ဂျက်မား ပြောဖူးတဲ့ မိတ်ဆွေအရင်းချာ ဆွေမျိုးတွေကို ဈေးမရောင်းနဲ့ ဆိုတာ

ဂျက်မားက ပြောဖူးတယ်။ မိတ်ဆွေရင်းချာတွေ ဆွေမျိုးတွေကို ဈေးရောင်းတဲ့အခါ ဘယ် လောက်ပဲ လျှော့ရောင်းရောင်း တန်ဖိုးထားမှာမဟုတ်ဘဲ ခင်ဗျား သူတို့ရဲ့ ပိုက်ဆံကိုလိုချင်တယ်လို့ ပဲမြင်မှာဖြစ်တယ်။ခင်ဗျားရဲ့ ရင်းနှီးထားတဲ့ ငွေ အချိန် အင်အား တွေကို သူတို့ အလေးထားမှာမဟုတ်ဘဲ ခင်ဗျားထက်စာရင် အခြားသူစိမ်းတစ်ယောက်က သူတို့အပေါ် အမြတ်ထုတ်သွားတာကို ပိုလို့လိုလားတယ်။သူတို့နဲ့ ရင်းနှီးသူရဲ့ စီးပွားရေးကို အားပေးမယ်ဆိုတာထက် သူတို့စိတ်ထဲမှာ ခင်ဗျားသူတို့ဆီက အမြတ်ဘယ်လောက်ရသွားပြီလဲပဲ တွေးနေမှာဖြစ်တယ်။ ဒါဟာ လူမွဲတွေရဲ့ စိတ်နေစိတ်ထားလို့ ပြောချင်တယ်။ချမ်းသာတဲ့သူတွေဘာလို့ချမ်းသာလဲဆိုတာ ကြည့်လိုက်မယ်ဆိုရင် သူတို့ဟာ သူတို့ရဲ့ အသိုင်းအဝိုင်းက လူတွေကို ပံ့ပိုးလိုစိတ်ရှိတယ်။ မိတ်ဆွေတွေရဲ့ အကျိုးစီးပွားကို စောင့်ရှောက်ပေးခြင်းအားဖြင့် သူတို့ပေးတာထက် ပိုတဲ့အကျိုးကိုပြန်ရတယ်။

ကိုယ့်ကြောင့်စီးပွားဖြစ်သွားတဲ့ မိတ်ဆွေတွေက ကိုယ့်ကို ပြန်လည်ပံ့ပိုးပေးနိုင်လို့ ခင်ဗျားနဲ့အတူ ခင်ဗျားရဲ့အသိုင်းအဝိုင်း ဟာ စီးပွားဖြစ်ထွန်းတိုးတက်လာလိမ့်မယ်။ ဒီသဘောတရားကို နား လည် ရင် ခင်ဗျား ချမ်းသာလာမှာပဲ။အဲဒီတော့ ဈေးရောင်းတဲ့အခါမှာ ခင်ဗျားရဲ့ ပထမဆုံးဖောက် သည်တွေက သူစိမ်းတွေပဲ ဖြစ်မှာပဲ။ မိတ်ဆွေတွေက သူတို့ကို ဈေးလာရောင်းတော့မှာပဲ ဆိုပြီး ခင်ဗျားကို ရှောင်လိမ့်မယ်။ အမျိုးတွေကို ဈေးသွားရောင်းတဲ့အခါ ခင်ဗျားကို အထင်အမြင်သေးသလို ပြုမူဆက်ဆံလိမ့်မယ်။ဒါပေမယ့် တစ်နေ့ ခင်ဗျား စီးပွားဖြစ်အောင်မြင်တဲ့အခါ ညစာစားပွဲတွေ ပွဲလမ်းသဘင်တွေ လုပ်တဲ့အခါသူစိမ်းတွေထက် ဆွေမျိုးမိတ်ဆွေရင်းချာတွေ စားသောက်တာတွေ ပျော်မြူးတာတွေ အတွက် ခင်ဗျားပိုက်ဆံရှင်းပေးနေရတာကို တွေ့ရလိမ့်မယ်။

Credit – မူရင်း

[zawgyi]

