moisture ဆိုတဲ့ ေရခိုးေရေငြ႕ေတြ ဒီဘရိတ္စနစ္ထဲ အေျမာက္အမ်ား တိုက္႐ိုက္ ဝင္မလာေအာင္လည္း ကာကြယ္ေပးႏိုင္ရပါမယ္။ompressibility (ဖိသိပ္ခံႏိုင္မႈ) တည္ၿငိမ္ရပါမယ္။ အပူခ်ိန္အမ်ိဳးမ်ိဳးေျပာင္းလဲႏိုင္တဲ့ ပတ္ဝန္းက်င္အေျခအေနမွာ ဘရိတ္ဆီေတြရဲ႕ဖိသိပ္ခံႏိုင္မႈက တည္ၿငိမ္ရပါမယ္။ ဒါမွ ဘယ္လိုအေျခအေနမွာမဆို ဘရိတ္နင္းလိုက္တဲ့အခါ ဘရိတ္ Pedal ရဲ႕အေနအထားတည္တည္ၿငိမ္ၿငိမ္ရွိမွာျဖစ္ပါတယ္။ဒီအခ်က္ေတြက ဘရိတ္ဆီေတြမွာရွိရမယ့္ဂုဏ္သတၱိေတြျဖစ္ၿပီး DOT 4 အဆင့္ ဘရိတ္ဆီက DOT 3 ထက္ အပူခ်ိန္ခံႏိုင္ရည္ရယ္၊ ဖိအားဒဏ္ခံႏိုင္ရည္ေတြ ပိုမ်ားပါတယ္။ ဒါေၾကာင့္ေနာက္ပိုင္းကားေတြမွာ DOT 4 Grade ေတြကို သုံးစြဲလာၾကတာပါ။ဒီ DOT 3 နဲ႔ 4 Grade ဘရိတ္ဆီေတြရဲ႕ အားနည္းခ်က္တစ္ခုက ပတ္ဝန္းက်င္ထဲမွာရွိတဲ့ေလထုထဲက ေရခိုးေရေငြ႕ေတြက ဘရိတ္ဆီထဲကိုတျဖည္းျဖည္း ေရာေႏွာဝင္ေရာက္လာတာပါ။ အခ်ိန္ၾကာလာတာနဲ႔အမွ် ဘရိတ္ဆီထဲမွာ ေရခိုးေရေငြ႕ ေတြပါဝင္လာၿပီး ဘရိတ္ဆီေတြ ညစ္ပတ္လာကာ ဘရိတ္ဆီရဲ႕ ဂုဏ္သတၱိေတြက်ဆင္းလာတတ္ပါတယ္။ ဘရိတ္ဆီေတြရဲ႕ ေလထုထဲကေရစုပ္ယူမႈပမာဏက တစ္ႏွစ္ကို ၂ ရာခိုင္ႏႈန္းေလာက္ရွိပါတယ္။ က်ေနာ္တို႔ ဘရိတ္ဆီအဖုံးကိုဖြင့္တဲ့အခ်ိန္၊ ဒါမွမဟုတ္ဘရိတ္ဆီအဖုံးမွာပါတဲ့ Seal ေလးေတြမလုံတဲ့အခ်ိန္ေတြမွာ ပတ္ဝန္းက်င္ေလထုကို ဘရိတ္ဆီက စုပ္ယူပါတယ္။ ဒါေၾကာင့္ကားထုတ္လုပ္တဲ့ ကုမၸဏီေတြက ကားေတြကို Km (32,000) ဒါမွမဟုတ္ ႏွစ္ႏွစ္အၾကာ ေမာင္းႏွင္ၿပီးတိုင္း ဘရိတ္ဆီေတြကို စစ္ေဆး လဲလွယ္ေပးသင့္ပါတယ္လို႔ အႀကံျပဳေပးထားၾကတာျဖစ္ပါတယ္။ဘယ္အခ်ိန္မွာ က်ေနာ္တို႔ ဘရိတ္ဆီေတြကို လဲသင့္သလဲ?ABS မီးေတြ၊ Parking Brake (Hand Brake) မီးေတြလင္းလာတဲ့အခါ၊ က်ေနာ္တို႔ကားေတြမွာအသုံးျပဳေနတဲ့ ဘရိတ္ဆီေတြ ညစ္ႏြမ္းလာတဲ့အခါ၊ ေရပါဝင္မႈ ႏႈန္းမ်ားလာတဲ့အခါ ဒီဘရိတ္ဆီေတြနဲ႔ တြဲဖက္အလုပ္လုပ္ေနတဲ့ ABS Motor ေတြ၊ Accumulator ေတြ Solenoid Valve ေတြ ခ်ိဳ႕ယြင္းလာတတ္ပါတယ္။ အျဖစ္မ်ားတာကေတာ့ Pressure