ဂျင်းတွေကို လျှော်တဲ့အခါ အရောင်မလွင့်ပဲ တာရှည်ခံအောင်ထိန်းသိမ်းနည်း

1853ခုနှစ် မှာ Levi Strauss ဟာ ဂျင်းတွေရဲ့သမိုင်းအစလို့ မှတ်သားထားရမယ့် ကင်းဗက်စနဲ့ ဘောင်းဘီတွေကို ပထမဆုံး ပြုလုပ်ခဲ့ပါတယ်။ ဂျင်းတွေဟာ နှစ်ပေါင်း၁၀၀ကျော်တိုင် လူတွေနှစ်ခြိုက်စွာဝတ်ဆင်ကြပြီး ယဉ်ကျေးမှု တစ်ခုလိုဖြစ်ခဲ့ပါတယ်။ ၆၀ခုနှစ်လောက်မှာ ဂျင်းတွေဟာ ကမ္ဘာ့ဖက်ရှင်တစ်ခု ဖြစ်ခဲ့ကြပြီး ($1.3သန်း ကုန်ကျတဲ့ ဂျင်းဘောင်းဘီတောင် ရှိခဲ့ပါတယ်) ဈေးကြီးပြီး အရမ်းကို လူကြိုက်များ လာခဲ့ပါတယ်။ ဂျင်းဘောင်းဘီတွေကို လူကြီးလူ ငယ်/ကျားမမရွေး နှစ်သက်ကြပါတယ်။ ဒါ့ကြောင့် ဈေးလည်းကြီးပြီး သင်အကြိုက်ဆုံးလည်းဖြစ်တဲ့ ဂျင်းဘောင်းဘီတွေကို အရောင်မလွင့် ကြာရှည်ခံအောင် ထိန်းသိမ်းနိုင်မယ့် နည်းလမ်းလေးတွေကို မျှဝေပေးချင်ပါတယ်။၁။ လက်နဲ့ လျှော်တဲ့အခါ – ဂျင်းဘောင်းဘီကို လက်နဲ့လျှော်တာက ပိုပြီးကောင်းပါတယ်။ ဂျင်းသားကို မတွန့်မစေဖို့ စိမ်ထားတဲ့အခါ၊ လျှော်တဲ့အခါ ရေချိုးဇလုံလိုမျိုး ဇလုံကျယ်ကျယ်ကို အသုံးပြုပါ။ ဂျင်းဘောင်းဘီတွေကို စိမ်တဲ့အခါ ၁နာရီထက်ပိုမစိမ်ပါနဲ့။ ဂျင်းဘောင်းဘီတွေကို မလျှော်ခင်မှာ vinegar(ရှာလကာရည်) ၁ဖန်ခွက်နဲ့ ဆားထမင်းစား ဇွန်း ၂ဇွန်းထည့်ပြီး ရေအနည်းငယ်နဲ့ရောမွှေပြီး စိမ်ပါ။ ဒါက သင့်ဂျင်းဘောင်းဘီတွေကို အရောင်လွှင့်ခြင်းမှ ကူညီပေးပါလိမ့်မယ်။ 150ဒီဂရီဖာရင်ဟိုက်ထက်ပိုပြီး ပူတဲ့ရေကို မသုံးပါနဲ့။ metal details တွေပါရင် ဆပ်ပြာမှုန့်တွေကို မသုံးပါနဲ့။ သူတို့က metal details တွေကို မှေးမှိန်စေပါတယ်။ ဆပ်ပြာရည်၊ ခေါင်းလျှော်ရည် ဒါမှမဟုတ် ဆပ်ပြာတုံးကိုသုံးပါ။ ဘရပ်နှင့်တိုက်တဲ့အခါ နူးညံ့တဲ့ ဘရပ်ကိုသုံးပါ။ အစွန်းအထင်းတွေကို ပွတ်တိုက်တဲ့အခါ ပထမဆုံး