ကလေးငယ်တွေချောင်းအရမ်းဆိုးနေရင် ဒီနည်းလေးအတိုင်းလုပ်ကြည့်ပေးပါ

ကလေးငယ်လေးတွေချောင်းဆိုးတဲ့အခါ ကလေးလည်းပင်ပန်း၊ မိဘတွေလည်း အိပ်ရေးပျက်ရ၊စိုးရိမ်ရနဲ့ အရမ်းကိုအလုပ်ရှုပ်ပါတယ်။ဒါကြောင့် အိမ်က ကလေးလေးတွေ ချောင်းဆိုးတဲ့အခါ ဆေးရုံဆေးခန်းသွားဖို့မလွယ်တဲ့အချိန်တွေမှာ ဒီအရေးပေါ်နည်းလမ်းလေးတွေနဲ့ ချောင်းဆိုးသက်သာအောင် လုပ်ပေးနိုင်ပါတယ်။ကြက်သွန်နီ၊ကြက်သွန်ဖြူ၊နွားနို့ – ကြက်သွန်နီတစ်လုံးကိုရေစင်အောင်ဆေးပြီး အတုံးလေးတွေတုံးထားပါပါ။ ကြက်သွန်ဖြူအမွှာတစ်မွှာကိုအခွံခွာထားပါ။ အိုးတစ်ခုထဲကို နွားနို့တစ်လီတာထည့်ပြီး အတုံးလေးတွေတုံးထားတဲ့ကြက်သွန်နီနဲ့ကြက် သွန်ဖြူကိုထည့်ပြီး ဆူလာသည်အထိကျိုပေးပါ။ ပြီးရင် မီးဖိုပေါ်ကချပြီး အအေးခံကာ ကလေးငယ်ကို မနက်တစ်ခွက်၊ညတစ်ခွက် တိုက်ပေးနိုင်ပါပြီ။နာနတ်သီးဖျော်ရည် – နာနတ်သီးမှာ bromelain လို့ခေါ်တဲ့ဒြပ်ပေါင်းတစ်မျိုးကြွယ်ဝစွာပါဝင်တာကြောင့် ခန္ဓာကိုယ်တွင်းရောင်ရမ်းတာတွေကိုသက်သာစေပြီး လည်ချောင်းထဲက သလိပ်တွေကိုရှင်းစေတဲ့အစွမ်းရှိပါတယ်။ ဒါကြောင့် ကလေးငယ်တွေချောင်းဆိုးရင် နာနတ်သီးကိုဖျော်ပြီးတိုက်နိုင်ပါတယ်။ပြုလုပ်နည်း – နာနတ်သီးတစ်ခြမ်း ၊ ချင်းအနည်းငယ်နဲ့ပျားရည်တစ်ဇွန်း၊တို့ကို blender ထဲထည့်ကြိတ်ပြီး ရလာတဲ့အရည်ကို ရေစစ်သန့်သန့်နဲ့စစ်ကာ ကလေးကို နည်းနည်းချင်းတိုက်ပေးလိုက်ရုံပါပဲ။

