သစ်ခုတ်သမား နှစ်ယောက်

တစ်ခါက ရွာတစ်ရွာမှာ အလွန်ကျွမ်းကျင်တဲ့ သစ်ခုတ်သမား ၂ယောက် ရှိပါသတဲ့။တစ်ယောက်ကတော့ အသက် ကြီးရင့်လာပေမယ့် အ တွေ့အကြုံ ရင့်ကျက်တဲ့ သစ်ခုတ်သမား ဖြစ်ပြီး နောက် သစ်ခုတ်သမားကတော့ ငယ်ရွယ်ပြီး ခွန်အားဗလနဲ့ ပြည့်စုံ လှပါသတဲ့။တနေ့မှာတော့ သစ်ခုတ် သမား၂ယောက်ဟာ သူတို့အရည်အသွေးကို ပြိုင်ပွဲတစ်ခု ကျင်းပပြီး ယှဉ်ပြိုင်ဖို့ သဘောတူလိုက်ကြတယ်။ အနိုင်အရှုံး ဆုံးဖြတ်မှုကိုတော့ တစ်နေ့ထဲမှာ သစ်ပင် အရေအတွက် ပိုများအောင် ခုတ်နိုင်တဲ့ လူက အနိုင်ဆိုပြီး သတ်မှတ်လိုက်ကြပါတယ်။ဒီလိုနဲ့ ပြိုင်မယ့်နေ့မှာ ငယ်ရွယ်တဲ့ သစ်ခုတ်သမားဟာ စိတ်ဓာတ် တက်ကြွစွာနဲ့ အားကြိုးမာန်တက် ခုတ်ဖို့ သစ်တောထဲကို မနက် အစောကြီး ဝင်သွားခဲ့တယ်။ သူဟာ ငယ်ရွယ်တဲ့အပြင် ပိုမို ခွန်အားကြီးမားတာမို့ ကြိုးစားမှုချင်း တူရင် သူအနိုင် ရ ရမယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ မရပ်မနား ခုတ်ပါတယ်။ဒီလို ခုတ်နေရင်းနဲ့ တစ်ဖက် တောအုပ်က ပြိုင်ဖက်ရဲ့ သစ်ပင်ခုတ်သံကို နားစွင့်မိတဲ့အခါ အချိန်မှန်မှန် သစ်ခုတ်သံကို ကြားရပြီး ၂နာရီခြားတစ်ခါ သစ်ပင်ခုတ်သံ ရပ်သွားတာကို သတိထားမိတယ်။

ပြိုင်ဖက် သစ်ခုတ်သမားဟာ ၂နာရီခြား တစ်ခါ အနားယူတယ်ဆိုတာ သိလိုက်ရတဲ့ အခါမှာ သစ်ပင်တစ်ပင် လှဲချလိုက်တိုင်း သူ့စိတ်ဓာတ်တွေ ပိုမို တက်ကြွလာတယ်။ ဒီလို စိတ်အာရုံနဲ့ ခုတ်နေလိုက်တာ ဘယ်လို နေဝင်သွားတယ်ဆိုတာတောင် သတိ မထားမိအောင်ပါပဲ။အနိုင်အရှုံး ဆုံးဖြတ်ဖို့ အချိန် ကျရောက် လာခဲ့ပါပြီ။ ငယ်ရွယ်တဲ့ သစ်ခုတ်သမားဟာ ယုံကြည်မှု အပြည့်နဲ့ သူသာလျှင် အနိုင်ရမယ်လို့ မျှော်လင့်ထားပေမယ့် လက်တွေ့မှာတော့ အတွေ့အကြုံ ရင့်ကျက်တဲ့ သစ်ခုတ်သမားရဲ့ သစ်လုံးတွေက သူခုတ်တာထက် ပိုများနေတာကို တွေ့လိုက်ရတယ်။ဒါကြောင့် လူငယ်က ရင့်ကျက်တဲ့ သစ်ခုတ်သမားကိုမေးခွန်း ထုတ်လိုက်ပါတယ်။”ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ဗျာ””ခင်ဗျား ကျွန်တော့်လောက် မခုတ်နိုင်သလို ကျွန်တော့်လောက်လဲ မခုတ်ခဲ့ပါဘူး””ခင်ဗျား ၂နာရီခြား တစ်ခါ နားနားနေတာ ကျွန်တော် သိနေရတာပဲလေ” ရင့်ကျက်တဲ့ သစ်ခုတ်သမားက ပြန်ဖြေလိုက်တယ်။”ဒီမယ် လူကလေး မင်းမသိလိုက်တာ တစ်ခုက နားနေတဲ့ အချိန်တွေ တိုင်းမှာ ငါက ငါ့ ပုဆိန်ကို သွေးနေခဲ့တယ် ဆိုတာပဲ”ဘဝမှာ ကြိုးစားနေတာချင်း တူရင်တောင် ကိုယ့်အားနည်း ချက်ကို ပြင်ဆင်ပြီး မှန်ကန်စွာ တွေးခေါ် မြော် မြင် ရှေ့ဆက်တတ်တဲ့ သူက အမြဲ ခြေတစ်လှမ်းသာ လေ့ရှိတယ်။

Credit – သုတစုံလင်

[zawgyi]