အတွင်းကနေပွတ်ပြီးမှ အပြင်ဘက်ကနေ ပွတ်ပေးပါ။၂။ စက်ဖြင့် လျှော်တဲ့အခါ – ကျွမ်းကျင်သူများက စက်နဲ့လျှော် တာက မကောင်းဘူးလို့ဆိုပေမယ့် ဂျင်းဘောင်းဘီအလေးတွေကို လက်နဲ့ လျှော်ဖို့ဆိုတာ အချိန်ကုန် လူပင်ပန်းပါတယ်။ လျှော်စက်ထဲမထည့်ခင် သင့်ရဲ့ဂျင်းဘောင်းဘီကို ပြောင်းပြန်လှန်ပါ။ ရေရဲ့အပူချိန်က ၁၀၅ဒီဂရီဖာရင်ဟိုက်ထက် မပိုသင့်ပါဘူး။

မြင့်မားတဲ့အပူချိန်က အရောင်လွင့်ခြင်းနှင့် ဘောင်းဘီရဲ့ဆိုဒ်ကိုတောင် သက်ရောက်မှုဖြစ်စေပါတယ်။ ဆပ်ပြာရည်ကိုအသုံးပြုပါ။ အရောင်မလွင့်အောင် ရေမဆေးခင်မှာ ရေထဲကို ရှာလကာရည် ဖန်ခွက်တစ်ဝက်ထည့်ပါ။ အထည်ရဲ့အရောင်ကို မှေးမှိန်ခြင်းမှ ကာကွယ်ပေးတာကြောင့် သင့်ဂျင်းတွေကို (အနက်၊မီးခိုး ၊အပြာကဲ့သို့) တခြား အရောင်ရင့်အဝတ်တွေနဲ့ ရောလျှော်လို့ရပါတယ်။၃။ အခြောက်ခံတဲ့အခါ – အခြောက်ခံခြင်းကလည်း အရမ်အရေးကြီးပါတယ်။ ဂျင်းသားတွေက အပူချိန်အရမ်းမြင့်ပြီး အလင်းရောင်တောက်တောက်ကို မနှစ်သက်ပါဘူး။ နေပူနေတဲ့ လသာဆောင်တို့ အခြောက်ခံစက်တို့မှာ အခြောက်မခံပါနဲ့။ ဂျင်းအဝတ်အစားတွေကို နေရောင်တိုက်ရိုက်ရတဲ့နေရာမှာ မလှမ်းဘဲ သဘာဝအတိုင်းသာ အခြောက်ခံပါ။ ဂျင်းဘောင်းဘီတွေကို တွန့်လိမ်ခြင်းမှ ရှောင်ရှားဖို့ လက်ဖြင့် လိမ်ပြီးရေမညှစ်ပါနဲ့။ ချိတ်တစ်ခုဖြင့်ချိတ်ပြီး လှမ်းပေးပါ။ သင်အကြိုက်ဆုံးဂျင်းဘောင်းဘီတွေရဲ့အရောင်ကို ထိန်းသိမ်းကူညီပေးနိုင်မယ့် အကြံပြုချက် တစ်ချို့ကတော့ ဂျင်းဘောင်းဘီတွေကို လျှော်တာနည်းရင် အရောင်တောက်ပနေပါလိမ့်မယ်။ ဒါ့ကြောင့်ခဏခဏမလျှော်ပါနဲ့။ မတော်တဆ အစွန်းပေသွားမှသာ တစ်ထည်လုံးမလျှော်ပဲ အစွန်းအထင်းတွေကို ဖယ်ရှားဖို့ ကြိုးစားပါ။သင့်ဂျင်းဘောင်းဘီတွေကို refresh ဖြစ်စေချင်ရင် ဇစ်ပိတ်ပလတ်စတစ်အိပ်ထဲကို