အော်တိုဂီယာ အတွက်ဂရုစိုက်ရမယ့် အချက် (၆) ချက်

Gear box က Engine ကဲ့သို့ အရေးကြီးပါတယ်၊ Gear Box ပျက်ရင် ကားမောင်းလို့မရပါဘူး၊ ပြင်ဆင် စရိတ်ကလဲ မသေးတဲ့အတွက် သိကောင်းစရာ အချက်တချို့ ကျတော် သိသ လောက်လေး တင်ပြလိုက်ပါတယ်။ ၁။ ရေအရမ်း မြုပ်အောင်မမောင်းပါနဲ့ – ရေကြီးတယ်ဆိုတာ ရန်ကုန်မှာ နှစ်စဉ်ဖြစ်နေကြပါ၊ လူတွေက ဓာတ်ဆီကားဆို ရေထဲ မမောင်းသင့်ဘူး၊ ဓာတ်ဆီ အင်ဂျင်က ရေထိ မခံဖူးဘဲ သိကြတာပါ၊ အမှန်တော့ Automatic transmission ကိုလဲ ထိခိုက်စေပါတယ်။ သူအလုပ်လုပ်လို့ ဆီတွေပူလာရင် အဆင်ပြေအောင် pressure release valve လေးတွေပါပါတယ်၊ အဲက တဆင့် ရေဝင်ရင် transmission ပျက်စီး နိုင်ပါတယ်။ ရေနည်းနည်း ဖြတ်မောင်းတာ ဘာမှ မဖြစ်ပေမယ့်၊ ရေနက်ရင် အဲကနေ ရေဝင်ဖို့များပါတယ်။ ၂။ ကားမရပ်သေးဘဲ D မှ R သို့ ရုတ်တရက်ပြောင်းခြင်း – ဒီတချက်က သူတို့ကိုယ်သူတို့ ကျွမ်း ကျင်တယ်လို့ ပြောတဲ့ အတွေ့အကြုံရှိသူတွေတောင် လုပ်တာတွေ့ရပါတယ်၊ ကားကို အမြန် Parking ထိုးရရင် ရုတ်တရက် ကားက အပြည့်မရပ်သေးဘဲ D ကနေ ရုတ်တရက် R ကိုထိုးခြင်းဟာ အစိတ်အပိုင်းတွေ ပျက်စီးစေပါတယ်။ ၃။ transmission oil မလဲခြင်း – Engine oil တော့လဲရတာ သိကြပါတယ်၊ transmission oil ကို လဲရမယ်ဆိုတာ လူတွေသတိမရတာများပါတယ်၊ တချို့ transmission တွေမှာ life-time လဲစရာမလိုလို့ရေးထားရင်တောင် လဲကိုလဲရပါတယ်၊ သူက engine oil လို kilo 5000 တိုင်းလဲစရာမလိုပေမယ့် လဲတော့လဲရပါတယ်၊ kilo 15000-50000 အထိအမျိုးမျိုးပြောကြပါတယ်၊ အကောင်းဆုံးကတော့ ကိုယ့်ဟာကို စစ်ပြီး ကြည်မနေဘဲ ညစ်ပတ်နေရင် လဲပါ။

