“အသစ်လာ အဟောင်းကိုမေ့”

တစ်နေ့မှာ ဆိတ်ကျောင်းသားလေးတစ်ယောက်ဟာ ဆိတ်တွေကို စားကျက်ဆီ လွှတ်ထားတုန်း တောင်ဆိတ်အချို့ သူ့ဆိတ်အုပ်ထဲရောက်ရှိနေတာကို သိသွားတယ်.. ညနေချိန်ရောက်တော့ အဲဒီတောင်ဆိတ်တွေကိုပါခေါ်ပြီး သူနေတဲ့ဂူဆီ ဆိတ်တွေကို ကျောင်းခဲ့တယ်..နောက်တစ်နေ့မှာ ရာသီဥတုက အတော်လေးဆိုးရွားနေလို့ ဆိတ်တွေကို စားကျက်ဆီကို ထုံးစံအတိုင်း ခေါ်မသွားနိုင်ဘူး..သူတို့ကို ခြံထဲမှာပဲ ထားတာပေါ့..။ဆိတ်ကျောင်းသားက သူ့ဆိတ်တွေကို အစာဝရုံလေးပဲ ကျွေးပြီး အသစ်ရောက်လာတဲ့ တောင်ဆိတ်တွေကိုတော့ သူ့ဆိတ်အုပ်မှာ တိုး ပွားလာစေဖို့ မျှော်မှန်းချက်နဲ့ အစာကို ရက်ရက်ရောရော ကြီးကျွေးတယ်..။ ရာသီဥတုသာယာတဲ့အချိန်ကျမှာ သူဟာ ဆိတ်တွေ အား လုံးကို စားကျက်ဆီ မောင်းလာခဲ့တယ်..

တောင်ပေါ် ရောက်ရင်ပဲ သူမောင်းလာတဲ့ တောင်ဆိတ်တွေက ချက်ချင်းထွက်ပြေးသွားပါရော..ဆိတ်ကျောင်းသားက အစာကောင်းမွန်စွာ ကျွေးထားပါလျှက် ကျေးဇူးတရား မသိဘဲ ပြေးရသလားလို့ တောင်ဆိတ်တွေကို ရေရွတ်လိုက်တယ်..အဲဒီမှာ တောင်ဆိတ်တွေ ပြန်လှည့်ပြောတာက..” ကျွန်တော်တို့ မနေ့ကမှ ခင်ဗျားဆီရောက်လာခဲ့တယ်..ဒီတုန်းက ခင်ဗျားရဲ့ဆိတ်တွေထက် ကျွန်တော်တို့ကို ကောင်းကောင်းကျွေးထားတယ်.. ဒါကြောင့် အခြားဆိတ်တွေ ထပ်ရောက်လာတဲ့အခါ ကျွန်တော်တို့ထက် သူတို့ကို ပိုဂရုစိုက် ကျွေးမွေးရလိမ့်မယ် ဆိုတာ ထင်ရှားနေတာပဲ..” လို့ပြောခဲ့ပါတယ်..။(ဒီအကြောင်းအရာလေးကတော့ – မိတ်ဆွေဟောင်းတွေထက် မိတ်ဆွေသစ် ကျွန်ုပ်တို့ကို ပိုမို အ ရေးတယူပြုစုခံရမယ်၊ ကျွန်ုပ်တို့ မိတ်ဆွေဟောင်းတွေဖြစ်သွားတဲ့ အခါမှာတော့ အဲဒီလူဟာ မိတ်ဆွေသစ်ကို ရှာလိမ့်မယ်၊ အဲဒီအခါ ကျွန်ုပ်တို့ဟာ နောက်တန်းကို အပို့ခံရမယ့် အလှည့်ပဲ ဆိုတာကို ဖော်ပြခြင်းဖြစ်ပါတယ်)

Credit – မူရင်း

[zawgyi]

