သင့်ဖုန်း ဘက်ထရီသက်တမ်း ကြာရှည်ခံဖို့ မှန်ကန်တဲ့ အားသွင်းနည်းများ

စမတ်ဖုန်း အသုံးပြုသူတိုင်း ရင်ဆိုင်နေရတဲ့ အခက်အခဲ တစ်ခုကတော့ ဖုန်း ဘက်ထရီ သက် တမ်းပဲ ဖြစ်ပါတယ်။ တစ်ခုခုကို စိတ်ဝင်တစား အသုံးပြုနေရင်း ဖုန်း ဘက်ထရီ ကုန်သွားလို့ စိတ်ပျက်နေရမှုတွေကို ဖြေရှင်းဖို့အတွက် ဖုန်းဘက်ထရီရဲ့ အသက် ကို ငဲ့ညှာရပါလိမ့်မယ်။ဘက်ထရီအားလုံး ရဲ့ အကြောင်းကို ရှင်းလင်းသင်ကြားပေးတဲ့ အင်တာနက် တက္ကသိုလ် တစ်ခုဖြစ်တဲ့ Battery University က ပြုလုပ်ခဲ့တဲ့ လေ့လာမှု အသစ်တစ်ခုအရ လူတွေဟာ မှား ယွင်းတဲ့ ဘက်ထရီ အားသွင်းနည်းတွေကို အသုံးပြုပြီး ဘက်ထရီရဲ့ အသက်ကို ဖြိုခွင်းနေကြတယ်လို့ ဆိုထားပါတယ်။ လူအများစု သိထားကြတာက ဖုန်းထဲက အက်ပလီကေးရှင်းတွေ ဆက်တိုက် အသုံးမပြုတော့ခြင်းနဲ့ မျက်နှာပြင်တောက်ပမှုတို့ကို ချိန်ညှိုခြင်းတို့က ဖုန်းဘက် ထရီ ရဲ့ အသက်ကို သက်တမ်းရှည်ကြာစေတယ်လို့ ထင်ကြပေမယ့်လည်း ဖုန်းအားသွင်းနည်းတွေကလည်း ထိရောက်မှု ရှိစေနိုင်ပါတယ်။Battery University က ပြောပြခဲ့တဲ့ သင့် စမတ်ဖုန်းကို အားသွင်းသင့်တဲ့ နည်းလမ်းတွေကတော့ – (၁) သင့်ဖုန်းဟာ အားပြည့်အောင်သွင်းပြီးနေပြီဆိုရင် အားသွင်းစက်ကနေ ဖယ်ရှားလိုက်ပါ။ အားပြည့်ပြီးသားကို ဆက်ပြီး အားသွင်းနေခြင်းဟာ ဘက်ထရီရဲ့ အသက်ကို ထိခိုက်စေပါတယ်။(၂) သင့်ဖုန်းကို ၁၀၀ ရာခိုင်နှုန်း အားပြည့်နေအောင် အားမသွင်းထားပါနဲ့။ ဗို့အားမြင့်မားမှုဟာ ဘက်ထရီကို ဖိအားတစ်ခုဖြစ်စေနိုင်တာကြောင့်ပါ။

(၃) ဖုန်းအားသွင်းတဲ့အချိန်မှာ အားသွင်းစက်နဲ့ ဖုန်းတို့ဟာ အပူချိန်လွန်ကဲနေလို့မရပါဘူး။ အပူ ချိန် ၊ အအေးချိန် တို့လွန်ကဲခြင်းဟာ ဖုန်းဘက်ထရီရဲ့ အားသွင်းနိုင်စွမ်းကို လျော့ကျစေပါတယ်။(၄) ဖုန်းအားသွင်းချိန်ကို အကြာကြီးမထားပါနဲ့။ တစ်နေကုန် ခဏခဏ သွင်းတာက ပိုကောင်းပါတယ်။ သုတေသီတွေပြောပြခဲ့ဖူးတာက ဖုန်းဘက်ထရီ သက်တမ်း ၁၀ ရာခိုင်နှုန်းလောက် လျော့ကျသွားတိုင်း အားပြန်သွင်းပေးတာ ဘက်ထရီကို ကြာရှည်ခံစေတယ်လို့ ဆိုခဲ့ဖူးပါတယ်။ဖုန်းအား ကို ကြာရှည်ခံစေဖို့အခြားလုပ်နိုင်မယ့် အရာတွေကတော့ notification ၊ location ၊ Wi-Fi နဲ့ အလိုလျောက် ဒေါင်းလုဒ် ပြုလုပ်မှုတွေကို ရပ်နားထားဖို့ပဲ ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ အက်ပလီကေးရှင်းတစ်ခုကို သုံးပြီးတိုင်း Close ပြန်လုပ်ပါ။ ဥပမာ – သင်ဟာ Facebook အက်ပလီကေးရှင်းကနေ Log Out ပြုလုပ်လိုက်ရုံနဲ့ အဲဒီ အက်ပလီကေးရှင်းဟာ ဖုန်းရဲ့ လုပ်ဆောင်ချက်ထဲက မထွက်သွားသေးပါဘူး။ Background မှာ ဆက်ပြီး လုပ်ဆောင်နေပါတယ်။ အဲဒါကြောင့် အက်ပလီကေးရှင်းတစ်ခုကို အသုံးပြုပြီးတိုင်း အပြီးသတ် ပိတ်လိုက်ဖို့ ကြိုးစားပါ။

Credit : xyz news

[zawgyi]