ထည့်ပြီး ရေခဲသေတ္တာထဲမှာ ထားပေးပါ။ အနံ့ဆိုးတွေ ဖယ်ဖို့ဆိုရင် ရေနဲ့ (vodka)ဗော်ကာကို 1:1 ရောပြီး ဖြန်းပေးပါ။ အရောင်ရင့်အဝတ်အစားတွေနဲ့ သင့်တော်တဲ့ အဝတ်လျှော်ဆပ်ပြာကို အသုံးပြုပါ။ ဂျင်းသား ပိုပြီး နူးညံ့လျှင်၊ leather details တွေပါရင် glycerin နှင့် အနည်းငယ် ပွတ်ပေးပါ။သင့်ရဲ့ဂျင်းဘောင်းဘီတွေ တွန့်ကြေနေရင် ရေနည်းငယ်ဖြန်းပြီး တခေါက် ခေါက်ပါ။ မီးပူတိုက်ချင်ရင် အပူချိန်နည်းနည်းသာသုံးပါ။ ပြီးရင်လိပ်ပါ။ ဒါက ဂျင်းဘောင်းဘီတွေကို တွန့်ကြေခြင်းမှ ရှောင်ရှားနိုင်မယ့် နည်းလမ်းဖြစ်ပါတယ်။ တ ချို့လူတွေက အပြင်သွားရင်းလာရင်း ဂျင်းဘောင်းဘီကို အစွန်းတွေပေသွားတဲ့အခါ ဝတ်ထားရင်းနဲ့ အဲ့ဒီနေရာကိုကွက်ပြီး လျှော်တတ်ကြပါတယ်။ ဒီလိုလျှော်တဲ့အခါ သင့်ကျန်းမာရေးနဲ့ပတ်သတ်ပြီး မမေ့ပါနဲ့။ ဒီနည်းလမ်းကို အသုံးပြုဖို့ ဆုံးဖြတ်ရင် နွေးထွေးတဲ့နေရာမှာ နေပါ။

Credit: Lifestyle Myanmar

[zawgyi]

1853ခုႏွစ္ မွာ Levi Strauss ဟာ ဂ်င္းေတြရဲ႕သမိုင္းအစလို႔ မွတ္သားထားရမယ့္ ကင္းဗက္စနဲ႔ ေဘာင္းဘီေတြကို ပထမဆုံး ျပဳလုပ္ခဲ့ပါတယ္။ ဂ်င္းေတြဟာ ႏွစ္ေပါင္း၁၀၀ေက်ာ္တိုင္ လူေတြႏွစ္ၿခိဳက္စြာဝတ္ဆင္ၾကၿပီး ယဥ္ေက်းမႈ တစ္ခုလိုျဖစ္ခဲ့ပါတယ္။ ၆၀ခုႏွစ္ေလာက္မွာ ဂ်င္းေတြဟာ ကမာၻ႔ဖက္ရွင္တစ္ခု ျဖစ္ခဲ့ၾကၿပီး ($1.3သန္း ကုန္က်တဲ့ ဂ်င္းေဘာင္းဘီေတာင္ ရွိခဲ့ပါတယ္)ေဈးႀကီးၿပီး အရမ္းကို လူႀကိဳက္မ်ား လာခဲ့ပါတယ္။ ဂ်င္းေဘာင္းဘီေတြကို လူႀကီးလူငယ္/က်ားမမေ႐ြး ႏွစ္သက္ၾကပါတယ္။ ဒါ့ေၾကာင့္ ေဈးလည္းႀကီးၿပီး သင္အႀကိဳက္ဆုံးလည္းျဖစ္တဲ့ ဂ်င္းေဘာင္းဘီေတြကို အေရာင္မလြင့္ ၾကာရွည္ခံေအာင္ ထိန္းသိမ္းႏိုင္မယ့္ နည္းလမ္းေလးေတြကို မွ်ေဝေပးခ်င္ပါတယ္။၁။ လက္နဲ႔ ေလွ်ာ္တဲ့အခါ – ဂ်င္းေဘာင္းဘီကို