ချင်း – ချင်းမှုန့်အနည်းငယ်ကို အဝတ်စနဲ့ထုပ်ပြီး အိပ်ရာမဝင်ခင် ကလေးရဲ့ရင်ဘတ်မှာ ကပ်ထားပေးပြီး ကလေးအိပ်ပျော်သွားချိန်မှာ ခွာပေးပါ။ ကလေးရဲ့အသားအရေကနုနယ်လွန်းတာကြောင့် အသားနဲ့တိုက်ရိုက်ထိတွေ့ပြီးမကပ်ဘဲ အကျႌပေါ်ကနေပဲကပ်ပေးရမှာဖြစ်ပါတယ်။နနွင်း၊နွားနို့ – နွားနို့ကိုဆူပွက်အောင်ကျိုပြီး နနွင်းတစ်ဇွန်းထည့်ကာ အိပ်ရာမဝင်ခင်မှာ ကလေးကိုတိုက်ပေးလိုက်ပါ။ ဒါက အိန္ဒိယလူမျိုးတွေရဲ့ အစွမ်းထက် ရိုးရာနည်းလမ်းတစ်ခုဖြစ်ပါတယ်။ပင် လယ် ဆား – ပင်လယ်ဆားကိုနည်းနည်းလောက်နွေးလာအောင်အပူပေးပြီး ကလေးရဲ့ခြေဖဝါးနှစ်ဖက်မှာကပ်ကာ အဝတ်စလေးနဲ့စည်းထားပေးလိုက်ပါ။ဆားတွေလုံးဝအေးသွားတဲ့အထိစောင့်ပြီး စည်းထားတဲ့အဝတ်တွေကို ပြန်ဖြည်ပေးလိုက်ပါ။ ကလေးအသားမလောင်သွားအောင် ဆားကိုအရမ်းကြီးပူအောင် အပူမပေးမိဖို့ သတိထားပါ။ရေနွေးငွေ့နဲ့ရေချိုးပေးပါ – ရေချိုးခန်းထဲမှာ ရေနွေးကိုဖွင့်ထားပြီး တံခါးကိုပိတ်ထားပါ။ ရေချိုးခန်းထဲ ရေနွေးငွေ့တွေပြည့်လာတဲ့အချိန်မှာ အဲ့ဒီရေချိုးခန််းထဲမှာ ကလေးကိုရေနွေးလေးနဲ့ရေချိုးပေးပါ။ ရေနွေးငွေ့က လည်ပင်းထဲကချွဲ သလိပ်တွေကို ရှင်းလင်းစေပြီး ချောင်းဆိုးတာကိုသက်သာစေပါတယ်။

Credit – မူရင်း

[zawgyi]

