ပျားဖွတ် သားထိုး၊ မယားခိုး၊ နွားတိုးတုတ်ရိုက်၊ တောမီးတိုက်၊ မုဆိုးတံငါ ပါယ်လေးရွာ ၏ ဆိုလိုရင်း အဓိပ္ပါယ်များ

အခုပြောတဲ့ ပျားဖွတ်စတာတွေဟာ ပဉ္စာနန္တရိယအကုသိုလ်ပြီးရင် ကြီးလေးတဲ့အကုသိုလို့ ပြောရမယ်။ပျားကလေးတွေ အသက်နဲ့ရင်းပြီး စုထားရတဲ့ဝတ်ရည်မို့လေ။သားတိုးကတော့ ကိုယ်မွေးတဲ့ကြက်ဝက်စသည်ကို တစိမ့်စိမ့်ကြည့်ပြီး တရိပ်ရိပ်နဲ့အကုသိုလ်အချိန်တိုင်းဖြစ်လို့။မယားခိုးတာကတော့ ပြောပစရာလိုမယ်မထင်။ ၂၀၂၈ မေတ္တာကို သွားခိုးတာလေ။ခံရသူအတိုင်းထက်အလွန် ပူ လောင်ရပေတယ်ကိုး။နွားတိုးတုတ်ရိုက်ကလည်းကိုယ့်ဝှေ့စေ့ကို လက်ညိုးလက်မလေးနဲ့ညှစ်တာ မျက် ရည်စိမ်းထွက်ရင်သူများဥ အကုန်ကြေအောင်ရိုက်ချေတာ မတွေးဝံ့စရာ။တောမီးတိုက်တာလည်းအသက်ပေါင်းများစွာသေရတာမို့။တောမီးတစ်ချက် မုဆိုးတစ်သက်လို့တောင် ဆိုကြတာကို။မုဆိုးတံငါဆိုတာကတော့ သိတဲ့အတိုင်းပဲ အခွင့်သင့်တိုင်းသတ်နေတော့ သာမန်လူထက် အကုသိုလ်များတယ်။ဒါတွေကြောင့် သေရင် သေချာပေါက်နီးပါး အပါယ်ရောက်ရနိုင်တယ်။နောက်ဆုံးထွက်သက်အချိန်အဓိကပေါ့။ကိုယ်ကတစ်သက်လုံး တံငါလုပ်နေပေမယ့် အချိန်တိုင်းအကုသိုလ်လုပ်နေတာမှ မဟုတ်တာ။ ကုသိုလ်လုပ်ချိန်လည်း ရှိတာပေါ့။

အသက်ထွက်တဲ့အချိန် ကုသိုလ်သတိရပြီးသေရင်လော လောဆယ်တော့နတ်ပြည်ရောက်မယ်။နောက်ဘဝတွေ နောက်ဘဝတွေမှာတော့အကုသိုလ်အကျိုး မဖြစ်မနေခံစားရမှာပေါ့။ သူများသတ်ပြီးသားစားတယ်ဆိုပေမယ့်အကုသိုလ်တစ်ခုမှာ – ၁။ ကိုယ်တိုင်လုပ်တဲ့သူ။ ၂။ တိုက်တွန်းတဲ့သူ။ ၃။ ချီးမွမ်းစိတ်တူသူ။ဒီလူတွေဟာအကုသိုလ်အကျိုး အတူတူပဲလို့ အဘိဓမ္မာမှာ ဘုရားဟောလေတော့ ကိုယ်တိုင်မသတ်ပေမယ့် ကိုယ်ခိုင်းလို့သတ်ရင်ကိုယ်ကသူသတ်တာကိုဝမ်းသာနေရင် အတူတူပဲပေါ့ဗျာ။ပြင်ဆင်ရမှာက ပုထုဇဉ်လူသားတွေဟာအကုသိုလ်နဲ့ မကင်းတော့ကလေး နဲ့လူကြီး မီးခဲကိုင်သလိုပေါ့။ကလေးက မီးပူမှန်းမသိတော့ ဆုပ်ကိုင်တယ်။ပိုပူတာပေါ့။လူကြီးက မီးပူမှန်းသိတော့ ဖွဖွလေးကိုင်လို့ အပူသက်သာတာပေါ့။ မပူအောင်လည်းကိုင်နိုင်တာပေါ့။ထို့အတူပဲ အကုသိုလ်မှန်းသိတဲ့သူဟာစိတ်အားထက်ထက်သန်သန်နဲ့ အကု သိုလ်ကိုမလုပ်ဘူး။မလုပ်တော့ အကု သိုလ်အကျုိးပေးကို ပြင်းပြင်းထန်ထန်ကြီး မခံရဘူးပေါ့။ ပြီးတော့လည်း စိတ် ထားလေးတတ်ရင်အကုသိုလ်က တောင် လွတ်အောင်လုပ်လို့ရတဲ့နည်းတွေလည်း ရှိပေတာကိုး။

မူရင်း credit

[zawgyi]