လက္နဲ႔ေလွ်ာ္တာက ပိုၿပီးေကာင္းပါတယ္။ ဂ်င္းသားကို မတြန္႔မေစဖို႔ စိမ္ထားတဲ့အခါ၊ ေလွ်ာ္တဲ့အခါ ေရခ်ိဳးဇလုံလိုမ်ိဳး ဇလုံက်ယ္က်ယ္ကို အသုံးျပဳပါ။ ဂ်င္းေဘာင္းဘီေတြကို စိမ္တဲ့အခါ ၁နာရီထက္ပိုမစိမ္ပါနဲ႔။ ဂ်င္းေဘာင္းဘီေတြကို မေလွ်ာ္ခင္မွာ vinegar(ရွာလကာရည္) ၁ဖန္ခြက္နဲ႔ ဆားထမင္းစားဇြန္း၂ဇြန္းထည့္ၿပီး ေရအနည္းငယ္နဲ႔ေရာေမႊၿပီး စိမ္ပါ။ ဒါက သင့္ဂ်င္းေဘာင္းဘီေတြကို အေရာင္လႊင့္ျခင္းမွ ကူညီေပးပါလိမ့္မယ္။ 150ဒီဂရီဖာရင္ဟိုက္ထက္ပိုၿပီး ပူတဲ့ေရကို မသုံးပါနဲ႔။ metal details ေတြပါရင္ ဆပ္ျပာမႈန္႔ေတြကို မသုံးပါနဲ႔။ သူတို႔က metal details ေတြကို ေမွးမွိန္ေစပါတယ္။ ဆပ္ျပာရည္၊ ေခါင္းေလွ်ာ္ရည္ ဒါမွမဟုတ္ ဆပ္ျပာတုံးကိုသုံးပါ။ ဘရပ္ႏွင့္တိုက္တဲ့အခါ ႏူးညံ့တဲ့ ဘရပ္ကိုသုံးပါ။ အစြန္းအထင္းေတြကို ပြတ္တိုက္တဲ့အခါ ပထမဆုံး အတြင္းကေနပြတ္ၿပီးမွ အျပင္ဘက္ကေန ပြတ္ေပးပါ။၂။ စက္ျဖင့္ ေလွ်ာ္တဲ့အခါ – ကြၽမ္းက်င္သူမ်ားက စက္နဲ႔ေလွ်ာ္တာက မေကာင္းဘူးလို႔ဆိုေပမယ့္ ဂ်င္းေဘာင္းဘီအေလးေတြကို လက္နဲ႔ ေလွ်ာ္ဖို႔ဆိုတာ အခ်ိန္ကုန္ လူပင္ပန္းပါတယ္။ ေလွ်ာ္စက္ထဲမထည့္ခင္ သင့္ရဲ႕ဂ်င္းေဘာင္းဘီကို ေျပာင္းျပန္လွန္ပါ။ ေရရဲ႕အပူခ်ိန္က ၁၀၅ဒီဂရီဖာရင္ဟိုက္ထက္ မပိုသင့္ပါဘူး။ျမင့္မားတဲ့အပူခ်ိန္က အေရာင္လြင့္ျခင္းႏွင့္ ေဘာင္းဘီရဲ႕ဆိုဒ္ကိုေတာင္ သက္ေရာက္မႈျဖစ္ေစပါတယ္။ ဆပ္ျပာရည္ကိုအသုံးျပဳပါ။ အေရာင္မလြင့္ေအာင္ ေရမေဆးခင္မွာ ေရထဲကို ရွာလကာရည္ ဖန္ခြက္တစ္ဝက္ထည့္ပါ။ အထည္ရဲ႕အေရာင္ကို ေမွးမွိန္ျခင္းမွ ကာကြယ္ေပးတာေၾကာင့္ သင့္ဂ်င္းေတြကို (အနက္၊မီးခိုး ၊အျပာကဲ့သို႔) တျခား အေရာင္ရင့္အဝတ္ေတြနဲ႔ ေရာေလွ်ာ္လို႔ရပါတယ္။၃။ အေျခာက္ခံတဲ့အခါ – အေျခာက္ခံျခင္းကလည္း အရမ္အေရးႀကီးပါတယ္။ ဂ်င္းသားေတြက