တစ္ခါက ႐ြာတစ္႐ြာမွာ အလြန္ကြၽမ္းက်င္တဲ့ သစ္ခုတ္သမား ၂ေယာက္ ရွိပါသတဲ့။တစ္ေယာက္ကေတာ့ အသက္ ႀကီးရင့္လာေပမယ့္ အ ေတြ႕အႀကဳံ ရင့္က်က္တဲ့ သစ္ခုတ္သမား ျဖစ္ၿပီး ေနာက္ သစ္ခုတ္သမားကေတာ့ ငယ္႐ြယ္ၿပီး ခြန္အားဗလနဲ႔ ျပည့္စုံ လွပါသတဲ့။တေန႔မွာေတာ့ သစ္ခုတ္ သမား၂ေယာက္ဟာ သူတို႔အရည္အေသြးကို ၿပိဳင္ပြဲတစ္ခု က်င္းပၿပီး ယွဥ္ၿပိဳင္ဖို႔ သေဘာတူလိုက္ၾကတယ္။ အႏိုင္အရႈံး ဆုံးျဖတ္မႈကိုေတာ့ တစ္ေန႔ထဲမွာ သစ္ပင္ အေရအတြက္ ပိုမ်ားေအာင္ ခုတ္ႏိုင္တဲ့ လူက အႏိုင္ဆိုၿပီး သတ္မွတ္လိုက္ၾကပါတယ္။ဒီလိုနဲ႔ ၿပိဳင္မယ့္ေန႔မွာ ငယ္႐ြယ္တဲ့ သစ္ခုတ္သမားဟာ စိတ္ဓာတ္ တက္ႂကြစြာနဲ႔ အားႀကိဳးမာန္တက္ ခုတ္ဖို႔ သစ္ေတာထဲကို မနက္ အေစာႀကီး ဝင္သြားခဲ့တယ္။ သူဟာ ငယ္႐ြယ္တဲ့အျပင္ ပိုမို ခြန္အားႀကီးမားတာမို႔ ႀကိဳးစားမႈခ်င္း တူရင္ သူအႏိုင္ ရ ရမယ္ဆိုတဲ့ ယုံၾကည္ခ်က္နဲ႔ မရပ္မနား ခုတ္ပါတယ္။ဒီလို ခုတ္ေနရင္းနဲ႔ တစ္ဖက္ ေတာအုပ္က ၿပိဳင္ဖက္ရဲ႕ သစ္ပင္ခုတ္သံကို နားစြင့္မိတဲ့အခါ အခ်ိန္မွန္မွန္ သစ္ခုတ္သံကို ၾကားရၿပီး ၂နာရီျခားတစ္ခါ သစ္ပင္ခုတ္သံ ရပ္သြားတာကို သတိထားမိတယ္။ၿပိဳင္ဖက္ သစ္ခုတ္သမားဟာ ၂နာရီျခား တစ္ခါ အနားယူတယ္ဆိုတာ သိလိုက္ရတဲ့ အခါမွာ သစ္ပင္တစ္ပင္ လွဲခ်လိုက္တိုင္း သူ႔စိတ္ဓာတ္ေတြ ပိုမို တက္ႂကြလာတယ္။ ဒီလို စိတ္အာ႐ုံနဲ႔ ခုတ္ေနလိုက္တာ ဘယ္လို ေနဝင္သြားတယ္ဆိုတာေတာင္ သတိ မထားမိေအာင္ပါပဲ။အႏိုင္အရႈံး ဆုံးျဖတ္ဖို႔ အခ်ိန္ က်ေရာက္ လာခဲ့ပါၿပီ။ ငယ္႐ြယ္တဲ့ သစ္ခုတ္သမားဟာ ယုံၾကည္မႈ အျပည့္နဲ႔ သူသာလွ်င္ အႏိုင္ရမယ္လို႔ ေမွ်ာ္လင့္ထားေပမယ့္ လက္ေတြ႕မွာေတာ့ အေတြ႕အႀကဳံ ရင့္က်က္တဲ့ သစ္ခုတ္သမားရဲ႕ သစ္လုံးေတြက သူခုတ္တာထက္ ပိုမ်ားေနတာကို ေတြ႕လိုက္ရတယ္။ဒါေၾကာင့္ လူငယ္က ရင့္က်က္တဲ့ သစ္ခုတ္သမားကိုေမးခြန္း ထုတ္လိုက္ပါတယ္။”ဒါဘယ္လိုလုပ္ ျဖစ္ႏိုင္မွာလဲ ဗ်ာ””ခင္ဗ်ား ကြၽန္ေတာ့္ေလာက္ မခုတ္ႏိုင္သလို ကြၽန္ေတာ့္ေလာက္လဲ မခုတ္ခဲ့ပါဘူး””ခင္ဗ်ား ၂နာရီျခား တစ္ခါ နားနားေနတာ ကြၽန္ေတာ္ သိေနရတာပဲေလ” ရင့္က်က္တဲ့ သစ္ခုတ္သမားက ျပန္ေျဖလိုက္တယ္။”ဒီမယ္ လူကေလး မင္းမသိလိုက္တာ တစ္ခုက နားေနတဲ့ အခ်ိန္ေတြ တိုင္းမွာ ငါက ငါ့ ပုဆိန္ကို ေသြးေနခဲ့တယ္ ဆိုတာပဲ”ဘဝမွာ ႀကိဳးစားေနတာခ်င္း တူရင္ေတာင္ ကိုယ့္အားနည္း ခ်က္ကို ျပင္ဆင္ၿပီး မွန္ကန္စြာ ေတြးေခၚ ေျမာ္ ျမင္ ေရွ႕ဆက္တတ္တဲ့ သူက အၿမဲ ေျခတစ္လွမ္းသာ ေလ့ရွိတယ္။