သူတပါး ဒုက္ခကို ဖော့မပြောရ
တစ်ခါတုန်းက သိုးတစ်အုပ်ဟာ စားကျက်ထဲမှာ မြက်စားနေကြတယ်။ ဒီအချိန်မှာပဲ သမင်တစ်ကောင်ရောက်လာပြီး သူတို့နဲ့ အတူတူ မြက်စားနေတယ်။ သိုးတချို့က သမင်ကို တွေ့သွားတော့ သိုးတွေ လှုပ်လှုပ်ရှားရှားဖြစ်သွားတယ်၊ သိုးတွေ လှုပ်လှုပ်ရှားရှား ဖြစ်သံကြားတော့ သိုးထိန်းဟာ သိုးအုပ်ကို သေချာကြည့်ရှုစစ်ဆေးလိုက်တယ်။ သမင်ကိုမြင်တာနဲ့ သမင်ကို ဖမ်းလိုက်ပြီး သားသတ်သမားဆီ ခေါ်သွားတယ်။ သမင်လည်း သူသေရတော့မှာကိုသိပြီး အော်သံပေးကာ လွတ်မြောက်ဖို့အတွက် အတင်းရုန်းကန်တော့တယ်။
သိုးတစ်ကောင်က သမင်အတင်းရုန်းကန်နေတာတွေ့တော့ “ဘာလို့အတင်းရုန်းနေတာလဲ၊ သိုးထိန်းက ငါတို့ကို အခုလို အမြဲဖမ်းပြီး ပြန်လွှတ်ပေးတာပဲ ဒုက္ခမပေးပါဘူး” လို့ပြောလိုက်တယ်။သမင်က “မင်းနားမလည်ပါဘူး သိုးထိန်းမင်းတို့ကို ဖမ်းတာက သိုးမွှေးရဖို့ ငါ့ကိုဖမ်းတာက အသားစားဖို့” လို့ပြန်ပြောလိုက်တယ်။ မတူညီတဲ့ အခြေအနေမျိူးမှာ သူတပါးကြုံနေရတဲ့ ဒုက္ခကို မလှောင်မိပါစေနဲ့..။
မူရင်း Credit
[zawgyi]