မေတာင့္ႏိုင္တာ၊ ABS System Malfunction ျဖစ္တာအစရွိတဲ့ Error ေတြတက္လာတတ္ပါတယ္။ ဒီလိုျဖစ္လာႏိုင္တာမို႔ ဘရိတ္ဆီ မလဲတာၾကာလို႔ ABS မီးေတြ၊ Parking Brake မီးေတြလင္းလာတယ္ဆိုရင္ ဘရိတ္ဆီလဲသင့္ပါတယ္။ တခ်ိဳ႕ကားေတြမွာဆိုရင္ ABS Accumulator ျပႆနာတက္လာတဲ့အခါ ဘရိတ္ဆီလဲၿပီးစမ္းသုံးၾကည့္ရင္း ေကာင္းသြားတာေတြေတာင္ရွိပါတယ္။ဘရိတ္ပုံမွန္ မဟုတ္တဲ့အခါ – ဘရိတ္ဖမ္းလိုက္တဲ့အခါ၊ ဘရိတ္နင္းလိုက္တဲ့အခါ ဘရိတ္ေျခနင္းက ပုံမွန္မဟုတ္ဘဲ မာေနတာ၊ ဒါမွမဟုတ္ ေပ်ာ့က်သြားတာ၊ ေရွာသြားတာမ်ိဳးဆိုရင္ ဘရိတ္ဆီအေျခေနကို စစ္ေဆးၿပီး၊ ဘရိတ္ဆီ မေကာင္းေတာ့ဘူးဆိုရင္ အသစ္လဲလွယ္သင့္ပါတယ္။ အျပင္ကားေလာကမွာ အျဖစ္မ်ားဆုံး ေရာဂါလကၡဏာေတြပါ။ဘရိတ္ဆုံကေန အသံထြက္လာတဲ့အခါ – အခုေနာက္ပိုင္း ABS စနစ္နဲ႔ တြဲဖက္လုပ္ကိုင္တဲ့ ဘရိတ္ဆုံေတြမွာ ဘရိတ္ဆီမေကာင္းတဲ့အခါ၊ ဘရိတ္ဆီညစ္သြားတဲ့အခါ ဘရိတ္ဆုံကေနအသံထြက္တာမ်ိဳးေတြ ႀကဳံေတြ႕ရတတ္ပါတယ္။ ဘရိတ္နင္းလိုက္တိုင္း ဘရိတ္ဆုံကေနအသံထြက္လာတာ ဒါမွမဟုတ္ ဘရိတ္ဆုံကေန ေမာ္တာေမာင္းသလို အသံေတြထြက္ လာတာဆိုရင္ေတာ့ ဘရိတ္ဆီကိုစစ္ေဆးၿပီး ဘရိတ္ဆီမေကာင္းဘူးဆိုရင္ လဲလွယ္ေပးရမွာျဖစ္ပါတယ္။ဘရိတ္ဆီ အေရာင္ညစ္လာတဲ့အခါ – ဒါကေတာ့ သိသာထင္ရွားတဲ့အရာပါ၊ ကားေမာင္းတဲ့သူ ေတာ္ေတာ္မ်ားမ်ားလည္း ဘရိတ္ဆီအဖုံးဖြင့္ၿပီး ဘရိတ္ဆီေကာင္းမေကာင္း ၾကည့္တတ္ၾကပါတယ္။ ဘရိတ္ဆီရဲ႕ ပုံမွန္အေရာင္က အၾကည္ေရာင္ေလးပါ။ ဘရိတ္ဆီအဖုံးကိုဖြင့္စစ္ေဆးၾကည့္တဲ့အခါ ဘရိတ္ဆီအေရာင္ေျပာင္းေနတာ၊ အရမ္းျပစ္သြားတာမ်ိဳးေတြျဖစ္ေနတယ္ဆိုရင္ေတာ့ ဘရိတ္ဆီကို အျမန္ဆုံးလဲလွယ္ေပးရေတာ့မွာပါ။ ဘာျဖစ္လို႔လဲဆိုရင္ေတာ့ ဘရိတ္ဆီအေရာင္ပုံမွန္ျဖစ္ေနတယ္ဆိုရင္ေတာင္မွ ဘရိတ္ဆီရဲ႕ Power အျပည့္ရွိ/မရွိ မေသခ်ာႏိုင္ေပမယ့္ ဘရိတ္ဆီေတြ လုံးဝညစ္ေနၿပီဆိုရင္ေတာ့ ဘရိတ္ဆီမွာ ရွိရမယ့္ ဂုဏ္သတၱိေတြ လုံးဝမရွိေတာ့တာေသခ်ာေနလို႔ပဲျဖစ္ပါတယ္။ဘရိတ္ကပ္ၿပီး ေညႇာ္နံ႔ထြက္တဲ့အခါ – က်ေနာ္ကိုယ္တိုင္ ဒီလိုအျဖစ္မ်ိဳး ႀကဳံခဲ့ဖူးပါတယ္။ ဘရိတ္ဆီမသန႔္တာ ထည့္လိုက္မိလို႔ လမ္းမွာ ဘရိတ္ဆုံေတြက ဘရိတ္မျပန္ဘဲ ဘရိတ္ရႈးေတြကပ္ေနလို႔ ေညႇာ္နံ႔ေတြထြက္တာ ႀကဳံဖူးပါတယ္။ ဘရိတ္ဆီေတြ အကုန္ေဖာက္ထုတ္၊ ဘရိတ္ဝါရွာေတြ ျဖဳတ္လဲ၊ ဘရိတ္ Piston ေတြေဆးေက်ာ၊ ဘရိတ္ဆီေတြပါ အကုန္အသစ္လဲလွယ္ေပးလိုက္မွ အားလုံးအိုေကသြားပါတယ္။ဒီအခ်က္ေတြက ဘရိတ္ဆီနဲ႔ပတ္သတ္ၿပီး အျဖစ္မ်ားဆုံး ေရာဂါလကၡဏာအေျခေနေတြပါ။ ဒါေတြမိတ္ေဆြတို႔ ကားေတြမွာျဖစ္လာတယ္ဆိုရင္ေတာ့ Brake Fluid Tester ေတြနဲ႔အျမန္ဆုံးစစ္ေဆးၿပီး မေကာင္းဘူးဆိုရင္ လဲလွယ္ရမွာပါ။ မလဲလွယ္ဘဲ အသုံးျပဳေနမယ္ဆိုရင္ေတာ့ ဘရိတ္ဆီေတြထဲ ေရခိုးေရေငြ႕ပါဝင္မႈမ်ားလာၿပီး ဘရိတ္ဆီရဲ႕ဂုဏ္သတၱိေတြက်ဆင္းလာကာ ဘရိတ္နင္း လိုက္တဲ့အခါ ဘရိတ္ေပ်ာ့ဆင္းသြားတာ၊ ဘရိတ္ေရွာသြားတာ၊ ဘရိတ္မာၿပီး မမိတာ၊ ဘရိတ္နင္းလိုက္တဲ့အခ်ိန္ အသံထြက္တာ၊ ဘရိတ္ Piston ေတြ ဂ်မ္းျဖစ္တာ၊ သံေၾကးတက္တာ၊ ဘရိတ္ဖမ္းလိုက္တဲ့ အခ်ိန္ေညႇာ္နံ႔ထြက္တာ၊ Master Cylinder ေတြ၊ ABS Accumulator ေတြအစရွိတဲ့ ဘရိတ္နဲ႔ ပတ္သတ္တဲ့ ပစၥည္းေတြပ်က္စီးၿပီး ဘရိတ္ျပႆနာေတြႀကဳံေတြလာရမွာျဖစ္ပါတယ္။ ဘရိတ္ျပႆနာဆိုတာ တကယ္ေတာ့ယာဥ္ေမာင္းသူနဲ႔ ယာဥ္ကိုပါ အႏၲရာယ္ရွိေစတဲ့ ျပႆနာပါပဲ။ ယေန႔ကားဘရိတ္စနစ္ေတြဟာလည္း ေခတ္မီဘရိတ္စနစ္ေတြျဖစ္တာမို႔ ဘရိတ္ဆီလဲလွယ္တဲ့ေနရာမွာလည္း ဟိုးအရင္ေခတ္ေဟာင္းနည္းေတြနဲ႔ မတူဘဲ ဘရိတ္စနစ္ထဲမွာ ေလခိုတာ၊ ေလက်န္တာမ်ိဳးမျဖစ္ရေလေအာင္ ေခတ္မီ Diagnostic စက္ေတြ နဲ႔ Air Bleeding လုပ္တာ၊ ဘရိတ္ဆီ သီးသန႔္လဲလွယ္တဲ့ စက္ေတြနဲ႔ ေသေသခ်ာခ်ာစနစ္တက်လဲလွယ္မွ ဘရိတ္နဲ႔ပတ္သတ္တဲ့ အႏၲရာယ္ေတြ ျပႆနာေတြ ကင္းေဝးေစမွာျဖစ္ပါတယ္။ဒါေၾကာင့္ ကားက်န္းမာေရးစစ္ေဆးတိုင္းကပ္ေက်ာ္သြားတတ္တဲ့ မိတ္ေဆြတို႔ရဲ႕ယာဥ္နဲ႔ ယာဥ္ေမာင္း သူေတြ လုံၿခဳံစိတ္ခ်ရမႈရဲ႕ အေရးႀကီးဆုံး၊ အေရးပါဆုံး ဘရိတ္စနစ္ရဲ႕ ဘရိတ္ဆီေတြကို အျမန္ဆုံးစစ္ေဆးျပဳျပင္လဲလွယ္ဖို႔ အႀကံျပဳတိုက္တြန္းခ်င္ပါတယ္ခင္ဗ်ာ။