စမတ္ဖုန္း အသုံးျပဳသူတိုင္း ရင္ဆိုင္ေနရတဲ့ အခက္အခဲ တစ္ခုကေတာ့ ဖုန္း ဘက္ထရီ သက္တမ္းပဲ ျဖစ္ပါတယ္။ တစ္ခုခုကို စိတ္ဝင္တစား အသုံးျပဳေနရင္း ဖုန္း ဘက္ထရီ ကုန္သြားလို႔ စိတ္ပ်က္ေနရမႈေတြကို ေျဖရွင္းဖို႔အတြက္ ဖုန္းဘက္ထရီရဲ႕ အသက္ ကို ငဲ့ညႇာရပါလိမ့္မယ္။ဘက္ထရီအားလုံး ရဲ႕ အေၾကာင္းကို ရွင္းလင္းသင္ၾကားေပးတဲ့ အင္တာနက္ တကၠသိုလ္ တစ္ခုျဖစ္တဲ့ Battery University က ျပဳလုပ္ခဲ့တဲ့ ေလ့လာမႈ အသစ္တစ္ခုအရ လူေတြဟာ မွားယြင္းတဲ့ ဘက္ထရီ အားသြင္းနည္းေတြကို အသုံးျပဳၿပီး ဘက္ထရီရဲ႕ အသက္ကို ၿဖိဳခြင္းေနၾကတယ္လို႔ ဆိုထားပါတယ္။ လူအမ်ားစု သိထားၾကတာက ဖုန္းထဲက အက္ပလီေကးရွင္းေတြ ဆက္တိုက္ အသုံးမျပဳေတာ့ျခင္းနဲ႔ မ်က္ႏွာျပင္ေတာက္ပမႈတို႔ကို ခ်ိန္ညႇိဳျခင္းတို႔က ဖုန္းဘက္ထရီ ရဲ႕ အသက္ကို သက္တမ္းရွည္ၾကာေစတယ္လို႔ ထင္ၾကေပမယ့္လည္း ဖုန္းအားသြင္းနည္းေတြကလည္း ထိေရာက္မႈ ရွိေစႏိုင္ပါတယ္။Battery University က ေျပာျပခဲ့တဲ့ သင့္ စမတ္ဖုန္းကို အားသြင္းသင့္တဲ့ နည္းလမ္းေတြကေတာ့ – (၁) သင့္ဖုန္းဟာ အားျပည့္ေအာင္သြင္းၿပီးေနၿပီဆိုရင္ အားသြင္းစက္ကေန ဖယ္ရွားလိုက္ပါ။ အားျပည့္ၿပီးသားကို ဆက္ၿပီး အားသြင္းေနျခင္းဟာ ဘက္ထရီရဲ႕ အသက္ကို ထိခိုက္ေစပါတယ္။(၂) သင့္ဖုန္းကို ၁၀၀ ရာခိုင္ႏႈန္း အားျပည့္ေနေအာင္ အားမသြင္းထားပါနဲ႔။ ဗို႔အားျမင့္မားမႈဟာ ဘက္ထရီကို ဖိအားတစ္ခုျဖစ္ေစႏိုင္တာေၾကာင့္ပါ။(၃) ဖုန္းအားသြင္းတဲ့အခ်ိန္မွာ အားသြင္းစက္နဲ႔ ဖုန္းတို႔ဟာ အပူခ်ိန္လြန္ကဲေနလို႔မရပါဘူး။ အပူခ်ိန္ ၊ အေအးခ်ိန္ တို႔လြန္ကဲျခင္းဟာ ဖုန္းဘက္ထရီရဲ႕ အားသြင္းႏိုင္စြမ္းကို ေလ်ာ့က်ေစပါတယ္။(၄) ဖုန္းအားသြင္းခ်ိန္ကို အၾကာႀကီးမထားပါနဲ႔။ တစ္ေနကုန္ ခဏခဏ သြင္းတာက ပိုေကာင္းပါတယ္။ သုေတသီေတြေျပာျပခဲ့ဖူးတာက ဖုန္းဘက္ထရီ သက္တမ္း ၁၀ ရာခိုင္ႏႈန္းေလာက္ ေလ်ာ့က်သြားတိုင္း အားျပန္သြင္းေပးတာ ဘက္ထရီကို ၾကာရွည္ခံေစတယ္လို႔ ဆိုခဲ့ဖူးပါတယ္။ဖုန္းအား ကို ၾကာရွည္ခံေစဖို႔အျခားလုပ္ႏိုင္မယ့္ အရာေတြကေတာ့ notification ၊ location ၊ Wi-Fi နဲ႔ အလိုေလ်ာက္ ေဒါင္းလုဒ္ ျပဳလုပ္မႈေတြကို ရပ္နားထားဖို႔ပဲ ျဖစ္ပါတယ္။ ေနာက္တစ္ခုကေတာ့ အက္ပလီေကးရွင္းတစ္ခုကို သုံးၿပီးတိုင္း Close ျပန္လုပ္ပါ။ ဥပမာ – သင္ဟာ Facebook အက္ပလီေကးရွင္းကေန Log Out ျပဳလုပ္လိုက္႐ုံနဲ႔ အဲဒီ အက္ပလီေကးရွင္းဟာ ဖုန္းရဲ႕ လုပ္ေဆာင္ခ်က္ထဲက မထြက္သြားေသးပါဘူး။ Background မွာ ဆက္ၿပီး လုပ္ေဆာင္ေနပါတယ္။ အဲဒါေၾကာင့္ အက္ပလီေကးရွင္းတစ္ခုကို အသုံးျပဳၿပီးတိုင္း အၿပီးသတ္ ပိတ္လိုက္ဖို႔ ႀကိဳးစားပါ။