အပူခ်ိန္အရမ္းျမင့္ၿပီး အလင္းေရာင္ေတာက္ေတာက္ကို မႏွစ္သက္ပါဘူး။ ေနပူေနတဲ့ လသာေဆာင္တို႔ အေျခာက္ခံစက္တို႔မွာ အေျခာက္မခံပါနဲ႔။ ဂ်င္းအဝတ္အစားေတြကို ေနေရာင္တိုက္႐ိုက္ရတဲ့ေနရာမွာ မလွမ္းဘဲ သဘာဝအတိုင္းသာ အေျခာက္ခံပါ။ ဂ်င္းေဘာင္းဘီေတြကို တြန္႔လိမ္ျခင္းမွ ေရွာင္ရွားဖို႔ လက္ျဖင့္ လိမ္ၿပီးေရမညႇစ္ပါနဲ႔။ ခ်ိတ္တစ္ခုျဖင့္ခ်ိတ္ၿပီး လွမ္းေပးပါ။ သင္အႀကိဳက္ဆုံးဂ်င္းေဘာင္းဘီေတြရဲ႕အေရာင္ကို ထိန္းသိမ္းကူညီေပးႏိုင္မယ့္ အႀကံျပဳခ်က္တစ္ခ်ိဳ႕ကေတာ့ ဂ်င္းေဘာင္းဘီေတြကို ေလွ်ာ္တာနည္းရင္ အေရာင္ေတာက္ပေနပါလိမ့္မယ္။ ဒါ့ေၾကာင့္ခဏခဏမေလွ်ာ္ပါနဲ႔။ မေတာ္တဆ အစြန္းေပသြားမွသာ တစ္ထည္လုံးမေလွ်ာ္ပဲ အစြန္းအထင္းေတြကို ဖယ္ရွားဖို႔ ႀကိဳးစားပါ။သင့္ဂ်င္းေဘာင္းဘီေတြကို refresh ျဖစ္ေစခ်င္ရင္ ဇစ္ပိတ္ပလတ္စတစ္အိပ္ထဲကို ထည့္ၿပီး ေရခဲေသတၱာထဲမွာ ထားေပးပါ။ အနံ႔ဆိုးေတြ ဖယ္ဖို႔ဆိုရင္ ေရနဲ႔ (vodka)ေဗာ္ကာကို 1:1 ေရာၿပီး ျဖန္းေပးပါ။ အေရာင္ရင့္အဝတ္အစားေတြနဲ႔ သင့္ေတာ္တဲ့ အဝတ္ေလွ်ာ္ဆပ္ျပာကို အသုံးျပဳပါ။ ဂ်င္းသား ပိုၿပီး ႏူးညံ့လွ်င္၊ leather details ေတြပါရင္ glycerin ႏွင့္ အနည္းငယ္ ပြတ္ေပးပါ။သင့္ရဲ႕ဂ်င္းေဘာင္းဘီေတြ တြန္႔ေၾကေနရင္ ေရနည္းငယ္ျဖန္းၿပီး တေခါက္ ေခါက္ပါ။ မီးပူတိုက္ခ်င္ရင္ အပူခ်ိန္နည္းနည္းသာသုံးပါ။ ၿပီးရင္လိပ္ပါ။ ဒါက ဂ်င္းေဘာင္းဘီေတြကို တြန္႔ေၾကျခင္းမွ ေရွာင္ရွားႏိုင္မယ့္ နည္းလမ္းျဖစ္ပါတယ္။ တခ်ိဳ႕လူေတြက အျပင္သြားရင္းလာရင္း ဂ်င္းေဘာင္းဘီကို အစြန္းေတြေပသြားတဲ့အခါ ဝတ္ထားရင္းနဲ႔ အဲ့ဒီေနရာကိုကြက္ၿပီး ေလွ်ာ္တတ္ၾကပါတယ္။ ဒီလိုေလွ်ာ္တဲ့အခါ သင့္က်န္းမာေရးနဲ႔ပတ္သတ္ၿပီး မေမ့ပါနဲ႔။ ဒီနည္းလမ္းကို အသုံးျပဳဖို႔ ဆုံးျဖတ္ရင္ ေႏြးေထြးတဲ့ေနရာမွာ ေနပါ။