တစ္ေန႔မွာ ဆိတ္ေက်ာင္းသားေလးတစ္ေယာက္ဟာ ဆိတ္ေတြကို စားက်က္ဆီ လႊတ္ထားတုန္း ေတာင္ဆိတ္အခ်ိဳ႕ သူ႔ဆိတ္အုပ္ထဲေရာက္ရွိေနတာကို သိသြားတယ္.. ညေနခ်ိန္ေရာက္ေတာ့ အဲဒီေတာင္ဆိတ္ေတြကိုပါေခၚၿပီး သူေနတဲ့ဂူဆီ ဆိတ္ေတြကို ေက်ာင္းခဲ့တယ္..ေနာက္တစ္ေန႔မွာ ရာသီဥတုက အေတာ္ေလးဆိုး႐ြားေနလို႔ ဆိတ္ေတြကို စားက်က္ဆီကို ထုံးစံအတိုင္း ေခၚမသြားႏိုင္ဘူး..သူတို႔ကို ၿခံထဲမွာပဲ ထားတာေပါ့..။ဆိတ္ေက်ာင္းသားက သူ႔ဆိတ္ေတြကို အစာဝ႐ုံေလးပဲ ေကြၽးၿပီး အသစ္ေရာက္လာတဲ့ ေတာင္ဆိတ္ေတြကိုေတာ့ သူ႔ဆိတ္အုပ္မွာ တိုး ပြားလာေစဖို႔ ေမွ်ာ္မွန္းခ်က္နဲ႔ အစာကို ရက္ရက္ေရာေရာ ႀကီးေကြၽးတယ္..။ ရာသီဥတုသာယာတဲ့အခ်ိန္က်မွာ သူဟာ ဆိတ္ေတြ အား လုံးကို စားက်က္ဆီ ေမာင္းလာခဲ့တယ္..ေတာင္ေပၚ ေရာက္ရင္ပဲ သူေမာင္းလာတဲ့ ေတာင္ဆိတ္ေတြက ခ်က္ခ်င္းထြက္ေျပးသြားပါေရာ..ဆိတ္ေက်ာင္းသားက အစာေကာင္းမြန္စြာ ေကြၽးထားပါလွ်က္ ေက်းဇူးတရား မသိဘဲ ေျပးရသလားလို႔ ေတာင္ဆိတ္ေတြကို ေရ႐ြတ္လိုက္တယ္..အဲဒီမွာ ေတာင္ဆိတ္ေတြ ျပန္လွည့္ေျပာတာက..” ကြၽန္ေတာ္တို႔ မေန႔ကမွ ခင္ဗ်ားဆီေရာက္လာခဲ့တယ္..ဒီတုန္းက ခင္ဗ်ားရဲ႕ဆိတ္ေတြထက္ ကြၽန္ေတာ္တို႔ကို ေကာင္းေကာင္းေကြၽးထားတယ္.. ဒါေၾကာင့္ အျခားဆိတ္ေတြ ထပ္ေရာက္လာတဲ့အခါ ကြၽန္ေတာ္တို႔ထက္ သူတို႔ကို ပိုဂ႐ုစိုက္ ေကြၽးေမြးရလိမ့္မယ္ ဆိုတာ ထင္ရွားေနတာပဲ..” လို႔ေျပာခဲ့ပါတယ္..။(ဒီအေၾကာင္းအရာေလးကေတာ့ – မိတ္ေဆြေဟာင္းေတြထက္ မိတ္ေဆြသစ္ ကြၽႏ္ုပ္တို႔ကို ပိုမို အ ေရးတယူျပဳစုခံရမယ္၊ ကြၽႏ္ုပ္တို႔ မိတ္ေဆြေဟာင္းေတြျဖစ္သြားတဲ့ အခါမွာေတာ့ အဲဒီလူဟာ မိတ္ေဆြသစ္ကို ရွာလိမ့္မယ္၊ အဲဒီအခါ ကြၽႏ္ုပ္တို႔ဟာ ေနာက္တန္းကို အပို႔ခံရမယ့္ အလွည့္ပဲ ဆိုတာကို ေဖာ္ျပျခင္းျဖစ္ပါတယ္)