ကေလးငယ္ေလးေတြေခ်ာင္းဆိုးတဲ့အခါ ကေလးလည္းပင္ပန္း၊ မိဘေတြလည္း အိပ္ေရးပ်က္ရ၊စိုးရိမ္ရနဲ႔ အရမ္းကိုအလုပ္ရႈပ္ပါတယ္။ဒါေၾကာင့္ အိမ္က ကေလးေလးေတြ ေခ်ာင္းဆိုးတဲ့အခါ ေဆး႐ုံေဆးခန္းသြားဖို႔မလြယ္တဲ့အခ်ိန္ေတြမွာ ဒီအေရးေပၚနည္းလမ္းေလးေတြနဲ႔ ေခ်ာင္းဆိုးသက္သာေအာင္ လုပ္ေပးႏိုင္ပါတယ္။ၾကက္သြန္နီ၊ၾကက္သြန္ျဖဴ၊ႏြားႏို႔ – ၾကက္သြန္နီတစ္လုံးကိုေရစင္ေအာင္ေဆးၿပီး အတုံးေလးေတြတုံးထားပါပါ။ ၾကက္သြန္ျဖဴအမႊာတစ္မႊာကိုအခြံခြာထားပါ။ အိုးတစ္ခုထဲကို ႏြားႏို႔တစ္လီတာထည့္ၿပီး အတုံးေလးေတြတုံးထားတဲ့ၾကက္သြန္နီနဲ႔ၾကက္သြန္ျဖဴကိုထည့္ၿပီး ဆူလာသည္အထိက်ိဳေပးပါ။ ၿပီးရင္ မီးဖိုေပၚကခ်ၿပီး အေအးခံကာ ကေလးငယ္ကို မနက္တစ္ခြက္၊ညတစ္ခြက္ တိုက္ေပးႏိုင္ပါၿပီ။နာနတ္သီးေဖ်ာ္ရည္ – နာနတ္သီးမွာ bromelain လို႔ေခၚတဲ့ျဒပ္ေပါင္းတစ္မ်ိဳးႂကြယ္ဝစြာပါဝင္တာေၾကာင့္ ခႏၶာကိုယ္တြင္းေရာင္ရမ္းတာေတြကိုသက္သာေစၿပီး လည္ေခ်ာင္းထဲက သလိပ္ေတြကိုရွင္းေစတဲ့အစြမ္းရွိပါတယ္။ ဒါေၾကာင့္ ကေလးငယ္ေတြေခ်ာင္းဆိုးရင္ နာနတ္သီးကိုေဖ်ာ္ၿပီးတိုက္ႏိုင္ပါတယ္။ျပဳလုပ္နည္း – နာနတ္သီးတစ္ျခမ္း ၊ ခ်င္းအနည္းငယ္နဲ႔ပ်ားရည္တစ္ဇြန္း၊တို႔ကို blender ထဲထည့္ႀကိတ္ၿပီး ရလာတဲ့အရည္ကို ေရစစ္သန္႔သန္႔နဲ႔စစ္ကာ ကေလးကို နည္းနည္းခ်င္းတိုက္ေပးလိုက္႐ုံပါပဲ။ခ်င္း – ခ်င္းမႈန္႔အနည္းငယ္ကို အဝတ္စနဲ႔ထုပ္ၿပီး အိပ္ရာမဝင္ခင္ ကေလးရဲ႕ရင္ဘတ္မွာ ကပ္ထားေပးၿပီး ကေလးအိပ္ေပ်ာ္သြားခ်ိန္မွာ ခြာေပးပါ။ ကေလးရဲ႕အသားအေရကႏုနယ္လြန္းတာေၾကာင့္ အသားနဲ႔တိုက္႐ိုက္ထိေတြ႕ၿပီးမကပ္ဘဲ အက်ႌေပၚကေနပဲကပ္ေပးရမွာျဖစ္ပါတယ္။နႏြင္း၊ႏြားႏို႔ – ႏြားႏို႔ကိုဆူပြက္ေအာင္က်ိဳၿပီး နႏြင္းတစ္ဇြန္းထည့္ကာ အိပ္ရာမဝင္ခင္မွာ ကေလးကိုတိုက္ေပးလိုက္ပါ။ ဒါက အိႏၵိယလူမ်ိဳးေတြရဲ႕ အစြမ္းထက္ ႐ိုးရာနည္းလမ္းတစ္ခုျဖစ္ပါတယ္။ပင္လယ္ဆား – ပင္လယ္ဆားကိုနည္းနည္းေလာက္ေႏြးလာေအာင္အပူေပးၿပီး ကေလးရဲ႕ေျခဖဝါးႏွစ္ဖက္မွာကပ္ကာ အဝတ္စေလးနဲ႔စည္းထားေပးလိုက္ပါ။ဆားေတြလုံးဝေအးသြားတဲ့အထိေစာင့္ၿပီး စည္းထားတဲ့အဝတ္ေတြကို ျပန္ျဖည္ေပးလိုက္ပါ။ ကေလးအသားမေလာင္သြားေအာင္ ဆားကိုအရမ္းႀကီးပူေအာင္ အပူမေပးမိဖို႔ သတိထားပါ။ေရေႏြးေငြ႕နဲ႔ေရခ်ိဳးေပးပါ – ေရခ်ိဳးခန္းထဲမွာ ေရေႏြးကိုဖြင့္ထားၿပီး တံခါးကိုပိတ္ထားပါ။ ေရခ်ိဳးခန္းထဲ ေရေႏြးေငြ႕ေတြျပည့္လာတဲ့အခ်ိန္မွာ အဲ့ဒီေရခ်ိဳးခန္္းထဲမွာ ကေလးကိုေရေႏြးေလးနဲ႔ေရခ်ိဳးေပးပါ။ ေရေႏြးေငြ႕က လည္ပင္းထဲကခြၽဲ သလိပ္ေတြကို ရွင္းလင္းေစၿပီး ေခ်ာင္းဆိုးတာကိုသက္သာေစပါတယ္။