လက်ဖက်ကြိုက်သူတွေအတွက် စားလို့လည်းကောင်း လှလည်းလှတဲ့ အလွယ်ကူဆုံး လက်ဖက်နှပ်နည်း

လက်ဖက်ကို ရေမဆေးခင် အရင်ဆုံး လက်ဖက်ရိုးတံ ၊အရွက်ကြမ်း၊လေးတွေ ရွေးဖယ်ပစ်ပါ။ပြီးရင် ရေ ၂ ခါ ၃ခါလောက် သဲမပါအောင် ဆေးပြီး လက်ဖက်ကိုရေစင်အောင် ညှစ်ပေးပါ။ရေညှစ်ပြီးသား လက်ဖက်ကို နဲနဲဖွပြီး ဆား ၊အချိုမှုန် နဲ့လက်ဖက်အသားထဲအရသာဝင်အောင် ဆုပ်ညှပ်ပြီးနယ်ပေးပါ။( ဆားအချိုမှုန့်နဲ့နယ်တဲ့အချိန်မှာ ဆီလုံးဝ မထည့်ပါဘူးနော်။ အရသာ ငံသွားရင် ရေနဲ့အလွယ်တကူ ပြန်ဆေးပြီး အရသာ ပြန်ပြင်လို့ရအောင်လို့ပါ။)

နယ်ပြီးသား လက်ဖက်ကို အရသာ အချိ အငံ မြည်းကြည့်ပါ။အဆင်ပြေပြီဆိုရင် ပါးပါးလှီးထားတဲ့ ကြက်သွန်ဖြူနဲ့ငရုပ် သီးစိမ်းကို လက်ဖက်ထဲထည့် ဆီ အနည်းငယ်ထည့်ပြီးနယ်ပါရှင်။အချဉ်ကြိုက်ရင်တော့ သံပုရာသီးလေး နည်းနည်းညှစ်ထည့်ပါရှင်။သံပုရာသီးထည့်နယ်တော့ အနံ့လေးလဲ ပိုမွှေးတာပေါ့။ပြီးရင် ဗူးအလွတ်ထဲထည့် ဆီကို လက်ဖက်မြုပ်သွားအောင် များများလေးထည့်ပြီး နှပ်ထားနိုင်ပါပြီနော်။နှပ်ထားတဲ့လက်ဖက်ကို လေလုံအောင်ပိတ်ဖို့မမေ့နဲ့နော်။ လေမလုံရင် လက်ဖက်က မည်းမည်းကြီးဖြစ်ပြီး စားလို့လည်းမကောင်း လှလည်းမလှတော့ဘူးရှင့်။မေတ္တာဖြင့်…။

မူရင်း Credit

[zawgyi]

လက္ဖက္ကို ေရမေဆးခင္ အရင္ဆုံး လက္ဖက္႐ိုးတံ ၊အ႐ြက္ၾကမ္း၊ေလးေတြ ေ႐ြးဖယ္ပစ္ပါ။ၿပီးရင္ ေရ ၂ ခါ ၃ခါေလာက္ သဲမပါေအာင္ ေဆးၿပီး လက္ဖက္ကိုေရစင္ေအာင္ ညႇစ္ေပးပါ။ေရညႇစ္ၿပီးသား လက္ဖက္ကို နဲနဲဖြၿပီး ဆား ၊အခ်ိဳမႈန္ နဲ႔လက္ဖက္အသားထဲအရသာဝင္ေအာင္ ဆုပ္ညႇပ္ၿပီးနယ္ေပးပါ။( ဆားအခ်ိဳမႈန္႔နဲ႔နယ္တဲ့အခ်ိန္မွာ ဆီလုံးဝ မထည့္ပါဘူးေနာ္။ အရသာ ငံသြားရင္ ေရနဲ႔အလြယ္တကူ ျပန္ေဆးၿပီး အရသာ ျပန္ျပင္လို႔ရေအာင္လို႔ပါ။)နယ္ၿပီးသား လက္ဖက္ကို အရသာ အခ်ိ အငံ ျမည္းၾကည့္ပါ။အဆင္ေျပၿပီဆိုရင္ ပါးပါးလွီးထားတဲ့ ၾကက္သြန္ျဖဴနဲ႔င႐ုပ္ သီးစိမ္းကို လက္ဖက္ထဲထည့္ ဆီ အနည္းငယ္ထည့္ၿပီးနယ္ပါရွင္။အခ်ဥ္ႀကိဳက္ရင္ေတာ့ သံပုရာသီးေလး နည္းနည္းညႇစ္ထည့္ပါရွင္။သံပုရာသီးထည့္နယ္ေတာ့ အနံ႔ေလးလဲ ပိုေမႊးတာေပါ့။ၿပီးရင္ ဗူးအလြတ္ထဲထည့္ ဆီကို လက္ဖက္ျမဳပ္သြားေအာင္ မ်ားမ်ားေလးထည့္ၿပီး ႏွပ္ထားႏိုင္ပါၿပီေနာ္။ႏွပ္ထားတဲ့လက္ဖက္ကို ေလလုံေအာင္ပိတ္ဖို႔မေမ့နဲ႔ေနာ္။ ေလမလုံရင္ လက္ဖက္က မည္းမည္းႀကီးျဖစ္ၿပီး စားလို႔လည္းမေကာင္း လွလည္းမလွေတာ့ဘူးရွင့္။ေမတၱာျဖင့္…။