အခုေျပာတဲ့ ပ်ားဖြတ္စတာေတြဟာ ပၪၥာနႏၲရိယအကုသိုလ္ၿပီးရင္ ႀကီးေလးတဲ့အကုသိုလို႔ ေျပာရမယ္။ပ်ားကေလးေတြ အသက္နဲ႔ရင္းၿပီး စုထားရတဲ့ဝတ္ရည္မို႔ေလ။သားတိုးကေတာ့ ကိုယ္ေမြးတဲ့ၾကက္ဝက္စသည္ကို တစိမ့္စိမ့္ၾကည့္ၿပီး တရိပ္ရိပ္နဲ႔အကုသိုလ္အခ်ိန္တိုင္းျဖစ္လို႔။မယားခိုးတာကေတာ့ ေျပာပစရာလိုမယ္မထင္။ ၂၀၂၈ ေမတၱာကို သြားခိုးတာေလ။ခံရသူအတိုင္းထက္အလြန္ ပူ ေလာင္ရေပတယ္ကိုး။ႏြားတိုးတုတ္႐ိုက္ကလည္းကိုယ့္ေဝွ႔ေစ့ကို လက္ညိဳးလက္မေလးနဲ႔ညႇစ္တာ မ်က္ ရည္စိမ္းထြက္ရင္သူမ်ားဥ အကုန္ေၾကေအာင္႐ိုက္ေခ်တာ မေတြးဝံ့စရာ။ေတာမီးတိုက္တာလည္းအသက္ေပါင္းမ်ားစြာေသရတာမို႔။ေတာမီးတစ္ခ်က္ မုဆိုးတစ္သက္လို႔ေတာင္ ဆိုၾကတာကို။မုဆိုးတံငါဆိုတာကေတာ့ သိတဲ့အတိုင္းပဲ အခြင့္သင့္တိုင္းသတ္ေနေတာ့ သာမန္လူထက္ အကုသိုလ္မ်ားတယ္။ဒါေတြေၾကာင့္ ေသရင္ ေသခ်ာေပါက္နီးပါး အပါယ္ေရာက္ရႏိုင္တယ္။ေနာက္ဆုံးထြက္သက္အခ်ိန္အဓိကေပါ့။ကိုယ္ကတစ္သက္လုံး တံငါလုပ္ေနေပမယ့္ အခ်ိန္တိုင္းအကုသိုလ္လုပ္ေနတာမွ မဟုတ္တာ။ ကုသိုလ္လုပ္ခ်ိန္လည္း ရွိတာေပါ့။အသက္ထြက္တဲ့အခ်ိန္ ကုသိုလ္သတိရၿပီးေသရင္ေလာ ေလာဆယ္ေတာ့နတ္ျပည္ေရာက္မယ္။ေနာက္ဘဝေတြ ေနာက္ဘဝေတြမွာေတာ့အကုသိုလ္အက်ိဳး မျဖစ္မေနခံစားရမွာေပါ့။ သူမ်ားသတ္ၿပီးသားစားတယ္ဆိုေပမယ့္အကုသိုလ္တစ္ခုမွာ – ၁။ ကိုယ္တိုင္လုပ္တဲ့သူ။ ၂။ တိုက္တြန္းတဲ့သူ။ ၃။ ခ်ီးမြမ္းစိတ္တူသူ။ဒီလူေတြဟာအကုသိုလ္အက်ိဳး အတူတူပဲလို႔ အဘိဓမၼာမွာ ဘုရားေဟာေလေတာ့ ကိုယ္တိုင္မသတ္ေပမယ့္ ကိုယ္ခိုင္းလို႔သတ္ရင္ကိုယ္ကသူသတ္တာကိုဝမ္းသာေနရင္ အတူတူပဲေပါ့ဗ်ာ။ျပင္ဆင္ရမွာက ပုထုဇဥ္လူသားေတြဟာအကုသိုလ္နဲ႔ မကင္းေတာ့ကေလး နဲ႔လူႀကီး မီးခဲကိုင္သလိုေပါ့။ကေလးက မီးပူမွန္းမသိေတာ့ ဆုပ္ကိုင္တယ္။ပိုပူတာေပါ့။လူႀကီးက မီးပူမွန္းသိေတာ့ ဖြဖြေလးကိုင္လို႔ အပူသက္သာတာေပါ့။ မပူေအာင္လည္းကိုင္ႏိုင္တာေပါ့။ထို႔အတူပဲ အကုသိုလ္မွန္းသိတဲ့သူဟာစိတ္အားထက္ထက္သန္သန္နဲ႔ အကု သိုလ္ကိုမလုပ္ဘူး။မလုပ္ေတာ့ အကု သိုလ္အက်ဳိးေပးကို ျပင္းျပင္းထန္ထန္ႀကီး မခံရဘူးေပါ့။ ၿပီးေတာ့လည္း စိတ္ ထားေလးတတ္ရင္အကုသိုလ္က ေတာင္ လြတ္ေအာင္လုပ္လို႔ရတဲ့နည္းေတြလည္း ရွိေပတာကိုး။