၄။ Burn Out လုပ်ခြင်း – Tire တွေအငွေ့ထွက်အောင် Burn out လုပ်ခြင်းက ကြည့်ရတာတော့ အထာကျသလိုရှိပေမယ့် transmission ပျက်စီးစေပါတယ်။ ၅။ ကားစက်နှိုးပြီးကြာ ရှည်စွာ D မှာထား၍ Break နင်းထားခြင်း -ဒါက ရန်ကုန်လို မီးပွိုင့် အကြာကြီး မိချိနိမှာ ကျတော်အပါအဝင် အများစုလုပ်ကြပါတယ်၊ D ကို အကြာကြီး idle ချိန်မှာထားရင် transmission heat တက်တော့ အရမ်းတော့ မကောင်းဘူးပေါ့ဗျာ။ အဲအချိန် N မှာ ထားတာထက် P ပြာင်းထားတာအကာင်းဆုံးပါပဲ၊ အဲဒါမှ transmission ကလွတ်လပ်စွာ နားနေနိုင်မှာပါ။ ဖြစ်နိုင်ရင် စက်ပါ သတ်ထားလိုက်တာ အကောင်းဆုံးပါပဲ။ (အရမ်းကြာမှပါ၊ ခဏလေးမီးပွိုင့်မိတာကို P ပြောင်းရင်တော့ P ပြောင်းလိုက် D ပြောင်းလိုက်ခဏခဏ လုပ်တော့ Gear box ပိုပင်ပန်းတာပေါ့)၆။ ကုန်းဆင်းကုန်းတက်များတွင် စနစ်တကျမရပ်တတ်ခြင်း – သိပ်အ ရေးကြီးသလို ကားမောင်းသူ ၉၅% လောက်က ဒီအချက်ကို မသိပါဘူး။ ကုန်းဆင်း/တက်မှာ P ကောက်ထိုးပြီးရပ်တာက ပြန်ထွက်ရင် ဒုတ်၊ဒက် အသံကြီးတော့ ဆောင့်ထွက်လာပါတယ်၊ ဒါဟာ transmission အတွက်မကောင်းပါဘူး။ ပျက်စီးနိုင်ပါတယ်။ ရပ်နည်းအမှန်- ကားရပ်စဉ် ဘရိတ်ကိုနင်းထားပြီး အရင် Hand Brake ( E-brake, parking brake) ကိုဆွဲပြီးအရင်ချုပ်လိုက်ပါ ၊ ပြီးမှ လွှတ်ကြည့်လို့ ကားမလိမ့်ဘူးဆိုမှ P ကိုထိုးပါ။ကားထွက်နည်း- ထွက်မယ်ဆို စက်နှိုး၊ ပြီးရင် P ကနေ Dေ ပြာင်း ပြီး မှ Hands Brake ဖြုတ်၊ နောက်ဆုံးမှ brake ကိုလွှတ်ပါ။

credit : မူရင်းရေးသားသူ

[zawgyi]