ဂ်က္မားက ေျပာဖူးတယ္။ မိတ္ေဆြရင္းခ်ာေတြ ေဆြမ်ိဳးေတြကို ေဈးေရာင္းတဲ့အခါ ဘယ္ေလာက္ပဲ ေလွ်ာ့ေရာင္းေရာင္း တန္ဖိုးထားမွာမဟုတ္ဘဲ ခင္ဗ်ား သူတို႔ရဲ႕ ပိုက္ဆံကိုလိုခ်င္တယ္လို႔ ပဲျမင္မွာျဖစ္တယ္။ခင္ဗ်ားရဲ႕ ရင္းႏွီးထားတဲ့ ေငြ အခ်ိန္ အင္အား ေတြကို သူတို႔ အေလးထားမွာမဟုတ္ဘဲ ခင္ဗ်ားထက္စာရင္ အျခားသူစိမ္းတစ္ေယာက္က သူတို႔အေပၚ အျမတ္ထုတ္သြားတာကို ပိုလို႔လိုလားတယ္။သူတို႔နဲ႔ ရင္းႏွီးသူရဲ႕ စီးပြားေရးကို အားေပးမယ္ဆိုတာထက္ သူတို႔စိတ္ထဲမွာ ခင္ဗ်ားသူတို႔ဆီက အျမတ္ဘယ္ေလာက္ရသြားၿပီလဲပဲ ေတြးေနမွာျဖစ္တယ္။ ဒါဟာ လူမြဲေတြရဲ႕ စိတ္ေနစိတ္ထားလို႔ ေျပာခ်င္တယ္။ခ်မ္းသာတဲ့သူေတြဘာလို႔ခ်မ္းသာလဲဆိုတာ ၾကည့္လိုက္မယ္ဆိုရင္ သူတို႔ဟာ သူတို႔ရဲ႕ အသိုင္းအဝိုင္းက လူေတြကို ပံ့ပိုးလိုစိတ္ရွိတယ္။ မိတ္ေဆြေတြရဲ႕ အက်ိဳးစီးပြားကို ေစာင့္ေရွာက္ေပးျခင္းအားျဖင့္ သူတို႔ေပးတာထက္ ပိုတဲ့အက်ိဳးကိုျပန္ရတယ္။ကိုယ့္ေၾကာင့္စီးပြားျဖစ္သြားတဲ့ မိတ္ေဆြေတြက ကိုယ့္ကို ျပန္လည္ပံ့ပိုးေပးႏိုင္လို႔ ခင္ဗ်ားနဲ႔အတူ ခင္ဗ်ားရဲ႕အသိုင္းအဝိုင္း ဟာ စီးပြားျဖစ္ထြန္းတိုးတက္လာလိမ့္မယ္။ ဒီသေဘာတရားကို နားလည္ရင္ ခင္ဗ်ား ခ်မ္းသာလာမွာပဲ။အဲဒီေတာ့ ေဈးေရာင္းတဲ့အခါမွာ ခင္ဗ်ားရဲ႕ ပထမဆုံးေဖာက္သည္ေတြက သူစိမ္းေတြပဲ ျဖစ္မွာပဲ။ မိတ္ေဆြေတြက သူတို႔ကို ေဈးလာေရာင္းေတာ့မွာပဲ ဆိုၿပီး ခင္ဗ်ားကို ေရွာင္လိမ့္မယ္။ အမ်ိဳးေတြကို ေဈးသြားေရာင္းတဲ့အခါ ခင္ဗ်ားကို အထင္အျမင္ေသးသလို ျပဳမူဆက္ဆံလိမ့္မယ္။ဒါေပမယ့္ တစ္ေန႔ ခင္ဗ်ား စီးပြားျဖစ္ေအာင္ျမင္တဲ့အခါ ညစာစားပြဲေတြ ပြဲလမ္းသဘင္ေတြ လုပ္တဲ့အခါသူစိမ္းေတြထက္ ေဆြမ်ိဳးမိတ္ေဆြရင္းခ်ာေတြ စားေသာက္တာေတြ ေပ်ာ္ျမဴးတာေတြ အတြက္ ခင္ဗ်ားပိုက္ဆံရွင္းေပးေနရတာကို ေတြ႕ရလိမ့္မယ္။