Gear box က Engine ကဲ့သို႔ အေရးႀကီးပါတယ္၊ Gear Box ပ်က္ရင္ ကားေမာင္းလို႔မရပါဘူး၊ ျပင္ဆင္ စရိတ္ကလဲ မေသးတဲ့အတြက္ သိေကာင္းစရာ အခ်က္တခ်ိဳ႕ က်ေတာ္ သိသေလာက္ေလး တင္ျပလိုက္ပါတယ္။ ၁။ ေရအရမ္း ျမဳပ္ေအာင္မေမာင္းပါနဲ႔ – ေရႀကီးတယ္ဆိုတာ ရန္ကုန္မွာ ႏွစ္စဥ္ျဖစ္ေနၾကပါ၊ လူေတြက ဓာတ္ဆီကားဆို ေရထဲ မေမာင္းသင့္ဘူး၊ ဓာတ္ဆီ အင္ဂ်င္က ေရထိ မခံဖူးဘဲ သိၾကတာပါ၊ အမွန္ေတာ့ Automatic transmission ကိုလဲ ထိခိုက္ေစပါတယ္။ သူအလုပ္လုပ္လို႔ ဆီေတြပူလာရင္ အဆင္ေျပေအာင္ pressure release valve ေလးေတြပါပါတယ္၊ အဲက တဆင့္ ေရဝင္ရင္ transmission ပ်က္စီး ႏိုင္ပါတယ္။ ေရနည္းနည္း ျဖတ္ေမာင္းတာ ဘာမွ မျဖစ္ေပမယ့္၊ ေရနက္ရင္ အဲကေန ေရဝင္ဖို႔မ်ားပါတယ္။ ၂။ ကားမရပ္ေသးဘဲ D မွ R သို႔ ႐ုတ္တရက္ေျပာင္းျခင္း – ဒီတခ်က္က သူတို႔ကိုယ္သူတို႔ ကြၽမ္းက်င္တယ္လို႔ ေျပာတဲ့ အေတြ႕အႀကဳံရွိသူေတြေတာင္ လုပ္တာေတြ႕ရပါတယ္၊ ကားကို အျမန္ Parking ထိုးရရင္ ႐ုတ္တရက္ ကားက အျပည့္မရပ္ေသးဘဲ D ကေန ႐ုတ္တရက္ R ကိုထိုးျခင္းဟာ အစိတ္အပိုင္းေတြ ပ်က္စီးေစပါတယ္။ ၃။ transmission oil မလဲျခင္း – Engine oil ေတာ့လဲရတာ သိၾကပါတယ္၊ transmission oil ကို လဲရမယ္ဆိုတာ လူေတြသတိမရတာမ်ားပါတယ္၊ တခ်ိဳ႕ transmission ေတြမွာ life-time လဲစရာမလိုလို႔ေရးထားရင္ေတာင္ လဲကိုလဲရပါတယ္၊ သူက engine oil လို kilo 5000 တိုင္းလဲစရာမလိုေပမယ့္ လဲေတာ့လဲရပါတယ္၊ kilo 15000-50000 အထိအမ်ိဳးမ်ိဳးေျပာၾကပါတယ္၊ အေကာင္းဆုံးကေတာ့ ကိုယ့္ဟာကို စစ္ၿပီး ၾကည္မေနဘဲ ညစ္ပတ္ေနရင္ လဲပါ။၄။ Burn Out လုပ္ျခင္း – Tire ေတြအေငြ႕ထြက္ေအာင္ Burn out လုပ္ျခင္းက ၾကည့္ရတာေတာ့ အထာက်သလိုရွိေပမယ့္ transmission ပ်က္စီးေစပါတယ္။ ၅။ ကားစက္ႏႈိးၿပီးၾကာရွည္စြာ D မွာထား၍ Break နင္းထားျခင္း -ဒါက ရန္ကုန္လို မီးပြိဳင့္ အၾကာႀကီး မိခ်ိနိမွာ က်ေတာ္အပါအဝင္ အမ်ားစုလုပ္ၾကပါတယ္၊ D ကို အၾကာႀကီး idle ခ်ိန္မွာထားရင္ transmission heat တက္ေတာ့ အရမ္းေတာ့ မေကာင္းဘူးေပါ့ဗ်ာ။ အဲအခ်ိန္ N မွာ ထားတာထက္ P ျပာင္းထားတာအကာင္းဆုံးပါပဲ၊ အဲဒါမွ transmission ကလြတ္လပ္စြာ နားေနႏိုင္မွာပါ။ ျဖစ္ႏိုင္ရင္ စက္ပါ သတ္ထားလိုက္တာ အေကာင္းဆုံးပါပဲ။ (အရမ္းၾကာမွပါ၊ ခဏေလးမီးပြိဳင့္မိတာကို P ေျပာင္းရင္ေတာ့ P ေျပာင္းလိုက္ D ေျပာင္းလိုက္ခဏခဏ လုပ္ေတာ့ Gear box ပိုပင္ပန္းတာေပါ့)၆။ ကုန္းဆင္းကုန္းတက္မ်ားတြင္ စနစ္တက်မရပ္တတ္ျခင္း – သိပ္အေရးႀကီးသလို ကားေမာင္းသူ ၉၅% ေလာက္က ဒီအခ်က္ကို မသိပါဘူး။ ကုန္းဆင္း/တက္မွာ P ေကာက္ထိုးၿပီးရပ္တာက ျပန္ထြက္ရင္ ဒုတ္၊ဒက္ အသံႀကီးေတာ့ ေဆာင့္ထြက္လာပါတယ္၊ ဒါဟာ transmission အတြက္မေကာင္းပါဘူး။ ပ်က္စီးႏိုင္ပါတယ္။ ရပ္နည္းအမွန္- ကားရပ္စဥ္ ဘရိတ္ကိုနင္းထားၿပီး အရင္ Hand Brake ( E-brake, parking brake) ကိုဆြဲၿပီးအရင္ခ်ဳပ္လိုက္ပါ ၊ ၿပီးမွ လႊတ္ၾကည့္လို႔ ကားမလိမ့္ဘူးဆိုမွ P ကိုထိုးပါ။ကားထြက္နည္း- ထြက္မယ္ဆို စက္ႏႈိး၊ ၿပီးရင္ P ကေန Dေ ျပာင္း ၿပီး မွ Hands Brake ျဖဳတ္၊ ေနာက္ဆုံးမွ brake ကိုလႊတ္ပါ။